Thursday, 7 October 2010

ဒေါ့စတာယက်စကီ (ရုရှား စာရေးဆရာ)

ရေးသူ- ဆရာနတ်နွယ်

-၁၈၂၁ ခုနှစ်၊ အောက်တိုဘာလ (၃၀)ရက်နေ့တွင် ဖျိုဒါ
မစ်ခေးလိုဗစ် ဒေါ့စတာယက်စကီ (Fyodor Mikhaylovich Dostoyevsky)
ကို ရုရှနိုင်ငံ မော်စကိုမြို့တွင် မွေးဖွားသည်။

-၁၈၃၃ -၃၇ အထိ မော်စကိုမြို့ရှိ ကျောင်းအိပ်ကျောင်းစား
ကျောင်းများတွင် ပညာ သင်ကြားခဲ့သည်။

-၁၈၃၇ ခုနှစ် မေလတွင် ဒေါ့စတာယက်စကီနှင့် သူ့အကို မစ်ခေး
တို့ စိန့်ပီတာစဘတ်မြို့သို့ ပြောင်းရွှေ့ကြသည်။



-၁၈၃၈ ခုနှစ် ဇန်န၀ါရီလတွင် ဗဟိုအင်ဂျင်နီယာကျောင်းသို့
တက်ရောက်သည်။

-၁၈၄၃ ခုနှစ် သြဂုတ်လတွင် အရာရှိသင်တန်းပြီးဆုံး၍ အင်ဂျင်နီ
ယာဌာနတွင် အမှုထမ်းရသည်။

-၁၈၄၄ ခုနှစ် ဇွန်- ဇူလိုင်တွင် ဒေါ့စတာယက်စကီ ဘာသာပြန်
ဆိုသော ပြင်သစ် စာရေးဆရာကြီး ဘောလ်ဇက်၏ ယူဂျင်း ဂရင်းဒစ်
Eugenie Grandet ထုတ်ဝေသည်။

-၁၈၄၅ ခုနှစ် မေလတွင် ၎င်း၏ ပထမဆုံး ၀တ္ထုရှည်ဖြစ်သော
ဆင်းရဲသား Poor Folk ရေးသားပြီးစီးသည်။

-၁၈၄၆ ခုနှစ်၊ ဇန်န၀ါရီလတွင် နီကရာဆော့ တည်းဖြတ်ထုတ်
ဝေသော “ပီတာစဘတ် မဂ္ဂဇင်း” တွင် ဆင်းရဲသားဝတ္ထု
ဖော်ပြပါရှိသည်။

-၁၈၄၇ ခုနှစ် နွေဦးရာသီတွင် ရုရှား တော်လှန်ရေးသမား မစ်ခေး
ပီထရာရှက်စကီး၏ လျှို့ဝှက် အစည်းအဝေးများသို့ ဒေါ့စတာ
ယက်စကီ တက်ရောက်သည်။

-၁၈၄၈ ခုနှစ် ဒီဇင်ဘာလတွင် ညဖြူဖြူများ White Nights ထုတ်
ဝေသည်။

-၁၈၄၉ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် ပီထရာရှက်စကီ အုပ်စုဝင်
တစ်ဦးအဖြစ် အဖမ်းခံရသည်။ ဧပြီလ ၂၉ ရက်- နိုဝင်ဘာလ ၁၆
ရက်နေ့တွင် ပီထရာရှက်စကီနှင့် နောက်လိုက်များကို ရုံးတင် စစ်
ဆေးသည်။ ဒေါ့စတာယက်စကီ အပါအ၀င် အဓိက တရာခံများကို
သေဒဏ်ပေးသည်။ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဆီမျိုနော့စကီ
ရင်ပြင်တွင် တရားခံများကို သေဒဏ် အမိန့်ဖတ်ပြပြီး ကွပ်မျက်ရန်
စီစဉ်သည်။ နောက်ဆုံး “ပစ်” ဟူသော အမိန့်ပေးခါနီးတွင်မှ
သေဒဏ်မှ လွတ်ငြိမ်းခွင့်အမိန့် ရောက်ရှိလာသည်။ ဒီဇင်ဘာလ
၂၄ ရက်နေ့ညတွင် ဒေါ့စတာယက်စကီ အပါအ၀င် အကျဉ်းသား
များကို သံခြေချင်းခတ်ပြီး အကျဉ်းထောင်မှ ဆိုက်ဗေးရီးယားသို့
ပို့သည်။

-၁၈၅၀ ခုနှစ် ဇန်န၀ါရီလ ၂၃ ရက်နေ့တွင် ဒေါ့စတာယက်စကီ
ကို အွန်မာ့စ် အကျဉ်းထောင်သို့ ပြောင်းရွှေ့ပြီး အလုပ်ကြမ်းနှင့်
ပြစ်ဒဏ်ချခံစေသည်။

