ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် အခြေအနေများနှင့် ပက်သက်
ပြီး “ပျူနိုင်ငံ” စာမျက်နှာမှ ဆက်သွယ် စုံစမ်းခဲ့ပါတယ်။ မဲဆန္ဒရှင်
ပြည်သူများ၊ တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်
အဆင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးကောင်းမြင့်ထွဋ်၊
တိုင်းဒေသကြီးအဆင့် တောင်ဥက္ကလာပ အမှတ်(၁) မဲဆန္ဒနယ်
တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါက်တာစောနိုင်တို့ထံမှ
သိရသမျှမှာ …

ဖိတ်ကြားခြင်း …
တောင်ဥက္ကလာပ ပြည်သူ့လွှတ်တော်အဆင့် တစ်သီးပုဂ္ဂလ
ကိုယ်စားလှယ်လောင်း ဦးကောင်းမြင့်ထွဋ်နှင့် တိုင်းဒေသကြီး
အဆင့် အမှတ်(၁) မဲဆန္ဒနယ်မှ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်
လောင်း ဒေါက်တာစောနိုင်တို့က တောင်ဥက္ကလာပ မဲဆန္ဒရှင်
ပြည်သူများနှင့် နီးနီးကပ်ကပ် တွေ့ဆုံနိုင်ရန် အောင်နိုင်ရေးရုံးခန်း
ဖွင့်ပွဲကို (၂၉.၁၀.၂၀၁၀)နေ့တွင် ကျင်းပပြုလုပ်မည်ဟု သိရပါတယ်။
အောင်နိုင်ရေး ရုံးခန်း တည်ရှိရာ ….
တောင်ဥက္ကလာပမြို့နယ် (၇) ရပ်ကွက်၊ ရာဇသူရ (၁၄- ဂ)လမ်း။
(တောင်ဥက္ကလာပ မ.ယ.က ရုံးနံဘေးရှိ လမ်းကနေ သွားလာ
လို့ ရပါတယ်။)
ရုံးခန်းဖွင့်မည့် နေ့စွဲ။ ။ ၂၉.၁၀.၂၀၁၀ ။
ရုံးဖွင့်ပွဲအဖြစ် ပြည်သူလူထု၊ သတင်းမီဒီယာများနှင့် တွေ့ဆုံပါမည်။
(၂၉.၁၀.၂၀၁၀)နေ့ နံနက်(၉)နာရီမှ နေ့လည် (၁၂)နာရီအကြား။
ဖိတ်ကြားခြင်း။ ။ မဲဆန္ဒရှင် ပြည်သူများ၊ သတင်းနှင့် မီဒီယာများ။
အခြေအနေများ ….
တောင်ဥက္ကလာပ မြို့နယ်အတွင်းရှိ လမ်းတချို့တွင် ပိတ်ဆို့မှုများ
ပြုလုပ်ထားပါတယ်။ လမ်းအလယ်ပိုင်းကို ကွန်ကရစ် လောင်းထား
ပြီး လမ်းရဲ့ ထိပ်ဆုံးနဲ့ နောက်ဆုံးပိုင်းတွေကို ချန်ထားပါတယ်။
ကွန်ကရစ်လောင်းရန် ချန်ထားသော နေရာများကို နာရီအနည်း
ငယ်အတွင်း ပြီးစီးအောင် ပြုလုပ်နိုင်သော်လည်း တမင်သက်သက်
ဆက်လက် မပြုလုပ်ပဲ “စစ်ရေး အမြင်အရ” ချန်ထားတယ်လို့
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအပေါ် အယုံအကြည်မရှိသော တောင်ဥက္ကလာပ
မဲဆန္ဒရှင် ပြည်သူတစ်ဦးက ဆိုပါတယ်။ ထိုလမ်းများ အတွင်းသို့
ရွေးကောက်ပွဲနှင့် ပက်သက်ပြီး သွားလာ စည်းရုံးလို့ မရအောင်
မြို့တော်ဝန် အောင်သိန်းလင်း၏ လက်အောက်ခံ မြို့တော်စည်ပင်
နှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီတို့က အကွက်ကျကျ လုပ်ဆောင်
နေပါတယ်။
-စစ်ငြိမ်းဒီရေ
0 comments:
Post a Comment