(၀င်းငြိမ်း) ဆရာက ကဗျာတွေ အများကြီး ရေးခဲ့တာဆိုတော့
ကဗျာနဲ့ ပတ်သက်တာပဲ ဆက်မေးချင်ပါတယ်။ ကဗျာဆိုတဲ့
ဝေါဟာရကို ဆရာ ဘယ်လို အဓိပ္ပါယ်ဖွင့်ပါသလဲ …။
(ဒဂုန်တာရာ) ကဗျာကို တိုတိုရှင်းရှင်း အဓိပ္ပါယ်ဖွင့်ရရင်တော့
ရင်ခုန်သံပေါ့ဗျာ။ ရင်ခုန်သံ စိတ်ရဲ့ ခံစားချက်ကို လင်္ကာစာလုံး
နဲ့ ဖော်ပြတာဟာ ကဗျာပေါ့။
(၀င်းငြိမ်း) ဒါဆို ကဗျာဆိုတာဟာ မိမိရဲ့ ရင်ခုန်သံကို ဖွင့်ဟရုံ
သက်သက်ပဲလား …။

(ဒဂုန်တာရာ) ကဗျာဆိုတာ ရင်ထဲမှာ ခံစားမှုရှိလာမှ ရေးလို့
ရတာမျိုး။ ခံစားမှု ဆိုတာကို ရုပ်ပိုင်းနဲ့ ပြောရင်တော့ ရင်ခုန်
လာတယ်ပေါ့။ ရင်ခုန်စေတဲ့ အကြောင်းအရာဆိုတာ အမျိုးမျိုး
ရှိနိုင်တာပဲ။ တစ်ယောက်နဲ့ တစ်ယောက်တော့ တူမှာ မဟုတ်
ဘူးပေါ့ …။
(၀င်းငြိမ်း) ကဗျာဆရာတစ်ယောက်ဟာ မိမိကဗျာကတဆင့်
စာဖတ်သူကို တစုံတရာ Message ပေးနိုင်ဖို့ရော တာဝန်
မရှိဘူးလား …။
(ဒဂုန်တာရာ) အဲဒါကတော့ ကျွန်တော်ရေးခဲ့တဲ့ ကဗျာတွေ
မှတ်မိသလောက်ပြောရရင် ကိုယ်ခံစားလို့ တစ်ပါးသူ ခံစား
ရအောင် စာဖတ်ပရိသတ်ကို ပြောတာပဲ ရှိပါတယ်။ မျှဝေခံစားစေချင်
တဲ့ သဘောပေါ့ဗျာ။ ကိုဝင်းငြိမ်း ပြောတဲ့ Message ဆိုတဲ့ စကားလုံး
ကို ဘယ်လို အဓိပ္ပါယ် ပြန်မလဲတော့ ကျွန်တော် မသိဘူး။ ခံစားမှု
ဆိုတဲ့ နေရာမှာလည်း ဥပမာ- ကျွန်တော်ရေးတဲ့ “မတ်လ တော်လှန်ရေး”
ကဗျာ ဆိုပါတော့ဗျာ၊ ကျွန်တော်ရေးတဲ့အချိန်မှာ ဖက်ဆစ်တော်လှန်ရေး
အချိန်ကာလ၊ နွေရာသီရဲ့ အမှတ်အသားလေးတွေ၊ သီကျူးသံလေးတွေ၊
အပွင့်နီနီလေးတွေ ပွင့်နေတယ်။ အဲဒါလေးတွေ မြင်ရတော့ သတိရလာ
လို့ ရေးလိုက်တာပဲ။
အဲဒါကို Message လို့ ဆိုတာတော့ ကျွန်တော် မသိဘူး။ ကျွန်တော့်
အထင်ကတော့ ကိုယ့်ကဗျာဖတ်တဲ့ ပရိသတ် (သို့မဟုတ်) ဝေဖန်ရေး
ဆရာတွေက (ဝေဖန်ရေးဆရာကတော့ သရုပ်ခွဲပြီး နာမည်တပ်ပေးကြ
တာပေါ့ဗျာ။) ဒီကဗျာဆရာက ဘယ်လိုကဗျာမျိုးတွေ ရေးတယ်ပေါ့လေ။
အဲဒီလို နာမည်တပ်ဖို့အတွက် ဖြစ်မယ်။ ကျွန်တော် ရေးတဲ့သူအနေနဲ့
