(၅) ကြိမ်မြောက် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု အထိမ်းအမှတ်နေ့
သစ်ပင်စိုက်ပွဲ၊ လေးထောင့်ကန်ကို လိုက်ပါမယ့် အဖွဲအစည်းတွေက
လက်ရှိ စပက်ထရမ် (Spectrum Sustainable Development Network)၊
ဒဘလျူအာရ်တီစီ (WRTC)၊ မြသားလွင်ပြင် (Emerald Green)၊ စိမ်းလန်း
ကမ္ဘာ (Global Green Group)၊ အေဂျီအမ်ပီ ( Action Group Of Myanmar poets)
နဲ့ အခြား လူငယ်အဖွဲ့များ၊ မီဒီယာအသီးသီးမှ ဂျာနယ်လစ်များ ဖြစ်ပါတယ်။
အခြားသဘာ၀၀န်းကျင်ထိန်းသိမ်းရေး လှုပ်ရှားတက်ကြွသူများလည်း ပါဝင်နိုင်ကြ
ပါတယ်။
(၁၀၊ ၁၀၊ ၂၀၁၀ )ရက်နေ့
အစီအစဉ်
စုရပ် (၁)ဒဂုံစင်တာနဲ့ မြေနီကုန်းပလာဇာကြား
စုရပ် (၂) ၃၈- လမ်းထိပ်၊ ဗိုလ်ချုပ်လမ်း
စုရပ်အချိန်။ နံနက် ၇း ၃၀
လေးစားစွာဖြင့် ....
13 comments:
ကိုအောင်ရေ...
စောစောရောက်နှင့်ရင် နေရာဦးထားလိုက်နော်..
ကြက်ဆူပင် မစိုက်တာ သေချာရင်တော့ လိုက်ခဲ့မယ်းD
ကြက်ဆူကလွဲရင် ကျန်တာ စိုက်ကြပါလို့ .... :P
ဘာလဲဗျ “ကြက်ဆူဆီထွက် စုကြည်တက်” ဖြစ်
မှာ ဆိုးလို့လားး)
ဘာအပင်ပဲဖြစ်စိုက်သာစိုက်တစ်ခုခုတော့ အသုံးဝင်မှာပဲ
အားပေးတယ်ဗျာ..
ဘာပင်ပဲ စိုက်စိုက်ပါ။ သူက အောက်စီဂျင် မထုတ်ပေးရင် ပြီးတာပါပဲ။
အပင်စိုက်တာတော့ အရမ်းသဘောကျတယ်ဗျာ
အားလည်းအားပေးတယ်။
ကမ္ဘာကြီးကို ထိန်းသိမ်းပေးဖို့ အပင်စိုက်တာက တော်တော်ထိရောက်တဲ့နည်းပဲ။
ကျွန်မလည်း သစ်ပင်စိုက်ရတာ သဘောကျတယ်
စိတ်လည်း ချမ်းသာတယ်.. ပတ်ဝန်းကျင်ကိုလည်း အကျိုးပြုတယ်..
သို့သော်လည်း စိုက်သူထက် ခုတ်သူက ပိုများနေတော့ တစ်နေ့တစ်ခြား သစ်ပင်တွေ နည်းနည်းလာတယ်နော်
စိတ်ဝင်စားစရာ ဖိတ်ကြားခြင်းပါပဲကိုအောင်ရေ..။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်
တော်တော်စိတ်ဝင်စားလာကြပြီနော်..။
ခင်မင်စွာ
သဒ္ဓါ
ရွာမှာစိုက်မှာကိုး...ဒီဘဝတော့ ရွာမပြန်နိုင်တော့လို့..
နောင်ဘဝများ ကြုံမှပဲ...
အပင်မျိုးစိတ် ၁၄ မျိုး အပင် ၃၅၀ စိုက်မှာပါ။ နှစ်ရှည်ပင်တွေချည်းပါ။ ဗာဒံ၊ ကုက္ကိုလို အတွေ့ရများတဲ့ အပင်တွေ ပါသလို ခရေ၊ မဟော်ဂနီ၊ အင်ကြင်းနဲ့ ပျဉ်းမ၊ မိုးမခ လို အပင်မျိုးတွေလည်း ပါမှာပါ။
စိုက်ရုံတင် မဟုတ်ပါဘူး။ ရေရှည်လည်း ထိန်းသိမ်းသွားမှာပါ။ ဆရာတော် ဒေါက်တာအရှင် ၀ဏ္ဏသိရီကလည်း စိတ်အားထက်သန် တာဝန်ယူမှုရှိပါတယ်။
အပင်မျိုးစိတ် ၁၄ မျိုး အပင် ၃၅၀ စိုက်မှာပါ။ နှစ်ရှည်ပင်တွေချည်းပါ။ ဗာဒံ၊ ကုက္ကိုလို အတွေ့ရများတဲ့ အပင်တွေ ပါသလို ခရေ၊ မဟော်ဂနီ၊ အင်ကြင်းနဲ့ ပျဉ်းမ၊ မိုးမခ လို အပင်မျိုးတွေလည်း ပါမှာပါ။
စိုက်ရုံတင် မဟုတ်ပါဘူး။ ရေရှည်လည်း ထိန်းသိမ်းသွားမှာပါ။ ဆရာတော် ဒေါက်တာအရှင် ၀ဏ္ဏသိရီကလည်း စိတ်အားထက်သန် တာဝန်ယူမှုရှိပါတယ်။
သယ်ရင်းရေ... သစ်ပင်စိုက်ပွဲက ပြန်လာပြီးရင် ပုံတွေတင်ပေးမယ်နော်
ဝင်ရောက်စိုက်ပျိုးမယ်ဗျာ စိတ်ချ ၀ါသနာပါတယ်
Post a Comment