Friday, 3 September 2010

လေးထောင့်ကွက် အတွေ့အကြုံတချို့

အမကြီး မခင်ဦးမေနဲ့ ဂျီမေးလ်မှာ တွေ့ဆုံနေကြ ရင်းနှီးတဲ့
မိတ်ဆွေတချို့က ပြီးခဲ့တဲ့ ဘလော့ဂါဒေးမှာ ကျနော် ရေးတာ
ကို ဆက်ရေးဖို့ တိုက်တွန်းကြပါတယ်။ ဘလော့မှာ ကြုံတွေ့
ရတဲ့ အခက်အခဲတွေက ဘလော့တိုင်း ဘလော့ဂါတိုင်းမှာ
ရှိပါတယ်။ ကျနော် တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။



နည်းပညာ အခက်အခဲကို ဘလော့တိုင်း ရင်ဆိုင်ရပါတယ်။
ကျနော်တို့က မြန်မာပြည်ပြင်ပက စာဖတ်ပရိတ်သတ်အပြင်
ပြည်တွင်းကနေ စာလာဖတ်မယ့် ပရိတ်သတ်လည်း လိုချင်
ပါတယ်။ မျှော်လည်း မျှော်လင့်မိပါတယ်။ ဘလော့ နောက်ဆုံး
ပို့စ်ရဲ့ လင့်ခ် တစ်ခုတည်းကနေ ဘလော့လင့်ခ်ဆီ လာရင်
တော့ ပြဿနာ သိပ်မရှိပါဘူး။ ဒါလည်း အတိအကျ ပြောဖို့
ခက်ပါတယ်။ စာမျက်နှာရဲ့ side bar တွေမှာ ချိတ်ဆွဲထားမှု
အလေးအလံပေါ် မူတည်ပြီး အခက်အခဲတော့ ရှိနိုင်ပါတယ်။
အင်တာနက်နှုန်း အမြင့်စားကို သုံးရင်တော့ လွယ်မှာပါ။ ကော်နက်
ရှင်း ခပ်နည်းနည်း နေရာက လာမယ်၊ side bar မှာလည်း
အရမ်းလေးနေမယ်ဆိုရင် အဲဒါဟာလည်း ပြဿနာ တစ်မျိုးပါ။
(ပြည်ပက ဘလော့ဂါများကို ဆိုလိုချင်တာ ဖြစ်ပါတယ်*။)

ပင်မ စာမျက်နှာတစ်ခုမှာရော ဘလော့တစ်ခု အနေနဲ့
ပို့စ်အရေအတွက် ဘယ်အထိ ထားသင့်ပါသလဲ ….???
ကျနော်ကတော့ (၆)ခုအထိပဲ ထားပါတယ်၊ ပင်မစာမျက်နှာ
ဖွင့်ဖို့ အချိန် အတိုင်းအတာ တစ်ခုအထိ ပေးရမယ်ဆိုရင်
စာလာဖတ်တဲ့ ပရိတ်သတ်၊ ဘလော့လာကြည့်တဲ့ လူဟာ
စိတ်တို သွားမလားလို့ …. :P
နည်းပညာနဲ့ ပက်သက်ပြီး ကိုမင်းကျော်တို့၊ ကိုလင်းထက်
တို့ကို ကျနော်လည်း မကြာခဏ အပူကပ်ပါတယ်။ အကူအညီ
လိုသူများ သူတို့ဆီ ကြွကြပါ၊ ကျနော်က လွှတ်လိုက်တယ်လို့
မပြောနဲ့နော် …. :P

မြန်မာလူမျိုး အားလုံးနီးပါးရဲ့ ကွန်ပြူတာတွေမှာ မြန်မာဖောင့်
တွေ ထည့်သွင်းထားလေ့ရှိပါတယ်။ EOT လုပ်သင့်တယ်လို့
ကျနော်တော့ ထင်ပါတယ်။ တခါတလေ အခက်အခဲ တစ်ခုခု
ကြောင့် မြန်မာဖောင့်မရှိတဲ့ ကွန်ပြူတာကနေ ဘလော့ဆီလာရင်
အမှန်တရား ရေးထားလည်း လေးထောင့်ကွက်ပဲ တွေ့သွား
လို့ လေးထောင့်ကွက်တွေက ပြောတဲ့ အမှန်တရား ဖြစ်သွား
မလားလို့ပါ …. :P

