(
မှတ်ချက်။ ။ ယခု တင်ပြပါ ပို့စ်သည် Update မကြာခဏလုပ်နေပါသည် “မူလ စာမျက်နှာ” နေရာကို ပြန်ပြန် ဖိကြည့်
ပါ ...)
(
စစ်အာဏာရှင်တို့ ကျင်းပပြုလုပ်သော ရွေးကောက်ပွဲအားလေ့လာစောင့်ကြည့်ရန် လိုအပ်- ဒေါ်အောင်ဆန်းစုကြည် ...)

အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးအား မဲ ပေးခိုင်း
သော မဲရုံလက်မှတ်။ (ကိုမင်းထက် Facebook မှ)
(၇.၁၁.၂၀၁၀ နေ့ ညနေမှ ၁၁.၁၁.၂၀၁၀ နေ့ ညနေအထိ
ကျနော် သိရသမျှ သတင်းအားလုံးပါ ခင်ဗျာ ...)
(၁၉၃)
ရှမ်းပြည်နယ် မဲဆန္ဒနယ်များအတွင်း ကြံ့ဖွတ်ပါတီကို ကိုယ်စားပြုပြီး
အရွေးခံရသော လွှတ်တော်ကိုယ်စားလှယ်များအနက် လက်နက်
ကိုင်ဆောင်လျက်ရှိသော တရုတ်လူမျိုး မူးယစ်ဆေးဝါး မှောင်ခို
ရာဇာ (၆)ဦး ပါဝင်၊ ယင်းတို့၏ ဘန်းပြ စီးပွားရေး လုပ်ငန်းများ၌
တရုတ်ဘာသာစကားအား သုံးစွဲလျက်ရှိသလို တရုတ်နိုင်ငံဖက်မှ
ရှယ်ယာများလည်း ပါဝင်၊ ထို မူးယစ်ဆေးဝါး ဂိုဏ်းခေါင်းဆောင်များ
သည် ရွေးကောက်ပွဲ မတိုင်မီ ကာလက ကြံ့ဖွတ်ပါတီအတွင်းသို့
ဝင်ရောက်ပြီး ကြံ့ဖွတ်ပါတီအား ငွေကြေးနှင့် အခြား အထောက်အပံ့
များ ပေးအပ်ခဲ့။ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အရွေးခံရသော
လျုဂိုရှီးနှင့် ဘိုင်ဆူးချွန်၊ ရှမ်းပြည်နယ် အခြားမြို့များတွင် အရွေး
ခံရသူ (၄)ဦးမှာ ၀မ်ကွေ့တာ ခေါ် ဦးမြင့်လွင်၊ ဦးတီခွန်မြတ်၊
ပန်ဆေး ကျော်မြင့်၊ ဦးခင်းမိုင် တို့ ဖြစ်ကြောင်း သိရ …
(၁၉၂)
ရွေးကောက်ပွဲအတွင်း မဲ မသမာမှုများကို နအဖ စစ်ခေါင်းဆောင်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ တိုက်ရိုက်တိုင်ကြားမည်ဟု
တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ တသီးပုဂ္ဂလ
ကိုယ်စားလှယ် ဦးကောင်းမြင့်ထွဋ် က VOA မြန်မာအစီအစဉ်သို့
ပြောကြား ...
(၁၉၁)
ရှမ်းပြည်နယ် မဲဆန္ဒနယ်များတွင် ကြံ့ဖွတ်ပါတီ ကိုယ်စားပြု
အရွေးခံရသည့် လွှတ်တော်အမတ်များထဲ၌ မူးယစ်ဆေးဝါး
ဂိုဏ်းခေါင်းဆောင် တရုတ်နွယ်ဖွား (၆)ဦး ပါဝင်ကြောင်း၊
ယင်းတို့သည် ကြံ့ဖွတ်ပါတီသို့ ငွေကြေးကြိုတင်ထောက်ပံ့မှု
များဖြင့် အမတ်နေရာ ၀ယ်ယူခဲ့ကြကြောင်း ရွေးကောက်ပွဲ
လေ့လာသူများက ပြောကြား ...
(၁၉၀)
မြန်မာ့နိုင်ငံရေးပါတီများအကြား ရွေးကောက်ပွဲအပေါ် သဘော
ထား ကွဲပြားနေကြချိန်တွင် ပြည်တွင်း တိုင်းရင်းသား ပါတီများ
အကြား “ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲ ကိုယ်ဖိတ်” မူဝါဒ ကျယ်
ပြန့်လာနေကြောင်း သုံးသပ်သူ များလာဟု သိရ ...
(၁၈၉)
နိုင်ငံတကာနှင့်ပြည်တွင်းတွင် မသမာမှုစွဲချက်များဖြင့် အကြီး
အကျယ် ဝေဖန်ခံနေရသော မြန်မာရွေးကောက်ပွဲများကို
တရုတ်အစိုးရနှင့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့အာဆီယံ
တို့က ချီးကျူးနေကြသည်ဟုသိရ ...
(၁၈၈)
ချင်းတိုးတက်ရေးပါတီက ချင်းပြည်နယ် ဖလန်းမြို့နယ်တစ်ခု
တည်းမှာပဲ လွှတ်တော်နေရာ ၅ နေရာ ၀င်ပြိုင်ခဲ့ပြီး ၅ နေရာ
စလုံး အရွေးခံရသော ၁၀၀ % ရာခိုင်နှုန်း အနိုင်ရသည့်
အထူးဆန်းဆုံးပါတီတစ်ခုဟု လေ့လာသူများက သုံးသပ်နေ
ကြပါတယ် ...
(၁၈၇)
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဝင်ပြိုင်တဲ့ လွှတ်တော်
ကိုယ်စားလှယ် ၃၄ ဦးအနက် ၁၅ ဦး အနိုင်ရတယ်လို့ ပါတီ
ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ပြောကြား ...
(၁၈၆)
ရွှေပြည်သာမြို့နယ် ဇီးကုန်းကျေးရွာ အင်းပေါက်စုရပ် မဲရုံ
အမှတ်၂ မှာ အသက်- ၁၃ နှစ် အမျိုးသမီးကို မဲပေးခွင့်
ပေးထားတာကို ကာယကံရှင် မိသားစုကိုယ်တိုင် အမတ်
လောင်းတစ်ဦးကိုလာရောက်ပေးသွားသည့်မူရင်းကို ဓါတ်ပုံ
ရိုက်ထားခြင်းဖြစ်သည် ...
(၁၈၅)
၂၀၁၀ ရွေးကောက်ပွဲ ကျင်းပခြင်းကြောင့် နအဖ စစ်အစိုးရ
နှင့် ကြံ့ဖွတ်ပါတီတို့ဟာ ပြည်သူလူထုရဲ့ ဘုံရန်သူ ဖြစ်တာကို
ပိုမို ထင်ရှားစေကြောင်း BBC မြန်မာဌာန ဆွေးနွေးခန်းတွင်
ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်မှူး အောင်လင်းထွဋ်
က သုံးသပ်ပြောဆို ...
(၁၈၄)
ရန်ကုန်တိုင်း၊ တွံတေး၊ ကော့မှူးနဲ့ ကွမ်းခြံကုန်းစတဲ့ မြို့နယ် ၃ ခု
ပါဝင်သော မဲဆန္ဒနယ် အမှတ် ၉ အမျိုးသား လွှတ်တော်အတွက်
စစ်အစိုးရဖော်လန်ဖား စီးပွားရေးသမား အမည်ခံ ကြံ့ဖွတ်ခင်ရွှေ
ကြိုတင်ခိုးမဲများဖြင့် အနိုင်ရ ...
(၁၈၃)
လားရှိုးမြို့နယ်တွင် အနိုင်ရရှိခဲ့သော ကြံ့ဖွတ်ပါတီမှ အမတ်များ
ဖြစ်ကြသည့် စိုင်းမြင့်အေး (ပြည်သူ့လွှတ်တော်)၊ စိုင်းကြူ (ပြည်နယ်
-၁) တို့သည် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ကြံ့ဖွတ်ပါတီအား မဲ
မပေးခဲ့သော လားရှိုးမြို့နယ် အတွင်းရှိ တာပုံ၊ ဟိုနမ့်၊ မန်ကတ်
(ဟန့်တိုင့်)၊ မန်ပျင်း၊ မိုင်းတိမ် ကျေးရွာအုပ်စုများမှ ရယက အဖွဲ့ဝင်
များအား ခေါ်ယူကာ ဆူပူကြိမ်းမောင်းခဲ့ကြောင်း ....
(၁၈၂)
အမျိုးသားဒီမိုကရေစီအင်အားစု NDF အမတ်လောင်း နှစ်ဦးဖြစ်တဲ့
ဗဟန်းမြို့နယ်မှ ဝင်ပြိုင်ခဲ့တဲ့ ဦးအောင်မြတ်ထွန်းက ဒီနေ့ ရက်စွဲ၊
သာကေတမြို့နယ်မှ ပြိုင်ခဲ့တဲ့ ဦးတင့်ဝေက မနေ့ကရက်စွဲ အသီးသီး
ဖြင့် တိုင်းရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြားကြောင်း သိရ ...
(၁၈၁)
တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ (တစည) က နိုင်ငံတဝှန်း
မဲဆန္ဒနယ်များတွင် ပြည်သူ့လွှတ်တော်အတွက် ၁၃ ဦး၊ အမျိုးသား
လွှတ်တော်အတွက် ၅ ဦးနဲ့ ပြည်နယ် (သို့မဟုတ်) တိုင်းဒေသကြီး
လွှတ်တော်အတွက် ၄ဝ ဦး ဖြစ်ကြောင်း သိရ ...
(၁၈၀)
တောင်ဥက္ကလာမြို့နယ် တိုင်းဒေသကြီးလွတ်တော်မဲနယ်(၁)မှာ
ဝင်ရောက်ယှဉ်ပြိုင်တဲ့ တသီးပုဂ္ဂလ ဒေါက်တာစောနိုင်ဟာ ကြံ့ဖွတ်
ပါတီကို ၆မဲ အသာဖြင့် အနိုင်ရသည်ဟု ပုံစံ၁၆တွင် လက်မှတ်ရေးထိုး
ထားပြီးဖြစ်သော်လည်း ယနေ့ထုတ်ဝေသော စစ်အစိုးရပိုင် သတင်းစာ
များတွင် ကြံ့ဖွတ်ပါတီမှ အောင်ကျော်မိုး မှ အနိုင်ရသည်ဟု ဖော်ပြထား ...
(၁၇၉)
NDF အနိုင်ရသော မြို့နယ်အချို့တွင် လျှပ်စစ်မီး ပျက်တောက်မှု
များစတင်ဖြစ်ပေါ်နေဟု သိရ ...
(၁၇၈)
ကယားပြည်နယ်တခုလုံးတွင် ကြံ့ဖွတ်ပါတီ အနိုင်ရရှိကြောင်း
(၁၀.၁၀.၂၀၁၀)နေ့ ည(၈)နာရီ စစ်အစိုးရ သတင်းများတွင်
အနိုင်ရရှိသူများစာရင်းအား ထုတ်ပြန်ကြေညာ ....
(၁၇၈)
၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်နှင့် ရွေးကောက်ပွဲလွန် ကာလများ
အထိ အများပြည်သူ မျှော်လင့်ယုံကြည်ထားသည့် မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် အယူခံ
အမှုကို စစ်အာဏာရှင်များ ရုံးစိုက်ရာ နေပြည်တော် တရားရုံးချုပ်က
ယနေ့(၁၁.၁၁.၂၀၁၀) ပယ်ချလိုက်ကြောင်း သိရ ...
(၁၇၇)
ရန်ကုန်တိုင်း တောင်ဥက္ကလာပ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က
အနိုင်ရသည်ဟု ပြောဆိုခဲ့သည့် တသီးပုဂ္ဂလ ကိုယ်စားလှယ် ဒေါက်တာ
စောနိုင်၏ အမည်မှာ နိုဝင်ဘာလ ၁၀ ရက်နေ့ညပိုင်း ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာသော အနိုင်ရ လွှတ်တော်
ကိုယ်စားလှယ်လောင်း စာရင်းတွင် ပါမလာကြောင်း သိရ ....
(၁၇၆)
အိမ်ခြေ သုံးရာနီးပါး မီးသင့်ခဲ့သော တနင်္သာရီတိုင်း လောင်းလုံ
မြို့နယ်တွင် အိမ်ခြေမဲ့ ဒုက္ခသည်များကို မကူညီဘဲ ရွေးကောက်ပွဲ
ကိစ္စကိုသာ အာဏာပိုင်များ အာရုံစိုက်နေကြသည်ဟု ဒေသခံများ
က ဝေဖန် ....
(၁၇၅)
အမတ်ဦးရေ ၄၇ ဦး ရှိမည့် ရခိုင်ပြည်နယ်လွှတ်တော်၌ ရခိုင်
တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP အမတ်ဦးရေ
၁၈ ဦးဖြင့် မစိုးမိုးနိုင်သည့်အပြင် ကြံ့ဖွတ်ပါတီနှင့် စစ်တပ်
ကိုယ်စားလှယ်များကိုပါ အင်အား ယှဉ်ပြိုင်ရန် တစညအပြင်
အခြားပါတီများဖြင့် မဟာမိတ်ဖွဲ့ရေး ကြိုးပမ်းမည်ဟု RNDP
က ပြောဆို ....
(၁၇၄)
ကချင်ပြည်နယ်မှ ၁၈ မြို့နယ်မှ ပြည်သူ့လွှတ်တော်၊ အမျိုးသား
လွှတ်တော်၊ ပြည်နယ်လွှတ်တော်နှင့် လူမျိုးစုလွှတ်တော်များ
အတွက် ရွေးချယ်ခံရသူများ၏ အမည်စာရင်းမှာ အောက်ပါ
အတိုင်း ဖြစ်သည်။ (မဇ္ဈိမ သတင်းစာမျက်နှာမှ ...)
