Wednesday 22 September 2010

ဆက်ရေးချင်သော သရဲများနှင့် ဗန္ဓုလ၀ါဒ

ရေးသူ- စစ်ငြိမ်းဒီရေ

ခေါင်းစဉ်ကို ဖတ်ပြီး ဘာနဲဟာကြီးလဲလို့ အပြစ်တင် မစောပါနဲ့။
သရဲဇာတ်လမ်းတွေ ရေးရတာ ဖတ်တဲ့သူတော့ မသိဘူး ရေးရတာ
တော့ အရသာ ရှိသလို့ပဲ ....း)။ ဘလော့မှာ ကော်မန့်လာရေး
တဲ့ မိတ်ဆွေတွေရော၊ အီမေးလ်မှာ ခင်မင်နေတဲ့ မိတ်ဆွေတွေ
ကလည်း သရဲ ဇာတ်လမ်းတွေ အသစ် မတင်တော့ဘူးလား ...
ကုန်သွားပြီလာနဲ့ တွေ့ရင် အဲဒါပဲ မေးနေကြပါတယ်။ သြော်
ဒီလူတွေနဲ့ သရဲဆို တော်တော် ချစ်ကြပါလား ...း)



သရဲပို့စ်လေးများ တင်လိုက်ရင် ကောင်တာမှာ အနည်ဆုံး
စာလာဖတ်သူက (၃၀၀) ကျော်တယ် ...း)။ ဆက်ရေးချင်တဲ့
သရဲဇာတ်လမ်းတွေ အကြောင်း မပြောခင် ဗန္ဓုလ၀ါဒအကြောင်း
အရင် ပြောပြပါ့မယ်။ ဒီခေတ်မှာက “ဗိုလ်ချုပ်” ဆိုတဲ့အသံကြား
ရင် လက်ရှိ စစ်အစိုးရတပ်ထဲက ဗိုလ်ချုပ်တွေထဲ တစ်ယောက်ယောက်
လို့ ထင်တဲ့ခေတ်။ “ဗိုလ်ချုပ်” ဆိုတာ “ဗိုလ်ချုပ်အောင်ဆန်း” ကို
အဖျားစွပ်ခေါ်မှန်းတောင် သိတဲ့လူတွေ အိုနေကြပြီ။ “ဗန္ဓုလ” ဆိုရင်
ကုမ္မဏီအမည်လား လမ်းအမည်လားလို့ ထင်မဲ့ လူတွေ
ရှိနိုင်တယ်။

မြန်မာပြည်မှာ မူလတန်းကျောင်းသားလေးတွေက သူရဲကောင်း
လေးယောက်ကို သိကြတယ်။ ဒါနဲ့ ဘယ်သူတွေလဲ မေးကြည့်ရင်
“ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗန္ဓုလ”လို့ ပြောမှာ
မဟုတ်ဘူး။ သူတို့ သိတာက တရုတ်ပေါင်ချိန် ရုပ်မြင်သံကြား
ဇာတ်လမ်းတွဲထဲက “ကျောက်လုံး၊ ကျောက်ဟူ၊ မာကျောက်၊ ၀မ်ဟန်”
ဆိုတဲ့ တရုတ်လေးကောင် …း)။ “ဗန္ဓုလ” ဆိုတာ ၁၈၂၅ ခုနှစ်က
အင်္ဂလိပ်မြန်မာ ပထမ ကျူးကျော် စစ်အတွင်း ကျဆုံးခဲ့တဲ့ စစ်
ဝန်ကြီးပါ။ သူ့ ငယ်နာမည်က မောင်ရစ်၊ စစ်သူကြီး ဖြစ်လာမှ
“သတိုးသုဓမ္မ မဟာဗန္ဓုလ”ဘွဲ့ အပ်နှင်းချင်ခံရတယ်။
“ဗန္ဓုလ” အစစ်က ဗုဒ္ဓ၀င်မှာ ရှိပါတယ်။