ဘလော့တစ်ခုကို ဖွင့်လိုက်တဲ့အချိန်မှာ သီချင်းသံတစ်ခု
“ဂွမ်း”ကနဲ ထွက်လာမယ်ဆိုရင် ဘယ်လိုများ နေကြမလဲ။
Play ခလုတ်ကို နှိပ်လိုက်လို့ သီချင်းသံ ထွက်လာတာမျိုး
မဟုတ်ပဲ auto play မျိုး ဆိုရင်တော့ … ဆိုရင်တော့ ….
ကောင်းပါတယ်လို့ ပြောမလို့ပါ …. :D :P

ကျနော်ဘလော့ လုပ်ခါစ ကျနော့်ဘလော့ကို စာဖတ်သူ
သိအောင် ဘယ်လို ဖြတ်သန်းရသလဲဆိုတာ အရင်ပို့စ်မှာ
ကျနော် ရေးခဲ့ပါတယ်။ ကိုယ့်ဘလော့နဲ့ အခြားဘလော့
တွေကြားမှာ ဆက်သွယ်ရေး လမ်းကြောင်းတစ်ခုတော့
အမှန်တကယ် ရှိသင့်ပါတယ်။ ပတ္တမြားမှန်ရင် နွံမနစ် ဘူးဆိုတဲ့
အယူအဆကတော့ ဟုတ်ပါတယ်။ သို့ပေမယ့် အင်တာနက်
ပေါ်မှာ ရေးတဲ့စာနဲ့ ပုံနှိပ်စာတွေ ကြားမှာ ကွာခြားမှုတွေ ရှိ
ပါတယ်။ အခြားဘလော့ရေးသူများနဲ့ နွေးထွေးတဲ့ ဆက်ဆံ
ရေး အခြေအနေတစ်ရပ် ရှိသင့်တယ်လို့ ထင်ပါတယ်။
ဘလော့ဂါတွေကြားမှာ လူသိများ ထင်ရှားသူများဟာ
စာရေးကောင်းရုံ တင်ပြမှုကောင်းရုံနဲ့တော့ မပြီးသေးပါ။
ပီယ၀ါစာ နူတ်ဆက်မှုတွေ လိုအပ်တယ်လို့ ကျနော်
ထင်ပါတယ် …. :D

ကျနော့်ဘလော့မှာ ဟိုအရင် ရေးခဲ့တဲ့ စာတွေထဲက
တချို့ကို အခုအခါ ပြန်ဖတ်ပြီး စိတ်ဆင်းရဲ မိပါတယ်၊ တကယ်
ပါ။ … ငါ ဘာဖြစ်လို့များ တင်လိုက်မိသလဲလို့ နောင်တလည်း
ရမိပါတယ်။ တချို့ကိုတော့ ပို့စ်အဖြစ်ကနေ ပြန်ပြီး ဖြုတ်ပြစ်
ပါတယ်။ ဒေါသထွက်နေတဲ့အချိန်၊ စိတ်အရမ်း လှုပ်ရှားနေ
ချိန်မှာ ရေးမိတဲ့ ပို့စ်ကို သတိထားသင့်ပါတယ်၊ ဇွတ်ပြီး မတင်
သင့်ပါဘူး၊ ကျနော်တို့ရဲ့ လွတ်လပ်ခွင့်က ကျနော်တို့ကို ပြန်
ပြီး ခြံစည်းရိုး ခတ်သွားနိုင်ပါတယ် ….။