-၁၈၅၀- ၅၄ အွန်မာ့စ် အကျဉ်းထောင်။

-၁၈၅၄ ခုနှစ် ဖေဖ်ါဝါရီလတွင် အလုပ်ကြမ်းနှင့် ပြစ်ဒဏ် နှစ်စေ့
အောင် ကျခံပြီးသောအခါ စစ်တပ်တွင် သာမန်တပ်သားတစ်ဦး
အဖြစ် တာဝန်ထမ်းဆောင်ခွင့်ပြုသည်။

-၁၈၅၄- ၅၉ စစ်မှုထမ်း။

-၁၈၅၆ ခုနှစ် အောက်တိုဘာလတွင် အရာရှိအဆင့်သို့ တိုးမြှင့်သည်။

-၁၈၅၇ ခုနှစ် ဖေဖ်ါဝါရီလတွင် မုဆိုးမ မာရီယာ အိုင်ဆာယီဗာနှင့်
ကုဇနက်မြို့ကလေးတွင် လက်ထပ်သည်။

-၁၈၅၉ ခုနှစ် မတ်လတွင် စစ်တပ်မှ အငြိမ်းစားယူသည်။
မတ်လတွင် ဦးလေး၏ အိပ်မက် Uncle’s Dream ထုတ်ဝေသည်။
နိုဝင်ဘာလ- ဒီဇင်ဘာလတွင် မိသားစု၏ မိတ်ဆွေ Friend of the
Family ထုတ်ဝေသည်။ ဒီဇင်ဘာ လ’၀က်တွင် စိန့်ပီတာစဘတ်မြို့
သို့ ပြောင်းရွှေ့သည်။

-၁၈၆၀ ခုနှစ် စက်တင်ဘာလတွင် ရုရှကမ္ဘာ Russki Mir သတင်းစာ
တွင် မရဏဂေဟာ The House of the Dead ကို စတင်ဖော်ပြသည်။

-၁၈၆၁ ခုနှစ် ဇန်န၀ါရီလတွင် ဒေါ့စတာယက်စကီနှင့် သူ့အကို မစ်ခေး
တို့ ထုတ်ဝေသော “ခေတ်Vremya မဂ္ဂဇင်း အမှတ်(၁) ထွက်သည်။
ယင်းလတွင် စော်ကားသူနှင့် အနှိမ်ခံ The Insulted and Injured အခန်း
ဆက် ၀တ္ထုရှည် စတင်ပါရှိသည်။

-၁၈၆၁- ၁၈၆၂ ခုနှစ်၌ “ခေတ်” မဂ္ဂဇင်းတွင် “မရဏဂေဟာ”ကို ဖော်
ပြသည်။ ဇွန်လတွင် နိုင်ငံခြားသို့ ခရီးထွက်သည်။

-၁၈၆၃ ခုနှစ် မေလတွင် “ခေတ်” မဂ္ဂဇင်း အပိတ်ခံရသည်။ သြဂုတ်-
အောက်တိုဘာလအထိ နိုင်ငံခြားတွင် နေထိုင်သည်။

-၁၈၆၄ ခုနှစ် ဇန်န၀ါရီလတွင် “ခေတ်သစ်Epokha ထုတ်ဝေခွင့်ရသည်။
မတ်လတွင် “ခေတ်သစ်” မဂ္ဂဇင်း အမှတ်(၁) တွင် မြေအောက်မှ
မှတ်စုများ Note from Underground ပါရှိသည်။ ဧပြီလတွင် ဇနီး
ဖြစ်သူ မာရီယာ ကွယ်လွန်သည်။ ဇူလိုင်လတွင် သူ၏ အကို မစ်ခေး
ဒေါ့စတာယက်စကီ ကွယ်လွန်သည်။

-၁၈၆၅ ခုနှစ် ဇွန်လတွင် “ခေတ်သစ်” မဂ္ဂဇင်း ရပ်သွားသည်။ ဇူလိုင်မှ
အောက်တိုဘာလအထိ ဒေါ့စတာယက်စကီ နိုင်ငံခြားသို့ သွားပြန်သည်။

-၁၈၆၆ ခုနှစ်တွင် ပြစ်မှုနှင့် ပြစ်ဒဏ် Crime and Punishment ထွက်
သည်။ အောက်တိုဘာလတွင် “လောင်းကစားသမားThe Gambler
ဝတ္ထုကို သူ၏ လက်ရေးတိုစာရေးမ အန်နာဆနစ်ကီနာကို နှုတ်မှ
ပြောပြသည်။