ကတော့ Message ပေးဖို့ရယ်လို့ သတ်သတ်ရေးတာ မဟုတ်ပါဘူး …။
…… ….. …
တက္ကသိုလ်မင်းမော်
(၀င်းငြိမ်း) ကဗျာဆရာနဲ့ တွေ့ရမယ်ဆိုတော့ ကျွန်တော်
မေးချင်တဲ့ ပထမဆုံး မေးခွန်းက ကဗျာဆိုတာ ဘာလဲဆိုတဲ့
မေးခွန်းပါပဲ။ ဒီမေးခွန်းကို ကျွန်တော် ကဗျာဆရာနဲ့ တွေ့ရတိုင်း
မေးခဲ့ပါတယ်။ မေးရခြင်း အကြောင်းကလည်း တစ်ယောက်နဲ့
တစ်ယောက် အဓိပ္ပါယ်ဖွင့်ဆိုချက်ချင်း ကွဲပြားတတ်တာကြောင့်
ပါ။ ဆရာ့အဓိပ္ပါယ် ဖွင့်ဆိုချက်ကို သိပါရစေ ….။
(တက္ကသိုလ်မင်းမော်) ကဗျာဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းမျိုးကို
တော့ ဘယ်နှစ်ယောက် လျှောက်မေးမေး တစ်ယောက်ကို အဖြေ
တစ်မျိုးပဲ ပေးကြမှာပဲ ထင်ပါတယ်။ ဒီလို ဖြေတာဟာ သဘာဝ
ကျတယ်လို့ ထင်ပါတယ်။ စဉ်းစားကြည့်ပါ။ ကဗျာဆိုတာ သိပ္ပံ
ပညာနဲ့ မတူပါဘူး။ သိပ္ပံပညာတွေဟာ ကျဉ်းချင်လည်း ကျဉ်းမယ်၊
ကျယ်ချင်လည်း ကျယ်မယ်၊ ကျဉ်းကျဉ်း ကျယ်ကျယ် ကျဉ်းလည်း
ဘောင်နဲ့၊ ကျယ်လည်းဘောင်နဲ့ အားလုံး ဘောင်နဲ့ချည်းပဲ။ ဒီလို
ဘောင်နဲ့ရှိတဲ့ သိပ္ပံပညာတွေမှာတောင်မှ အကြောင်းအရာ
တော်တော်များများကို ဖွင့်ဆိုချက်တို့၊ သတ်မှတ်ချက်တို့ အတိ
အကျပေးဖို့ ခက်လှပါတယ်။ ပေးလို့ မရနိုင်တာ များပါတယ်။
ကိုယ်လုပ်ဆောင်မယ့် အကြောင်းအရာရဲ့ သဘာဝကို ကြည့်ပြီး
တော့ အလုပ်ဖြစ်ရုံ သတ်မှတ်ချက် (Workable Definition)
မျိုးသာ ပေးလို့ ရပါတယ်။ ကဗျာဆိုတာကတော့ သိတဲ့အတိုင်းပဲ၊
နယ်နိမိတ်တို့ ဘောင်တို့ကို ခြံခတ်သလိုခတ်ပြီး သတ်မှတ်လို့
မရနိုင်အောင် ကျယ်ဝန်းပါတယ်။ အဲသည်လောက် ကျယ်ဝန်းတဲ့
ကဗျာကို အားလုံးခြုံငုံမိအောင် ဘယ်လိုလုပ်များ ဖွင့်ဆိုပါ့မလဲ၊
ဖွင့်ဆိုကြည့်လည်း မိုးကုတ်စက်ဝိုင်းရဲ့ အချင်းတို့၊ အနက်တို့၊
အနိမ့်အမြင့်တို့၊ အကျယ်အ၀န်းတို့ကို တိုင်းပြနေသလို ဖြစ်မှာ
ပဲလို့ ထင်ပါတယ်။ ဒီတော့ ကဗျာဆိုတာ ဘာလဲဆိုတာကို
ကဗျာလောကကြီး တစ်ခုလုံး အကျုံးဝင်မယ့် ဖွင့်ဆိုချက်မျိုး
မပြောပါရစေနဲ့။ ကျွန်တော် ရေးခဲ့တဲ့ ကဗျာတွေနဲ့သာ အကျုံး