ကျနော်ရဲ့ ရေးသားမှုများမှာ ယနေ့အချိန်အထိ “ပြောဟန်”
နဲ့ “ရေးဟန်” ရှုပ်ထွေးမှုများ ရှိနေတာကို ကျနော် ၀န်ခံ
ပါတယ်။ ဘလော့ဂါများဟာ စားဝတ်နေရေးတဖက်နဲ့ စာရေး
နေသူ များပါတယ်။ အချိန်လုပြီး စာရေးနေရတဲ့လူက အများစု
ပါ။ စာရေးကျွမ်းကျင်တဲ့ ဘလော့ဂါ အနည်းစုမှ လွှဲရင် ကျနော်
အပါအ၀င် အများစုဟာ ဇာတ်ကြောင်း ပြန်ပြောဟန်နဲ့ ဇာတ်
လမ်းတွေ တည်ဆောက်ရသူ များပါတယ်။ ၀တ္ထုပုံစံ တည်
ဆောက်မှုတွေမှာလည်း ဇာတ်ကောင်ရဲ့ သရုပ်ခွဲနိုင်မှုတွေ
လုပ်ဖို့ အချိန် ဆင်းရဲပါတယ်။ ကျနော့်ရဲ့ သရဲဇာတ်လမ်း
တချို့မှာ ဇာတ်ကောင် အထီးနဲ့ အမတွေရဲ့ ပြောဟန်စတိုင်
ဟာ သိပ်ပြီး ကွာခြားမှု မရှိပါဘူး။ ဇာတ်ကောင်ရဲ့ စရိုက်ကို
ကြိုတင် အကွက်ချဖို့ ကျနော့်မှာ လိုအပ်ချက်များစွာ ရှိပါတယ်။

ရံဖန်ရံခါ အင်တာနက် အွန်လိုင်းတွေပေါ်မှာ ဖြစ်ပွားလေ့ရှိတဲ့
အငြင်းပွားဖွယ် ပြဿနာတွေကြား ဘလော့ဂါတွေ ကြားညှပ်
တတ်ပါတယ်။ ပြဿနာများဟာ အဖြေမှန်ကို ချက်ချင်း မပေး
နိုင်ပါဘူး။ တချို့ပြဿနာများဟာ အချိန်က ဆုံးဖြတ်လေ့
ရှိပါတယ်။ လတ်တလော ဆုံးဖြတ်ချက် ကောက်ချက်တွေ
ကြောင့် နာမည်ပျက်သလိုလို ဖြစ်လေ့ရှိတတ်ပါတယ်။ နောင်
ရေရှည်မှာ ပြဿနာရဲ့ အဖြေမှန် ထွက်လာသည် ဖြစ်စေ၊
မထွက်လာသည် ဖြစ်စေ မိမိတို့ရဲ့ ဘလော့ဂါအဖြစ်ကို စွန့်ခွာ
မသွားသင့်ပါဘူး။ ပြဿနာထဲ ကြားညှပ်သွားလို့ စာဖတ်
ပရိတ်သတ် ယာယီ ကျဆင်းသွားလည်း စိတ် မထိခိုက်သင့်
ပါဘူးလို့ ထင်ပါတယ်။ ဥပမာ … ကျနော် ဒိန်းမတ်က CO2
ဆန္ဒပြဖို့ ဝေဖန်စာ ရေးတယ်၊ ကျနော့် C-Box ဗုံးကျဲခံရတယ်၊
ဖြစ်ဖြစ်ချင်း နှစ်ပတ်လောက်တော့ စာဖတ်သူ ထိုးကျသွား
တာပေါ့၊ အခုတော့လည်း အရာရာ ငြိမ်းချမ်းလျက်ပါ …. :D


-စစ်ငြိမ်းဒီရေ

17 comments:

သိင်္ဂါကျော် said...

မြန်မာနိုင်ငံက blogger တွေ အတွက် အခက်အခဲတွေက ပိုများပါတယ်.. နယ်ကနေ.. ဆိုင်ကနေ post တင်ဖို့ အတွက်ဆိုရင် အထူးသဖြင့် ပုံတွေများများ တင်ဖို့ ဆိုရင် တော်တော်ကို ကြိုးစားရပါတယ်.. အမြဲရေးနေတဲ့ မြန်မာက blogger တွေ ဆိုတာလည်း မြန်နှုန်းကောင်းတဲ့ ရုံးတွေ ကျောင်းတွေမှာ သုံးနေတဲ့ လူတွေ များပါတယ်.. blog ကို ချစ်မြတ်နိုးတော့လည်း အခက်အခဲကြားကပဲ သွားလာ လည်ပတ်နေရတာပါပဲ..။

ကိုအောင်(ပျူနိုင်ငံ) said...

