လေးထောင့်ကွက် မပေါ်အောင် EOT လုပ်နည်းအကြောင်း
လမ်း မညွန်ခင် ဘလော့ဂါ မိတ်ဆွေများ ကိုအောင်သာငယ်
ရှင်းပြထားတဲ့ …
ကိုယ့်ဘလော့ကို ကိုယ်ကာကွယ်ကြ …
ဘလော့ကာကွယ်ရေး နောက်ဆက်တွဲ ….
ကွန်ပြူတာ လုံခြုံရေး ….
အစရှိတဲ့ ပို့စ် (၃)ခုကို ဖတ်စေချင်ပါတယ်၊ နည်းပညာ အားနည်း
တဲ့ ကျနော်လို ဘ၀တူ ဘလော့ဂါများ လေ့လာကြပါ။
မြန်မာဖောင့် မရှိတဲ့ ကွန်ပြူတာတွေ၊ ဖောင့်သွင်းဖို့ အခက်အခဲ
ရှိတဲ့ နေရာက မြန်မာဘလော့တွေပေါ် စာဖတ်ရင် EOT မလုပ်ထား
တဲ့ ဘလော့တွေမှာ လေးထောင့်ကွက်တွေ ပေါ်နေလေ့ရှိပါတယ်။
EOT လုပ်နည်းနဲ့ ပက်သက်ပြီး နည်းပညာ ဘလော့တွေမှာ ရေး
သားထားတဲ့ လမ်းညွန်ပို့စ်တွေ ရှိပါတယ်။
ကျနော့်ဘလော့မှာ EOT လုပ်ချင်လို့ လျှောက်ပြီး လေ့လာကြည့်
ပါတယ်။ အရင်ဆုံး ဘလော့ဂါ ကိုမောင်လှ ရေးတဲ့ (ဒီပို့စ်) ကို
ကျနော် ဖတ်ကြည့်ပါတယ်။ ခပ်တုံးတုံး ဖြစ်တဲ့ ကျနော် လျှောက်
ပြီး စမ်းကြည့်ပါတယ်။ ကျနော့်အတွက် အခက်အခဲ နည်းနည်း
ရှိပါတယ်။ နောက်တခါ ဘလော့ဂါ ကိုရန်အောင် ရေးတဲ့ (ဒီပို့စ်)
အတိုင်း ထပ်လုပ်ကြည့်ပါတယ်။ သူ ရေးထားတာကို လေး … ငါး
လောက် ထပ်ခါတလဲလဲ ဖတ်ကြည့်ပါတယ်။ EOT ကို ကျနော်
အောင်မြင်စွာ လုပ်နိုင်ခဲ့ပါတယ်။
Notepad သို့မဟုတ် Wordpad ကို သေသေချာချာ ရှာကြပါ။
လုပ်ထားတဲ့ ဖိုင်ကို eot.html လို့ နာမည်ပေးပါ။
အဲဒါဟာ ပထမဆုံး တည်ဆောက်ခြင်း ဖြစ်ပါတယ်။
အဲဒီလောက်တော့ ကိုယ့်ဘာသာကိုယ် ဖြစ်အောင် တည်ဆောက်
ကြပါ။ အဲဒီအဆင့်မှာတင် “ရွာလည်(သဘောမပေါက်)” ရင်တော့
အဲဒါဟာလည်း ပြဿနာတစ်ခုပါပဲ။
ဖိုင်တွေကို တင်ဖို့ I.E (Internet Explorer) ဖွင့်ပြီး လုပ်ကြပါ။ ဒါဟာ
အရေးကြီးပါတယ်။ Mozilla Firefox နဲ့ စလုပ်မိရင် နောက်ပိုင်း
အဆင်မပြေမှုတွေ ရင်ဆိုင်ရနိုင်ပါတယ်။ ကိုရန်အောင် ရှင်းပြ
ထားတဲ့ အဆင့်တွေထဲက လိပ်စာထည့်ရိုက်တဲ့ အဆင့်ကို
ရောက်ရင် သေသေချာချာ သတိထားပြီး ထည့်ရိုက်ပေးပါ။
http://yourblog.blogspot.com
http://www.yourblog.blogspot.com
ပါ ထည့်ရိုက်ပေးပါ။ ဒေါ့ကွန်ကို ပြောင်းထားတဲ့ ကျနော့်လို
ဘလော့မျိုးတွေဆိုရင်တော့
http://yourblog.com
http://www.yourblog.com
ပါ ထည့်ရိုက်ပေးကြပါ။ စုစုပေါင်း လေးမျိုးပေါ့။
အားလုံးပြီးသွားလို့ ဖိုင်တွေကို file hosting sites တွေမှာ
တင်သလို ဖြစ်နိုင်ရင် ကိုယ့်ကွန်ပြူတာထဲမှာ ထားကြပါ။
File hosting sites တွေကို တစ်လ တစ်ခါ update လုပ်ဖို့