ဝင်မယ့် ဖွင့်ဆိုချက်မျိုးကိုပဲ ပေးပါရစေ။
ကျွန်တော်ပေးမယ့် ဖွင့်ဆိုချက်ကတော့ ခံစားမှုတစ်ခုကို ရရာကနေ
ကဗျာရေးဖြစ်တဲ့အထိ ဖြစ်စဉ်ပေါ်မှာ အခြေခံပြီးပေးမှာပါ။ ဆိုပါစို့-
ကျွန်တော်ရဲ့ လောကပတ်ဝန်းကျင်ကို အကြောင်းပြုပြီး ခံစားမှု
တစ်ခုခုကို မကြာမကြာ ရလာတတ်ပါတယ်။ ရလာတဲ့ ခံစားမှုကို
ကျွန်တော့်ရင်ထဲမှာပဲ ထည့်ပြီး တစိမ့်စိမ့် ခံစားနေရုံ မကပါဘူး၊
ခေါင်းထဲမှာလည်း ထည့်ပြီး တနုံ့နုံ့ စဉ်းစားကြည့်ပါတယ်။ အဲဒီလို
စဉ်းစားရာက ကျွန်တော် ခံစားရသလို ကျွန်တော့် လောက
ပတ်ဝန်းကျင်က လူတွေကိုပါ ခံစားစေချင်တဲ့ စေတနာမျိုး ဖြစ်
လာပါတယ်။ ဖြစ်လာတဲ့ စေတနာကို ကျွန်တော် ကဗျာဖြစ်အောင်
ရေးလိုက်တာပါပဲ။ အဲဒီဖြစ်စဉ်ကို အခြေခံပြီး ကျွန်တော့် ကဗျာတွေ
နဲ့ အကျုံးဝင်မယ့် ဖွင့်ဆိုချက်မျိုးကို အရှင်းဆုံးရေးရရင် ကဗျာ
ဆိုတာ ခံစားမှုကို စဉ်းစားရာက ဖြစ်လာတဲ့ စေတနာကို ဝေမျှပေး
ခြင်းလို့ ဆိုရမယ် ထင်ပါတယ်။ ဒါဟာ ကျွန်တော့်ဖွင့်ဆိုချက်
သက်သက်ပါပဲ ….။
…… ….. …
မြသန်းတင့်
(၀င်းငြိမ်း) နောက်မေးခွန်းတစ်ခုကတော့ ကဗျာနဲ့ ပက်သက်
ပါတယ်။ ဘာသာပြန်အကြောင်းဆိုက်လာတော့ ဘာသာပြန်
ကဗျာတွေအကြောင်း ဆိုပါတော့။ ဆရာဟာ မောင်သစ်တည်
ဆိုတဲ့ ကလောင်အမည်နဲ့ ဘာသာပြန်ကဗျာတွေ တော်တော်
များများ ရေးခဲ့တာကို တွေ့ရပါတယ်။ ဒီတော့ ပထမဆုံး မေး
ချင်တာက ကဗျာကို ဘာသာပြန်ရခြင်းရဲ့ ရည်ရွယ်ချက်ကို
သိပါရစေ။
(မြသန်းတင့်) ကျွန်တော် ကဗျာကို ၀ါသနာပါတယ်။ ၀ါသနာ
ပါတယ်ဆိုရာမှာ ကဗျာဖတ်ရတာကိုလည်း ၀ါသနာပါတယ်။
ကဗျာစပ်ရတာကိုလည်း ၀ါသနာပါတယ်။ ဒါက တစ်ချက်။ နောက်
တစ်ချက်က ဒီနေ့ ကဗျာဆရာ လူငယ်တွေဟာ အနောက်နိုင်ငံတွေ
မှာ ခေတ်စားနေတဲ့ ခေတ်ပေါ်ကဗျာအကြောင်းကို သိချင်နေကြ
တယ်။ ကျွန်တော်လည်း သိချင်တယ်။ ကဗျာဝါသနာပါတဲ့ လူတွေ
လည်း သိချင်နေတယ်။ ခေတ်ပေါ်ကဗျာဆိုတာ နှစ်ဆယ်ရာစုကဗျာ
ဆိုပါတော့။ နှစ်ဆယ်ရာစုအတွင်းမှာ အနောက်နိုင်ငံမှာ ခေတ်ပေါ်
ကဗျာ ဂိုဏ်းသစ်တွေ ပေါ်ခဲ့ကြတယ်။ အနာဂတ်ဝါဒဂိုဏ်း၊ သင်္ကေတ