ပြည်သူ့လွှတ်တော် ၁၈ ဦး (ကချင် ၉ ဦး၊ ဗမာ ၉ ဦး)
၁။ မြစ်ကြီးနားမြို့
ဦးသိန်းဇော် (ကြံ့ဖွတ်ပါတီ-USDP)
၂။ ဝိုင်းမော်မြို့
ဦးယိမ်းဘောမ် (တစည-NUP)
၃။ တနိုင်းမြို့
ဦးမျိုးဆွေ (ကြံ့ဖွတ်ပါတီ-USDP)
၎။ ချီဖွေမြို့
ဦးဇုန်းတိန့် (ကြံ့ဖွတ်ပါတီ-USDP)
၅။ ဆော့လောမြို့
ဦးဇောင်းခေါင် (ကြံ့ဖွတ်ပါတီ-USDP)
၆။ အင်ဂျန်းယန်မြို့
ဒေါ်ဒွဲဘူ (စဒက-UDPKS)
၇။ မိုးညှင်းမြို့
ဦးကျော်စိုးလေး (ကြံ့ဖွတ်ပါတီ- USDP)
၈။ မိုးကောင်းမြို့
ဦးဘုန်းဆွေ (ကြံ့ဖွတ်ပါတီ-USDP)
၉။ ဖားကန့်မြို့
ဦးအုန်းမြင့် (ကြံ့ဖွတ်ပါတီ-USDP)
၁၀။ ဗန်မော်မြို့
ဦးလွန်းမောင် (ကြံ့ဖွတ်ပါတီ-USDP)
၁၁။ မိုးမောက်မြို့
ဦးဇော်ထွန်း (ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီ- SNLP)
၁၂။ မန်စီမြို့
ဦးထွန်းထွန်း(ကြံ့ဖွတ်ပါတီ-USDP)
၁၃။ ရွှေဂူမြို့
ဦးဝင်းနိုင် (ကြံ့ဖွတ်ပါတီ-USDP)
၁၄။ ပူတာအိုမြို့
ဦးယောဂျီဒွေ့ (ကြံ့ဖွတ်ပါတီ-USDP)
၁၅။ မချမ်းဘောမြို့
ဦးအင်ထုဖုန်ဆန်း (တစည-NUP)
၁၆။ နောင်မွန်းမြို့
ဦးဂျီဖုန်ဆာရ် (ကြံ့ဖွတ်ပါတီ-USDP)
၁၇။ ခေါင်လန်ဖူးမြို့
ဦးစီခန်ရမ်(ကြံ့ဖွတ်ပါတီ-USDP)
၁၈။ ဆွမ်ပရာဘွမ်မြို့
ဦးခမိုင်တန်(ကြံ့ဖွတ်ပါတီ-USDP)
ကချင်ပြည်နယ်မှ အမျိုးသားလွှတ်တော် ၁၂ ဦး
(ကချင် ၅ ဦး၊ ဗမာ ၅ ဦး၊ ရှမ်း ၂ ဦး)
မြစ်ကြီးနားမြို့
၁။ ဦးခက်ထိန်နန် (UDPKS)
ဝိုင်းမော်မြို့
၂။ ဦးဂမ်ဆိုင်း (NUP)
တနိုင်းမြို့
၃။ ဦးဘရန်ရှောင် (NUP)
ဆော့လော/ချီဖွေ/အင်ဂျန်းယန်မြို့
၎။ ဦးဇခုန်တိန့်ယိန်း(USDP)
မိုးညှင်းမြို့
၅။ ဦးဖေသောင်း (USDP)
၆။ ဦးစိုင်းတင်အောင် (USDP)
မိုးကောင်းမြို့
၇။ ဦးစံပြည့် (USDP)
ဖားကန့်မြို့
၈။ ဦးမြအုန်း (USDP)
ဗန်မော်မြို့
၉။ ဒေါက်တာ ထွန်းလွင် (USDP)
မိုးမောက်မြို့
၁၀။ ဦးစိုင်းမြမောင် (SNLP)
မန်စီမြို့/ရွှေဂူမြို့
၁၁။ ဦးစံထွန်း (USDP)
ပူတာအိုခရိုင်
၁၂။ ဦးဂျီယောဝူ (NUP)
ပြည်နယ်လွှတ်တော် ၃၆ ဦး
(ကချင် ၂၁ ဦး၊ ဗမာ ၁၂ ဦး၊ ရှမ်း ၂ ဦး)
မြစ်ကြီးနားမြို့နယ် မဲဆန္ဒနယ် ၁ (၁) ဦးကမန်းဒူနော်(NUP)
မြစ်ကြီးနားမြို့ မဲဆန္ဒနယ်၂ (၂) ဦးခင်မောင်ထွန်း (USDP)
ဝိုင်းမော် ၁ (၃) ဦးမြအောင် (NUP)
ဝိုင်းမော်၂ (၄) ဦထောလွမ်း(NUP)
တနိုင်း ၁ (၅) ဦးလဂျွန်အန်ဆိုင်း(USDP)
တနိုင်း ၂ (၆) ဦးကွမ်ဆောင်းဆမ်အောန် (USDP)
ဆော့လော် ၁ (၇) ဦးဇောင်းခေါင်(NUP)
ဆော့လော် ၂ (၈) ဦးယောန(တသီးပုဂ္ဂလ)
အင်ဂျန်းယန် ၁ (၉) ဦးအလေးပါး(UDPKS)
အင်ဂျန်းယန် ၂ (၁၀) ဦးဘရန်ရှောင်(USDP)
ချီဖွေ ၁ (၁၁) ဦးဘီထောဇောင်း(USDP)
ချီဖွေ ၂ (၁၂) ဦးဇခုံယိန်းဆောင်(UDPKS)
မိုးညှင်း ၁ (၁၃) ဦးညွန်အောင် (USDP)
မိုးညှင်း ၂ (၁၄) ဦးညီလေး(USDP)
မိုးကောင်း ၁ (၁၅) ဦးစိုးနွယ်(USDP)
မိုးကောင်း၂ (၁၆) ဦးကျော်မြင့်(USDP)
ဖားကန့် ၁ (၁၇) ဦးအင်ဖောင်းဂမ် (USDP)
ဖားကန့် ၂ (၁၈)ဦးစိုင်းမြင့်ကျော် (USDP)
ဗန်းမော် ၁ (၁၉) ဦးကျော်ဆွေ (NUP)
ဗန်းမော် ၂ (၂၀) ဦးထွန်းရှိန် (NUP)
မိုးမောက် ၁ (၂၁) ဦးဆွတ်နောင် (NUP)
မိုးမောက် ၂ (၂၂) ဦးစိုင်းမျိုးအောင်(SNLP)
မံစီ ၁ (၂၃) ဦးထွန်းကြိုင်(USDP)
မံစီ ၂ (၂၄) ဦးစိုင်းမောင်ရွှေ (SNLP)
ရွှေဂူ ၁ (၂၅) ဦးအောင်နိုင်(USDP)
ရွှေဂူ ၂ (၂၆) ဦးဖိုးပါကြွယ်(USDP)
ပူတာအို ၁ (၂၇) ဦးအားရီ (NUP)
ပူတာအို ၂ (၂၈) ဦးလီပေါ်ရီမြ(SNLP)
မချမ်းဘော ၁ (၂၉) ဦးရားဝမ်ဂျုံ(USDP)
မချမ်းဘော ၂ (၃၀) ဦးထင်မောင်ထူး(NUP)
နောင်မွန်း ၁ (၃၁) ဦးချန်သာခင်(USDP)
နောင်မွန်း ၂ (၃၂) ဦးမဘုဒဂုဏ်(USDP)
ခေါင်လန်ဖူး ၁ (၃၃) ဦးဒိန်ခန်သာဝိ (USDP)
ခေါင်လန်ဖူး ၂ (၃၄) ဦးခင်လေးဖုန်ဆားရ်(NUP)
ဆွမ်ပရာဘွမ် ၁ (၃၆) ဒေါ်ဘောက်ဂျာ(USDP)
ဆွမ်ပရာဘွမ် ၂ (၃၆) ဦးမုန်ပေါ်နော်(USDP)
လူမျိုးစုလွှတ်တော် ၄ ဦး
၁။ ဗမာ လူမျိုးစုလွှတ်တော် ကိုယ်စားလှယ် ဦးပါ (NUP)
၂။ ရှမ်း လူမျိုးစု လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ပြုံးရီ (SNLP)
၃။ ရဝမ် လူမျိုးစု လွှတ်တော် ကိုယ်စားလှယ် ဦးဂွမ်ရီဒီး(USDP)
၎။ လီဆူ လူမျိုးစု လွှတ်တော် ဦးအားစီ (USDP) ....
(၁၇၃)
ချင်းပြည်နယ်တွင် ချင်းအမျိုးသား ပါတီများဖြစ်သော CNP က
ဟားခါးမြို့နယ် ပြည်နယ်အဆင့် လွှတ်တော်အတွက် ၂ ဦး၊
ထန်တလန်မှ ၂ ဦး၊ တီးတိန်မှ ၁ ဦးနှင့် CPP က ဖလမ်းမှ ၂ ဦး၊
ပလက်ဝမှ ၂ ဦးနှင့် ကန်ပက်လက်မှ ၁ ဦး၊ (၂)ပါတီ စုစုပေါင်း
(၁၀)နေရာတို့ အရွေးခံရ ...
(၁၇၂)
ဦးသုဝေရဲ့ ဒီမိုကရက်တစ်ပါတီကလည်း အမတ် ၄ နေရာ
ရတယ်လို့ သိထားရာကနေ ဒီနေ့ ၁ နေရာ ထပ်ပြုတ်
တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောကြောင်း သိရ ...
(၁၇၁)
တစည ခေါ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကလည်း
ရွေးကောက်ပွဲအတွင်း မဲ မသမာမှုများနှင့် ပက်သက်ပြီး စစ်အစိုးရ
ရုံးစိုက်ရာ နေပြည်တော်သို့ တိုင်ကြားထားကြောင်း ပြောဆို ...
(၁၇၀)
“ကြိုတင်မဲ”ဟု ခေါင်းစဉ်တပ်ထားသော မဲခိုးမှုများ၊ ရွေးကောက်ပွဲ
အပေါ် မဲ မပေးရန် သပိတ်မှောက်မှုများကြောင့် NDF အပါအ၀င်
ရွေးကောက်ပွဲဝင် မြန်မာ့နိုင်ငံရေးပါတီများ ရှုံးနိမ့်ခဲ့ကြကြောင်း၊
တိုင်းရင်းသား ပါတီများအနေနဲ့တော့ မဲခိုးမှုလောက်သာ ရင်ဆိုင်
ခဲ့ရကြောင်း အမည်မဖော်လိုတဲ့ ပြည်တွင်းက ၀ါရင့်စာပေသမား
အချို့က ပြောဆို ...
(၁၆၉)
“မဲလိမ်၊ မဲခိုးတဲ့ လုပ်ရပ်တွေ အကုန်လုံးက ဒီရွေးကောက်ပွဲကို
ဦးဆောင်ကျင်းပတဲ့ ဗိုလ်ချုပ်မှူးကြီးကို စော်ကားတာပဲ။ အာဏာပိုင်
တွေနဲ့ ပတ်သက်တဲ့ လူတွေ ဒီလိုလုပ်တာကလည်း ဗိုလ်ချုပ်မှူးကြီး
ကို စော်ကားတာဖြစ်လို့ ချက်ခြင်း ဖော်ထုတ်ပြီး အရေးယူသင့်တယ်”
ဟု တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်လောင်း ဦးကောင်းမြင့်ထွဋ် က ဧရာဝတီ မီဒီယာသို့
ပြောဆို ...
(၁၆၈)
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲရလဒ်များကို ပြည်သူအများစုက
အယုံအကြည်မရှိကြောင်း ပြည်တွင်း ပြည်ပ သတင်းမီဒီယာ
များတွင် ဖော်ပြ ...
(၁၆၇)
ကွယ်လွန်သူ ရုပ်ရှင်မင်းသား ဒွေး၏ ဖခင် ဗိုလ်ကြီးဟောင်း
ဦးတင်ထွန်းမောင် ဦးဆောင်သော ၀ံသာနု NLD ခေါ်
အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်သည် အမတ်
၁၃ နေရာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ကြိုတင်ခိုးမဲများကြောင့်
တစ်နေရာမှ မရရှိဟု သိရ ...
(၁၆၆)
ကြိုတင်ကြံစည်မဲများ၊ မဲရုံနှင့် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေ
များအပေါ် လိုက်နာခြင်း မရှိသည့် ရွေးကောက်ပွဲရလဒ်အား
လုံးဝ လက်မခံနိုင်ကြောင်း ၂၀၁၀ ရွေးကောက်ပွဲဝင် မြန်မာ့
နိုင်ငံရေး ပါတီများ၊ တစ်သီးပုဂ္ဂလ ၀င်ရောက် ယှဉ်ပြိုင်သူများက
စစ်အစိုးရ တာဝန်ရှိသူများထံ တိုင်ကြားကန့်ကွက် ...
(၁၆၅)
၇- ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ရွေးကောက်ပွဲအတွင်း
“ကြိုတင်မဲ” ဟု ခေါင်းစဉ်တပ်ထားသော အတုအယောင်မဲများ
အပေါ် အယုံအကြည်မရှိခြင်း၊ မဲရုံမှူးများနှင့် ဒေသဆိုင်ရာ
ရွေးကောက်ပွဲကော်မရှင်များက မဲအတုများ ပြုလုပ်ခြင်း၊ မဲရုံ
ဆိုင်ရာ စည်းကမ်းများအား ချိုးဖောက်ခြင်းတို့ကြောင့် ရွေးကောက်ပွဲ
အသစ် ပြန်လည် ပြုလုပ်ပေးရန် ပဲခူးတိုင်းအတွင်း ရွေးကောက်ပွဲ
ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အမတ်လောင်းများက ထုတ်ပြန်ကြေညာ ...
