ချက်ကြည့်တာပါ။ ရှစ်လေးလုံးတော်လှန်ရေး နှစ်ပတ်လည်
တုန်းက ဂျာမနီနိုင်ငံ ဘာလင်ကို သွားရင်းနဲ့ အသွားမှာ
တစ်ည၊ အပြန်မှာ တစ်ည တည်းခိုခဲ့တဲ့ ဟမ်းဘတ်မြို့
ထဲ ဟိုရိုက်ဒီရိုက် ပုံလေးတွေပါ။ သရဲဇာတ်လမ်းတွေ
ရေးတော့လည်း သိတဲ့အတိုင်း “စာသူခိုး”တွေကြောင့်
စိတ်ညစ်လို့ပါ။
(မှတ်ချက်။ ။ ခရီးစဉ်အတွင်း အစစအရာရာ အဆင်ပြေ
အောင် ကူညီဆောင်ရွက်ပေးတဲ့ ဟမ်းဘတ်မြို့နေ
အကို ကိုဗလကြီးနဲ့ အမ မမာတို့ ဇနီးမောင်နှံ၊ သားဖြစ်သူ
ကိုခန့်တို့ကိုလည်း ကျေးဇူးများစွာ တင်ပါတယ်။)
အဲဒါ ဟမ်းဘတ်မြို့ရဲ့ ဘူတာကြီးပါ ....
သူတို့နှစ်ယောက် မတ်တပ်ရပ်နေရတာ ပျင်းနေမှာ
ဆိုးလို့ ကျနော်က အလယ်မှာ ၀င်ပြီး ကူညီတာပါ။
ကူညီပါရစေပေါ့ ....
အဲဒီ ကြိုးတန်းလန်းနဲ့ မိုးပျံပူပေါင်းကို စီးပြီး မြို့ကို
အပေါ်စီးက ကြည့်လို့ရပါတယ် ....
မြို့ထဲ လျှောက်လည်ဖို့ လက်မှတ်ခက လူငါးယောက်ကို
ယူရိုငွေ ၉- ကျပ်၊ ပြား (၂၀)ပါ။ မနက် ၉ နာရီကနေ ည
၁၂ နာရီ မတိုင်ခင် သွားချင်ရာကို သွားလို့ ရပါတယ်။ ရထား၊
ကားအပြင် ပင်လယ်ဝကို သွားတဲ့ သင်္ဘောဖယ်ရီယာပါ
ကြိုက်သလို စီးလို့ ရပါသေးတယ်။ လူငါးယောက်အနေနဲ့
တနေ့ကုန် တစ်မြို့လုံး လျှောက်လည်နိုင်ဖို့ စီစဉ်ပေး
ထားတဲ့ ဈေးနှုန်းဟာ အရမ်းကို သက်သာပါတယ်။
ဟမ်းဘတ်မြို့က သေးသေးလေး မဟုတ်ဘူး၊ တော်တော်
လေး ကျယ်ပါတယ်။ လောင်စာဆီ ဈေးတက်တာနဲ့ ခရီး
စရိတ် တိုးယူဖို့ သူ့သားသမီးပိုင် ကုမ္ပဏီတွေ ညွှန်းကြား
တတ်တဲ့ မြန်မာပြည်က အဘတို့ကို သတိရမိပါတယ်။
ကျနော်တို့ စီးခဲ့တဲ့ ပင်လယ်မြစ်ကြောင်းသွား သင်္ဘောပါ ....
ကမ်းစပ်မှာ တွေ့ရတဲ့ အော်ပရာရုံတစ်ခုပါ ...
ဒုတိယကမ္ဘာစစ် လက်ကျန် ရေငုပ်သင်္ဘောပါ။
ဒါမျိုး မြန်မာပြည်မှာဆို ကြက်တန်းက ကုလားလက်ထဲ
အရည်ပျော်သွားမလားလို့ ......
9 comments:
ခရီးသည်ကြီး ကိုအောင် ... လူရှည်ကြီးတွေနားမှာ လေရှူခဲ့သေးလား။ ကိုအောင် တော်တော် အရပ်ပုသွားသလိုပဲနော် ...
နောက်တခါ ခရီးထွက်လို့ ဘိလပ်ရောက်မယ်ဆိုရင် အကြောင်းကြားလိုက်ပါ (ပုန်းနေရအောင်လို့) :P
ကိုအောင်က အတော် အရပ်ရှည်သကိုးးးး
တစ်ခါလောက် သူတို့ကို ပုခုံးဖက်ပြီး ရိုက်ခဲ့တာ မဟုတ်ဘူး...
အင်း ကိုအောင် က အရပ်ရှည်အောင် ဓါတ်ရိုက်ဓါတ်ဆင် ခဲ့တာနေမှာ
ပျော်စရာကြီးလျှောက်လည် ရတာ
သရဲဝတ္ထု တွေလည်း ရေးပါအုန်းဗျ ဖေဖေ ကဖတ်ချင် လို့ ဆိုလို့ ကိုအောင် ပိုစ်တွေ ပရင့် ထုတ်ပေးမလို့နော်
ခင်တဲ့
ရွှေစင်ဦး
ဟို ၂ ယောက်က အမြင့်ကြီးပဲကော ။ အစ်ကိုနဲ့ နင်လား ငါလားပဲး)
မတွေ့ဖူးတဲ့ပုံတွေ ကြည့်သွားတယ်ကိုအောင်..
အရှည်ကြီးနှစ်ယောက်ကြားထဲမှာ မနည်းကြည့်ယူ
ရတယ်။
ခင်မင်စွာ
သဒ္ဓါ
သယ်ရင်းရေ... ငါကတော့ ကိုဗလသားနဲ့နင့်ကို မှားတောင်မှားသွားတယ် ငါ့လူက တယ်လဲ နှုပါလား ( အဲလေ ) နုပါလားဟ အဲဒါကြောင့်ပြောတာပေါ့ဟ ရိမ်းဘားကွင်းဆွဲပါဆို ခုတော့ ငါ့ကောင် အပြောအဆိုခံနေရပြီ မဟုတ်လား ။
မမေ၊ ကိုဇော်၊ မရွှေစင်၊ မောင်မျိုး၊ မသဒ္ဓါလှိုင်း၊
ကိုသားထူးတို့ရေ ...
အရုပ်တွေက ပေ “၃၀”လောက် မြင့်တယ်၊
ဘိလပ်ရောက်ရင် ဘာမင်ဂန် ဘုန်းကြီး
ကျောင်းမှာ မမေဓါဝီနာမည်ပြောပြီး တည်းခို
မယ်လေ၊ သရဲဇာတ်လမ်း ဖြေးဖြေးတော့
ရေးပါ့မယ် မရွှေစင်၊ ကိုသားထူး အဲဒါ
ကိုဗလကြီးရဲ့သား မဟုတ်ဘူး၊ ဘလော့ဂါ
ကိုသက်ဦးရဲ့ သား။
ကိုအောင်
စတိုင်ကကောင်းတယ်။
အားလုံးတစ်ပုံစံတည်းဖြစ်အောင် မတ်တပ်ရပ်တတ်တာကို သဘောကျတယ်။
အဲလိုခရီးသွားရတာဆိုရင် ဂျပန်ကိုကော ဘယ်တော့လာမှာလဲ။
ဓါတ်ပုံတော့ တွဲရိုက်ခွင့်ပြုနော်။ကျွန်မသားလေးနဲ့ လေ။
အဟဲ။
ခင်မင်လျှက်
Post a Comment