ပြည်ပရောက် မြန်မာဘလော့ဂါအသိုင်းအ၀ိုင်းမှာ ကျနော့်
ထက် စောပြီး ဘလော့စ’ရေးတဲ့ ဘလော့ဂါတွေ၊ ကျနော်နဲ့
အတူ ဘလော့လောကထဲ အတူတူ ၀င်လာခဲ့တဲ့ ညီအကို
မောင်နှမတွေ၊ ကျနော့်ထက် အချိန်ကာလ နောက်ကျပြီး
ဘလော့စရေးတဲ့ ညီအကိုမောင်နှမတွေ ဘယ်သူတော့
အရေး ကျဲသွားပြီ၊ ဘယ်သူတော့ ဆက်မရေးတော့ဘူး၊
ဘယ်သူတော့ အရင်ထက် ရေးအား ပိုကောင်းလာတယ်
သတိထားမိပါတယ်။
ကျနော်တို့ထဲက “ချစ်တဲ့မနောမြေ” ဘလော့ကို ရေးသားနေတဲ့
ဘလော့ဂါ ကိုဒူကဘာ တစ်ယောက် ပို့စ်အသစ်တွေ မတင်ပါလား
လို့ တလောက ကျနော် စပြီး သတိထားတယ်။ ကမ္ဘာ့ဖလား
ဘောလုံးပွဲတုန်းက တက်ဂ်ဂိမ်းရေးဖို့တောင် သူ့ကို တက်ဂ်
ခဲ့ပါတယ်။ ကိုဒူကဘာက အလုပ်ကိစ္စတွေများနေလို့ တက်ဂ်
ဂိမ်းရေးပေးဖို့ မအားလပ်ကြောင်း ကျနော့်ကို ဂျီမေးလ်မှာ
စာပြန်ပါတယ်။ အဲဒီနောက် သူ့ဘလော့က ပို့စ်အသစ်လည်း
တက်မလာ၊ သူလည်း ပျောက်ချင်းမလှ ပျောက်နေပါတယ်။
ဒါနဲ့ မဟုတ်သေးဘူး တစ်ခုခုများ ဖြစ်နေသလားလို့ သူနဲ့
ရင်းနှီးတဲ့ “လူထုအသံ” မီဒီယာဖက်က လူတွေထံ လျှောက်
မေးကြည့်ပါတယ်။ သူတို့လည်း အဆက်အသွယ် ပြတ်တောက်
နေကြောင်းပဲ ပြောကြပါတယ်။
ဒီနေ့မနက်ပိုင်း ဂျီမေးလ်မှ ကိုမင်းကျော်ထံ လှမ်းမေးပြီး
ကိုဒူကဘာ'ဖုန်းနံပါတ်များ ရှိလားလို့ မေးကြည့်ပါတယ်။
ရလာတဲ့ ဖုန်းနံပါတ်နဲ့ ကျနော်နေတဲ့ ဒိန်းမတ်နိုင်ငံ စံတော်ချိန်
(GMT+1) က နေ့လည် 1:40 pm မှာ ကိုဒူကဘာထံ
ဖုန်းခေါ်ကြည့်တော့ သူနဲ့ ဖုန်းပြောဖြစ်ခဲ့ပါတယ်။ ကိုဒူကဘာ
နေထိုင်တဲ့ အမေရိကန် ဒေသရဲ့ စံတော်ချိန်က မနက်အစော
ကြီး လေးနာရီခွဲ ဖြစ်နေပါတယ်။ (၉)နာရီနီးပါ ကွာပါတယ်။
အကိုကြီး ကိုကြီးကျောက်(ရွှေရတု မှတ်တမ်း) ဆေးရုံပေါ်
စတင်တက်ခဲ့တဲ့ ကာလမှာ “ချစ်တဲ့မနောမြေ” ဘလော့ပိုင်ရှင်
ကိုဒူကဘာတစ်ယောက် ဆေးရုံမှာ ခွဲစိတ်ကုသမှု လုပ်ခဲ့ရတယ်
လို့ သိရပါတယ်။ အခုတော့ နေ့စဉ်နဲ့အမျှ ညွှန်ကြားထားတဲ့
ဆေးတွေ ဆက်လက် သောက်နေရပါတယ်။ ကျန်းမာရေး
အခြေအနေကတော့ တော်တော်လေး သက်သာလာပြီလို့
သိရပါတယ်။ စိတ်မကောင်းစရာ သတင်းကတော့ ကိုဒူကဘာ
ရေးသားခဲ့တဲ့ “ချစ်တဲ့မနောမြေ”ဘလော့ဟာ
http://chittemanawmyae.blogspot.com/