(၁၆၄)
သျှမ်း ကျားဖြူပါတီက အမျိုးသားလွှတ်တော် ၃ ဦး (ရှမ်းပြည်နယ်
၂ ဦး၊ ကချင်ပြည်နယ် ၁ ဦး)၊ ပြည်သူ့လွှတ်တော် ၁၈ ဦး(ရှမ်းပြည်နယ်
၁၇ ဦး၊ ကချင်ပြည်နယ် ၁ ဦး)၊ ပြည်နယ်လွှတ်တော် ၃၅ ဦး (ရှမ်းပြည်နယ်
၃၂ ဦး၊ ကချင်ပြည်နယ် ၃ ဦး)၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာ ၁ ဦး
(မန္တလေးတိုင်းဒေသကြီး) ...
(၁၆၃)
ပျဉ်းမနား နေပြည်တော်မြို့တွင် တာဝန်ထမ်းဆောင်နေသော
စစ်အစိုးရ ၀န်ထမ်းများက ရွေးကောက်ပွဲတွင် မိမိတို့ အနေဖြင့်
သန်ကောင်စာရင်းရှိသော မိသားစုနေထိုင်ရာမြို့တွင် မဲပေးခွင့်
ကဒ်ပြားဖြင့် ကြိုတင်မဲအား ကြံ့ဖွတ်ပါတီအား ဆန္ဒမရှိပဲ မဲ ပေးခဲ့
သလို နေပြည်တော်တွင်လည်း ကြံ့ဖွတ်ပါတီအား ထပ်မံ၍ မဲ မပေး
ချင်ပဲ ပေးခဲ့ကြကြောင်း၊ ၀န်ထမ်းတစ်ဦးလျှင် တရားမ၀င် နှစ်ကြိမ်
နှစ်ခါ မဲပေးခဲ့ကြကြောင်း သတင်းထောက်များအား ပြောဆို ...
(၁၆၂)
စစ်အစိုးရက ရွေးကောက်ပွဲ သတင်းယူမှုအတွက် ဖမ်းဆီးခဲ့သော
ဂျပန်လူမျိုး သတင်းထောက် Toru Matsumoto အား (၁၀)ရက်
နေ့တွင် ပြန်လည် လွတ်ပေးခဲ့ကြောင်း သိရ ...
(၁၆၁)
“ရွေးကောက်ပွဲမှာ မဲပေးသူနှုန်းဟာ အလွန်နည်းတယ်။ မဲပေးသူ
တွေက တတိုင်းပြည်လုံးမှာ ပျမ်းမျှခြင်း ၃၀ % ကနေ ၂၀ %
လောက်အထိပဲ ရှိတယ်။ လူတွေက မဲတွေ မပေးကြဘူး။ လူတွေက
စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို ၀ိုင်းပြီး ထောက်ခံပြီး ဆင်နွှဲခြင်း မရှိ
ဘူး။ ဒါကို စစ်အစိုးရက မပြနိုင်တော့ဘူး။ မအောင်မြင်ဘူး။ ရှုံးသွား
တယ်။ အဓိကရှုံးတဲ့သူဟာ စစ်အစိုးရပဲလို့ ကျနော်တို့က ပြောကြတယ်”
ဟု NLD ခေါင်းဆောင် ဦးဝင်းတင်က (၁၀.၁၁.၂၀၁၀) နံနက်ပိုင်းတွင်
စုံစမ်းမေးမြန်းခဲ့သော မိုးမခ မီဒီယာအား ပြောဆို ...
(၁၆၀)
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်း ဖွဲ့စည်းခဲ့သော
ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP အဖွဲ့ဝင်
တိုင်းရင်းသား ပါတီများဟာ သူတို့ဒေသများတွင် ရွေးကောက်
ပွဲ မဲ မပေးရေး သပိတ်မှောက်မှုများ မပြုလုပ်ခဲ့ကြောင်း၊
ဒါကြောင့် ပြည်နယ်များမှာ တိုင်းရင်းသားပါတီများက ကြံ့ဖွတ်
အပေါ် မျှော်လင့်သလို အနိုင်ရခဲ့ကြောင်း ရန်ကုန်မြို့ထုတ်
သတင်းဂျာနယ်သမားများက ပြောဆို ....
(၁၅၉)
“ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲ ကိုယ်ဖိတ်” ဟု ကြွေးကြွော် စည်းရုံးခဲ့
သော တိုင်းရင်းသားပါတီများနှင့် Vote No, No Vote ပြဿနာ
ဖြစ်နေကြသော မြန်မာ့နိုင်ငံရေး ပါတီများအကြား ရွေးကောက်
ပွဲရလဒ် အကြီးအကျယ် ကွာဟ ...
(၁၅၈)
၂၀၁၀ ရွေးကောက်ပွဲရလဒ်ကို လက်ခံသော တရုတ်နှင့် ဗီယက်နမ်
တို့ကို မြန်မာနိုင်ငံအတွင်းရှိ လူအများစု စိတ်ဆိုး ဒေါသထွက်နေကြ ...
(၁၅၇)
နေရာတချို့တွင် မဲစာရင်းများ မပြီးပြတ်သေးဟု ရွေးကောက်ပွဲ
ကော်မရှင်က ကြေညာနေဆဲ ...
(မဲရေနေသလား ... မဲခိုးနေသလား ...:P)
(၁၅၆)
၁၁၅၇ နေရာရှိသော လွှတ်တော်သုံးရပ်စလုံးအတွက် ကြံ့ဖွတ်
ပါတီဝင် မဟုတ်သော အရွေးခံရသူ စုစုပေါင်း ၁၉၃ ဦးခန့်သာ
(ခန့်မှန်းချေ) ရှိသေးကြောင်း ရွေးကောက်ပွဲ လေ့လာသူ
များက ပြောဆို ...
(၁၅၅)
တစ်သီးပုဂ္ဂလများထဲတွင် ရန်ကုန် တောင်ဥက္ကလာပမဲဆန္ဒနယ်မှ
ဒေါက်တာစောနိုင် တစ်ဦးသာ အရွေးခံရ ...
(၁၅၄)
အမတ်နေရာ တစ်ထောင်ကျော် ၀င်ပြိုင်သော တစညက
လောလောဆယ်အချိန်အထိ ၅၇ နေရာ၊ ၄၇ နေရာ ၀င်ပြိုင်တဲ့
ဦးသုဝေ ခေါင်းဆောင်သော ဒီမိုကရက်တစ်ပါတီက ၄ နေရာ၊
၁၅၆ နေရာ ၀င်ပြိုင်တဲ့ ရှမ်း ကျားဖြူပါတီက ၅၇ နေရာ၊ ၄၄
နေရာ ၀င်ပြိုင်တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက
၃၅ နေရာ၊ ၃၄ နေရာဝင်ပြိုင်တဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ
ပါတီက ၁၆ နေရာ၊ ၁၆ နေရာ ၀င်ပြိုင်တဲ့ ကရင်ပြည်သူ့ပါတီက
၇ နေရာ နိုင်နေတယ်လို့ ပြောနေကြပြီး ၁၆၁ နေရာဝင်ပြီးပြိုင်ခဲ့
တဲ့ NDF ပါတီက ကြိုတင်မဲပေးမှုတွေမှာ မဲသမာမှုတွေ ရှိနေလို့
ဖြေရှင်းပေးရန် တောင်းဆိုနေပါတယ် ...
(၁၅၃)
မွန်ပြည်နယ်တွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက
သံဖြူဇရပ်မြို့နယ်- ၃ နေရာ(အမျိုးသားလွတ်တော်၊ ပြည်သူ့
လွတ်တော်၊ ပြည်နယ်အဆင့်လွတ်တော်)၊ မုဒုံမြို့နယ်- ၁ နေရာ
(အမျိုးသားလွတ်တော်)၊ ပေါင်မြို့နယ်- ၁ နေရာ (အမျိုးသား
လွတ်တော်)၊ ချောင်းဆုံမြို့နယ်- ၃ နေရာ (အမျိုးသားလွတ်တော်၊
ပြည်သူ့လွတ်တော်၊ ပြည်နယ်လွတ်တော်)၊ ကျိုက်မရောမြို့နယ်
၁ နေရာ (ပြည်နယ်လွတ်တော်)တို့ အရွေးချယ်ခံရ ...
(၁၅၂)
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ကြံ့ဖွတ်ပါတီမှ လွှဲ၍ ကျန်ပါတီ
များအားလုံး ကြံ့ဖွတ်ပါတီ၏ ကြိုတင် ခိုးမဲစနစ်ကို မဟန့်တား
နိုင်။ တနိုင်ငံလုံးတွင် ကြံ့ဖွတ်တို့ အမတ်နေရာ ၈၅ % ကို
ကြိုတင် ခိုးမဲများဖြင့် ရယူသွား ...
(၁၅၁)
မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ အမျိုးသား
ဒီမိုကရေစီအင်အားစု NDF ပါတီ အမတ်လောင်း ၄ဝ စလုံး
ကြံ့ဖွတ်၏ ကြိုတင်ခိုမဲးများကြောင့် ရှုံးနိမ့်သွားကြောင်း သိရှိရ ...
(၁၅၀)
ရေတပ်စခန်း၊ ရေယာဉ်စု ဌာနချုပ်နှင့် အရှေ့တောင်တိုင်း
စစ်ဌာနချုပ်တို့ ရှိသည့် မော်လမြိုင်မြို့နယ်တွင် စစ်တပ်မှ
ကြိုတင်ခိုးမဲ ၆ဝဝဝ ကျော် တက်လာသဖြင့် တစညနှင့် မွန်
ပါတီတို့ ကြံ့ဖွတ်ပါတီကို ရှုံးနိမ့်သွား ...
(၁၄၉)
ရန်ကုန်တိုင်း ဒေသကြီး အမျိုးသား လွတ်တော် ၁၂ နေရာ
တွင် ကြံ့ဖွတ်ပါတီသည် ၄- နေရာသာ ရှုံးနိမ့်ခဲ့ ထို ၄ နေရာမှာ
ဦးမြတ်သူ (တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ဒေါပုံ၊ ပုဇွန်တောင်၊
ဗိုလ်တထောင်)၊ ဦးတင်ခ (ဒဂုံမြို့သစ်(မြောက်)၊ ဒဂုံမြို့သစ်
(ရှေ့)၊ မြောက်ဥက္ကလာပ)၊ ဒေါက်တာမောင်သင်း
(တောင်ဥက္ကလာပ၊ ရန်ကင်း၊ သင်္ကန်းကျွန်း)၊ ဒေါက်တာ
မျိုးသန့်တင်(ကမာရွတ်၊ လှိုင်၊ ကြည့်မြင်တိုင်၊ လသာ၊ လမ်းမတော်၊
အလုံ၊ ဆိပ်ကမ်း)။ ပြည်သူ့လွတ်တော်နေရာအတွက် ရှုံးနိမ့်ခဲ့သော
နေရာများမှာ သင်္ကန်းကျွန်း၊ လသာ၊ မြောက်ဥက္ကလာ ၊ မြောက်ဒဂုံ၊
စမ်းချောင်း၊ ပုဇွန်တောင်၊အလုံ၊ လမ်းမတော်။ တိုင်းဒေသကြီး
လွတ်တော်နေရာ ၉ဝ တွင် ကြံ့ဖွတ်က ၁၅ နေရာ ရှုံးနိမ့်ခဲ့ရာ
ယင်းတို့မှာ လှိုင်၊ တာမွေ၊ ဒေါပုံ ၊ မြောက်ဥက္ကလာ၊ သင်္ကန်းကျွန်း၊
ကမာရွတ်၊ ဗဟန်း၊ လမ်းမတော်၊ မြောက်ဒဂုံ၊ စမ်းချောင်းမြို့နယ်
တို့ဖြစ်ကြောင်း ကြံ့ဖွတ် ပြောရေးဆိုခွင့်ရှိသူက AFP သတင်းဌာန
သို့ ပြောဆို ....
(၁၄၈)
နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပေးပို့လာသော ပြည်ပရောက်သူ
များ၏ မဲပုံးများအဖြစ် နေပြည်တော်မှတဆင့် မြန်မာနိုင်ငံနေရာ
အနှံ့ရှိ မဲရုံများသို့ ပို့ဆောင်ခဲ့ကြောင်း၊ မဲပုံများအတွင်းသို့
ပြည်ထဲရေးဝန်ကြီးဌာနမှ ပေးပို့လာသော ပြည်ပရောက်သူ
များ၏ အမည်စာရင်းများအတိုင်း မဲပေးခွင့် ကဒ်ပြားများပေါ်
တွင် ကြိုတင်မဲများအဖြစ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက်
ထောက်ခံမဲ ခြစ်ပေးပြီး ထည့်သွင်းခဲ့ကြောင်း နိုင်ငံခြားရေး
ဝန်ကြီးဌာနမှ ၀န်ထမ်းအချို့က ပြောဆို ....
(၁၄၇)
ရွေးကောက်ပွဲတွင် မဲ မထည့်သောသူများ၏ မဲပြားများ
ပေါ်တွင် ကြံ့ဖွတ်ပါတီအတွက် အမှန်ခြစ်ပေးပြီး မဲပုံးအတွင်း
ထည့်ခဲ့ကြောင်း မြို့နယ်နှင့် ရပ်ကွက်အဆင့် ရွေးကောက်ပွဲ
ကော်မရှင် အဖွဲ့ဝင်တချို့က ပြောဆို။ (၇)ရက်နေ့ ညဖက်
မဲရုံ ခဏပိတ်ချိန်တွင် ထို ပိုင်ရှင်မဲ့ မဲပြားများပေါ်တွင် ကြံ့ဖွတ်
ပါတီအတွက် ထောက်ခံမဲ ခြစ်ပေးပြီး မဲပုံးထဲ ထည့်ခဲ့ကြောင်း၊
ထိုသို့ ပြုလုပ်ရန် နေပြည်တော်မှ ညွှန်ကြားထားကြောင်း
တာမွေမြို့နယ်နှင့် ဗဟန်းမြို့နယ်၊ ရပ်ကွက်နှင့် မြို့နယ်
ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တချို့တို့က
နီးစပ်ရာ မိသားစုများသို့ ပြောဆိုကြောင်း သိရ ...