ကုန်းဘောင်ခေတ်မှာ “ဗန္ဓုလ” ဖြစ်လာမဲ့ အမူထမ်းဟာ ပထမဆုံး
ဘိုးတော်ဘုရားရဲ့ သားတော် အိမ်ရှေ့စံ ကိုယ်တော်ကြီးထံမှာ
ခစားပါတယ်။ အိမ်ရှေ့စံ ကိုယ်တော်ကြီး ကွယ်လွန်တော့ အဲဒီရာထူး
ကို ဘကြီးတော်ဘုရားလို့ သမိုင်းမှာ မှတ်တမ်းတွင်တဲ့ စစ်ကိုင်းမင်း
ဆက်ခံပါတယ်။ စစ်ကိုင်းမင်းလည်း အိမ်ရှေ့စံ ဘုရင်အလောင်းအလျာ
နေရာကို ရောက်လာတော့ သူ့ကို အရေးတယူ မလုပ်ပါဘူး။ ဘုရင်
ဖြစ်မယ့် အိမ်ရှေ့မင်းဆိုတော့ နံဘေးမှာ ပတ်ပတ်လည် ၀ိုင်းနေတာ
ပေါ့။ ဒါနဲ့ တနေ့ကျတော့ “ဗန္ဓုလ” ဖြစ်လာမဲ့ အမူထမ်းက နန်းရင်ပြင်
မှာ ပြဿနာ ထ’ရှာပါတော့တယ်။ နန်းရင်ပြင်ရဲ့ နောက်ဆုံး မရောက်
တရောက် နေရာမှာ ခစားနေရတဲ့ ဗန္ဓုလက သူလိုပဲ ခစားနေရတဲ့
“နန္ဒဗလ” ကို တတောင်နဲ့ ထ’ထောင်းပါတယ်။ ဒါနဲ့ ရုပ်ရုပ်သဲသဲ
ဖြစ်သွားတော့ ဘာကြောင့် ဒီလိုလုပ်ရသလဲလို့ အိမ်ရှေ့မင်းက
ဆူပူကျိန်းမောင်းပါတယ်။ အဲဒီတော့ “ဗန္ဓုလ” အလောင်းအလျာ
က ... သူ့အပေါ် အရေးတယူ ရှိစေခြင်းလို့ အခုလို သူတပါးအပေါ်
အကြောင်းမဲ့သက်သက် ထ’ထောင်း ပြရတာပါ … တဲ့။ ဒီလိုနဲ့ပဲ
မြန်မာရာဇ၀င်မှာ နာမည်ကြီးဖို့ လူသိများဖို့ ဖော်မြူလာ အသစ်
တစ်ခုကို မြန်မာ့နည်းမြန်မာဟန်နဲ့ မွေးဖွားခဲ့ပါတယ်။ အဲဒီလုပ်နည်း
ကို “ဗန္ဓုလ၀ါဒ”လို့ ခေါ်ပါတယ်။ ဘယ်အလုပ်မှ သေသေချာချာ
စတင် မလုပ်ရသေးပဲနဲ့ နာမည်ကြီး လူသိများချင်လို့ ဗန္ဓုလ၀ါဒီ၊
အမည်ခံဝေဖန်ရေးတွေ များလာပါပြီ ....း)

လူပြိန်းကြိုက်တွေ ရေးနေတယ်၊ အဓိပ္ပါယ်ကင်းမဲ့တာတွေ ရေး
နေတယ်၊ သပေါ့စာတွေ ရေးနေတယ်၊ ကော်မန့် များများ လို
ချင်လို့ ရေးနေတယ် စသဖြင့် မကြားတကြားပေါ့ ....း(
ဗန္ဓုလ၀ါဒများ ဘယ်လောက်တောင် ကြောက်စရာ ကောင်းသလဲ
ဆိုရင် ဒီပဲယင်းအရေးအခင်းဖြစ်ခဲ့တဲ့ “ဒီပဲယင်း” မြို့ဟာ တချိန်က
ဗန္ဓုလ မြို့စားလုပ်ခဲ့တဲ့ မြို့ပါ ....း)