လည်း မမေ့ကြပါနဲ့၊ ကိုယ့်ကွန်ပြူတာကို အကြောင်းတစုံတရာ
ကြောင့် ၀င်းဒိုး ဖြုတ်ချမိရင် အသစ်ပြန်သုံးတဲ့ အချိန်မှာ အဲဒီ
ဖိုင်တွေကို ကိုယ့်စက်ထဲ ပြန်ကူးထည့်ဖို့ သတိရကြပါ။ EOT
လုပ်ထားတဲ့ ဖိုင်တွေ နှစ်နေရာမှာ ရှိနေတော့ စိတ်ချရတဲ့
သဘောပါ။
ကိုရန်အောင်တို့ ကိုမောင်လှတို့ ရေးထားတဲ့အတိုင်း လိုက်လုပ်
ကြည့်လို့ အဆင်မပြေတဲ့ မိတ်ဆွေများ ကိုမင်းကျော်တို့
ကိုလင်းထက်တို့ထံ အကူအညီတောင်းကြည့်ကြပါ။ သူတို့ မအားဘူး
ဆိုရင်တော့ ကျနော်ထံ အကူအညီ တောင်းနိုင်ပါတယ်။ ကျနော်လည်း
သိပ်တော့ မအားပါ၊ အီမေးလ်နဲ့ ဆက်သွယ်ပါ၊ အားတဲ့အခါ ရမ်းသန်းပြီး
ကုပေးပါ့မယ်၊ ဖြစ် မဖြစ်တော့ တိဝူး …း)
ကိုအောင်သာငယ်၊ ကိုမောင်လှ၊ ကိုရန်အောင်တို့ကို
ကျေးဇူးများစွာ တင်ပါတယ်။
-ကိုအောင် (ပျူနိုင်ငံ)
၂၃၀၉၂၀၂၃
1 day ago
6 comments:
ကျမကတော့ တတ်လဲမတတ်ဘူး။ လေ့လာရမှာလဲပျင်းတယ် ... ဆိုတော့ကာ လုပ်တတ်သူ (ကိုရန်အောင်) ကို ပဲ အက်ဒ်မင် အင်ဗိုက်လုပ်ပြီး အကူအညီတောင်းခဲ့လိုက်တာ။ ခုတော့ အဲဒီအီးအိုတီလဲ အိပ်စပါယာဖြစ်သွားပြီထင်တယ်။ လေးထောင့်ကွက် ပြန်ဖြစ်သွားပြီ။ မပြင်တော့ဘူး။ မြင်တဲ့လူဖတ်၊ မမြင်တဲ့လူ မဖတ်နဲ့ပေါ့ အေးရော။
ကိုလင်းထက်ကို အကူအညီ တောင်းကြည့် ဆိုလို့ ကိုအောင့်ကို လုပ်ပေးမယ် လုပ်ပေးမယ် နဲ့ မလုပ်ပေးဖြစ်ပဲ ကိုအောင် ကိုယ့်ဖာသာ အောင်မြင်အောင် လုပ်နိုင်သွားတာ ဝမ်းသာပါတယ်ဗျာ:) ... ပျက်ကွက်မှုတွေ အတွက် ဆောရီးပါ ကိုအောင်ရေ...။
စကားမစပ် အဲလို ပရိုဂရမ် တွေ မလိုပဲ ဖိုင်ကို အပ်လုပ် လုပ်ပြီး ထည့်လို့လဲ ရနေပြီ...။
နောက်ဆုံးကိုမောင်လှရဲ့ ဒီမှာ select လုပ်ပြီးရေးပါဆို တာ အလွယ်ဆုံးဘဲ. ကျန်တာတွေ လိုက်လုပ်ကြည့်တာ သိတ်ခက်တယ်။ နားမလည်နိုင်ဘူး။
အပင်ပန်းခံပြီး ရေးပေးတာ ကျေးဇူးကိုအောင်
ကျွန်မတို့ဘလော့ကျတော့ လေးထောင့်ကွက်တွေမဖြစ်ဘဲ တစ်ချို့မော်ဇီလာနဲ့ ဖွင့်တဲ့ စာဖတ်သူတွေဆီမှာ စာလုံးတွေက ကြီးလိုက်သေးလိုက်နဲ့ ဖတ်မရတဲ့ စာလုံးတွေဖြစ်နေတတ်တယ်.. ဘာကြောင့်မှန်းတော့ မသိဘူး..
မြန်မာစာတော့ မြန်မာစာ
ဖတ်မရတဲ့ မြန်မာစာတွေဖြစ်နေတယ်.. တစ်လုံးစ နှစ်လုံးစတော့ ဖတ်လို့ရတယ်..
တစ်ခါတော့ လုပ်ဖူးပါရဲ့ ဘယ်နေရာ တင်ထားမိမှန်းတောင် မသိတော့ဘူး.. googlepages လားမသိဘူး.. ပြန်လုပ်ရမှာဦးမယ် ထင်ပါရဲ့
ဗျိုးးးးးး ကိုအောင် နေကောင်းလားဗျ
Post a Comment