(၁၄၆)
ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် ချင်းတိုးတက်ရေးပါတီ CPP
က လွှတ်တော် ၃ ရပ်လုံးအတွက် အနိုင်ရကြောင်း၊ အမျိုးသား
လွှတ်တော် အမှတ်(၁)အတွက် ဦးကျွန်ခဲန်း၊ အမျိုးသားလွှတ်တော်
အမှတ်(၂) အတွက် ဦးဇုန်လှယ်ထန်း၊ ပြည်သူ့လွှတ်တော်
အတွက် ဦးခွန်လိန်း၊ ပြည်နယ်အဆင့် လွှတ်တော်အမှတ်(၁)
အတွက် ဦးနုထန်း၊ အမှတ်(၂)အတွက် ဦးနိုဆွန်တို့ အရွေးခံ
ရကြောင်း ...
(၁၄၅)
ကချင်ပြည်နယ်တွင် အရွေးခံရသော ရှမ်း- ကျားဖြူပါတီ၏
စာရင်းမှာ ...
၁/စိုင်းဇော်ထွန်း၊ ပြည်သူ့လွှတ်တော်၊ မိုးမောက်မြို့နယ်
၂/စိုင်းမြမောင်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် -၁၀
(မိုးမောက်မြို့နယ် တစ်မြို့နယ်တည်းပါဝင်သည်။)
၃/စိုင်းမျိုးအောင်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)၊
မိုးမောက်မြို့နယ်။
၎/စိုင်းအိုက်ရွှေ၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)၊ မံစီမြို့နယ်။
၅/ဦးလီပေါ်ရဲ၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)၊ ပူတာအိုမြို့နယ် ...
(၁၄၄)
နောက်ဆုံးရရှိသည့် စာရင်းများအရ ရှမ်းတိုင်းရင်းသားများ
ဒီမိုကရက်တစ်ပါတီ (ကျားဖြူ)မှ အမျိုးသားလွှတ်တော်အတွက်
၂ ဦး၊ ပြည်သူ့လွှတ်တော်အတွက် ၁၆ ဦး၊ ပြည်နယ်အဆင့်
လွှတ်တော် ၃၄ ဦး၊ ရေးရာ ၁ ဦး၊ စုစုပေါင်း ၅၃ ဦး အနိုင်ရရှိ
ဟု ကျားဖြူပါတီက ပြောကြား ...
(၁၄၃)
ပြိုင်ဖက်မရှိလို့ ရှမ်းပြည်နယ်တွင် အမတ်ဖြစ်သူများ ...
အမျိုးသားလွှတ်တော်
(၁) ဦးနေ၀င်းထွန်း၊ မဲဆန္ဒနယ် အမှတ်(၉)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်
(၂) ဦးထွန်းကျော်၊ မဲဆန္ဒနယ် အမှတ်(၁၀)၊ ပလောင်(တအာင်း)အမျိုးသားပါတီ
(၃) လျူကွယ်ရှိ၊ မဲဆန္ဒနယ် အမှတ်(၁၁)၊ ကြံ့ဖွတ်ပါတီ
ပြည်သူ့လွှတ်တော်
(၁) ခွန်သိန်းဖေ၊ ဟိုပုန်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်
(၂) ဦးဝင်းကို၊ ဆီဆိုင်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်
(၃) ခွန်မောင်သောင်း၊ ပင်လောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်
(၄) ဦးမောင်မောင်ဆွေ၊ နမ့်ဆန်၊ ကြံ့ဖွတ်ပါတီ
(၅) ဦးအိုက်မုန်း၊ မန်တုံ၊ ပလောင်(တအာင်း)အမျိုးသားပါတီ
(၆) ဦးကျော်နိုင်၊ လောက်ကိုင်၊ ကြံ့ဖွတ်ပါတီ
(၇) ကျန်တဲဝမ်၊ ကုန်းကြမ်း၊ ကြံ့ဖွတ်ပါတီ
ပြည်နယ်အဆင့် လွှတ်တော်
(၁) ဦးစံလွင်၊ ဟိုပုန်း(၂)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်
(၂) ခွန်အောင်နိုင်ဦး၊ ပင်လောင်း(၂)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်
(၃) ဦးမောင်ကျော်၊ နမ့်ဆန်(၁)၊ ပလောင်(တအာင်း)အမျိုးသားပါတီ
(၄) ဦးအောင်ထွဏ်း၊ နမ့်ဆန်(၂)၊ ပလောင်(တအာင်း)အမျိုးသားပါတီ
(၅) မိုင်းအုဏ်းခိုင်၊ မန်တုံ(၁)၊ ပလောင်(တအာင်း)အမျိုးသားပါတီ
(၆) ဦးအိုက်ခ၊ မန်တုံ(၂)၊ ပလောင်(တအာင်း)အမျိုးသားပါတီ
(၇) ခွန်ထွန်းလူ၊ ဟိုပန်(၁)၊ “၀”ဒီမိုကရက်တစ်ပါတီ
(၈) စိုင်းလှဖေ၊ ဟိုပန်(၂)၊ “၀”ဒီမိုကရက်တစ်ပါတီ
(၉) ပယ်စောက်ချိန်၊ လောက်ကိုင်(၁)၊ ကြံ့ဖွတ်ပါတီ
(၁၀) မြင်ရှော်ချန်း၊ လောက်ကိုင်(၂)၊ ကြံ့ဖွတ်ပါတီ
(၁၁) ဝေရှောက်ရင်၊ ကုန်းကြမ်း(၁)၊ ကြံ့ဖွတ်ပါတီ
(၁၂) ကျောက်တယ်ချန်၊ ကုန်းကြမ်း(၂)၊ ကြံ့ဖွတ်ပါတီ
(၁၃) ခွန်ထွန်း၊ မက်မန်း(၁)၊ ၀ ဒီမိုကရက်တစ်ပါတီ ...
(၁၄၂)
မြန်မာပြည် ရွေးကောက်ပွဲ လွတ်လပ် တရား မမျှတမှုနှင့်
ပက်သက်ပြီး အမေရိကန်သမ္မတ အိုဘားမားအပါအ၀င်
နိုင်ငံတကာမှ အယုံအကြည်မရှိကြောင်း ပြောဆို ...
(၁၄၁)
ရွေးကောက်ပွဲဥပဒေနှင့် ညီညွတ်ခြင်းမရှိသည့် ကြိုတင်မဲ
အားလုံးကို ပယ်ဖျက်ပေးရန် နိုင်ငံရေးပါတီများ၊ ထင်ရှား
ကျော်ကြားသူများနှင့် ဂျာနယ်လစ်များ တောင်းဆိုခဲ့ကြကြောင်း
ပြည်တွင်းထုတ် ELEVEN ဂျာနယ်မှာ ဖော်ပြ ...
(၁၄၀)
ရန်ကုန် တောင်ဥက္ကလာပ ပြည်သူ့လွှတ်တာ် မဲဆန္ဒနယ်တွင်
ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်
ဦးကောင်းမြင့်ထွဋ် က “ ပြည်သူတွေရဲ့ အသိအမှတ်ပြုမှု
အစစ်အမှန်ကို လိမ်လည်ရယူသူများကို အရေးယူမယ်၊
စောင့်ကြည့်ပါ ...” ဟု ပြောကြား ....
(၁၃၉)
ရှမ်းပြည်နယ်လွှတ်တော်အသီးသီး၌ ယှဉ်ပြိုင်ကြသည့် အမျိုးသမီး
များမှာ ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော်အဆင့်ယှဉ်ပြိုင်တဲ့
နန်းဝါနုအသက် ၃၂ နှစ်၊ မူဆယ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ
အသက် ၆၂ နှစ် နန်းငွေငွေ၊ နမ္မတူမြို့နယ် အမှတ်(၂)မှ အသက်
၄၅ နှစ် နန်းခမ်းအေး၊ မိုင်းယောင်းမြို့နယ် အမှတ် (၂)မှ အသက်
၆၁ နှစ် နန်းမြမြလွင်၊ မိုင်းကိုင်မြို့နယ် အမှတ်(၂)မှ အသက် ၂၆ နှစ်
နန်းခမ်းပိုင်းနဲ့ လဲချားမြို့နယ် အမှတ်(၁)မှ အသက် ၂၅ နှစ်
နန်းအက်စ်ကီးမိုး တို့ အသီးသီးအနိုင်ကြောင်း ရန်ကုန် ကျားဖြူ
ရုံးချုပ်က ပြောဆို ...
(၁၃၈)
သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)
မှ ၀င်ရောက်ယှဉ်ပြိုင်သည့် အမျိုးသမီး လွှတ်တော် ကိုယ်စား
လှယ်လောင်း ၉ ဦးအနက် ၆ ဦး အနိုင်ရရှိကြောင်း ပြောဆို ...
(၁၃၇)
ရွေးကောက်ပွဲအတွင်း ကြုံတွေ့ခဲ့ရတဲ့ ကြိုတင်မဲ မသမာမှု
တွေကို ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြ ကန့်ကွက်မယ်
လို့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီက ပြောဆို
ထုတ်ပြန် ...
(၁၃၆)
ရန်ကုန်တိုင်းတွင် တရားမ၀င် ကြိုတင်မဲပေးမှုများကြောင့်
အမျိုးသားလွှတ်တော်အတွက် ကြံ့ဖွတ်ပါတီက ၈ နေရာ၊
NDF ပါတီက ၄ နေရာ ရရှိကြောင်း၊ ပြည်သူ့လွှတ်တော်အတွက်
ကြံ့ဖွတ်ပါတီက ၃၇ နေရာ၊ NDF က ၈ နေရာ ရရှိကြောင်း၊
တိုင်းဒေသကြီး လွှတ်တော်အတွက် ကြံ့ဖွတ်ပါတီက ၇၄ နေရာ၊
တစည ပါတီက ၈ နေရာ၊ NDF ပါတီက ၄ နေရာ၊ ဒီမိုကရက်
တစ်ပါတီက ၂ နေရာ၊ ၈၈ မျိုးဆက် ကျောင်းသားများက ၁ နေရာ၊
တသီးပုဂ္ဂလက ၁ နေရာ အသီးသီး ရရှိကြောင်း သိရ ...
(၁၃၅)
လိမ်လည်သည့် ရွေးကောက်ပွဲဖြစ်နေ၍ မြန်မာလူထုတရပ်လုံး
နှင့်အတူ နိုင်ငံတကာက ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်
မပြုရန် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့၊
၈၈မျိုးဆက်ကျောင်းသားများ ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား
သမဂ္ဂ များ အဖွဲ့ချုပ်တို့က ယနေ့ ထုတ်ပြန်လိုက် ကြေညာ ...
(၁၃၄)
ကြံ့ဖွတ်ပါတီက နိုင်ငံတ၀န်းတွင် တရားမ၀င် ကြိုတင်မဲများ
ဖြင့် မဲဆန္ဒနယ် ၈၀ ရာခိုင်နှုန်း အနိုင်ရရှိသည်ဟု ယနေ့၌
ကြေညာနေပါတယ် ...
(၁၃၃)
ရွေးကောက်ပွဲအသစ် ပြန်ပြုလုပ်ဖို့ ပြည်ထောင်စု ဒီမိုကရေစီ
ပါတီ(UDP) ဥက္ကဌ ဦးသိန်းဌေး က ယနေ့ ပြောဆိုပါတယ် ...
(၁၃၂)
ရှမ်းပြည်နယ် နမ့်ခမ်းနှင့် လားရှိုးမြို့နယ်တို့တွင် ရှမ်း ကျားဖြူ
ပါတီသည် မဲအပြတ်အသတ်နှင့် အနိုင်ရပြီးခါမှ ဘာကလာမှန်း
မသိသော၊ ဘယ်သူပေးမှန်း မသိသော ကြံ့ဖွတ်၏ ကြိုတင်မဲများ
ကြောင့် ရှုံးနိမ့်သွားသည်ဟု သိရ၊ ဒေသခံ ရှမ်းတိုင်းရင်းသားများ
လည်း ယင်းကိစ္စများအပေါ် မကျေမနပ် ဖြစ်နေကြောင်း အတည်ပြု
နိုင်သော သတင်းများက ပြောဆို ...
(၁၃၁)
တာမွေမြို့နယ်၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ဒေါပုံမြို့နယ်၊
ပုဇွန်တောင် မြို့နယ်၊ ဒေါပုံမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်တို့
ပါဝင်သည့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၄ တွင်
အနိုင်ရပြီ ဟု သတင်းထွက်ခဲ့သော ဒေါက်တာမြတ်ဉာဏစိုးမှာ
ရှုံးနိမ့်သွားပြီး ကြံ့ဖွတ် ပါတီမှ ဦးမြတ်သူ (ခ) စာရေးဆရာ
ကျော်ဇင်ညွန့် (တက္ကသိုလ်မြတ်သူ)က ဘယ်ကလာမှန်း
မသိသော ကြိုတင်ခိုးမဲများဖြင့် အနိုင် ရသွားကြောင်း သိရ ....
(သြော်ဒုက္ခ လုပ်ချင်သလိုကို လုပ်နေကြပါလား ... )
(၁၃၀)
မဲမသမာမှုများ ပြုလုပ်၍ ကြံ့ဖွတ် အနိုင်ယူရန် ဗိုလ်ချုပ်မှူးကြီး
သန်းရွှေ ကိုယ်တိုင် မြို့တော်ဝန် အောင်သိန်းလင်းကို
ညွှန်ကြား ခဲ့ဖွယ် ရှိကြောင်း သိရ ....