အမည်ခံဝေဖန်ရေး ဗန္ဓုလ၀ါဒီတွေ ဘယ်လိုပင် ပြောပြော သရဲ
ဇာတ်လမ်းတွေတော့ ဆက်ရေးအုံးမှာပါ။ မြန်မာပြည်က သရဲတွေ
အပြင် မလေးရှားက မျက်နှာပြား ဂျက်ပိတ်သရဲ၊ မလေးရှား ဆွတ်ခိုင်း
ဘလို့ထောင်က ကုလားသရဲ တွေလည်း ရေးပြချင်ပါတယ်။ မလေးရှား
ထောင်တွေနဲ့ ထောင်ထဲက သေဒဏ်ကျခံဖို့ စောင့်စားနေရတဲ့
လူတွေထဲမှာ မြန်မာနိုင်ငံသားတချို့ ရှိနေတယ်။ ကြိုးစင်ဟာ
ဘယ်လိုပုံစံ၊ ကြိုးသမားတွေဆီ ထမင်းသွားပို့ရင် ပုံစံခွက်ကို
အခန်းထဲ ဘယ်လို ထိုးထည့်ရတယ် စသဖြင့် စသဖြင့် .... ။

ဟိုတလောက အွန်လိုင်းပေါ်မှာ ခင်မင်နေတဲ့ အသိတစ်ယောက်
က ပြောပါတယ်။ သူတို့ ရွာမှာ ဖြစ်ပျက်ခဲ့တဲ့ သရဲ ဇာတ်လမ်းကို
ရေးပေးပါလား .... တဲ့။ ရိုးမတောင်ခြေမှာ ရှိတဲ့ သူတို့ တစ်ရွာလုံး
၁၅ ရက်တိတိ တစ်နေရာကို ရွေ့သွားတယ်တဲ့၊ ကျနော်လည်း
မေးပါတယ် ... ခင်ဗျားဟာက ဟုတ်ရော ဟုတ်ရဲ့လားဗျာ၊ ရွာက
အိမ်ခြေ ဘယ်လောက်ရှိလဲ၊ ဘုန်ကြီးကျောင်းရော မရှိဘူးလား၊
နံဘေးရွာတွေရော မသိလိုက်ဘူးလား ... ဆိုတော့ သူက
ရွာက အိမ်ခြေ ခြောက်ဆယ်လောက်ရှိတယ်၊ ပြုစား ခံရသလို
တရွာလုံး နေရာရွှေ့သွားတဲ့ ဖြစ်စဉ်မှာ ဘုန်းကြီးကျောင်းလည်း
ပါတယ်၊ မနက် မိုးလင်းတော့ သူတို့ရွာဟာ ချောင်းတစ်ခုရဲ့
နံဘေးကို ရောက်နေတယ်၊ ရွာနံဘေးမှာ ဘယ်ချောင်းမှ မရှိဘူး၊
နောက်တစ်နေ့ မိုးလင်းတော့ တောင်နှစ်လုံးကြားက ချိုင့်ဝှမ်းထဲ
ရောက်နေတယ်၊ သူတို့ရွာနဲ့ တစ်မိုင်လောက် ဝေးတဲ့နေရာမှာ
အိမ်ခြေ သုံးဆယ်လောက်သာသာ ရွာတစ်ရွာတော့ ရှိပါတယ်၊
အဲဒီ ရွာက လူတွေဆိုရင် အရမ်းကို အံသြနေကြတာ၊ သူတို့ရွာ
နေ့ချင်း ညချင်း ပျောက်သွားတာကို လန့်နေကြတယ်။ ရွာအပြင်
လယ်ကွင်းထဲက လယ်စောင့်တဲမှာ အိပ်ခဲ့တဲ့ သူတို့ရွာသား
တွေဆိုရင် ကြောင်တောင်တောင် ဖြစ်သွားကြတာ ... တဲ့။