ဟုတ်ကဲ့၊ ကျနော် စာရေးတာ ကျန်သွားပါတယ်၊
ကျနော် ဆိုလိုတာလည်း ပြည်ပက မြန်မာ
ဘလော့ဂါတွေရဲ့ side bar လေးလံမှု၊ ပင်မ
စာမျက်နှာတွေများ လေးလံနေသလားလို့
ဆိုလိုချင်တာပါ ခင်ဗျာ။

မေဓာဝီ said...

ကျမ မြန်မာပြည်မှာနေတုန်းက ပို့စ်တခုတင်ဖို့ အချိန်တော်တော်ပေးရတယ်။ ကွန်နက်ရှင်ကြောင့်ပါ။ ဒါတောင် တနေ့တပုဒ် မဖြစ်ဖြစ်အောင် မှန်မှန်တင်ခဲ့တယ်။

နည်းပညာကတော့ ကျမက ဘာမှ နားမလည်လို့ နားလည်သူတွေကိုပဲ အကူအညီတောင်းရပါတယ်။ ကျမဘလော့လဲ မြန်မာဖောင့်မရှိတဲ့နေရာကဆို လေးထောင့်ကွက်တွေပဲ မြင်ရတယ်တဲ့။ တတ်နိုင်ဘူး ကိုယ်လဲ လုပ်မှ မလုပ်တတ်ဘဲကိုး။ လုပ်ပေးသူကိုလဲ အပူခဏခဏ မကပ်ချင်ဘူး အားနာတယ်။ ဘလော့ဖွင့်လိုက်လို့ သီချင်းသံကြီး ဗြုန်းခနဲထွက်လာတာတော့ ကျမလဲ သဘောမကျဘူး။ တခါတလေ ခိုးဖွင့်ရတာဆိုတော့ လူမိသွားမှာ စိုးလို့ပါ။

ခုလို ကိုအောင်ရဲ့ အတွေ့အကြုံလေးတွေ မျှဝေပေးတာ ကောင်းပါတယ်။ အငြင်းပွါးဖွယ် ကိစ္စကတော့ ရှောင်နိုင်ရင် ရှောင် .. မရှောင်နိုင်လဲ တည့်တည်း တိုးကြတာပေါ့။ မကောင်းဘူးလား။ :P

မောင်မျိုး said...

ပီယ၀ါစာ ဖြစ်အောင် ပီကယ်ဝါးပြီး ပို့စ်တင်ရင် ကောင်းမလားမသိဘူးနော့် အစ်ကိုး)

ကလူသစ် said...

ကလူသစ်ကတော့ ကံကောင်းသလား ကံဆိုးသလားမသိဘူး။ ဘလော့ဂ်လုပ်အုန်းမှပဲ စိတ်ကူးပြီး စလုပ်လိုက်တာ နာရီဝက်လောက်မှာတင် မြန်မာစာပေါ်ပြီး ဘလော့ဂ်စဖြစ်လာတာပဲ။ ဘယ်လိုလုပ်ရမယ်ဆိုတာ ရေးသားထားတဲ့ ဆရာသမားတွေ ကျေးဇူးပေါ့။ ဘလော့ဂ်မဖြစ်လို့ မရေးရလဲ နေပေါ့ကွာလို့ စဉ်းစားထားပြီး ပေါ့ပေါ့ပါးပါးဖြစ်နေလို့လဲ ဖြစ်မယ်။

YoungGun said...

