ကျနော့်ဘလော့မှာ အခုချိန်အထိ ဘာသာရေးအကြောင်း လုံးဝ
မရေးခဲ့သေးပါဘူး။ အလှူအတန်းနဲ့ ပက်သက်ပြီး ဓါတ်ပုံနဲ့ ဗွီဒီယို
မှတ်တမ်းပဲ တင်ခဲ့ဖူးပါတယ်။ ဒါကြောင့် ဘလော့ ရေးဖေါ်ရေးဖက်
ညီအကို မောင်နှမတချို့ဆိုရင် တခါတရံ မေးလေ့ရှိပါတယ်။
“အကိုက ဘယ်ဘာသာ ကိုးကွယ်သလဲ၊ ဗုဒ္ဓဘာသာဝင် မဟုတ်
ဘူးလား … ”တဲ့။ ဒီပို့စ်ဟာ ပထမဆုံးရေးတဲ့ ဘာသာရေးပို့စ်ပါ၊
တစ်ခုတည်းသော ဘာသာရေးပို့စ်လည်း ဖြစ်နိုင်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ လက်ရှိနေထိုင်တဲ့ ဘလော့ဂါ
ကိုကြီးကျောက် (ရွှေရတုမှတ်တမ်း) ရဲ့ ကျန်းမာရေး အခြေအနေ
ကြောင့် ကျနော် အပါအ၀င် ဘလော့ဂါအတော်များများ စိုးရိမ်း
ပူပန် မိကြပါတယ်။ ကျနော်လည်း တော်တော်လေး တုန်လှုပ်မိ
ပါတယ်။ အခုချိန်ထိလည်း ဆုတောင်းနေတုန်းပါ၊ ကိုကြီးကျောက်
ကျန်းမာရေးနဲ့ ပက်သက်ပြီး ဆေးရုံက ဆရာဝန်များရဲ့ ဆုံးဖြတ်
ချက်ဟာ ကောင်းတဲ့ဖက်ကို ပြန်ပြီး ပြင်လာပါစေလို့၊ တကယ်ပါ။
စာဆက်မရေးခင် စကားပလ္လင် ခံခွင့်ပြုပါ၊ ကျနော် အခုရေးနေတာ
ကျနော် သိသလောက်ပါ၊ ဗုဒ္ဓဘာသာသုံး ပါဠိ စာလုံးပေါင်းများ
အမှားအယွင်း ရှိခဲ့ရင် သည်းခံကြပါ …. ။
အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းဟာ တကယ်တော့ ကျောချင်းကပ်
ပါ။ လူတစ်ယောက်ဟာ သူ့ဘ၀ရဲ့ “ကမ္မသတ္တိ” ပြဋ္ဌာန်းချက်
အရပဲ ရှင်သန်ခွင့် ရကြပါတယ်။ ကမ္မပစ္စည်း ခေါ် ကမ္မသတ္တိ
အကြောင်းကို ဆရာတော်ကြီး ရှင်ဇနကာဘိဝံသ ဟောကြားတော်မူတဲ့
“အခြေပြု ပဋ္ဌာန်းတရားတော်” စာအုပ် စာမျက်နှာ ၁၇၂ မှ ၂၀၉
အထိ ဖတ်ရူ့ကြည့်ပါ။ (ဒီနေရာကလင့်ခ်မှာ ဒေါင်းလုပ်ယူနိုင်ပါတယ်)
….