ကိုဒူကဘာ ဆေးရုံ တက်နေရစဉ် ကာလအတွင်း ဘယ်သူ
ဘယ်ဝါရဲ့ လက်ချက်မှန်းမသိ ဖျက်ဆီးခြင်း ခံလိုက်ရပါတယ်။
မကြာခင် ကာလမှာ အကို ကိုဒူကဘာတစ်ယောက် ကျန်းမာရေး
ပြန်လည် ကောင်းမွန်လာတဲ့အပေါ် မူတည်ပြီး ဘလော့
ပြန်ရေးမယ်လို့ သိရပါတယ်။
ကိုဒူကဘာ ဖုန်းနံပါတ်က …
+1 971 678 0180 ဖြစ်ပါတယ်။ အာရှဖက်က ဖုန်းခေါ်
မယ်ဆိုရင် ညဖက် ၁၂ နာရီ ပတ်ဝန်းကျင်၊ ဥရောပဖက်
က ဖုန်းခေါ်မယ်ဆိုရင် ညနေ ၅နာရီ ၀န်းကျင်လောက်ဆို
အဆင်ပြေမယ်လို့ ထင်ပါတယ်။
“ဘလော့ဂါ ကိုဒူကဘာတစ်ယောက် အမြန်ဆုံး ကျန်းမာ
ပျော်ရွှင်ပါစေ …. ”
-စစ်ငြိမ်းဒီရေ
My Crush .....(2)
1 day ago
18 comments:
ကိုဒူကဘာ ကျန်းမာရေး အမြန်ကောင်းပါစေလို့ ဆုတောင်းပေးသွားပါတယ် ကိုအောင်ရေ...
ဟုတ် အမ၊ မချစ်ကြည်အေး ကော်မန့်လာရေး
မှ ကျနော် ရေးထားတာ ကိုဒူကဘာကို ကိုဒူကမ္ဘာ ဖြစ်နေမှန်း သတိထားမိတယ်၊
ကျေးဇူးပါ အမရေ။
ဟာ....ဒူကဘာကြီး နဲ့ နေမကောင်းလို့ ဖုန်းမပြောဖြစ်တာ ၂ လလောက်ပဲရှိသေးတယ်...သူ့ကို စာတပုဒ်ရေးပေးဖို့တောင် အကြွေးကျန်နေသေးတယ်..
သူနေမကောင်း တာမသိလိုက်ဘူး ၊ အလုပ်များနေတယ်လို့ထင်နေတာ၊ ကိုထွန်း(heart museaun) လဲမသိလို့ထင်ပါရဲ့ ဘာမှမပြောဘူးခုမှအကြိုးအကြောင်းသိရတယ်...
ဒူကဘာကြီး...အမြန်ကျန်းမာပါစေဗျာ...
ကိုဒူကဘာကြီး ရေးတာတွေ သဘောကျလို့ သူ့ဆီလည်း သွားဖတ်ဖြစ်နေတာ ပျောက်နေတာ ကြာပြီလို့တော့ တွေးမိသေးတယ် တကယ် ..ခု သတင်းပေးတာ ကျေးဇူးပါ ကိုအောင် ... ဘယ်နှယ့် အမေရိကား က လူတွေ ချည်း နေမကောင်းဖြစ်နေပါလိမ့် .. ကိုဒူကဘာကြီး မြန်မြန်သက်သာ ပျောက်ကင်းပြီး စာတွေ မြန်မြန်ရေးနိုင်ပါစေ ....
mie nge
အယ် ဦးသားငယ်ကြီး နေမကောင်းဖူးလား
အမြန်နေကောင်းဖို့  ဆုတောင်းပေးပါတယ်
သူ့ ဘလောဂ့်ကို ၀င်မရတာတော့ သတိထားမိတယ်
လေးစားစွာဖြင့်
ရုံလေး(မြူးသျှရီ)
စာရေးကောင်းတဲ့ ကိုဒူကဘာတယောက် ပျောက်နေတာ ဒါကြောင့်ကိုး။ အမြန်ဆုံးသက်သာကျန်းမာပါစေလို့ ဆုတောင်းပေးကြောင်း တဆင့်စကား ပါးပေးကြပါရှင်။
ဘလော့ဂါတွေအားလုံး ရောဂါဘယကင်းဝေးစွာ ဘလော့ဂင်းနိုင်ကြပါစေ ... ။
ဖြစ်မှ ဖြစ်ရလေ..