-၁၈၆၇ ခုနှစ် ဖေဖ်ါဝါရီလတွင် အန်နာဆနစ်ကီနာနှင့် လက်ထပ်သည်။

-၁၈၆၈ ခုနှစ်တွင် “အန္ဓThe Idiot ၀တ္ထုရှည်ကြီး ထွက်သည်။

-၁၈၇၀ ခုနှစ်တွင် ၀တ္ထုလတ် “ထာဝရခင်ပွန်းThe Eternal Husband
ထွက်သည်။

-၁၈၇၁ ဇူလိုင်လတွင် “အမှောင့် ပယောဂThe Possessed ကို
စတင် ရေးသားသည်။ ၁၈၇၂ ခုနှစ်တွင် ပြီးသည်။

-၁၈၇၃ ခုနှစ်တွင် “နိုင်ငံသားCitizen အပတ်စဉ်ကို စတင် တည်း
ဖြတ်သည်။ ယင်းဂျာနယ်တွင် “စာရေးဆရာတစ်ဦး၏ မှတ်တမ်း
The Diary of a Writer ဆောင်းပါးများ ပါရှိသည်။

-၁၈၇၄ ခုနှစ်တွင် “နိုင်ငံသား” စာစောင် အယ်ဒီတာအဖြစ်မှ
နှုတ်ထွက်သည်။

-၁၈၇၅ ခုနှစ်တွင် “အရိုင်းA Raw Youth ၀တ္ထု ထွက်သည်။

-၁၈၇၉ မှ ၁၈၈၀ ခုနှစ်များအတွင်း “ကာရာမာဇော့ ညီအကိုများ
The Brothers Karamazov ရေးသား ပြီးစီးသည်။

-၁၈၈၁ ခုနှစ် ဇန်န၀ါရီလ (၂၈)ရက်နေ့တွင် ဖျိုဒါ မစ်ခေးလိုဗစ်
ဒေါ့စတာယက်စကီ (Fyodor Mikhaylovich Dostoyevsky)
ကွယ်လွန်သည်။


(မှတ်ချက်။ ။ ဆရာနတ်နွယ် ဘာသာပြန်သော ကာရာမာဇော့
ညီအကိုများ စာအုပ်မှ ကူးယူ ဖော်ပြပါသည်။)


10 comments:

PhyoPhyo said...

1948 ခုနှစ်ထုတ် ညဖြူဖြူများ ဖတ်ချင်လိုက်တာ၊
ကျေးဇူး ကိုအောင်ရေ

PhyoPhyo said...

“ပစ်”ဆိုပြီး သေဒဏ်ပေးခါနီးမှ လွတ်ငြိမ်းခွင့်ရတယ်တဲ့၊ စိတ်ဝင်စားစရာကြီး သူ့အကြောင်းက

Anonymous said...

ကရာမာဆော့ညီအစ်ကိုများနဲ့ ခန်းဆောင်နီအိပ်မက်ဘယ် စာအုပ်ကဖတ်လို့ပိုကောင်းလဲ။

ကိုအောင် said...

ကရာမာဇော့ညီအကိုများကို ပိုကြိုက်တယ်။

MDW said...

မဖတ်ဖူးဘူး။
ကျေးဇူးပဲ ကိုအောင်။

MDW said...

ကွန်မန့်ပေးနေတုန်း ကော်နက်ရှင်ပြတ်သွားတယ်။ ရလိုက်လားမသိဘူး။

မဖတ်ဖူးဘူး ကျေးဇူးပဲ ကိုအောင် လို့ ... ။

သိင်္ဂါကျော် said...

အောင်မြင်တဲ့ စာရေးဆရာ တစ်ချို့မှာ ပုံပြင်ဆန်တဲ့ ဇာတ်ကြောင်းတွေ ရှိကြတယ်နော်..

ချော(အစိမ်းရောင်လွင်ပြင်) said...

စာရေးဆရာရဲ့အဖြစ်က သူ့ဝတ္ထုတွေထက်တောင် ၀တ္ထုဆန်နေသေးတယ်နော်။
သေခါနီးဆဲဆဲမှာ လွတ်မြောက်လာရတယ်..
အံ့သြဖို့ကောင်းတယ်.

ကောင်းမွန်ဝင်း said...

ဘယ်ဟာမှမဖတ်ဖူးဘူး။
အခုလောက်ဖတ်ရတာကိုပဲ ကျေးဇူးတင်ပါတယ်။ ဒါကိုမဖတ်မိရင်တော့ ဘယ်လိုမှသိမှာမဟုတ်ဘူး။

Anonymous said...

Nice site, nice and easy on the eyes and great content too.