ဝိပဿနာ တရားရူ့မှတ်တဲ့ ကိစ္စနဲ့ ပက်သက်ပြီး မိုးကုတ်
ဆရာတော်ကြီးက “ခွေးဟောင်တဲ့ ဟာ” (ရုပ်ခန္ဓာ) တစ်ခု
တည်းကိုပဲ အားစိုက်ပြီး မမှတ်ဖို့ မိန့်တော် မူခဲ့ဖူးပါတယ်။
ဥပမာ … ခွေးသည် လူတစ်ယောက်ကို မြင်၍ ဟောင်သည်ပေါ့၊
ခွေးရဲ့ အမြင်အာရုံမှာ ဟောင်ခြင်း ခံရတဲ့ ရုပ်ခန္ဓာ တစ်ခုတည်း
ကိုပဲ အားထားပြီး မမှတ်ကြနဲ့ဆိုတဲ့ သဘောပါ။ ဗွီဒီယို မှတ်တမ်း
တစ်ခုမှာ ထိုင်းနိုင်ငံက ထိုင်းဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း
တစ်ကျောင်းမှာ လူသေအလောင်းတွေ ထားပြီး တရားမှတ်
ကြပါတယ်။ အလောင်းပုံစံ အမျိုးမျိုးပါ၊ လောလောလတ်လတ်
သေခါစ အလောင်း၊ လွန်ခဲ့တဲ့ ရက်အနည်းက သေထားတဲ့
အလောင်းမျိုးစုံပါ၊ မမြဲခြင်း အနိစ္စကို မှတ်ကြတာပါ။
ကျနော်တို့ဟာ ဗုဒ္ဓဘုရားရှင် ဟောတော်မှုထားတဲ့ “မတွေဝေ
မှု” ခေါ် “ပညာ(အ မောဟ)” ခေါ် “ခန္ဓ ဥာဏ်ရောက် တရား”
ကို ရှာဖွေ သင့်ပါတယ်။ အဲဒီ “ပညာ” ဆိုတဲ့ အရာဟာ တက္ကသိုလ်မှာ
သွားသင်လို့ ရတဲ့ ပညာမျိုးတွေ မဟုတ်ပါဘူး။ ၀ိညာဏ(၆)ပါး ကို
“သစ္စ ဥာဏ်၊ ကိစ္စ ဥာဏ်၊ ကတ ဥာဏ်” ရူ့မှတ်ပြီး ဝေဒနာ
နဲ့ တဏှာ ကြားမှ ဖောက်ထွက်ဖို့ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်
မှာ မိန့်တော်မူထားပါတယ်။
“အာယတန(၆)ပါး + အာရုံ (၆)ပါး = ၀ိညာဏ (၆)ပါး”
အပေါင်း လက္ခဏာ (+)က “ဖဿ” (ထိတိုက်မိခြင်း)ကို ဆိုလိုတာ
ပါ။ အာယတနဆိုတာ အလွယ်ပြောရင် ဖြစ်ကြောင်းတရားပါ။
အဲဒီ စုစုပေါင်း (၁၈)ပါးကို “နိပ္ပန္နရုပ်” လို့ ခေါ်ပါတယ်။
“အာယတန(၆)ပါး + အာရုံ(၆)ပါး = ၀ိညာဏ(၆)ပါး”
(၁) မျက်လုံး(စက္ခုသမ္ဖဿာယတန)+ အဆင်း(ရူပါရုံ)= မြင်စိတ်
(၂)နား(သောတသမ္ဖဿာယတန)+အသံ = ကြားစိတ်
(၃)နှာခေါင်း(ဃာနသမ္ဖဿာယတန)+အနံ့=နံစိတ်
(၄)လျှာ(ဇိဝှါသမ္ဖဿာယတန)+အရသာ=စားသိစိတ်
(၅)ကိုယ်(ကာယသမ္ဖဿာယတန)+ဖောဋ္ဌဗ္ဗာရုံ=ယား/နာကောင်း စိတ်
(၆)စိတ်(မနောသမ္ဖဿာယတန)+အာရုံ(ဓမ္မာရုံ)= တွေးတောစိတ်
အဲဒီ “အာယတန” နဲ့ အာရုံ(၆)ပါး ထိတိုက်မိ(ဖဿ) ပြီး
ဖြစ်လာတဲ့ “၀ိညာဏ (၆)ပါး” ကို “သစ္စ ဥာဏ်” ခေါ်
သိမြင်နာယူ သင်ကြားခြင်း၊ “ကိစ္စ ဥာဏ်” ခေါ် လက်တွေ့
ကျင့်သုံး အားထုတ်ခြင်း၊ “ကတ ဥာဏ်” ခေါ် ပိုင်ပိုင်နိုင်နိုင်
ဆုံးဖြတ်သိမှုနဲ့ ပြီးပြည့်စုံစွာ ကျင့်ကြံ အားထုတ်ခြင်း … ဖြင့်
“ပညာ(အ မောဟ)” ခေါ် “မတွေဝေမှု” ကို ရရှိနိုင်ပါတယ်။
အဲဒီအဆင့်ကို ရောက်ရင် “အရိယာ” ခေါ် သူတော်ကောင်း
လို့ ခေါ်ရမှာပေါ့ ….။
အထက်မှာ ဖော်ပြတဲ့ နည်းက “ပဋိစ္စသမုပ္ပါဒ်” ဒေသနာတော်
နဲ့ “၀ိညာဏ(၆)ပါး” ကို ရူ့မှတ်တဲ့ နည်းပါ။ နောက်တစ်မျိုး
ရှိပါသေးတယ်။ ဗုဒ္ဓဘုရားရှင် ဟောတော်မူထားတဲ့ “ဓမ္မစကြာ”
ပါဠိတော်မှာ ပါတဲ့ “ကာရက မဂ္ဂင်(၅)ပါး” ကို ရူ့မှတ်တဲ့ ပုံစံပါ။
အဲဒီတရားဟာ “ခန္ဓာ ဥာဏ်ရောက်” တရားပါ။ “ကာရကမဂ္ဂင်”
ဆိုတဲ့ ပါဠိစာလုံးကို မကြောက်ပါနဲ့။ “ကာရကမဂ္ဂင်” ဆိုတာ
အလုပ်တရား အလုပ်မဂ္ဂင်လို့ ဆိုလိုတာပါ။ အဲဒီမှာ မဂ္ဂင်(၈)ပါး
ထဲက “ပညာမဂ္ဂင်” အောက်ရှိ …
(၁)မှန်ကန်သော သိမှု (သမ္မာဒိဋ္ဌိ)
(၂)မှန်ကန်သော သုံးသပ်မှု (သမ္မာသင်္ကပ္ပ) …
နှစ်ပါးနဲ့ …
“သမာဓိမဂ္ဂင်” အောက်ရှိ ….