ဘယ်သူကများ ဖျက်သွားတာပါလိမ့်။
အခု နောက်ပိုင်း အတုအယောင်တွေ အရမ်းများလာတယ်။
ကိုဒူကဘာ ရေးတဲ့စာကို ဖတ်ဖူးပါတယ်..ရယ်ရလို.သဘောကျပါတယ်...
နေကောင်းပါစေ.
sv
ကိုအောင် ရေ
ကိုဒူကဘာ ပျောက်နေမှန်း သတိထား မိတာကြာပြီဗျ စကားမစပ် မိလို့ မြန်မြန်နေကောင်းပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ကိုအောင်ခင်မြင့်ကျေးဇူးကြောင့် ကိုဒူဂဘာကြီးနဲ့ စကားပြောခွင့်ရတယ်။ ကိုယ်ချစ်ခင်လေးစား မြတ်နိုးတန်ဘိုးထားတဲ့ သူတွေရဲ့ အသံကိုကြားရတာ အားရှိစရာပါ။ ကိုဒူ့လဲ တတ်သရွေ့ မှတ်သရွေ့တော့ အားပေးနှုတ်ခွန်းဆက်လိုက်ပါတယ်။ ပြီးတော့... ကိုဒူဂဘာတယောက် အမြန်ပြန်လည် နလံထ လာပါစေ လို့ ရင်ထဲက ဆုတောင်းပတ္ထနာ ပြုအပ်ပါတယ်။ ကိုဒူဂဘာ ကျန်းမာရွှင်လန်းချမ်းမြေ့လှစွာ စာကောင်းပေမွန်များ ဆထက်တံပိုး တိုးရေးနိုင်ပါစေ။
ချစ်ခြင်းမေတ္တာအားဖြင့်...
ဇော်မျိုးလွင်
ကိုဒူကဘာ ရဲ့စာတွေ ဖတ်ဖြစ်ပါတယ်..။
အမြန်ဆုံးကျမ်းမာပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။
နေကောင်းပါစေလို့ ဆုတောင်းပေးကြောင်း စကားပါးပေးပါဗျာ။ ပျောက်နေတာကြာလို့ တခါတောင် သွားအော်ထားခဲ့သေးတယ်။ ကိုပြူလဲ ကျမ်းမာရေးသတိထားဗျ။ ကလူသစ်ကတော့ တိန်တိန်မြည်ပဲ။
ုတို့လဲဆုတောင်းပေးပါတယ်။အ မြန်ဆုံးကျန်းမာသက်သာဝေဒနာကင်းရှင်းပါစေလို့။ သူရေးတဲ့စာတွေါကြိုက်ပါတယ်။ လားရှိုးသိန်းအောင်အကြောင်းရေးထားတာတောင်မဖတ်မိလိုကသေးတယ်
ကိုဒူကဘာရဲ့ ဘလော့ကို မကြာခနရောက်ဖြစ်ပါတယ်.. ကချင်ပြည်နယ်သားချင်းမို့ ပိုပြီး သတိထားမိတာပါ။ အမြန်ဆုံးနေကောင်းကျန်းမာပါစေလို့ ဆုတောင်းပေးမိပါတယ်..
ဘလော့ဂ်အဖျက်ခံရတာရော လူနေမကောင်းတာပါ သိတောင်မသိလိုက်ဘူး ပို့စ်မတင်တာ ကြာပြီဆိုတာတော့ သတိထားမိတယ်။ ကြားရတာ စိတ်မကောင်းဘူး။ မြန်မြန်နေကောင်းပြီး အသစ်ပြန်တင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
ကိုmk ကိုမေးတော့ သူလည်း အဆက်အသွယ်ပြတ်နေတယ် ပြောတာနဲ့ ခရီးထွက်သွားတာများ ဖြစ်နေမလား ကျန်းမာရေးကြောင့်လား မသဲကွဲခဲ့ဘူး။
တော်သေးတာပေါ့ဗျာ ခွဲစိတ်ပြီးလို့ နားနေတဲ့ အဆင့်ရောက်နေပြီဆိုလို့။
ကျနော်တို့ရဲ့ အကိုကြီး အမြန်ဆုံး ပြန်လည် လန်ဆန်း သက်သာပါစေဗျာ
အေးဗျာ မြန်မြန် ကျန်းမာပါစေ ....
ချစ်တဲ့ကိုဒူကဘာ
အမြန်ဆုံးကျန်းမာလာနိုင်ပါစေခင်ဗျာ
Post a Comment