












သြဂုတ်စ် ၂၁ရက် စနေနေ့ ရန်ကုန်မြို့
ကဗျာဆရာတောအုပ် စီမံချက်အတွက် ကျွန်တော်တို့
AGMP အဖွဲ့သားတွေ ၂၁ ရက်နေ့သြဂုတ်စ် စနေနေ့
၂၀၁၀မှာ ရန်ကုန်မြို့ ပုလဲမြို့သစ်အလွန် ရေနံသာမြို့နယ်
ထဲက မဟာဝံသကျောင်းတိုက်ကို မနက် ၉ နာရီဝန်းကျင်မှာ
ရောက်ရှိခဲ့ပါတယ်..။
ကဗျာဆရာတောအုပ် အထိမ်းအမှန် ဂုဏ်ပြုစိုက်ပျိုးဖို့
အတွက် အခမ်းအနားအစီစဉ်ကို ကြိုတင်စီမံထားတဲ့
အတိုင်း ဆောင်ရွက်နိုင်ခဲ့ကြပါတယ်..။ မနက်ကိုးနာရီခွဲမှာ
ဆရာတော်ဆီကနေ ငါးပါးသီလ ခံယူဆောက်တည်ပြီး.. ။
ဆရာနိုင်သစ်နီက အခမ်းအနားအစီအစဉ်ကိုရှင်းလင်း
ပြောပြပါတယ်...။ အစီအစဉ်အရ.. ကဗျာဆရာတောအုပ်
စိုက်ပျိုးရခြင်းအကြောင်းကို ဆရာမောင်စိမ်းနီက ရှင်းလင်း
ပြောပြပါတယ်...။ ထိုနောက် ဆရာမောင်စိမ်းနီက
ဆရာဒဂုန်တာရာရဲ့ သ၀ဏ်လွှာကိုဖတ်ကြားပြီ..။
စိုက်ပျိုးခင်းမြေပုံနဲ့ စိုက်ပျိုးမယ့် အပင်များအကြောင်းကို
ဆရာမင်းထက်မောင်က ရှင်းလင်းပြောပြပါတယ်..။
ကျေးဇူးတင်စကားကိုတော့ အားလုံးရဲ့ ကိုယ်စား
ဆရာသစ္စာနီ ... ၀ိုင်းဝန်းကူညီပံ့ပိုးကြသူများ.. ကဗျာဆရာ
သစ်တောအုပ်ကို လှုဒါန်းကြသူများ... AGMP အဖွဲ့သားမျာ
မြေနေရာပေးတဲ့ မဟာဝံသကျောင်းတိုက်ဆရာတော်နဲ့
... ပထမအကြိမ်က ဂန္တ၀င်စာဆို ၁၉ ဦးအတွက် စိုက်ပျိုး
ကတည်း ပါဝင်ကူညီဆောင်ရွက်သူများ... အားလုံးကို
ကျေးဇူး တင်ရှိပါကြောင်းပြောပြသွားခဲ့ပါတယ်...။ ထို့နောက်
ပါဝင်တက်ရောက်သူများကို ကောက်ညှင်းပေါင်းနဲ့ငါးခြောက်
တည်ခင်းဧည့်ခံပြီး..။ ကဗျာဆရာသစ်တောအုပ်ကို... မနက်
ဆယ်နာရီမှာ စတင်စိုက်ပျိုးခဲ့ပါတယ်... သစ်တောအုပ်အတွက်
၁၂၉ ပင်ကို ရှေးခေတ်စာဆိုနဲ့ မော်ဒန်ကဗျာဆရာများအထိ
ကွယ်လွန်ပြီး ကဗျာဆရာများကို.. ရည်စူးပြီးတစ်ပြိုင်နက်
စိုက်ပျိုးခဲ့ပါတယ်... သစ်ပင် ၁၂၉အတွက် သစ်တောဦးစီး
အရာရှိဟောင်း ကဗျာဆရာ သစ်မွှေးက ဦးစီးဆောင်ရွက်ပြီး
စီမံဆောင်ရွက်ပြီး နှစ်ရှည်သစ်တောပင်များကို ..အများဆုံး
စိုက်ပျိုးခဲ့ပါတယ်... အမည်မသိစာဆိုများအတွက် ၀ါးရုံပင်
နှစ်ရုံကို သီးသန့်စိုက်ပျိုး အထိမ်းအမှတ်ပြုခဲ့ပါတယ်..။
ကဗျာဆရာတောအုပ်အတွက် နှစ်ရှည်ထိန်းသိမ်းစောင့်
ရှောက်ရန် ဥယျာဉ်မှုးငှားရမ်းထားပြီး.. ထိန်းသိမ်းစောင့်ရှောက်
သွားမယ်လို့ ကဗျာဆရာ မောင်လင်းရိပ်ရှင်းလင်းပြောပြခဲ့
ပါတယ်..။
-လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ကဗျာဆရာတစ်ဦး
6 comments:
ကောင်းတယ်ဗျာ...
သဘောကျတယ်။
သစ်ပင်စိုက်တာ ဘယ်နေရာမှာစိုက်စိုက် အရမ်းကောင်းတာမို့ အားပေးပါတယ်..
ကိုယ်တိုင်လဲ သစ်ပင်တွေ အများကြီး စိုက်ချင်ပါတယ်..
ကိုအောင် ရေ
စိုက်ပြီး အကြောင်းအမျိုးမျိုး ကြောင့် အခုတ် မခံရဘို့ အရေးကြီးတယ်
ခင်တဲ့
ရွှေစင်ဦး
သစ်ပင်စိုက်တာတော့ တော်တော်ကိုသဘောကျသဗျာ ။ များများစိုက်နိုင်ပြီး စိုက်သမျှသစ်ပင်တွေလည်း အသက်ရှည်ကြပါစေလို.ပဲ ဆုတောင်းနေမိတယ် ။
တသက်ပျော်ချင်ရင် သစ်ပင်စိုက်တဲ့၊ ကမ္ဘာကြီးကို ကျေးဇူးပြန်ဆပ်တာနဲ့ တူတူပါပဲ၊များများစိုက်နိုင်ပါစေ
ဝမ်းသာသဗျာ။
Post a Comment