(၃)မှန်ကန်သော အားစိုက်မှု(သမ္မာဝါယမ)
(၄)မှန်ကန်သော သတ္တိ(သမ္မာသတိ)
(၅)မှန်ကန်သော တည်ကြည်မှု(သမ္မာသမာဓိ) …
သုံးပါးနဲ့ ပေါင်းပြီး “အလုပ်မဂ္ဂင်” ခေါ် “ကာရကမဂ္ဂင်”(၅)မျိုး
ရှိပါတယ်။ အဲဒီတရား (၅)ပါးကို ၀ိပဿနာ ရူ့မှတ်ခြင်းဖြင့်လည်း
“ပညာ(အ မောဟ)” ခေါ် “ခန္ဓာ ဥာဏ်ရောက်” တရားကို
ရနိုင်ပါတယ်။
သတိပဋ္ဌာန်တရား (၄)ပါးထဲက “စိတ္တာနုပသာနာ” တရားတွင်လည်း
“၀ိညာဏ(၆)ပါး”ကို မမြဲခြင်း(အနိစ္စ)၊ ဆင်းရဲခြင်း(ဒုက္ခ)၊ အစိုးမရ
ခြင်း(အနတ္တ) (၃)ပါး ခေါ် လက္ခဏာရေး(၃)ပါး ဖြင့် ရူ့မှတ်ခြင်းဖြင့်
“ပညာ(အ မောဟ)” ခေါ် “ခန္ဓာ ဥာဏ်ရောက်” တရားကို ရနိုင်
ပါတယ်။
ကျနော့် တင်ပြချက်များတွင် အမှားအယွင်းများ ရှိခဲ့ပါက ကျနော့်
ချို့ယွင်းမှုကြောင့်ပါ။ မှန်ကန်မှုများ ရှိခဲ့ပါက ဆရာတော်ကြီးများ
၏ ကျေးဇူးကြောင့်ပါ …. ။
(ဤမျှသာ။)
16 comments:
သာဓု ၊ သာဓု ၊ သာဓု ပါဗျာ...။ ဦးရွှေအောင်ရေးတဲ့စာအုပ်တွေကိုတော့ တော်တော်ကြိုက်တယ်ဗျ ။ အင်းးးးးးးးးးးးးးးးလုပ်ရဦးမယ် ၊ လုပ်ရဦးမယ်နဲ. မလုပ်ဖြစ်တဲ့ထဲမှာ ဘာသာရေးက ထိပ်ဆုံးကပေါ့ဗျာ ။ ကိုယ့်ကိုကိုယ်လည်း မြဲတယ် ၊ မာကျောတယ် ထင်နေတုံးပေါ့ ။ ဟူးးးးးးးးးးးးး
ကျနော်အတွက်တော့ မြင့်လွန်းသွားပြီ၊ ခန္ဓာဝန် နှင့် ဝေဒနာကိုတော့ သိရှိလျှက်။
သာဓု သာဓု ဗျာ
ကိုအောင်ရေ
ကျနော် ကတော့ စကို မစရသေးဘူး ဖတ်တဲ့ အဆင့် တောင် မသိတာတွေ အများကြီး ကိုကြီးကျောက် ကတော့ လုပ်လက်စ ရှိတော့ သဘောပေါက်မှာပါ
ကျေးဇူးပါ
ရွှေစင်ဦး
လူ့ ခန္ဓာကိုယ် ဟာ ပျက်သုန်းလွယ်ပါတယ်..