(၁၂၉)
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ခေါင်းဆောင် ဦးနေမျိုးဝေ
က NLD ပါတီက ရွေးကောက်ပွဲ သပိတ်မှောက်ရန် ပြောစဉ်
နားမထောင်မိကြောင်း၊ ကြံ့ဖွတ်ပါတီနှင့် ရွေးကောက်ပွဲ
ကော်မရှင်ကိုလည်း ယခုလောက် မတရား လုပ်လိမ့်မည်
မထင်မိကြောင်း၊ NLD မှန်ကန်ကြောင်း ပြောကြား ...
(၁၂၈)
ရွှေတောင်မြို့နယ် ရွေးကောက်ပွဲတွင် ကြံ့ဖွတ်ပါတီမှ ဒေါက်တာမြဦး
နှင့် ဒေါက်တာ ဒေါ်အေးမြင့်တို့က အမျိုးသားလွှတ်တော်နှင့် ပြည်သူ့
လွှတ်တော် နေရာများအတွက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား
နိုင်ငံရေးအဖွဲ့ချုပ်မှ ဦးအေးလွင်နှင့် ဦးစိုးသန်းတို့အပေါ် ကြိုတင်မဲ
အသာစီးပုံစံဖြင့် အနိုင်ရသွားကြ ....
(၁၂၇)
ကမ္ဘာအေးဘုရားလမ်း နှင့် ဆရာစံ လမ်းထောင့်ရှိ ရန်ကုန်
မြို့တော်ဝန်- ကြိုတင်ခိုးမဲများဖြင့် အရွေးခံရသူ ကြံ့ဖွတ်
အောင်သိန်းလင်း၏ နေအိမ်ခြံဝန်းရှေ့သို့ ယနေ့ ည ၈ နာရီ
အချိန်ခန့်တွင် ကားများပေါ်မှ အညစ်အကြေးထုပ်များဖြင့်
ပစ်ပေါက်သွားကြောင်း အတည်မပြုနိုင်သေးသော သတင်းများ
ထွက်ပေါ် ...
(၁၂၆)
ကရင်ပြည်နယ် မြ၀တီမြို့သို့ ရွေးကောက်ပွဲ သတင်းယူရန်
နယ်စပ်ဖြတ်ကျော် ၀င်ရောက်လာသူ ဂျပန် သတင်းထောက်
မစ္စတာ တိုရုယာမဂျိသည် မြ၀တီမြို့ရွှေမင်းဝံ ဘုန်းကြီးကျောင်း
အနီးတွင် သတင်း ရိုက်ကူးနေစဉ် အဖမ်းခံရ ...
(၁၂၅)
ကြံ့ဖွတ်၏ မဲလိမ်မဲခိုး၊ ကြိုတင်မဲများကြောင့် မိမိတို့တစည
ပါတီ “၀က်ဝက်ကွဲအောင်” ရှုံးရခြင်းဖြစ်သည်ဟု ပြည်မြို့နယ်
ပြည်သူ့လွှတ်တော် အတွက် ၀င်ရောက်ယှဉ်ပြိုင်သည့်
ဦးသာထူး က ပြောဆို ...
(၁၂၄)
မြန်မာနိုင်ငံ၏ လူဦးရေ အများဆုံး မြို့တစ်မြို့ဖြစ်သည့်
မန္တလေးတွင် မဲစာရင်းထဲတွင် မပါကြောင်း မဲပေးချိန်မှ
သိရသဖြင့် မဲပေးခွင့် ဆုံးရှုံးသူ အများအပြားရှိကြောင်း
ဒေသခံများက ပြောကြား ....
(၁၂၃)
ရှမ်းပြည်နယ် အခြေစိုက် ရှမ်းအမျိုးသားများ ဒီမိုကရက်တစ်ပါတီ
(ကျားဖြူ) သည် ရှမ်းပြည်နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များ
အပါအဝင် မဲဆန္ဒနယ် ၂၈ နယ် တွင်သာ အနိုင်ရထားသေး။
လွှတ်တော် ၃ ရပ်စလုံးတွင် အနိုင်ရရှိသော မဲဆန္ဒနယ်များမှာ
နမ့်ခမ်း၊ ကျောက်မဲ၊ ကျေးသီ၊ မိုင်းကိုင်၊ မိုင်းရယ်၊ သီပေါ
မဲဆန္ဒနယ်များ ဖြစ်ပြီး နမ္မတူ၊ မူဆယ်မြို့နယ်များတွင် ပြည်သူ့
လွှတ်တော် မဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့ကြောင်း အတည်ပြု
ပြောဆို ...
(၁၂၂)
ရန်ကုန်တိုင်း၊ မန္တလေးတိုင်းတို့တွင် NDF က နေရာ ၂၀ မပြည့်သေး၊
ဦးသုဝေတို့ ဒီမိုကရက်တစ်ပါတီက ၃ နေရာ၊ ရှမ်းပြည်နယ်တွင်
ကျားဖြူပါတီက နေရာ ၄၀၊ ရခိုင်ပြည်နယ်တွင် RNDP က နေရာ
၃၀ ကျော်၊ ချင်းပြည်နယ်သတင်း မသိရသေး၊ ကျန်နေရာအများ
စုတွင် ကြိုတင်မဲခိုးမှုဖြင့် ကြံ့ဖွတ်များ ရယူသွား ....
(၁၂၁)
ကယားပြည်နယ်၊ တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊
ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းတို့တွင်
ရွေးကောက်ပွဲအဖြေများ၌ ကြိုတင်မဲ (မဲခိုးမှုများ) ကြောင့်
ကြံ့ဖွတ်ပါတီ နေရာအများစုကို ရယူသွား ....
(၁၂၀)
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ကြံ့ဖွတ်ရဲ့ ကြိုတင်ခိုးမဲ
စနစ်ကြောင့် ပြည်နယ်နှစ်ခုလုံး၏ နေရာအများစုတွင် ကြံ့ဖွတ်
တို့ အနိုင်ရကြ ....
(၁၁၉)
ရှမ်းပြည်နယ် လင်းခေးမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်
အမှတ်(၂) အတွက် စိုင်းကျော်ဇောသန်း (ကျားဖြူပါတီ)၊ ပြည်သူ့
လွှတ်တော် စိုင်းလှကျော် (ကျားဖြူပါတီ)၊ ပြည်နယ်အဆင့် မဲဆန္ဒနယ်
(၁)မှာ စိုင်းအိုက်အေး (ကျားဖြူပါတီ)၊ ပြည်နယ်အဆင့် မဲဆန္ဒနယ် (၂)
မှာ စိုင်းလွင် (ကျားဖြူပါတီ) တို့ အရွေးခံရ အတည်ပြုပြီ ...
(၁၁၈)
ကျန်းမာရေး ဒုဝန်ကြီး ဒေါက်တို ပိုင်စိုးမှ လွှဲ၍ လက်ရှိ
စစ်အစိုးရ အာဏာရူးတစ်ဖွဲ့လုံး ကြိုတင်ခိုးမဲများ ညဥ့်နက်
ပိုင်းတွင် ဘယ်ကမှန်းမသိ ရောက်လာသော ခိုးကြောင်
ခိုးဝှက် မဲများဖြင့် အနိုင်ရကြောင်း ကြေညာ ...
(၁၁၇)
ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက်
ဝင်ရောက်ယှဉ်ပြိုင်သူ ဦးအောင်မြတ်ထွန်း (NDF)
ရွေးကောက်ပွဲ ညက မဲရေတွက်ချိန်မှာ အပြတ်အသတ်
အနိုင်ရပြီး မနက် မိုးလင်းချိန်မှာ ရှုံးနိမ့်သွားဟု အရှက်
ကင်းမဲ့သော မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်းက ဖုန်းဆက်
လှမ်း အကြောင်းကြားဟု သိရ ...
(ကြံ့ဖွတ် အမာခံ အောင်ထူး မဲခိုးတတ် ...)
(၁၁၆)
ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၄၅ မြို့နယ်စလုံးတွင်
ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော ကြံ့ဖွတ်ပါတီသည် မြို့နယ်
၃၇ မြို့နယ်တွင် အနိုင်ရရှိခဲ့ကြောင်း ရန်ကုန်တိုင်း
ကြံ့ဖွတ်စည်းရုံးရေးမှူး ဦးတင်မောင်ဝင်းက
The Voice Weekly သို့ ပြောကြား၊ "မင်္ဂလာဒုံမြို့နယ်
မှာတော့ လွတ်တော်သုံးရပ်စလုံး နိုင်တယ်။ ကျန်တဲ့မြို့နယ်
တွေ စာရင်းကတော့ မရသေးပါဘူး။ နောက်နှစ်ရက်
လောက်မှ သိရမယ်" ဟု နိုဝင်ဘာ ၈ ရက်နေ့ ညဦးပိုင်း
တွင် ပြောကြား ...
(မဲစာရင်း ရေတွက်နေရင်းနဲ့ မဲအတုတွေ ရောထည့်တော့
မယ်နဲ့ တူတယ်၊ ဒီလို မဲရေတွက်တာ နှစ်ရက် သုံးရက်
ကြာပုံမျိုးကတော့ ထူးဆန်းထွေးလာ စာအုပ်ထဲ မှတ်တမ်း
တင်ရမယ်။)
(၁၁၅)
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်
ရွေးပွဲမှာ တစညမှ ဦးနေလင်း မဲဆန္ဒနယ် (၂)အတွက် အရွေး
ခံရသတင်း အတည်ဖြစ်ပြီ ...
(၁၁၄)
သင်္ဃန်းကျွန်းမြို့နယ်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
အဖြစ် ၁၉၉၀ ခုနှစ်က အရွေးခံရဖူးသည့် ဦးသိန်းညွှန့် (NDF)
ထပ်မံ အရွေးခံရ၊ သာကေတမြို့နယ် ပြည်သူ့လွှတ်တော်
နေရာအတွက် ဦးတင့်ဝေ (NDF)၊ ကျောက်တံတားမြို့နယ်
ပြည်သူ့လွှတ်တော်နေရာ အတွက် ဦးသန်းထွန်း (NDF)
တို့ အရွေးခံရ၊ NDF မှ ရန်ကုန်တိုင်း (၈) မြို့နယ်တွင်
ကိုယ်စားလှယ် (၁၄)ဦး အရွေးခံရဟု အတည်ပြု ပြောကြား ...
(၁၁၃)
ရခိုင်အမျိုးသား တိုးတက်ရေးပါတီ RNDP က ရခိုင်ပြည်နယ်အတွင်း
၄၃ နေရာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၃၉ နေရာ ဖြစ်သော ကျောက်ဖြူ၊
ရသေ့တောင်၊ မင်းပြား၊ ကျောက်တော်၊ ပေါက်တော၊ မြေပုံ၊ ပုဏ္ဍားကျွန်း၊
မာန်အောင်၊ မြောက်ဦး စသည့် မြို့နယ်များတွင် လွှတ်တော်
၃ ခုစလုံး၌ ကြံ့ဖွတ်ပါတီအပေါ် မဲအပြတ်အသတ်ဖြင့် အနိုင်ရဟု
သိရ ...
(၁၁၂)
တောင်ဥက္ကလာပ မဲဆန္ဒနယ်တွင် အတိုက်အခံ ပါတီများ၏
ကန့်ကွက်မှုကြောင့် မဲပြန်လည် ရေတွက်ပြီးနောက် နောက်ဆုံး
ရလဒ်များအရ တိုင်းဒေသကြီး လွှတ်တော်အတွက် တသီးပုဂ္ဂလ
ကိုယ်စားလှယ်လောင်း ဒေါက်တာ စောနိုင်နှင့် အမျိုးသား
လွှတ်တော် မဲဆန္ဒနယ်(၃) အတွက် NDF ပါတီမှ
ဦးဖုန်းမြင့်အောင် တို့ ပြန်လည် အနိုင်ရရှိတဲ့ သတင်း
အတည်ဖြစ်သွားပြီ ...
(မြွေပွေးကိုက် အောင်သိန်းလင်းကတော့ ဒီအတိုင်းဆက်ရှိ
သွားတယ်၊ ကဲ့ ဥက္ကလာသားတို့ ဒီလိုဆို တော်သေးတာပေါ့
... :P )
(၁၁၁)
တောင်ဥက္ကလာပ မဲဆန္ဒနယ်မှာ အမျိုးသားလွတ်တော်
အတွက် NDF မှ ဦးဖုန်းမြင့်အောင် အနိုင်ရရှိဟု သိရ ...
(၁၁၀)
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် ရခိုင်အမျိုးသား
တိုးတက်ရေး RNDP ပါတီမှ ပြည်သူ့လွှတ်တော်အတွက်
ဦးဘရှင်၊ အမျိုးသားလွှတ်တော် အမှတ်(၁၀) အတွက်
ဦးအုန်းကြိုင်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)
အတွက် ဦးကျော်လွင်၊ အမှတ် (၂) အတွက် ဦးတင်ဖေ
တို့ အရွေးခံရ သတင်း အတည်ပြုပြီ ....
(၁၀၉)
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် ရခိုင်အမျိုးသား
တိုးတက်ရေး RNDP ပါတီမှ ပြည်သူ့လွှတ်တော်အတွက်
ဒေါ်ခင်စောဝေ၊ အမျိုးသားလွှတ်တော် အမှတ်(၆) အတွက်
ဦးအုန်းကြိုင်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)
အတွက် ဦးဖိုးမင်း၊ အမှတ် (၂) အတွက် ဦးလှသိန်းမောင်
တို့ အရွေးခံရ သတင်း အတည်ပြုပြီ ....
(၁၀၈)
ရခိုင်အမျိုးသား RNDP ပါတီ ရခိုင်ပြည်နယ် ကျောက်ဖြူ
နှင့် ရသေ့တောင်တို့တွင် လွှတ်တော် ၃ နေရာစလုံးအတွက်
ပြတ်ပြတ်သားသား အရွေးခံရတဲ့ သတင်း အတည်ဖြစ်ပြီ ...
