Saturday, 16 October 2010

မန္တလေး ကျဆုံးခန်း



ဗုံတွေဆိုင်းတွေ တီးခတ်ပြီး
ညီအကိုပေါင်းများစွာရဲ့ သွေးကို
ပက်ဖျန်းခဲ့တဲ့ မြို့ဟောင်းကြီးထဲ
ဖက်ဆစ်တွေနဲ့
အတူမနေချင်တဲ့ ကြယ်လေးရေ
မင်းကို အလေးပြုလိုက်ပါတယ် ….
ကဗျာဆရာတစ်ယောက်က ငိုပြီး
ပြဇာတ်ရေးဆရာတစ်ယောက်ကို
ခွေးတွေကိုက်သတ်ခဲ့တဲ့ ယဉ်ကျေးမှုကြီးထဲ
ယုံကြည်ခြင်းအဖြစ်
စွန့်လွှတ်ရဲတဲ့ ကြယ်လေးရေ
မင်းကို အလေးပြုလိုက်ပါတယ် ….
စစ်နိုင်တဲ့သူက ဘုရားပင့်ပြီး
အယဉ်ကျေးဆုံးမြေက ကျွန်တွေကို
ကယ်ထုတ်ခဲ့တဲ့ စာပို့သင်္ဘောကြီးထဲ
ငြိမ်းချမ်းရေးအတွက်
ပေးဆပ်ရဲတဲ့ ကြယ်လေးရေ
မင်းကို အလေးပြုလိုက်ပါတယ် …. ။ ။


-စစ်ငြိမ်းဒီရေ

(အောက်တိုဘာလ ၁၆ ရက်နေ့တွင် မန္တလေး
အကျဉ်းထောင်
အတွင်း ကျဆုံးခဲ့သည့်
ကျောင်းသားခေါင်းဆောင် ကိုသက်ဝင်းအောင်

(၂၆.၈.၁၉၇၁- ၁၆.၁၀.၂၀၀၆) လေးနှစ်ပြည့် အမှတ်တရ။
)

12 comments:

Anonymous said...

အင်းစိတ်မကောင်းပါဘူး သူရဲကောင်း တွေကို မန္တလေး ကအမှတ်တရ ရှိနေမှာပါ

မန္တလေး မကျဆုံးပါဘူး ပြန်လည် ရှင်သန်လာအုန်းမှာပါ ကိုအောင်


ခင်မင်စွာဖြင့်
ရွှေစင်ဦး

စုချစ် said...

ကိုသက်ဝင်းအောင်ကို...
လေးစားစွာ ဦးညွှတ်လျက်...

Anonymous said...

ဒီတနှစ် ကဗျာကို ကျနော့ဆီ ကြိုမပို့ဘူးနော်---ကိုအောင် ဆိုးတယ်။

maungmaung said...

ကိုသက်ဝင်းအောင် ဖြစ်လေရာဘ၀တိုင်း အေးချမ်းပါစေ

ကောင်းမွန်ဝင်း said...

ကျွန်မတို့ရဲ့ ဂုဏ်ကျက်သရေဆောင် မန္တလေးနဲ့ ဂုဏ်ပြုထိုက်သူတစ်ဦးကို ဒီပို့စ်လေးကနေ ထပ်မံလေးစားစွာနဲ့ ဘယ်တော့မှမမေ့ပါဘူး။

ချော(အစိမ်းရောင်လွင်ပြင်) said...

အများနဲ့မတူ တမူထူးခြားစွာ စွန့်စားဝံ့သူများကို လေးစားစွာ ဦးညွှတ်ပါသည်။

blackroze said...

စိတ်မကောင်းခြင်းများစွာဖြစ်ရပါတယ်..
ဖြစ်လေရာဘဝဆက်တိုင်း
ဒီလိုအဖြစ်ဆိုးတွေနဲ့အမြဲဝေးလို့
အေးချမ်းပါစေ..
ရဲ့ဝံစွာစွန့်စားသွားတဲ့
ကိုသက်ဝင်းအောင်ကို..လေးစားပါတယ်

မြစ်ကျိုးအင်း said...

ကြယ်ကြွေတွေ များများလာတယ်။

နှင်းဟေမာ said...

ကိုသက်ဝင်းအောင် ...ကောင်းရာသုဂတိသို့ရောက်နိုင်ပါစေ ... စိတ်မကောင်းခြင်းများစွာဖြစ်ရပါတယ် ...

ဇွန်မ said...

ကဗျာကောင်းလေး တစ်ပုဒ်ဖတ်သွားတယ်...

ကိုချစ်ဖေ said...

မန္တလေးက သူ့မြေအတွက် ဂုဏ်ယူနေမှာပါ

tin min htet said...

အချစ်၊ မိသားစု၊ အလင်းရောင်
ဘဝတခုလုံး မြှုပ်နှံ
စစ်၊ ယုံကြည်ချက်၊ အကျဉ်းထောင်
အားလုံးအတွက် အနစ်နာခံ
ပြည်သူချစ်တဲ့ သူရဲကောင်းတွေ
မိခင်ရဲ့ နှောင်ကြိုးကို ဖြေနိုင်ကြစေ