Friday, 17 September 2010

လက်ပံတန်းမြို့က လာခဲ့သူ



အာဏာရှင်ဆန့်ကျင်ရေး
အခမဲ့စာသင်ကျောင်း၏ ကျောင်းဆရာ
ကားမှတ်တိုင်ဆီသွားရင်း
လမ်းလျှောက်ရင်း
အစားစားရင်း
မတရားအကျဉ်းကျခံရင်း
သင်ကြားလေသူ ….
ဘက်စ်ကားပေါ် အတူတူတိုးစီးလည်း
နေရာရလို့ မထိုင်ပဲ
သူတပါးအတွက် နေရာပေးလေသူ …..
အပြင်ကမ္ဘာမှ တက္ကသိုလ်အမျိုးမျိုးရဲ့
ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး
ဒို့မြေကို ချစ်ခဲ့သူ ….. ။ ။


-စစ်ငြိမ်းဒီရေ

(ဘဘ သခင်အုန်းမြင့် ကွယ်လွန်ခြင်း အထိမ်းအမှတ်
အဖြစ် ရေးဖွဲ့ထားပါသည်။)

1 comments:

ကိုချစ်ဖေ said...

လူငယ်တွေကိုချစ်ပြီး ဂျင်းဘောင်းဘီဝတ်တဲ့သခင် အဘ မတရားမှု ဖိနှိပ်မှု တွန်းလှန်တိုက်ပွဲဝင်မှုများထဲ ရှေ့ဆုံးမှ ရှိခဲ့သူ မြန်မာတို့အတွက် လွတ်လပ်မှု တရားမျှတမှု ချစ်ခင်မှုများအတွက် ဂုဏ်ယူစရာ ပြယုဂ် အဘသခင်အုန်းမြင့် ကောင်းရာသုဂတိလားပါစေ..