ဒီလိုပဲ ကျော်ခွ၊ ကျော်ခွပြီးရင်း ကျော်ခွ၊ ဒီလိုနဲ့ နည်းပညာတွေ တတ်မြောက်၊ ဒီလိုနဲ့ ဘလော့ဂ်ဂါတွေကြားထဲ ရောက်ရှိ၊ အပိတ်အဆို့ အတားအဆီးတွေ ကြားကပဲ ပျော်ပျော်ကြီးနွှဲနေရတုန်းပါ..အစ်ကိုရေ

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘလော့စရေးတဲ့ အခါကြုံရတဲ့ အခက်အခဲတွေကတော့ ပြောမကုန်ပါဘဲ ကိုအောင်ရေ..
ကျွန်မဆို ဘလော့ ၃ခါလောက် ပြောင်းရတယ်.. ပိုစ့်တွေ တစ်ပုဒ်ချင်းကို ရွေ့ခဲ့ရတာ Import လုပ်လို့ရတယ်ဆိုတာ မသိနားမလည်မိခဲ့လို့လေ။
ဘလော့တစ်ခုဖွင့်လိုက် ရေးသားကျပြီဆို ပိတ်သွားလိုက် တစ်ခုဖွင့်လိုက် ဆာဗာက ပျောက်သွားလိုက်နဲ့
ခုတော့ ပိုက်ဆံနဲ့ ၀ယ်လိုက်တော့ ဟုတ်သွားတာပါဘဲ..း)

သက်ဝေ said...

ဟုတ်ပါတယ်... ဘလော့မှာ ကြုံတွေ့
ရတဲ့ အခက်အခဲတွေက ဘလော့တိုင်း ဘလော့ဂါတိုင်းမှာ ရှိပါတယ်။

လေးထောင့်ကွက် အတွေ့အကြုံတွေ နောက်ထပ်ရှိသေးရင်လဲ ဆက်ရေးပါအုံး....း))

မြစ်ကျိုးအင်း said...

ခံစားချက်တူတယ်
မတင်သင့်တဲ့ ပို့စ် ၃ ခု တင်ခဲ့ဖူးတယ်။ ကိုယ်ရေးကိုယ်တာတွေပါ။ ဒီလောက် မပွင့်လင်းသင့်ဘူးလို့ တွေးမိချိန် ပြန်သိမ်း ထားလိုက်တယ်။
အမှားတော့ ရှိကြမှာပဲ။ အဲဒီအမှားကို သင်ခန်းစာ ယူပြီး စာဖတ်သူစိတ်ကျေနပ်မှုနဲ့ ကိုယ့်ရဲ့စိတ်ကျေနပ်မှုကို အချိုးညီညီ ဝေမျှနိင်ရင် သိပ်ကောင်းနေပါပြီ။

ကိုဇော် said...

ဘလော့ဂါသာ ပိုက်ဆံများရရင် ဆိုတဲ့ အတွေးကို အမြဲတွေးမိပါတယ်။ ကိုယ့်စရိတ်နဲ့ ကိုယ်ရေးနေတာတောင်မှ အနှောင့်အယှက် အတိုက်အခိုက် မနာလိုသူတွေက ရှိတယ်။ ဒါပေမဲ့လည်း အေးဆေးပါပဲ။ ( ကြိုက်တာ လာရေး ကိုယ် မကြိုက်ရင် ဖျက်မှာပဲ ။ ဆရာကြီး လိုလို ဘာလိုလိုတော့ လုပ်မနေဘူး :D )

မယ်ကိုး said...

လေးထောင့်ကွက်ပေါ်နေတယ်လို့ စာလာဖတ်သူများက ပြောကြပါတယ်။ အဲဒါ ဘယ်လိုလုပ်ရမလဲ သိပါရစေရှင်။ ကျေးဇူးအထူးတင်ပါတယ်။

ရွှေရတုမှတ်တမ်း said...

ကိုအောင်ရေ..ကိုကြီးကျောက်ကတော့ စာရေးနေရရင်ပျော်တယ်..ရေးတဲ့သူတွေကလည်း လူငယ်တွေများတော့ ..ကိုယ်လဲကိုယ့်အသက်ကိုမေ့ထားလို့ ရတယ်၊ ဗမာပြည်တွင်းကနေ ရအောင်ကျော်ခွဝင်သူတွေလဲ ချီးကျူးတယ်.ကိုယ်က နည်းပညာမှာ ပညာနဲ တာကိုး..
ကိုယ်ကအကြီးဆိုတော့ ဘယ်သူလာဆဲဆဲ ခွင့်လွှတ်ပြီးသား..လာနောက်ကြပြောင်ကြရင်လဲ သဘောကျတာပဲ....

