Tuesday, 21 September 2010

ဆံပင်ညှပ်သမား



ဟာလာဟင်းလင်းဖြစ်နေတဲ့ ဆံပင်ညှပ်ဆိုင်ထဲမှာ
ဆံပင်ညှပ်သမားတွေ အိပ်ငိုက်နေကြရဲ့။
ဆံပင်ညှပ်သူကို စောင့်ကြ၊ မျှော်ကြ။
တစ်ယောက်မှ မပေါ်လာ။
ပျင်းရိငြီးငွေ့မိ၊ ဘာမှလုပ်စရာမရှိ။
ဟိုလျှောက်သည်လျှောက် လမ်းသလားကြ။
သူတို့ဘာသာ မုတ်ဆိတ်ပြန်ရိတ်ကြ။
သူတို့အချင်းချင်း ပြန်ဆံပင်ညှပ်ပေးကြ။
အချင်းချင်း စကားမရှိ စကားရှာပြောကြ။
အိပ်ငိုက်ကြ၊ ဟောက်ကြ၊ ပြန်နိုးလာကြ။
မိုးကြိုးမုန်တိုင်းတစ်ခုလာနေပြီ။
အရာအားလုံးမှောင်ပြာ၊ ကြက်တွေတွန်။
ဆံပင်ညှပ်သမားတွေ ကြောက်လန့်ကုန်ကြ။
ဟိုပြေး၊ သည်ပြေး၊ ပြေးကြ။
မိုးကြိုးသံကို သင်တို့ကြားပါစေ။
ဆံပင်ညှပ်သမားတွေ ငိုကြ၊ တေးဆိုကြ။
ဆံပင်ညှပ်သမားတွေ ရူးသွပ်သွားကြ။
တိတ်ဆိတ်ငြိမ်သက်စွာ ရပ်သွားကြ။
ပြီးတော့ နှစ်ဆပြန်ပြီ၊ ကယောင်ခြောက်ခြားဖြစ်ကြ။ ။



ရေးသူ- ဂျူလီယန် ကြူဝင်း
(Julian Tuwim (September 13, 1894 – December 27, 1953))
ကဗျာဘာသာပြန်- ဆရာမြသန်းတင့် (၂၃.၅.၁၉၂၉- ၁၈.၂.၁၉၉၈)

(မှတ်ချက်။ ။ ၁၉၂၆ ခုနှစ်တွင်၊ ပိုလန်နိုင်ငံသား ဂျူးလူမျိုး
ကဗျာဆရာ ဂျူလီယန် ကြူဝင်းသည် အဲဒီခေတ်အဲသည့်
အခါက ပိုလန်လွှတ်တော်ထဲတွင် ထိုင်နေသည့် နိုင်ငံရေးသမား
များအား ရည်ညွှန်းစပ်ဆိုခဲ့သည့် ကဗျာဟု လူသိများပါသည်။
နောက်ပိုင်းတွင် “လူရွှင်တော် ချာလီချက်ပလင်” အား ရည်ညွှန်း
ခဲ့သည်ဟု သိရပါသည်။ ဆရာမြသန်းတင့် ဘာသာပြန်သော
လူများ၊ သက္ကရာဇ်များ၊ဘ၀ (၁၉၂၁- ၁၉၄၁) မှ ကူးယူ ဖော်ပြ
ပါသည်။ စာမျက်နှာ- ၂၇)


13 comments:

Anonymous said...

ဒါမျိုးလေးတွေ များများတင်ပါဗျို့
လေးစားလျက်

MMS ..

ကိုဇော် said...

ကောင်းလိုက်တဲ့ အတွေးလေး..

Anonymous said...

ဒီကဗျာက အနုပညာရော နိုင်ငံရေးရော နှစ်ဖက်စလုံးကို မြောက်တဲ့ ကဗျာပဲ ...

ခင်လျက်
ကိုစိုင်း

ကိုချစ်ဖေ said...

ကိုအောင်ရေ နှစ်သက်ရာ ဖတ်စရာလေးများရှိရင် တင်ပေးပါဦးဗျာ.ရှာဖတ်ဖို့က မလွယ်လှတော့ ကျေးဇူးအထူးတင်ပါတယ်ဗျားးးးးးးးးးးး

ရွှေရတုမှတ်တမ်း said...

ကျနော်ကတော့ နားဝေးတယ်ကိုအောင်ရေ..
ဘာအဓိပ္ပါယ်မှန်းကိုမသိဘူး..ဆံပင်ညှပ်တဲ့သူတွေ ကာလသားချက်ဖို့ ကြက်လိုက်ဖမ်းတာ ..ဆိုရင်တော့ ..ရိပ်မိသလိုလို ရှိသေး..
အဟိး...ကဗျာတော့ လုံးဝမခံစားတတ်ဘူး..

ယောနက်သန် said...

ပြန်လည်ဝေမျှတဲ့အတွက်ကျေးဇူးပါ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကဗျာလေး လာဖတ်တာပါ ကိုအောင်
ချာလီချက်ပလင်တော့ အရမ်းကို ကြိုက်နှစ်သက်မိတယ်..
စကားလုံးမပါဘဲ ရယ်အောင်လုပ်နိုင်တဲ့နေရာမှာ ပြိုင်စံရှားပါဘဲ

Gyidaw said...

Good poem,great thought.Thanks for sharing.

Gyidaw said...

Good poem,great thought.Thanks for sharing.

Gyidaw said...

Good poem,great thought.Thanks for sharing.

Anonymous said...

Good poem,great thought.Thanks for sharing.

ကောင်းမွန်ဝင်း said...

ကောင်းလိုက်တဲ့ ပို့စ်လေး။
မျှဝေပေးတာကျေးဇူးတင်ပါတယ်ရှင်။

ခင်မင်စွာဖြင့်

tin min htet said...

တနေ့ကတည်းက လာဖတ်ဖြစ်ပါတယ်။ စကားလုံး ခပ်ရိုးရိုးနဲ့ သရော်တော်တော် ရေးထားတာ တော်တော်ထိတာပဲ။