ဒီသရဲ ဇာတ်လမ်းကို ဘယ်လို ရေးရမှန်းတောင် မသိဘူး။
တွေ့ကြုံခဲ့ရသူဆီက အသေးစိတ် အချက်အလက်တော့ ယူထား
ပြီးပြီ။ ပြုစားခံရတဲ့အထဲ ဘုန်းကြီးကျောင်းလည်း ပါနေတယ်
ဆိုတော့ ရေးရမှာ သိပ်တော့ မလွယ်ဘူး။ ဒါနဲ့ နောက်တစ်ယောက်
က လာပါသေးတယ်။ အကို အုတ်နံရံထဲက သရဲထွက်လာတယ်
ဆိုတာ ယုံလား တဲ့။ ဘယ်နေရာမှာလဲ မေးလိုက်တော့။ မြန်မာပြည်
က ....... ဆေးရုံမှာ တဲ့။ အဲဒါနဲ့ နင်ကိုယ်တိုင် တွေ့ခဲ့သလား
မေးကြည့်တော့ သူက ... သမီးတို့ဘကြီး တဲ့ ....း)

ပြီးခဲ့တဲ့ ရက်ပိုင်းက အသိတစ်ယောက်အိမ်ရောက်တော့
သူတို့မိသားစု ဒိန်းမတ်ရောက်ခါစက သူတို့အရင် အဲဒီ
အိမ်မှာ မိသားစု တစ်စု နေသွားတယ်၊ အဲဒီမိသားစုမှာ
ခွေးတစ်ကောင် ရှိတယ်၊ ခွေးသေသွားတော့ ခွေးကို ခြံထဲ
မှာ မြေမြုပ်လိုက်ကြပုံ ရတယ်။ အငယ်ဆုံးကလေးက ညဖက်
ဆို အိပ်ယာက ထပြီး အမေ ... ခွေးကြီးတစ်ကောင် သား
ကုတင်အောက်မှာ အိပ်နေတယ်လို့ ထထ’ယောင်တယ်။
အိမ်မွေးတိရိစ္ဆာန် သရဲတွေလည်း ရှိပါသေးလား ...း)

ဟိုတနေ့က အွန်လိုင်းပေါ်မှာ ညီငယ်တစ်ယောက်က လှမ်းမေး
ပါတယ်။ အကို ကြောင်တစ်ကောင် သေသွားရင် သရဲ ဖြစ်နိုင်
လားတဲ့ ....။ သူ့အခန်းထဲမှာ ညတိုင်း ကြောင်အော်သံ ကြား
နေရတယ်တဲ့။ သူ့အခန်းက အလုံ၊ အပေါက်တစ်ခုမှ မရှိဘူးတဲ့။
ဘယ်လို ပြန်ဖြေရမှန်းကို မသိတော့ဘူး။ သရဲ ... သရဲ ....
သရဲတွေ ...း)

ဒါနဲ့ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေကို ....
သရဲအကြောင်းလည်း ရေးပါ့မယ်။ ၂၀၁၀ မှာ ပြုလုပ်မယ်ဆိုတဲ့
ရွေးကောက်ပွဲ သရဲကိုလည်း လျစ်လျူမရှုကြပါနဲ့လို့ ...း)
သရဲအကြောင်းလည်း ဖတ်ကြပါ၊ အခြား တင်ပြချက်တွေ
လည်း ဖတ်ကြပါလို့ ….း)

21 comments:

Anonymous said...

မလေးရှား သရဲကို ပထမဆုံး ပြောပြပါ :P

မောင်ဦး

ကိုဇော် said...

