Monday, 4 October 2010

ဒုတိယမြောက် အရက်ပုလင်း

သူငယ်ချင်းရေ ဟေ့ သူငယ်ချင်းရေ …
အမိန့်ရအပေါင်ဆိုင်မှာ
ပေါင်နှံခဲ့တဲ့ စာမူခကို
ဒီအရက်ဖြူဆိုင်ထဲ
ဒို့တတွေ ပျော်ပျော်ပါးပါး
အရက်သောက်ကြမယ် အရက်သောက်ကြမယ်
အချစ်နဲ့ အမုန်းတွေကို
ဆိုင်ပေါက်ဝမှာ ထားခဲ့ကြနော်
သူငယ်ချင်းရေ ဟေ့ သူငယ်ချင်းရေ ….



ပထမ တခွက်ကြောင့်
ရှုံ့မဲ့သွားတဲ့ မင်းမျက်နှာကြီး
မိုနာလီဇာအပြုံးထက်
ပိုပြီးလှတယ် ပိုပြီးလှတယ်
သူငယ်ချင်းရေ ဟေ့ သူငယ်ချင်းရေ ….
ဘီယာဆိုင်မှာ
ဟစ်တလာ အာဏာသိမ်းတုန်းက
အလစ်သုတ်လာတဲ့ မြေပဲဆားလှော်ကို
ထုတ်ပါအုံးလေ ကျွေးပါအုံးလေ
သူငယ်ချင်းရေ ဟေ့ သူငယ်ချင်းရေ ….
“မေတ္တာတရားရပ်ကွက်က ကိုသစ္စာ’တစ်ယောက်
နောက်ကျောကို ဓါးနဲ့အထိုးခံရကြောင်း ….
အယဉ်ကျေးဆုံး ရွာသားများကို
အရက်စက်ဆုံးဒီရေများက ခေါ်ဆောင်သွားကြောင်း ….
ကမ္ဘာမြေရဲ့အချစ်ဆုံးသူ ကွယ်လွန်သောအခါ
မြုပ်စရာမြေကွက် မပေးဝေနိုင်သောကြောင့်
မီးသင်္ဂြိုလ်စက်အတွင်း ထည့်လိုက်ရကြောင်း ….
ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်များ၏
ဒုတိယစစ်မျက်နှာဖွင့်လှစ်ရန် နှောင့်နှေးမှုကြောင့်
ရုရှားလူမျိုးများ ရွာလုံးကျွတ်အသတ်ခံရကြောင်း ….
….ကြောင်း ….ကြောင်း ….ကြောင်း ”
ကြောင်းပေါင်းများစွာထဲ ညောင်းသွားတဲ့
ဟောသည့်ဆိုင်လေးထဲမှာ
ပျော်ပျော်ပါးပါး သောက်လိုက်ကြအောင်
သူငယ်ချင်းရေ ဟေ့ သူငယ်ချင်းရေ ….

တစ်လုံးတော့ကုန်သွားပြီ သူငယ်ချင်း …..
ဒုတိယမြောက် အရက်ပုလင်းကို
ဖွင့်လိုက်ကြစို့ မော့လိုက်ကြစို့
သူငယ်ချင်းရေ ဟေ့ သူငယ်ချင်းရေ ….
မီးပျက်ခဲ့တဲ့ ဘ၀တွေအောက်မှာ ….
လှောင်ရယ်သံတွေအောက်မှာ ….
ဟုန်သွားတဲ့ ထုံကြင်မှုတွေအောက်မှာ …..
ပျောက်မသွားတဲ့ မြေပုံဆိုးတွေအောက်မှာ …..
စေတနာအမည်ခံ
ရေရောခံရတဲ့ ဒီအရက်ပုလင်းကို
ဒီဒုတိယမြောက် အရက်ပုလင်းကို
စပိန်ပြည်တွင်းစစ်မှာ
ရှုံးခဲ့ဘူးတဲ့ ပီကာဆိုလို
မှောက်လိုက်ပါအုံး … လဲပါအုံးနော်
သူငယ်ချင်းရေ ဟေ့ သူငယ်ချင်းရေ …. ။ ။


-စစ်ငြိမ်းဒီရေ

12 comments:

သစ်နက်ဆူး said...