(အဲလို ကြံ့ဖွတ်မနိုင်တဲ့သတင်းမျိုး များများ ကြားရရင်
ကောင်းမယ် :P)
(၁၀၇)
NDF က ကျောက်တန်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
လောင်း ဦးကြည်သန်း သတင်း အတည်မပြုနိုင်သေးဟု
ထပ်မံသိရ ...
(မဲရေတွက်နေတဲ့ မဲရုံမှူး အရက်ဆိုင်ရောက်နေလို့လား :P)
(၁၀၆)
ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ပန်ဝါမြို့၌ လက်နက်ချ
ခေါင်းဆောင်တစ်ဦးဖြစ်သော ကချင် ကြံ့ဖွတ် စခုန့်တိန့်ယိင်း
အနိုင်ရသတင်း အတည်ဖြစ်ပြီ ...
(၁၀၅)
ရွေးကောက်ပွဲ မသမာမှုများနှင့် ပတ်သက်၍ ရွေးကောက်ပွဲ
ကော်မရှင်က ရှင်းလင်းပေးခြင်း မရှိလျှင် ရွေးကောက်ပွဲရလဒ်
ကို အသိအမှတ် မပြုရန် တခြားဒီမိုကရေစီ ပါတီများနှင့်
ပြောဆိုထားသည်ဟု အမျိုးသားဒီမိုကရေစီ အင်အားစု
(NDF) ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောကြား ...
(၁၀၄)
ကြံ့ဖွတ်က ပြိုင်ဘက်ပါတီများကို အနိုင်ရခြင်းသည် ဥပဒေနှင့်
မညီသည့် ကြိုတင်မဲများကြောင့် ဖြစ်သည်ဟု တစည ပါတီ၏
လက်ပံတန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း
ဦးညွန့်တင်က ပြောကြား။ ကြိုတင်မဲကို မီးဖွားသူ၊ နာတာရှည်
ရောဂါရှင်၊ အိပ်ရာထဲလဲနေသော သက်ကြီးရွယ်အို၊ ကိုယ်ရေ
ပြားရောဂါရှင်၊ နယ်ဝေးသို့သွားပြီး တာဝန်ထမ်းရမည့်သူ၊
အချုပ်ကျ နေသူ များဖြစ်ကြောင်း၊ ကြံဖွံပါတီ လုပ်ရပ်သည်
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး၏
ကြိုတင်မဲများ နည်းနိုင် သမျှ နည်းရန် မှာကြားမှုနှင့်မကိုက်ညီ
ဟုလည်း ဆို ....
(၁၀၃)
ရွေးကောက်ပွဲအတွင်း ကြံ့ဖွတ်အသာစီး ရရန် မတရား အဓမ္မ
မဲပေးခိုင်းမှုများမှ အစပြု၍ နယ်စပ်ဒေသနှင့် နီးသော မြ၀တီ
မြို့နှင့် ဘုရားသုံးဆူမြို့များတွင် တိုက်ပွဲများ အပြင်းအထန်
ဖြစ်ပွားနေ ...
(၁၀၂)
ရွေးကောက်ပွဲမတိုင်မီ နိုင်ငံအနှံ့ ကြံ့ဖွတ်က ဥပဒေမဲ့ ကြိုတင်မဲ
ကောက်ခြင်းအပေါ် ကန့်ကွက်တိုင်ကြားစာကို အမျိုးသားဒီမိုကရေစီ
(NDF) အင်အားစုက နေပြည်တော်သို့ နိုဝင်ဘာ (၆) ရက်နေ့
ရက်စွဲဖြင့် ပို့ထားကြောင်း ပြောကြား ...
(၁၀၁)
တစညနှင့် ကြံ့ဖွတ်သာ ဝင်ရောက်ယှဉ်ပြိုင်သော တနင်္သာရီ
တိုင်း လောင်းလုံမြို့နယ် မဲဆန္ဒနယ်ရှိ လွှတ်တော် ၃ နေရာစလုံး
တွင် ကြံ့ဖွတ် အနိုင်ရနိုင်ကြောင်း အတည်ပြုပြီ ...
(၁၀၀)
နာမည်ကျော် ငြိမ်းချမ်းရေးသမား အနုပညာရှင် စာရေးဆရာ၊
ကဗျာဆရာကြီး ဒဂုန်တာရာ၏ မွေးရပ်ဇာတိ နာဂစ်ဒေသ
ဧရာဝတီတိုင်း ကျိုက်လတ်မြို့တွင် လွှတ်တော် ၃ခု အတွက်
မဲဆန္ဒနယ်အားလုံး၌ ကြံ့ဖွတ်တွေ ကြိုတင်မဲခိုးပြီး အနိုင်
ရရှိသွားကြောင်း ....
(၉၉)
လောလောဆယ် အချိန်အထိ ရန်ကုန်တိုင်းမှာ အရွေးခံရသော
NDF ကိုယ်စားလှယ်လောင်းများ စာရင်း ...
အမျိုးသားလွှတ်တော်
၁။ ဒေါက်တာ မြတ်ဉာဏစိုး - အမျိုးသားလွှတ်တော်
မဲဆန္ဒနယ် (၄) တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ဒေါပုံ၊ ပုဇွန်တောင်။
၂။ ဒေါ်ခင်ဝိုင်းကြည် - အမျိုးသားလွှတ်တော်
မဲဆန္ဒနယ် (၁) မြောက်ဥက္ကလာပ၊ မြောက်ဒဂုံ၊ ဒဂုံအရှေ့။
ပြည်သူ့လွှတ်တော်
၁။ ဒေါက်တာသန်းဝင်း - မြောက်ဥက္ကလာပ
၂။ ဒေါ်တင်နွယ်ဦး - မြောက်ဒဂုံ
၃။ ဦးမျိုးသန့် - ရန်ကင်း
၎။ ဦးအောင်ဇင် - ပုဇွန်တောင်
၅။ ဦးအောင်မြတ်ထွန်း - ဗဟန်း
၆။ ဦးခင်မောင်ဝင်း - လမ်းမတော်
၇။ ဦးခင်မောင်ရီ - အလုံ
၈။ ဦးကြည်မြင့် - လသာ
၉။ ဦးကြည်သန်း - ကျောက်တန်း
၁၀။ ဦးစိုးဝင်း - စမ်းချောင်း
တိုင်းဒေသကြီးလွှတ်တော်
၁။ ဦးအောင်ဆန်း မြောက်ဥက္ကလာပ (၁)
၂။ ဦးသက်ထွန်းအောင် မြောက်ဥက္ကလာပ (၂)
၃။ ဦးကျော် သင်္ဃန်းကျွန်း (၁)
၎။ ဒေါ်သန်းသန်းမြင့် သင်္ဃန်းကျွန်း (၂) ....
(၉၈)
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် လွှတ်တော် ၃ ရပ်စလုံးအတွက်
ရွှေးကောက်ပွဲ မတိုင်ခင်ကပင် ကောက်ယူထားသော ကြိုတင်မဲ
ခေါ် မဲအတုများဖြင့် ကြံ့ဖွတ်က အနိုင်ရသွားကြောင်း၊ မဲပေးသူ
ပြည်သူများက ကြိုတင်မဲ ကောက်ခံမှုကို စိတ်ပျက်မိကြောင်း
ပြောဆိုနေကြ ...
(၉၇)
ရန်ကုန်တိုင်း သန်လျင်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်သည့်
ဒေါက်တာ အောင်နိုင်၊ဦးခင်မောင်လွင်ဦးနှင့် ဦးအောင်နိုင်ထွန်း
တို့ ၃ ဦးသည် မဲရေပြီးချိန်တွင် ကြိုတင်မဲသူခိုး အနိုင်ရ ကြံ့ဖွတ်
အပေါ် တရားမျှတသည်ဟု သိရှိကြောင်း လက်မှတ် ထိုးမပေးခဲ့
ကြကြောင်း ပြောကြား ....
(၉၆)
တရားမျှတမှုမရှိသည့် ကြိုတင်မဲများ ကောက်ယူခဲ့ခြင်း
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက ကြံ့ဖွတ် မဲရုံစောင့်
များကို ကြောက်ရွံ့နေရခြင်း ၊ တံခါးပိတ် မဲရေတွက်မှုများရှိ
ခဲ့ခြင်းတို့ကြောင့် ၎င်းအပါအ၀င် ပဲခူးတိုင်းမှ လွှတ်တော်
ကိုယ်စားလှယ်လောင်း ၉ ဦးက နေပြည်တော်သို့ အိတ်ဖွင့်
စာတစောင်ကို ပေးပို့မည် ဖြစ်ကြောင်း ပြည်ထောင်စု
ဒီမိုကရေစီပါတီ ဥက္ကဌ ဦးသိန်းဌေးက ပြောကြား ...
(၉၅)
ဧရာဝတီတိုင်း လေးမျက်နှာ မြို့နယ်တွင် ကြိုတင်မဲစာရင်း
များ၌ သံဃာတော်များနှင့် သေဆုံးပြီးသူများ၏ အမည်များ
ပါဝင်နေကြောင်း၊ မဲရေသည့်အချိန်တွင်လည်း စောင့်ကြည့်ခွင့်
မရကြောင်း။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့်
တိုင်းဒေသကြီးလွှတ်တော် ၃ ခုစလုံး၌ ကြံ့ဖွတ်ပါတီက
ကလိန်ကကျစ်ဖြင့် အနိုင်ရသွားကြောင်း သိရ ....
(၉၄)
မန္တလေးတိုင်း မိုးကုတ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာ အတွက်
ကြံ့ဖွတ်မှ ဘဋ္ဌေး ကြိုတင် မဲအတုများဖြင့် အနိုင်ရသွား ...
(၉၃)
ကြိုတင်မဲ ငါးထောင်ကျော်ဖြင့် ရန်ကုန်တိုင်း တောင်ဥက္ကလာပ
ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် အရွေးခံရသော ရန်ကုန်
မြို့တော်ဝန် အောင်သိန်းလင်း၏ မဲ မသမာမှုအား စုပေါင်း
လက်မှတ်ထိုးပြီး မြန်မာနိုင်ငံဆိုင်ရာ အနောက်သံရုံးများနှင့်
ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်ရုံးတို့ထံ တိုင်ကြား ပြောဆိုဖို့
တောင်ဥက္ကလာပမြို့နယ်မှ ပြည်သူလုထုနှင့် ကျောင်းသား
လူငယ်များ စီစဉ်နေဟု သိရ ...
(အကောင်အထည် တစ်ခုခု အမြန်ဆုံး ပေါ်လာပါစေ .... )
(၉၂)
ရန်ကုန်မြို့ ကျောက်တံတား မြို့နယ် ၃၈ လမ်း မဲရုံတွင် မဲရုံအဖွဲ့
ဝင်တစ်ဦးက ကြိုတင်မဲ ၄၀၀ ကို ၎င်းကိုယ်တိုင် ပြုလုပ်ခဲ့ကြောင်း
မီဒီယာများထံ ၀န်ခံ ပြောကြား ...
(၉၁)
ပဲခူးတိုင်း သာယာဝတီမှာ ကြံ့ဖွတ်က မဲလိမ်၊ မဲခိုး၊ အကြပ်ကိုင်
မဲပေးခိုင်းမှုတွေကြောင့် တစည ကိုယ်စားလှယ် ဦးစန်းလွင်
က ရွေးကောက်ပွဲ ကော်မရှင်မှတဆင့် တရားစွဲဖို့ ပြင်ဆင်
နေကြောင်း သိရ ....
(၉၀)
ရန်ကုန်တိုင်း မင်္ဂလာဒုံမှာ လွှတ်တော် သုံးနေရာစလုံးအတွက်
ကြံ့ဖွတ်တွေ အနိုင်ရတဲ့ သတင်း အတည်ဖြစ်ပြီ ...
(၈၉)
ရှမ်းပြည်နယ် ကျိုင်းတုံမှာ ကြိုတင်မဲကြောင့် ကျားဖြူပါတီ ရှုံးနိမ့်
သွားဟု သိရ ...
(ကျားဆိုရင် ထွက်ပြီး မကိုက်ဘူးလား ... :P)
(၈၈)
ခုနက ရန်ကုန်ကို ဖုန်းဆက်တယ်.. လှိုင်သာယာ ပြည်ထောင်စု
လွတ်တော်အမတ် ရွေးကောက်ပွဲမှာပါ။ မနေ့ည မဲရုံမှာ မဲရေပြီးတဲ့
အထိ UDP ပြည်ထောင်စု ဒီမိုကရေစီပါတီ က ဦးဌေး အနိုင်ရနေပြီး
မှ၊ ခု မနက် ရလဒ် ထွက်လာတော့ရူံးသွားတယ်။ ဦးဌေးမှာ မဲပေးဖို့
ဆလစ် မရှိလို့ မဲလည်း မပေးလိုက်ရပါဘူး။ သူတို့ အိမ်နီးနားချင်း
တချို့လည်း မဲမပေးလိုက်ရတဲ့ သူတွေရှိပါတယ်။ အနိုင်ရသွားတာက
ပြည်ထောင်စု ကြံခိုင်ရေးနဲ့ဖွဲ့ဖြိုးရေးပါတီမှာ။ ပဲခူးက အမျိုးသား
လွှတ်တော်အမတ် အဖြစ်ဝင်အရွေးခံတဲ့ ဦးသိန်းဌေးမှာလည်း
အလားတူဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။
(ကော်မန့်လာရေးသူရဲ့ ပြောပြချက်)
(၈၇)
ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် မြသိန်းတန် ကျေးရွာအုပ်စု
ကြံခင်းရွာမှာ ရွာသားတွေက မဲပုံးတွေကို မနေ့ ည ၇ နာရီ
လောက်မှာ လုယူထွက်ပြေးမှုတခု ဖြစ်ပွားခဲ့ကြောင်း
မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ အမတ်လောင်း
ဒေါ်ခင်စန္ဒာဦးက ပြောကြား ....