တကယ်တော့ ဘလော့ရေးတယ် ဆိုတာ လွယ်တယ် မှတ်လို့။ ရေးနိုင်တယ် ဆိုရင် အပုဒ် ၃၀ လောက်တော့ ဖြစ်မြောက်အောင် ရေးပြပါဦးလို့ ဝေဖန်သူတွေကို ပြောချင်တယ်။ ဒါပေမဲ့လည်းလေ ဝေဖန်တယ် ဆိုတာ ဘုရားတောင်မှ မကင်းနိုင်ပါဘူး။ ကျနော်တို့က ဘာတွေ မို့လို့လဲ။ ဒါကြောင့် ပြောချင်တာ ပြောပါစေ။ တစ်ခုတော့ ရှိတယ် ကိုယ့်ဘလော့က ဇရပ်မှ မဟုတ်တာ။ ထင်သလို လာပြော ရေးတာတော့ မခံနိုင်ဘူးလို့ စိတ်ကို ပြောင်းထားလိုက်တယ်။

စိတ်ပါရာသာ ရေးပါ ကိုအောင်။ သူ့မှာ စိတ်ဝင်စားသူတွေ ဖတ်ပါလိမ့်မယ်။

Anonymous said...

သရဲက ကောင်းတယ် သတင်းတွေက အူနေဘီ :)

KS

khin oo may said...

သရဲနဲ့မျှားလို့လာဖတ်လိုက်မိတာ ဟင်း..

khin oo may said...

ဓါတ့်ပုံထဲက သရဲအကြောင်း မပြောနဲ့ ဒါတ်ပုံနဲ့တင်စိတ်ဝင်စားစရာကောင်းနေပြီ။

Anonymous said...

တစ်ရွာလုံး အပြုစားခံရတဲ့ ဇတ်လမ်း အရင်ဆုံး ရေးပါဗျာ ဖတ်ချင်လို့ အရမ်း စိတ်ဝင်စားပါတယ်

လေးစားလျက်
ဇော်ဦး

SHWE ZIN U said...

ဘယ်သူတွေ ဘာပြောပြော သရဲလေး ဘာလေး အကြောင်း ဖတ်ရမှ ရသတွေ ပြည့်စုံသွားသလိုဘဲ ရေးပေး ကိုအောင် အရင် ပိုစ်တွေလည်း ဖတ်တယ် ကော်မကောင်း လို့ မမန့်သွားခဲ့ရဘူး

သရဲအကြောင်းတွေ မျှော်နေမယ်
ရွာရွေ့တဲ့ အကြောင်းပြုစားခံရတဲ့ အကြောင်းလည်း ဖတ်ချင်တယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

သိင်္ဂါကျော် said...

အကျိုးမရှိမှန်း သိပေမယ့်လို့.. သရဲ အကြောင်းတော့ ကြိုက်တယ်... အိမ်ပြန်ရောက်ရင်လည်း သရဲအကြောင်း ပါတဲ့ magazine တွေ ဖတ်တယ်.. :D

မယ့်ကိုး said...

သရဲအကြောင်းကို အကျိုးမရှိဘူး လို့ ပြောရင် လက်မခံချင်ပါဘူး။ စာဆိုတာ ယူတတ်ရင် အသိတစ်ခုတော့ ရတာအမှန်ပါ။
အဲဒီသရဲဇာတ်လမ်းတွေကို ခေါင်းစဉ်တစ်ခုခွဲပေးထားတဲ့အတွက်လည်း အထူးကျေးဇူးတင်ပါတယ်။ ပြန်ဖတ်ချင်ရင် ရှာရတာ လွယ်လို့ပါ။

Anonymous said...

I wanna read GHOST story only.

T2A said...

သရဲဇာတ်လမ်းအသစ်တစ်ပုဒ်တော့ ဖတ်ရချည်သေးရဲ.ဆိုပြီးလာလိုက်တာဗျာ.........ဟင်းးးးးးးးးးးးးးးးးး။

YoungGun said...

