Tuesday, 7 September 2010

ဟင်္သာတို့၏ ငိုရှိုက်သံ



ဂေါ့ဖားသားက
အသက်ကြီးလာရင် ပင်စင်ယူသေးတယ်
ဘောင်းဘီဝတ်သော မာဖီးယားအား
အလေးပြုနေရသည့် လမ်းမများ
အဲဒါ …
ဘာသာတရား အထွန်းကားဆုံး … တဲ့လား
အယဉ်ကျေးဆုံး … တဲ့လား
ချာလီလပ်ကီးလူချီရာနို ရေ ….
မင်းထက် ပိုမိုက်ရဲတဲ့သူတွေများနေလို့
ထန်းခေါက်ဖာလေး ပျောက်ခဲ့တဲ့
ကိုယ်တော်မှိုင်းနဲ့အတူ
ဥဿာက ပြန်ပါနော် …။ ။


-စစ်ငြိမ်းဒီရေ


13 comments:

Anonymous said...

ခေတ်ကို လည်းထင်ဟပ်တယ်။ အနုပညာလည်း ပါတယ်။ ကူးယူသွားပါတယ် .. ကိုအောင်။

tin min htet

YoungGun said...

လူဖြစ်ရတာ စိတ်မကောင်းသလို

မေဓာဝီ said...

ဥဿာမြေမှာ စွန်းပေခဲ့တဲ့ သွေးတွေ ...
ထာဝရ ပျောက်ဆုံးသွားတဲ့ ထန်းခေါက်ဖာလေးတွေ ...
ငိုရှိုက်နေတဲ့ ဟင်္သာတို့ရဲ့ မျက်ရည်တွေ ...
အဲဒါတွေအားလုံးအတွက် သူရဲကောင်း ၄ ယောက်ရှိရင် လုံလောက်မယ် ထင်ရဲ့။

နွေဆူးလင်္ကာ said...

ထန်းခေါက်ဖာ မဟုတ်ဘူးလားဗျ ..

ကိုအောင် said...

ဟုတ်တယ် ကိုနွေဆူး၊ မြန်မာစာလုံးပေါင်း
သတ်ပုံကျမ်းထဲမှာတော့ ကိုနွေဆူးပြောသလို
“ထန်းခေါက်ဖာ”လို့ ရေးထားတယ်၊
ကျနော်က ဖတ်တော့ အသံ၊ ရေးတော့
အမှန်မှာ ကဗျာရွတ်မှုဖက်ကို ဆွဲချလိုက်တာ၊
ကန့်ကွက်မယ်ဆိုရင်တော့၊ ရေးထားတဲ့
“တခေါက်ဖာ”ကို “ထန်းခေါက်ဖာ” လို့
ပြောင်းပါ့မယ်၊ အခုလို ကူညီထောက်ပြတာ
ကျေးဇူးပါ။

ကိုမင်းထက်ရေ ...
ကူးယူလို့ အဆင်မပြေရင် ပြောပါ၊ အီမေးလ်
နဲ့ ပို့ပေးပါ့မယ်၊ အီမေးလိပ်စာ ထားခဲ့ပေးပါ။

ရွှေရတုမှတ်တမ်း said...

မာဖီးယားဂိုဏ်းက ရမ်းကားနေတာကြာလေလှပေါ့.
ဒါထက်စကားမစပ်..ထန်းခေါက်ဖာနဲ့ အနှိပ်ခန်းကဖာ ဘာကွာလဲ....ထည့်လို့ရကြတာချည့်ပဲမို့လား...

ချော(အစိမ်းရောင်လွင်ပြင်) said...

ကဗျာလေး သဘောကျတယ်
ထပ်ခါထပ်ခါ ဖတ်ဖြစ်တယ် ကိုအောင်
အဓိပ္ပါယ်တွေ အများကြီး ..............

yawnetthan said...

ကဗျာလေးကောင်းတယ်။ ဖတ်သွားပါတယ်။

မိုးယံ said...

ရင်ကို တိုက်ရိုက်ထိမှန်သည်။ လွမ်းသလို ဆွေးသလို ဖြစ်နေတုန်း ဘကျောက်ရဲ့ မှတ်ချက်ကို ကြည့်မိတော့ ဟာသရသ ပါ ခံစားရသည်။

ငြိမ်းချမ်းပါစေ
မိုးယံ

Anonymous said...

အဲဒီဘကျောက် အတော်ဆိုးတယ်။ ကဗျာတွေ လိုက်ဖျက်နေတာ .. လူဆိုးကြီးးးး

SHWE ZIN U said...

ကိုအောင် ရေ

အမှတ်တရ ပါ အခုတော့ အားလုံးဟာ နေမြဲ နေမြဲ ပါဘဲ

သြ လူဆိုးကျောက် ကို သတိပေးလိုက်ပါအုန်း

ခင်မင်စွာဖြင့်
ရွှေစင်ဦး

မြစ်ကျိုးအင်း said...

မာဖီးယားတွေက ဘောင်းဘီဝတ်တယ်တဲ့လား...
ခုတော့ ဘောင်းဘီချွတ်တော့မယ် ထင်တယ်ဗျ။

ကိုဇော် said...

မာဖီးယားဂိုဏ်းဝင်တော့ မဟုတ်ဘူး။ ဒါပေမဲ့ မာဖီးယားဂိုဏ်းထက် ဆိုးသူတွေလည်း ရှိပါ့ဗျာ။ မျက်စိတဆုံးမဟုတ်ဘူး မျက်စိတစွေနဲ့တင် မြင်သာပါတယ်။