သူငယ်ချင်း ..ကိုအောင်ရေ..
ဟေ့..သူငယ်ချင်းရေ..
အရောင်စွန်းထင်းသွားတဲ့ 
ဖြူလွလွပန်းချီကားတချပ်အတွက်..
နောက်ကျောနဲ့ ရင်ဝကို ယုံကြည်ခြင်းဓါးနဲ့ 
အထိုးခံလိုက်ရတဲ့ ....သွေးစက်ခမ်းနေသူကိုယ့်အတွက်..
သူငယ်ချင်းရေ...ဟေ့ သူငယ်ချင်းရေ..
ဒုတိယ ပုလင်းအဖွင့်မှာ သင်းပျံ့ လာတဲ့ 
ချင်ချဉ်းတက်လာမှုအတွက်..
ဗင်းဆင့်ရဲ့  စုတ်ချက်တွေနဲ့ ..
သူငယ်ချင်းရေ..
တတိယ အရက်ပုလင်း..တစ်ဆင့်ခြင်းဖွင့်ရအောင်..
သူငယ်ချင်းရေ...
ဟေ့...သူငယ်ချင်းရေ..။

ကိုဇော် said...

သူငယ်ချင်းရေ . .ဟေ့ သူငယ်ချင်းရေ...
ကဗျာလေး ကောင်းတယ်ဝေ...

မိုးယံ said...

ဟေ့ သူငယ်ချင်းရေ ဟေ့သူငယ်ချင်းရေ

ကောင်းလိုက်တဲ့ ကဗျာလေးဝေ့

မေတ္တာတရား ရပ်ကွက် ထဲက ကိုသစ္စာ ဓါးထိုးခံရတာ စိတ်မကောင်းဘူး

ရွှေရတုမှတ်တမ်း said...

ဟေ့ ..သူငယ်ချင်းရေ..
ဆိုင်ပေါက်ဝမှာထားခဲ့တဲ့ အချစ်နဲ့အမုန်းတွေ
အလစ်သုတ်ခံရပြီလေ....

မေဓာဝီ said...

ရာဇ၀င်ထဲက ကိုအောင် ... ရာဇ၀င်ထဲမှာ ဒုတိယမြောက် အရက်ပုလင်းကို ထားရစ်ခဲ့ ပြီလား။

ယမကာ အရက်ငွေ့
မှန်လာတတ်၍
အပြန်မှာ ဖိနပ်မေ့
ဝေ့ ဂေ့ အေ့ ....
ဟေ့ သူငယ်ချင်းရေ ... ဒီဝိုင်းကို မင်းရှင်းလိုက်ပါဟေ ...

ငွေလမင်း said...

ပထမဆုံးအကြိမ်လာပြီး အရက်သောက်သွား :)
အဲလေ ကဗျာလေးဖတ်သွားတယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒုတိယမြောက်အရက်ပုလင်းအဖွင့်မှာ အမြည်းကုန်သွားပြီလား မသိဘူး သေချာလည်းကြည့်ဦး။
ဒီရေက မတရားဖမ်းသွားတဲ့ ရွာသားတွေကို သနားတယ်

နှင်းဟေမာ said...

ကဗျာလေး ကောင်းတယ် ...

ရွာက မိနှင်းးD

ကောင်းမွန်ဝင်း said...

သူငယ်ချင်းရေ
အေ့
သူငယ်ချင်း
မငြင်းကြေးနောာာာ
ဒီမှာ ဆာကေး
ဘာနဲ့ပဲ လွေးလွေး
ရင်ထဲမှာနွေးကနဲ
အို အားမနာနဲ့
ဒီဘက်က ဆန်နဲ့ ချက်တာ
ဒါကတော့ ကန်ဇွန်းဥက ထွက်တာ
အနံ့ကလေးမွှေး ပြီး
အင်း အဟင်းးးးး
တံတွေးတောင်သီးးးးးးတယ်
ဘာ ဒါ ခုမှ ၊
ဒုတိယမြောက်ပုလင်းပါကွ။

Unknown said...

ဟယ် ...... လူမိုက် အ ခ မ
အသင် လဲကြိုက် အကျွနုပ်လဲကြိုက်
ဦးမင်းကျော်လဲကြိုက် ဒီအရက်ဖြူ တကျိုတ်ကို
အေ့ .. ဘွာဖစ်လို့ မှောက်လဲ အောင်သောက်ရမလဲ
ခုမှ နွာ တခွက်ပဲရှိသေးတယ် အေ့ ..ဝေ့ အေ့

YoungGun said...

ကြောင်းပေါင်းများစွာထဲ ညောင်းသွားတဲ့ ဟောသည့် ဆိုင်ကလေးမှာ ပြန်လည်တွေ့ဆုံချင်ပါတယ် အစ်ကို.

Zin Phyo said...

သူငယ်ချင်းရေ......... တကယ်ကောင်းတယ်ကွာ