တစ်ရွာလုံး ရွေ့သွားတဲ့အဖြစ်ကတော့ ရှာမှရှား ဖြစ်လောက်တယ်။ ဒီလောက် အဲလို ဇာတ်လမ်းတွေ ဖတ်လာတာ ဒါမျိုး မမြင်ဖူးသေးဘူး။ လုပ်ပါဦးဗျိုး

sosegado said...

တိရိစ္ဆာန်တွေ သရဲဖြစ်မဖြစ် စဉ်းစားစရာပဲ၊ ရွာပျောက်သွားတာတော့ စိတ်ဝင်စားတယ်ဗျို့။

အင်္ဂါဟူး said...

ဦးအောင့် ရေးပစ်လိုက် ရေးပစ်လိုက် ခမ်းကြမ်းကြမ်းကို ရေးပစ်လိုက်။ တို့ကတော့ ဖတ်သည်ပဲ။ ၀ိုင်းဒိုင်းကျဲ ပြီး လာဖတ်ဦးမှာ

ကောင်းမွန်ဝင်း said...

ကိုအောင်ရေ
မင်္ဂလာပါ။

သရဲကတော့ မကြိုက်ဘူးလို့သာပြောတာ။ မကြာခဏ ဖွင့်ဖွင့်ဖတ်တာ ကျွန်မပါ။

ခင်မင်စွာဖြင့်

ချော(အစိမ်းရောင်လွင်ပြင်) said...

စိတ်ဝင်စားစရာကောင်းရင်လာဖတ်မှာပါဘဲ
အရေးကြီးတာ သူများအတင်းအဖျင်း၊ မကောင်းကြောင်းတွေ မဟုတ်ရင် ပြီးတာပါဘဲကိုအောင်ရယ်
ဖတ်ကောင်းတာဆိုရင်တော့ စိတ်ဝင်တစားဖတ်ကြမှာဘဲဟာ
ရေးသာရေးပါ စောင့်ဖတ်ပါမယ်

Unknown said...

post နဲ့ တော့မဆိုင်ပါဘူး
မဟာဗန္ဒုလ ဟာ ဘာသာခြားမူစလင် လူမျိုးဆိုပြီးတော့ရှေ့ မှီနောက်မှီ လူကြီးတယောက်ပြောပြတာကြားဖူးပါတရ်..ဟုတ်ပါသလာ ?

ကိုအောင် said...

sawmimnminm ရေ ...
မဟုတ်ပါဘူး၊ ဗုဒ္ဓဘာသာ စစ်စစ်ပါ။

ူleo said...

ဒီနေ့တနေ့လုံးစာတွေလိုက်ဖတ်နေတာပါ..စိတ်ဝင်စားစရာကောင်းပါတယ်။ရန်ကုန်ဆေးရုံတခုက နံရံထဲကထွက်လာတဲ့သူရဲဆိုတာ ဖြစ်နိုင်ပါတယ်။ကိုယ်တိုင်ကြုံဘူးပါတယ်။ကျောက်ကပ်ဆေးရုံမှာပါ..အိမ်ကလူတွေကိုပြောပြတာကိုသူတို့ကပြောတယ
ဆီးအဆိပ်တက်နေလို့်စိတ်ကထင်တာပါတဲ့..

Anonymous said...

ကြိုက်တယ်ဗျိုး သ၇ဲေ၇ာ ဘာေ၇ာ အကုန်ဖတ်ပါ့မယ်

Anonymous said...

လူ့ အခွင့်အရေး အရ လွတ်လပ်စွာေ၇းပိုင်ခွင့်ရှိတယ်။
သရဲအခွင့်အရေး အရ ကန့် ကွတ်လာခဲ့ရင်တော့ မသိဘူး။ မဖတ်ချင်တဲ့မိတ်ဆွေ သရဲတွေကို လော်ဘီလုပ်ပါ သရဲစာရေးဆရာကို သရဲအစည်းအရုံးကနေ တရားဝန်ကန့် ကွက်ပါလို့ 