(၈၆)
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှာရှိတဲ့ လွှတ်တော် ၃ ရပ်လုံး
မှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က ပြည်သူ့
လွှတ်တော်မှာ ဦးအောင်ကျော်ဇံ၊ အမျိုးသားလွှတ်တော်မှာ
ဦးကျော်ထွန်းအောင်၊ ပြည်နယ်လွှတ်တော် အမှတ် ၁ မှာ
ဦးမောင်ကျော်သိန်းနဲ့ အမှတ် ၂ မှာ ဦးတက်ထွန်းအောင်
တို့ အနိုင်ရသတင်း အတည်ပြုပြီ ...
(၈၅)
မန္တလေးတိုင်း ချမ်းအေးသာဇံမြို့နယ် ပြည်သူ့လွှတ်တော်အတွက်
ကြံ့ဖွတ်မှ ဒေါက်တို ကျော်မြင့် ကြိုတင်ခိုးမဲများဖြင့် အနိုင်ရ ....
(၈၄)
မွန်ပြည်နယ် မော်လမြိုင်နှင့် မုဒုံမြို့နယ်တို့တွင် မွန်ဒေသလုံး
ဆိုင်ရာ ဒီမိုကရေစီပါတီမှ အနိုင်ရကြောင်း၊ ဘုရားသုံးဆူမြို့နယ်
တွင် ယင်းပါတီမှ ဦးနိုင်ချစ်ဦး အမျိုးသားလွှတ်တော်အတွက်
အနိုင်ရကြောင်း ....
(ရွေးကောက်ပွဲဝင်တဲ့လူကို မ၀င်တဲ့လူက အပြစ်သိပ်မတင်တဲ့
နေရာတွေမှာ အခုလို ပြည်သူလူထုက ပြတ်ပြတ်သား ထောက်ခံ
နိုင်တာပေါ့ ...)
(၈၃)
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်အတွက် အင်းအမျိုးသား ဖွံ့ဖြိုး
တိုးတက်ရေးပါတီမှ ပြည်သူ့လွှတ်တော်အတွက် ဦးဝင်းရွှေ၊
အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁)အတွက် ဦးစန်းယု၊ ပြည်နယ်
လွှတ်တော် မဲဆန္ဒနယ်(၁)အတွက် ဦးထွန်းအောင်၊ မဲဆန္ဒနယ်(၂)
အတွက် ဦးအောင်ကြည်ဝင်းတို့ အနိုင်ရသတင်း အတည်ပြုပြီ ...
(ညောင်ရွှေဟာ နံနက်ခင်းမှာ အရမ်းကို လှပနေပါပြီ ...)
(၈၂)
ရခိုင်တိုင်းရင်းသား RNDP ပါတီမှ ရခိုင်ပြည်နယ် ပြည်နယ်
လွှတ်တော်အတွက် စစ်တွေ မဲဆန္ဒနယ် (၂)မှာ ဦးအောင်မြကျော်၊
စစ်တွေ မဲဆန္ဒနယ်(၁)မှာ ဦးသာလူချေ၊ စစ်တွေ မဲဆန္ဒနယ်(၁)
အမျိုးသားလွှတ်တော်အတွက် ဒေါက်တာအေးမောင်၊ စစ်တွေ
မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်အတွက် ဦးမောင်ညိုတို့ ပြတ်ပြတ်
သားသား အောင်ပွဲခံသတင်း အတည်ဖြစ်ပြီ ...
(စစ်အာဏာရှင်အပေါ် ရဲရင့်စွာ ဆန့်ကျင်ခဲ့တဲ့ ရခိုင်အမျိုးမြတ်တွေ
ရဲ့ ကြိုးစားမှုဟာ အထင်အရှားပါပဲ ...)
(၈၁)
ရှမ်းပြည်နယ် ပြည်နယ်ဒေသကြီး လွှတ်တော်အဆင့် ရွေးပွဲမှာ
ဒေါ်နန်းအက်စကီးမိုး (SNDP) နဲ့ ဦးစိုင်းကျော်ဇေယျ (SNDP)
တို့ အနိုင်ရသတင်း အတည်ပြုကြပြီ ....
(၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးတုန်းက အိပ်
ပျော်နေခဲ့တဲ့ ရှမ်းပြည်နယ် အခုတော့လည်း ကြံ့ဖွတ်တွေကို
မျက်နှာသာ မပေးပါလား ... :P)
(၈၀)
ရှမ်းပြည်နယ် ပြည်သူ့လွှတ်တော်ရွေးပွဲ လဲချားမြို့နယ်အတွက်
ဦးစိုင်းမောင်တင် (SNDP) အနိုင်ရသတင်း အတည်ပြုကြပြီ ...
(၇၉)
ဗဟန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်အတွက် DPM မှ
ဒေါက်တာ ညိုညိုသင်း အနိုင်ရတယ်လို့ ဦးသုဝေက ပြောပါတယ်။
ပါတီရဲ့ မဲရုံကိုယ်စားလှယ်က ဗဟန်းမြို့နယ် ရွေးကောက်ပွဲ
ကော်မရှင်ကို သွားပြီး၊ အနိုင်ရကြောင်း လက်မှတ်ထိုးခဲ့တယ်လို့
သိရ ...
(ဒို့ဗဟန်းက ကြားရသမျှ သတင်းတွေကတော့ မင်္ဂလာရှိလိုက်
တာ .... :P)
(၇၈)
ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒ
နယ်အတွက် ဦးအောင်ကြည်က ထောက်ခံမဲ ၂၈၅၆၆ ရခဲ့ပြီး၊ ဦးသုဝေ
က ၂ဝ၂၅၇ ရတာကြောင့် ၈၃ဝ၉ မဲ လျော့နည်းပြီး မဲအားလုံးရဲ့
၅ဝ. ၅ ရာခိုင်နှုန်းကို ဦးအောင်ကြည်က ရပြီး၊ ဦးသုဝေက ၄၁. ၅
ရာခိုင်နှုန်း ရသွားပါတယ်၊ ကြံ့ဖွတ် အိုင်ဒီလစ်ဇင်ကြီး ဦးအောင်ကြည်
နိုင်တဲ့သတင်း အတည်ဖြစ်သွားပါပြီ ....
(၇၇)
မဲ ရေတွက်ချိန်မှာ မဲရုံတချို့ လျှပ်စစ်မီး ပျက်နေလို့ မိုးလင်းမှ
ပြန်ရေတွက်ရတယ်တဲ့ ...
(အဲလို ဖွံ့ဖြိုးတိုးတက်သော ခေတ်မီ နိုင်ငံတော်ကြီးပါ ... )
(၇၆)
ပဲခူးတိုင်း ပဲခူးမြို့နယ် ပြည်သူ့လွှတ်တော် အဆင့်ရွေးပွဲ
တွင် ကြံ့ဖွတ် ငကြင်သိန်း အနိုင်ရသွား ....
(၇၅)
တာမွေမြို့နယ် ပြည်သူ့လွှတ်တော်အဆင့်တွင် အရှက်
ကင်းမဲ့သော ဖင်တု တပ်ဆင်ပြသည့် ကြံ့ဖွတ် မိန်းမယုတ်
လဲ့လဲ့ဝင်းဆွေ အနိုင်ရသတင်း အတည်ဖြစ်သွားပြီ ...
(၇၄)
ရန်ကုန် ပုဇွန်တောင် ပြည်သူ့လွှတ်တော်အဆင့်မှာ
ကြံ့ဖွတ် တင်ထွန်းဦး အနိုင်ရသတင်း အတည်ပြုကြပြီ ...
(၇၃)
ကချင်ပြည်နယ် မြစ်ကြီးနား ပြည်သူ့လွှတ်တော် အဆင့်
မှာ ကြံ့ဖွတ်မှ သိန်းဇော် မဲခိုးပြီး အနိုင်ရသွား ...
(၇၂)
ဗိုလ်တထောင်မြို့နယ်နှင့် သာကေတတို့တွင် ကြံ့ဖွတ်များ
အနိုင်ရကြ ... (ကျက်သရေမရှိသော အောင်ပွဲများ)
(၇၁) (ညီအကိုချင်း ပြိုင်ပွဲ)
ရန်ကုန်တိုင်း ပြည်သူ့လွှတ်တော် မင်္ဂလာဒုံမြို့နယ် မဲဆန္ဒနယ်တွင်
ထူးထူးခြားခြား ညီအစ်ကိုရင်းနှစ်ဦးမှ ကြံ့ဖွတ်ပါတီနှင့် တစည
ပါတီတို့မှ ကိုယ်စားပြုယှဉ်ပြိုင်ခဲ့ရာ ညီဖြစ်သူ ဦးတင်မောင်ဝင်း
ကြံ့ဖွတ် အနိုင်ရရှိ ....
(၇၀)
မရမ်းကုန်းနဲ့ ကမာရွတ် မဲစာရင်းများ အပြီးသတ်အရ NDF
ရှုံးသွားကြောင့် မရမ်းကုန်းတွင် ၀င်ရောက်ယှဉ်ပြိုင်သူ
ဒေါ်ခင်ဖြူဖြူငြိမ်း (NDF) နှင့် ကမာရွတ်မှ ဦးကျော်မင်းလှိုင်
(NDF) တို့မှ အတည်ပြု ပြောကြား ....
(၆၉)
ရွှေဘိုမဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်တွင်
ကြံ့ဖွတ်ပါတီမှ ကိုယ်စားလှယ်လောင်း ဦးထွန်းလှအောင်သည်
ရွေးကောက်ပွဲ ကျင်းပရန် ငါးရက်အလိုတွင် နှလုံးရောဂါဖြင့်
ရုတ်တရက် ကွယ်လွန်သွားခဲ့သဖြင့် တိုင်းရင်းသား စည်းလုံး
ညီညွတ်ရေးပါတီမှ ဦးနီပွန်က ပြိုင်ဖက်မရှိအနိုင်ရ ....
(ဦးနီပွန်တို့ ကုသိုလ်ကံ ကောင်းလိုက်တာနော်၊ တောင်ဥက္ကလာပ
မှာ အောင်သိန်းလင်းသာ အဲလို ဖြစ်ခဲ့ရင် .... :P)
(၆၈)
ချမ်းအေးသာဇံ၊ အောင်မြေသာဇံနှင့် ပုသိမ်ကြီးမြို့နယ်များကို
ကိုယ်စားပြုသော အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)မှ
ဝင်ရောက်ယှဉ်ပြိုင်သော NDF ကိုယ်စားလှယ်လောင်း
ဦးတင်အောင်အောင်သည် နိုဝင်ဘာ (၈) ရက်နေ့ မနက် ၂ နာရီ
ခန့်အချိန် မဲရေတွက်မှုရလဒ်အရ ဦးဆောင်အနိုင်ရနေကြောင်း
ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးရုံးမှ The Voice Weekly
သို့ ပြောကြား ...
(၆၇)
ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မဲရေတွက်မှု မပြီးပြတ်သေးသည့်
မြို့နယ်ကော်မရှင်ရုံးများတွင် မဲရုံပိတ်သိမ်းအပြီး ၁၂ နာရီအကြာ
နိုဝင်ဘာ ၈ ရက်နေ့ မနက် လေးနာရီတွင် မဲရေတွက်မှုကို ခေတ္တ
ရပ်နားမည်ဖြစ်ကြောင်း ပါတီမဲရုံ ကိုယ်စားလှယ်များက နံနက်
လေးနာရီခန့်တွင် The Voice Weekly သို့ပြောကြား။ မဲရေတွက်မှု
ကို နိုဝင်ဘာ ၈ ရက်နေ့ နံနက် ၈ နာရီတွင် ပြန်လည်စတင်မည် ....
(၆၆)
NDF candidates confident of victory in Lanmadaw
(၆၅)
(RNDP ပါတီ) ရခိုင်ပြည်နယ် မင်းပြား၊ ပေါက်တော၊ ကျောက်တော်၊
ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦးမြို့နယ်များရှိ ပြည်သူ့
လွှတ်တော် မဲဆန္ဒနယ်များတွင် အနိုင်ရရှိပြီးဖြစ်ကြောင်း နိုဝင်ဘာ
၈ ရက် နံနက်တစ်နာရီခန့်တွင် သိရ၊ စစ်တွေမြို့နယ်တွင် ဆန္ဒမဲ
၈၀ ရာခိုင်နှုန်း ရေတွက်ပြီးနေချိန်၌ အနိုင်ရရှိနေကြောင်း သိရ ....
(၆၄)
မြောက်ဥက္ကလာပ မြို့နယ်တစ်ခုလုံးတွင် NDF ပိုင်ပိုင်နိုင်နိုင်
အောင်ပွဲခံဟု သိရ၊ ဒေါက်တာသန်းဝင်း ပြည်သူ့လွှတ်တော်၊
ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် အမှတ်(၁) အတွက်
ဒေါ်ခင်ဝိုင်းကြည်၊ တိုင်းဒေသကြီး နှစ်နေရာအတွက်
ဦးသက်ထွန်းမောင်နှင့် ဦးအောင်ဆန်းဝင်းတို့ အရွေးခံရဟု
သိရ ....
(၆၃)
မြောက်ဥက္ကလာပမှာ NDF က ဒေါက်တာသန်းဝင်း ပြည်သူ့
လွှတ်တော်အတွက် အရွေးခံရသတင်း ကျိန်းသေသလောက်ရှိ။
(၉၀နဲ့ ၂၀၁၀ နှစ်ကြိမ်ဆက်တိုက် အရွေးခံရသူ ... )
(၆၂)
ကချင်ပြည်နယ် ဖားကန့်မှာ ကြံ့ဖွတ် အုန်းမြင့် မဲအနည်းငယ်ဖြင့်
ကပ်နိုင်သွား ...
(၆၁)
ရန်ကုန်တိုင်း အလုံမြို့နယ်တွင် NDF မှ ဦးခင်မောင်ရီ ပြည်သူ့
လွှတ်တော်နေရာအတွက် အနိုင်ရရှိမှု သေချာပါပြီ ...