ကိုအောင်(ပျူနိုင်ငံ) said...

မမယ်ကိုးရေ ...
လေးထောင့်ကွက်တွေ မပေါ်အောင်
eot လုပ်ပါ၊ လုပ်နည်းကို ကိုမောင်လှဘလော့က
ဒီလင့်ခ်
http://blog.mghla.net/2006/10/eot.html
မှာ ပြောထားတဲ့အတိုင်း လုပ်ကြည့်ပါ၊ အဆင်
မပြေရင် ကျနော့်ကို ထပ်မေးနိုင်ပါတယ်။

Anonymous said...

ကိုကြီးကျောက် ပေးထားတဲ့ ကွန်မန့် ကို သဘောကျမိတယ် ... ကိုကြီးကျောက်လို ဘလော်ဂါတွေ ( ဘယ်သူဘာပြောပြောဂရုမစိုက် ..ကောင်းတယ် ) များများပေါ်လာပါစေ :p

ကိုယ်က ဒီကနေ လွယ်လွယ်ကူကူ နဲ့ ဘလော့တွေ ဖတ်နေကြဆိုတော့ ရန်ကုန်ပြန်လည်တုန်းက အင်တာနက်ကြီး ဘယ်လိုမှ သည်းမခံနိုင်လွန်းလို့ စိတ်ကုန်ပြီး ဘယ်ဗမာဆိုဒ်မှ ၀င်မကြည့်ဖြစ်ခဲ့ပါ ..ပြည်တွင်းက စိတ်ရှည်းသည်းခံ ပြီး ဘလော့ဖတ်သူ ဘလော့ရေးသူတွေ အားလုံးကို တကယ်ချီးကျုးပါတယ် ...ကျေးဇူးကမ္ဘာပါ ... ပြည်ပ ကနေ အလုပ်အကိုင် တဖက်နဲ့ ဘလော့ရေးနေတဲ့သူတွေ အားလုံးကိုလည်း ကျေးဇူးအထူးတင်ပါတယ် ...

ဒါနဲ့ စကားမစပ် ကိုအောင် ကိုအောင် ဘလော့ တောင် ခုရက်ပိုင်း အရင်လို ဖွင့်ရင် မကြာနေတော့ ပါလား ... ရှဲရှဲ ( တရုတ်လို ကျေးဇူးတင်သွားပါတယ် )

mie nge

An Asian Tour Operator said...

လေးထောင့်ကွက် အတွေ့အကြုံ ဆိုလို့ ကျနော် က ဒီတခါ ကိုအောင် သိုင်းဝတ္ထု ရေးတော့မယ် မှတ်နေတာ :P
ပီယ၀ါစာ တွေဘာတွေ မလိုပါဘူး၊ ကိုအောင်က ရုပ်ချော တော့ အပြော မကောင်းလဲ အားပေးကြမှာပါ။ :))

Anonymous said...

ကိုအောင် ရေ

ဘလော့ဂါ မလုပ်ဘဲ စာရေးဆရာ လုပ်ရင်တောင် အောင်မြင်မယ် ထင်ပါတယ် စာရေးကောင်းလို့ သင်ခန်းစာ ယူစရာတွေ ယူသွားပါတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ချစ်ကြည်အေး said...

ကိုအောင်ရေ အမလည်း လေးထောင့်ကွက်တွေချည်း ပေါ်နေတာ ကြုံဖူးတယ်။ အမက ဘလော့ဂ်ရေးတာ နောက်ကျတော့ အရင်လူတွေ လုပ်နည်း ရေးထားတာ ကြည့်ရတယ်။ သူငယ်ချင်း သက်ဝေရှိနေတော့ ပြဿနာ သိတ်မတွေ့ရဘဲ ပြီးသွားတယ်...:)