ဖုန်းခနဲ ဒိုင်းခနဲ ကြေမွ ပျက်သုန်းတာနဲ့  အခြားနည်းတွေ ဒါတွေ ပဲ ကွာပါတယ်...
သတိ ဆိုတာ အရေးကြီးပါတယ်... ဘာမှ သိပ်မသိပေမယ့် .. သိတဲ့လူရေးတာကို ... ဖတ်ပါတယ်... တွေးပါတယ်...
ကုသိုလ်မျှဝေယူလိုက်ပါတယ်...ကိုအောင်ရေ...
လေ့လာ သင်ယူပြီး ဗဟုသုတ ဖြည့်သွားတယ် ကိုအောင်ရေ။
ကိုအောင်..
သိပ်တန်ဘိုးရှိတဲ့ စာပါဗျာ..။
ချီးကျူးပါတယ်..။
သာဓုလဲ ခေါ်ပါတယ်။
ကိုအောင်ရေ..
ဖတ်မှတ်သုံးသပ်သွားပါတယ်
ပညာနဲ့သညာသိမှုတွေ ဒီ့ထက်မက ညီညွတ်မျှတစွာ သိရှိနားလည်နိုင်သူ .. မျှဝေနိုင်သူဖြစ်ပါစေနော် ..
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အနက်နဲဆုံး ပဋိစ္စသမုပ္ပစက်ဝိုင်းဒေသနာကို တွေ့လိုက်ရတော့ မျက်လုံးတောင် ပြူးသွားမိတယ် ..
အများကြီးလေးစားပါတယ် အစ်ကို ...
အချိန်ရရင်လဲ ဆွေးနွေးချင်ပါသေးတယ်း)
ခင်မင်လေးစားစွာဖြင့်
အညာက မိနှင်းးD
တရားလေးအတွက် ကျေးဇူးပါ ကိုအောင်ရေ...
း-)
သေသေချာချာ မလေ့လာထားရင် နားလည်ဖို့ မလွယ်ပေမယ့် တဆင့်ပြီး တဆင့် တက်သွားနိင်ရင် တရားရဲ့ အရသာကို တငြိမ့်ငြိမ့် ခံစားရမှာပဲ။
အားထုတ် လေ့လာဖို့ မေ့လျော့နေမိတယ်။
ကိုကြီးကျောက်အတွက်တော့ ဆုတောင်းနေပါတယ်။
ကောင်းသော ပြောင်းလဲခြင်း တခုခု ဖြစ်ဖို့ မျှော်လင့်ထားချင်ပါတယ်။
လုပ်တော့ လုပ်နေတယ် ဦးဂျီးအောင်ရေ ဒါပေမယ့် ဦးဂျီးအောင် ပြောသလောက်တော့ သေချာ မသိသေးလို့ ဖတ်မှတ်သွားပါတယ်။ ကျေးဇူးတင်ပါ၏
သာဓု သာဓု သာဓု
ပျောက်နေတာ ရုံးကိစ္စနဲ့ ခရီးထွက်နေရလို့ ကိုအောင်ရေ....
အခုမှ ကိုအောင့်ပိုစ့်တွေအားလုံးပေါင်းပြီး ဖတ်ရတော့တယ်...
း-)
ဘာသာရေးနဲ့ ပတ်သက်ပြီး ရေးတော့လဲ ပို့စ်တပုဒ်ဆို ဆိုသလောက် ကောင်းပါပေတယ် ကိုအောင်ရေ ... သာဓု ခေါ်ပါတယ်။
ကိုအောင်ရေ
မိုးကုတ်ဆရာတော်ဘုရားကြီးဟောတာကို ပြန်ဝေမျှတာရယ်၊ ပို့စ်ဖတ်ရတဲ့ အချိန်အတွင်း သတိရှိစေတာလေးရယ်ကို ကျေးဇူးတင်ပါတယ်။
ရင်အေးရတဲ့ စာတွေပဲ။
မိုးကုတ်ဝိပသာနာကစက်ဝိုင်းလေးလိုချင်ပါတယ် မေးလ်ပို့ပေးလို့ရမလား
lwin ရေ
ရပါတယ်၊ ko.aungdk@gmail.com ကို
ဆက်သွယ်လိုက်ပါ။
Post a Comment