(၆၀)
မန္တလေးတိုင်း ပုသိမ်ကြီး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်
အတွက် NDF မှ ကိုကျော်စိုးထိုက် အခြေအနေကောင်းနေ
ဟု သိရ ....
(၅၉)
တာမွေက ကြံ့ဖွတ် မိန်းမယုတ် လဲ့လဲ့ဝင်းဆွေ ရှုံးနိမ့်နေဟု
သိရ ...
(၅၈)
မန္တလေး မိုးကုတ်မှာ NDF အသားစီးရနေဟု သိရ ...
(၅၇)
မြန်မာစံတော်ချိန် ည ၁၀နာရီခွဲ အခြေအနေအရ NDF
ပြန်ကြားရေး အဆိုအရ ပုဇွန်တောင်မှာ NDF ကိုအောင်ဇင်က
ကြံဖွတ် တင်ထွန်းဦးအပေါ် အနိုင်ရ ....
(၅၆)
ပုဇွန်တောင် မဲစာရင်း အငြင်းပွားနေဆဲ ကြံ့ဖွတ် တင်ထွန်းဦးနဲ့
NDF ကိုအောင်ဇင် ဘယ်သူနိုင်မှန်း မသေချာသေး၊ ဒဂုံမှာတော့
NDF က ဦးသာမြင့်ထူး အခြေအနေ မကောင်း ...
(၅၅)
မန္တလေး အောင်မြေသာဇံတွင် ပြည်သူ့လွှတ်တော် အတွက် ဦးကျော်အောင်၊
ချမ်းအေးသာဇံတွင်ပြည်သူ့လွှတ်တော် ဦးခင်မောင်သက် နှင့် အမျိုးသား
လွှတ်တော်အတွက် ဒေါက်တာ လှစိုးညွန့် NDFတို့ အနိုင်ရရှိပါသည် ...
(၅၄)
ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော် နေရာအတွက် NDF မှ ဦးအောင်မြတ်ထွန်း
မဲပြတ်ဖြင့် အနိုင်ရရှိပါသည်..
(ဒါမှ ဒို့ဗဟန်းကွ ကြံ့ဖွတ်တွေ ဘယ်တော့မှ မရဘူး :P)
(၅၃)
ပုဇွန်တောင်မှာ ကြံ့ဖွတ် တင်ထွန်းဦး နိုင်သွား ...
(၅၂)
စမ်းချောင်းမှာ NDF မှ ဦးစိုးဝင်း အနိုင်ရရှိသတင်း သေချာပါပြီ ...
(၅၁)
်ကျောက်မဲမြို့နယ်အတွက် ကျားဖြူပါတီမှ ဦးစိုင်းဆောင်ဆီ၊ အမျိုးသားလွှတ်တော်
မဲဆန္ဒနယ် အမှတ် ၄ တွင် ဦးစိုင်းသန့်ဇင်၊ ပြည်နယ်လွှတ်တော် အမှတ် ၁ အတွက်
ဦးစိုင်းခမ်းကျော်နှင့် အမှတ် ၂ တွင် ဦးစိုင်းသန်းမောင်တို့ အနိုင်ရ ...
(၅၀)
ရှမ်းပြည်နယ် မူဆယ်မှာ ကျားဖြူပါတီက ဦးစိုင်းဖုန်းမြတ် အမျိုးသားလွှတ်တော်
အတွက် အနိုင်ရ ...
(၄၉)
သိန္ဒီမြို့ပြည်နယ်လွှတ်တော်၌လည်း SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက
အနိုင်ရရှိခဲ့ကြောင်း SNDP က ပြောပါတယ် ...
(၄၈)
စမ်းချောင်း(တောင်) မဲရုံ (1) (2) (3) တွင် NDF ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးစိုးဝင်းနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသောင်းထွန်း
မဲများစွာပင်အနိုင်ရရှိ စမ်းချောင်းမြို့နယ်အားလုံး ဆက်လျှက်ရေတွက်နေသည်။
9 နာ၇ီ မဲရုံ (3) ရုံပေါင်း စာရင်း အရ ...
(၄၇)
မင်္ဂလာတောင်ညွန့်နောက်ဆုံးရသတင်းကတော့ မဲရုံ ၂၁ရုံရဲ့အဖြေအရ
ဦးအောင်ကြည်က ဦးသုဝေကို မဲ၇၀၀ကျော်အသာရနေပါတယ် ၁၅ရုံမှာ
၁၄ရုံအသာရပေမယ့် အစိုးရ၀န်ထမ်းအနေများတဲ့ဥပမာ စည်ပင်ဝန်း
မီးရထားလှိုင်လို ၆ရုံပေါင်းလိုက်ရင် မဲဟာဦးအောင်ကြည်က
တော်တော်သာသွားနိုင်၊ ဆက် ရေတွက်နေဆဲ ...
(၄၆)
ဦးအောင်ခင်(NDF) ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်း
ဒေသကြီးလွှတ်တော် အနိုင်ရ ...
(၄၅)
ဒေါက်တာ တင်ရွှေ (NDF) ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်း
မဲဆန္ဒနယ် အမှတ် (၆)၊ အမျိုးသားလွှတ်တော် အနိုင်ရ ...
(၄၄)
သင်္ဃန်းကျွန်းမြို့နယ် မဲစာရင်းတွင် NDF က အခြေအနေ ကောင်းနေ ...
(၄၃)
(ကြံ့ဖွံ့ပါတီ)သူရ ငရွှေမန်း (ဗိုလ်ချုပ်ကြီးဟောင်း)ဇေယျာသီရိမြို့နယ်၊
နေပြည်တော်ခရိုင်ပြည်သူ့လွှတ်တော် (ကြံ့ဖွံ့ပါတီ) ငမြင့်လှိုင်
(ဒု ဗိုလ်ချုပ်ကြီးဟောင်း) ဒက္ခဏသီရိမြို့နယ်၊ နေပြည်တော်ခရိုင်
ပြည်သူ့လွှတ်တော် နေရာတို့တွင် နိုင်သွား ...
(၄၂)
ကယားပြည်နယ်မှာ ကြံ့ဖွတ်တွေ ဆက်တိုက် အနိုင်ရနေ ...
(၄၁)
မြောက်ဥက္ကလာပတွင် လွှတ်တော် ၃ ခုစလုံးအတွက် NDF မှအနိုင်ရရှိရန်သေချာသလောက်
ရှိတယ်လို့  NDF မှ ဦးသက်ထွန်းမောင်ထံ မှသိရှိရ ...
(၄၀)
Dr. Tin Shwe (NDF) is winning Hlaing senate as far as
counted
(၃၉)
မြစ်ကြီးနား ဧရာရပ်ကွက် မဲရုံအမှတ် (၁၄)တွင် ကြံ့ဖွတ်မှ
ဦးသိန်းဇော် (၅၉၆)မဲ၊ NDF မှ ဦးမာခါး (၂၀၆)မဲ၊ တစည (၉၆) မဲ၊
ကျားဖြူ (၄၁) မဲ၊ ပယ်မဲ (၃၄) မဲ ရရှိခဲ့နေ ...
(၃၈)
ရှမ်းပြည်နယ် လားရှိုးမှာ ကြံ့ဖွတ်နိုင်သွား ...
(၃၇)
NDF senate U Kyi Myint (La Tha) wins
(ရွာတော်ရှင်တို့ရေ C7 အုပ်စုက ကိုကိုကြီးမြင့်
တော့ နှစ်ကြိမ်ဆက်တိုက် အမတ် ဖြစ်ခဲ့ပြီ ... :P )
(၃၆) ရွှေပြည်သာမှာ ပြည်သူ့လွှတ်တော်နေရာအတွက်
ကြံ့ဖွတ်က တပ်ထွက်တပ်ပြေး တင်မောင်ဦး နိုင်သွားပြီတဲ့ ...
(၃၅)
SNDP win in 3 townships in LIn Hke
(၃၄)
မြောက်ဦးမှာ မဲရုံ ၄၇ရေပြီးတဲ့အချိန်မှာ ရခိုင်ပါတီ ၁၈၀၀၀
ကျော်ရနေပြီး ကြံ့ခိုင်ရေးက ၃၀၀၀ ကျော်ရပါတယ်တဲ့
(၃၃) ပုလဲမြို့သစ်မှာ ပြန်ကြားရေး ၀က်ကြီး ကြံ့ဖွတ် ကျော်ဆန်း
အနိုင်ရသွားတယ်တဲ့ ....
(၃၂)
ကျောက်တော်မြိုပေါ် ရပ်ကွက် (၅) ခုမှ လူပေါင်း ၂၀၀၀ ကျော်
မဲစာရင်း ပျောက်နေ။ ကျောက်တော်မှ ရတပ ပါတီဝင် နှစ်ဦးကို
မဲရုံမှူးနှင့် အငြင်းအခုံ ဖြစ်ရာမှ ရဲက ဖမ်းဆီး ခေါ်ဆောင်သွား။
( နေ့လည် ၃ နာရီ)
(၃၁)
NDF win in 4 quarter, Latha in Mae Yone 1, 2, 3 for
Amyotha (U Kyi Myint) and Pyithu (U Tin Shwe) Hlttaw.
(၃၀)
Taung ngu house USDP U Aung Min land slide winning
(ကျက်သရေယုတ်တွေလည်း နိုင်နေကြတယ် ...)
(၂၉) (မန္တလေးတိုင်း သတင်း)
NDF -- Aung Myay Thar Zan house + senate - U Tin Aung,
U Kyaw Aung , Maharaung myay senate - Dr Hla Soe Nyunt
Wins
(၂၈)
စစ်တွေ ကျေးပင်ကြီးရပ်ကွက်တွက် ရတပ ပါတီမှ ပြည်ထောင်စု
လွတ်တော်အမတ် ဆရာမောင်ညိုက ၆၆၈ မဲ၊ ၁၆၈ မဲဖြင့်
ကြံ့ဖွတ်ကိုယ်စားလှယ် ကျွန်းသား ငမန်းကို အနိုင်ရရှိ။
ရူပတောင်တွင်လည်း နေရာ ၃ခုစလုံးကို ရတပ ပါတီက
အနိုင်ရရှိ။ ( ညနေ ၅ နာရီတိတိ)
(၂၇)
မင်္ဂတောင်ညွန့်မြို့နယ်တွင် ဦးသုဝေက ဦးအောင်ကြည်ကို မဲရုံ၁၅
ရုံတွင် ၁၄ရုံ အနိုင်ရရှိထားပါတယ်
(၂၆)
ကမာရွတ်မြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်လောင်း
(NDF) ကျော်မင်းလှိုင် မဲ ၇၀၀ ကျော်ဖြင့် ပြန်လည်ဦးဆောင်
ရေတွက်ရန် မဲရုံတစ်ရုံ ကျန်သေး အနိုင်ရဖွယ်ရှိ။
(၂၅)
U Thar Myint Htoo (NDF) wins Da gon house
(၂၄)
UDP Union Tarmwe House U Thein Tin Aung Wins
(၂၃)
NDF house Kyaut tan township U Kyi Than Wins
(၂၂)
တောင်ဥက္ကလာမှာ အောင်သိန်းလင်း နိုင်တာ ကျိန်းသေသွားပြီ
တဲ့ဟေ့ (အဲဒါပဲ မညီညွတ်မှုတွေ ...)
(၂၁)
NDF starts winning in one poll station Moe-gote
(၂၀)
Da gon tsp, U Thar Myint Htoo (NDF) win
(၁၉)
U Thant Zin (NDF) wins at Nawaday housing,
Hlaing Thar Yar Township
(၁၈)
Senate 11, Yangon is going to be won by NDF !!!
(၁၇)
USDP General Secretary U Htay Oo wins landslide
in Hin Tha Da township (သန်းရွှေ ငယ်ကျွန်တွေ)
(၁၆)
U Khin Shwe (USDP) won Yangon Senate
(မသာ အသုဘ ကြံ့ဖွတ် :P)
(၁၅)
NDF is leading in Yan Kin
(၁၄)
North Dagon, 28 quarter, Daw Tin Nwe Oo (NDF) won
with 346 votes
(၁၃)
NDF won in Ba-han (confirmed)
(၁၂)
South Dagon, U Kyaw Zayar Win is winning (NDF)
(၁၁)
Kamaryut House - Kyaw Min Hlaing Wins (NDF)
(၁၀)
တောင်ဥက္ကလာမှာ လောလောဆယ် ရေတွက်ပြီးသမျှ
သေချင်းဆိုး အောင်သိန်းလင်း နိုင်နေတယ်လို့ ကြား
(၉)
U Aung Zin (NDF) wins in Pazundaung
(၈)
ah-lone House has been won by U Khine Maung Ye
(NDF)
(၇)
Sis-twe, Min-pya, RNDP won 5 townships/ 5 seats
(၆)
Pazundaung, (1) Quarter, poll-station no.5, pyi thu hlut taw,
NDF - 143, USDP - 73, other - 33, ah-myo-thar hlut taw,
NDF 149, USDP 57, other 30
(၅)
U Soe Win (NDF) wins Sanchaung Pyi Thu Hluttaw
(၄)
South Okapalapa: Daw Kan Khant Dane (NDF) won over
U Aung Thein Lin with 197/183 at one poll-station,
U Aung Thein Lin won over Daw Kan Khant Dane (NDF)
with 199/212 at another one.
kan kam dane wins in one polling station but Aung Thein
Linn wins in one polling station we are excitingly waiting.
(၃)
Dr. Myat Nyana Soe (NDF) won in Yangon Senate - No.4
(၂)
NDF candidate U Khin Maung Win has won at Pyi-thu-hlut taw
in Lan-ma-daw poll-station 2
(၁)
ရန်ကုန်တိုင်း ပုဇွန်တောင် မြို့နယ် ပြည်သူ့လွှတ်တော်
မဲစာရင်းများ ရေတွက်ပြီးပြီ၊ NDF က အနိုင်ရသွားကြောင်း။
အမျိုးသားဒီမိုကရေစီ wrote
"yes i m sure. 4 polling stations already and NDF obviously wins