ဝါဒဂိုဏ်း၊ နိမိတ်ပုံဝါဒဂိုဏ်း စသဖြင့် အယူအဆ အသီးသီး ပေါ်ခဲ့
ကြတယ်။ ကျွန်တော်တို့ ကဗျာဝါသနာရှင်တွေမှာ တချို့က အင်္ဂလိပ်
ကဗျာကို ကောင်းကောင်းမဖတ်နိုင်ကြဘူး။ သူတို့မှာ အင်္ဂလိပ်စာ
အခြေခံ နည်းခဲ့ကြတော့ အရသာ မခံနိုင်ကြဘူး။ အင်္ဂလိပ်စာ ကောင်း
စွာ ဖတ်နိုင်သူများ ကျပြန်တော့လည်း စာအုပ်စာတမ်း မရှိကြဘူး။
အလွန်ရှားပါးတယ်။ ဒါ့ကြောင့် ဒီနေ့ စာဖတ်ပရိသတ်တွေ၊ အထူး
သဖြင့် ကဗျာဝါသနာရှင်တွေ ဖတ်နိုင်ပါစေဆိုတဲ့ သဘောလည်း
ပါတယ်။ ဒီအကြောင်းတွေကြောင့် ဘာသာပြန်ကဗျာတွေကို
ကျွန်တော်ရေးတာပါ။
…… ….. …
စာအုပ်များ -
မြသန်းတင့်နှင့် တွေ့ဆုံခြင်း (၀င်းငြိမ်း)
ဝင်းငြိမ်းနှင့် စာရေးဆရာများ (၃)
7 comments:
ဆရာ ၃ ယောက်ရဲ့ ကဗျာဖွင့်ဆိုချက် ၃ မျိုး။ သဘောကျတယ် ကိုအောင်ရေ ...
ဒဂုန်တာရာပြောတဲ့ ရင်ခုန်သံဆိုတာ တိုတိုနဲ့ အထိဆုံးပဲ။
နောက်လဲ ကောင်းနိုးရာရာ မှတ်သားထားတာလေးတွေ ခုလိုပဲ မျှပါ။
၇င်မခုံဖူးတော့ ရင်ခုံသံတွေ မရေးတတ်ဘူး..ကိုအောင်ရေ့
ကျနော်ကတော့ ဒီလိုပဲ တိတိကျကျလေး အဓိပ္ပါယ်ဖွင့်ချင်တယ် ကိုအောင်။
ကဗျာ ဆိုတာ ရင်ထဲကလာတဲ့ အသံ
ကိုဇော်
ကဗျာဖွင့်ဆိုချက်လေးတွေ အားလုံးသဘောကျမိတယ် ကိုအောင်ရေ...
မျှဝေတာကျေးဇူး...
၂ထပ်ရှိတော့ မှတ်မိသွားပီ...
စုချစ်ဆီမှာလဲ အဲဒီစာအုပ်တွေ ရှိတယ်...
း-)
ကဗျာရဲ့ ဖွင့်ဆိုချက်လေးတွေကို လာဖတ်သွားပါတယ် ကိုအောင်
ကိုယ်တိုင်က ကဗျာကို မရေးဖြစ်ပေမဲ့ ကျောင်းမှာ ကဗျာတွေသင်ယူခဲ့ကတည်းက ကဗျာကို နှစ်သက်မိပါတယ်.. ကဗျာတိုင်းလည်း အလွတ်ကျက်မိတတ်တယ်..
ကျွန်မလည်း ကဗျာတွေကိုသိပ်ကြိုက်တယ်။
ကဗျာနဲ့ပါတ်သက်တာလေးတွေကို အခုလိုဖတ်ရတာလည်းကြိုက်တယ်။
နောက်ကိုလည်းထပ်ဖတ်ချင်ပါသေးတယ်။
hello!This was a really fine website!
I come from itlay, I was luck to approach your Topics in yahoo
Also I obtain a lot in your theme really thanks very much i will come again
Post a Comment