ဒီနေ့ (၁၂.၁၀.၂၀၁၀)နေ့မှာ မိုးရွာသွန်းမှု ရပ်နေပါတယ်။
ဓါတ်ပုံများက မန္တလေးမြို့သစ်ဖက်က အခြေအနေများပါ။
မတ္တရာမြို့နယ်နှင့် ပုသိမ်ကြီး မြို့နယ်တို့ဖက်မှာ အခြေအနေ
ဆိုးရွားနေဆဲပါ။ ထွန်တုံး၊ အောင်ပင်လယ်ဖက်မှာလည်း
ရေကြီးနေဆဲပါ။ မေမြို့ဖက်ကို သွားတဲ့ ကားလမ်းပေါ်ရှိ ကျေးရွာ
တွေမှာလည်း ရေကြီးမှု လျှော့မသွားသေးပါဘူး။ “ဆည်တော်ကြီး၊
ဆည်တော်လေး” ကျိုးသွားလို့ ရေပိုကြီးသွားကြောင်း ပြောတဲ့
အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးနေပါတယ်။ ဌာနေ ပြည်သူ
တွေ မပြောင်းရွှေ့ရသေးခင် ဆည်ရေ ဖောက်ချလိုက်လို့
အခုလို အခြေအနေတွေ ဆိုးဝါးသွားတာလို့ ပြောနေကြ
ပါတယ်။ ဓါတ်ပုံရိုက်မှုတွေကို တားဆီးနေပါတယ်။ လက်ကိုင်ဖုန်း
ဖြင့် ဓါတ်ပုံရိုက်တာတောင် ခွင့်မပြုပါဘူး။ စစ်အစိုးရအနေနဲ့
ကယ်ဆယ်ရေးနဲ့ ယာယီစခန်းတွေ လုံးဝ မဖွင့်လှစ်သေးပါ။
မန္တလေးမြို့ပေါ်ရှိ ကုသိုလ်ဖြစ် အသင်းအဖွဲ့များ၏ အကူအညီ
ဖြင့် ရေဘေးဒုက္ခသည် ပြည်သူများ စားဝတ်နေရေး ဖြေရှင်း
နေရပါတယ်။
ကူညီလိုသူများ ....
“ဗြဟ္မစိုရ်အသင်း
၀၂- ၆၆၄၀၀/၀၂- ၃၉၁၄၃သို့ဆက်သွယ် လှူဒါန်း ကူညီနိုင်ကြပါကြောင်း။
5 comments:
မကူညီကြဘူးလား လူတွေ သနားပါတယ်
စိတ်မချမ်းသာဘူး မြင်ရတာ
ဓါတ်ပုံလေးတွေကြည့်ရတာကျေးဇူးပါ
ရင်နဲ့ အမျှကို ခံစားရတယ်ဗျာ။
ခက်တယ် လူတွေကို လာလာထိတာ ပိုခက်တယ်။
အဓိက ကတော့ ကျန်းမာရေးပဲ အစစအရာရာဈေးကြီးတဲ့ အချိန်မှာ
ရေကြီးတယ်ဟေ့၊ ကျောင်းတွေပိတ်သွားပြီ ပျော်လိုက်တာ၊ ငယ်ငယ်တုန်းကပြောတာပါ၊
ဆရာအော်ပီကျယ်ပြောသလို နေနေ နေကြလေ၊
ပြည်သူတွေ ရေကြီးလို့ ဒုက္ခရောက်နေချိန် ဟိုကောင်တွေက လဲ တစ်မှောင့်
ွဒွတ်ခ ပါပဲ။
ကိုအောင် ခုနက မန့်တာတက်လား မသိဘူး
ရောဂါတွေတော့ စဖြစ်နေကြပြီ ဖျားတာနဲ့ ဝမ်းသွားကြတာပေါ့
Post a Comment