စာမေးပွဲခန်းအတွင်း
အဖြေတွေအားလုံး မှားနေသည် ….
အဆိပ်ရှိတဲ့ သတ္တ၀ါကို
ယူဇနာဘယ်လောက် အကွာမှ ….
အစွယ်ရှိတဲ့ သတ္တ၀ါကို
ယူဇနာဘယ်လောက် အကွာမှ ….
ဦးဂျိုရှိတဲ့ သတ္တ၀ါကို
ယူဇနာဘယ်လောက် အကွာမှ ….
ယုတ်မာတဲ့ သတ္တ၀ါကို
အရပ်ဒေသ စွန့်ခွာ၍ ….
နောက်ဆုံးမေးခွန်းကို ဖတ်လိုက်တော့
ဒီလိုပဲ တသက်လုံးပြေးနေမှာလား …။
ဒုတိယမြောက် ခေါင်းလောင်းထိုးသံ
အဆုံးမသတ်ခင်
သူ့အမေရဲ့ ခပ်စုတ်စုတ် ဖာတောင်းထဲက
သူ့အဖိုးရဲ့ သံချေးတက် ဆုတံဆိပ်တွေ
သူ အမွေရခဲ့တယ်
တတိယမြောက် ခေါင်းလောင်းထိုးသံ
အဆုံးမသတ်ခင်
သူ့ရဲ့ ခမ်းနားလှစွာသော မီးခံသေတ္တာထဲက
သူ့ရဲ့ အပြေးပြိုင်ပွဲဝင် ရွှေဖိနပ်အမှားအား
သူ အမွေပေးလိမ့်မယ် ….။
ကျောင်းဆင်း ခေါင်းလောင်းသံများ
အိမ်အတုထံ သယ်ဆောင်သွားတယ် ….
ဧည့်ခန်းထဲက ရယ်မောသံတွေ
အို ….
ဒါ… ဒါ…. ဒါဟာ
ငါ့မိခင် အလည်ရောက်နေသလား
ငါ့ညီဘွားတွေ အလည်ရောက်နေသလား
တံခါးပွင့်ပွင့်ချင်း
သူ့မိခင်စကားကို မပြောတတ်သော
သူ့သားသမီးတွေ ပြေးထွက်အသွားမှာ
အမောပြေ
မာန်ချစိတ်ဖြေ ဖျော်ရည်တစ်ခွက်ကို
သောင်နဲ့ဝေးတဲ့ ကျီးကန်းတစ်ကောင်
ခပ်မြန်မြန် မြိုချလိုက်တယ် …။
အိပ်မပျော်တဲ့ညက အိမ်မက်ကမ္ဘာမှာ
ဘုရားသခင် ရောက်လာပြီး
…. “နောက်တစ်ကြိမ် Big Bang လွန်ရင်
ခင်ဗျားတို့ကို မဖန်ဆင်တော့ပါဘူး” …..
မာရ်နတ်ကလည်း မကြားတကြားလေသံဖြင့်
…. “ငါ ဘာဒုက္ခမှ မပေးရသေးဘူး
ငါ့ကို နာမည် မဖျက်ကြပါနဲ့” …..
သက်ပြင်းတွေ ခရီးမဆုံးခင်
ဆံဖြူစွယ်ကျိုး ရိပ်သာထဲ
အမေဆိုပြဖူးသော တေးသံသာကို
ငိုရင်းနဲ့ ပြန်ဆိုညည်းမိတယ် ….။ ။
-စစ်ငြိမ်းဒီရေ
(ဖော်ပြထားသော ဓါတ်ပုံမှာ စစ်အေးခတ်ကာလ အရှေ့
ဂျာမနီနိုင်ငံမှ အနောက်ဂျာမနီနိုင်ငံသို့ ဘာလင်တံတိုင်း
ဖြတ်ကျော်ရန် ကြိုးစားမှုတွင် အပြစ်မဲ့စွာ အသတ်ခံရသော
အထိမ်းအမှတ်တချို့။)
အဖြေတွေအားလုံး မှားနေသည် ….
အဆိပ်ရှိတဲ့ သတ္တ၀ါကို
ယူဇနာဘယ်လောက် အကွာမှ ….
အစွယ်ရှိတဲ့ သတ္တ၀ါကို
ယူဇနာဘယ်လောက် အကွာမှ ….
ဦးဂျိုရှိတဲ့ သတ္တ၀ါကို
ယူဇနာဘယ်လောက် အကွာမှ ….
ယုတ်မာတဲ့ သတ္တ၀ါကို
အရပ်ဒေသ စွန့်ခွာ၍ ….
နောက်ဆုံးမေးခွန်းကို ဖတ်လိုက်တော့
ဒီလိုပဲ တသက်လုံးပြေးနေမှာလား …။
ဒုတိယမြောက် ခေါင်းလောင်းထိုးသံ
အဆုံးမသတ်ခင်
သူ့အမေရဲ့ ခပ်စုတ်စုတ် ဖာတောင်းထဲက
သူ့အဖိုးရဲ့ သံချေးတက် ဆုတံဆိပ်တွေ
သူ အမွေရခဲ့တယ်
တတိယမြောက် ခေါင်းလောင်းထိုးသံ
အဆုံးမသတ်ခင်
သူ့ရဲ့ ခမ်းနားလှစွာသော မီးခံသေတ္တာထဲက
သူ့ရဲ့ အပြေးပြိုင်ပွဲဝင် ရွှေဖိနပ်အမှားအား
သူ အမွေပေးလိမ့်မယ် ….။
ကျောင်းဆင်း ခေါင်းလောင်းသံများ
အိမ်အတုထံ သယ်ဆောင်သွားတယ် ….
ဧည့်ခန်းထဲက ရယ်မောသံတွေ
အို ….
ဒါ… ဒါ…. ဒါဟာ
ငါ့မိခင် အလည်ရောက်နေသလား
ငါ့ညီဘွားတွေ အလည်ရောက်နေသလား
တံခါးပွင့်ပွင့်ချင်း
သူ့မိခင်စကားကို မပြောတတ်သော
သူ့သားသမီးတွေ ပြေးထွက်အသွားမှာ
အမောပြေ
မာန်ချစိတ်ဖြေ ဖျော်ရည်တစ်ခွက်ကို
သောင်နဲ့ဝေးတဲ့ ကျီးကန်းတစ်ကောင်
ခပ်မြန်မြန် မြိုချလိုက်တယ် …။
အိပ်မပျော်တဲ့ညက အိမ်မက်ကမ္ဘာမှာ
ဘုရားသခင် ရောက်လာပြီး
…. “နောက်တစ်ကြိမ် Big Bang လွန်ရင်
ခင်ဗျားတို့ကို မဖန်ဆင်တော့ပါဘူး” …..
မာရ်နတ်ကလည်း မကြားတကြားလေသံဖြင့်
…. “ငါ ဘာဒုက္ခမှ မပေးရသေးဘူး
ငါ့ကို နာမည် မဖျက်ကြပါနဲ့” …..
သက်ပြင်းတွေ ခရီးမဆုံးခင်
ဆံဖြူစွယ်ကျိုး ရိပ်သာထဲ
အမေဆိုပြဖူးသော တေးသံသာကို
ငိုရင်းနဲ့ ပြန်ဆိုညည်းမိတယ် ….။ ။
-စစ်ငြိမ်းဒီရေ
(ဖော်ပြထားသော ဓါတ်ပုံမှာ စစ်အေးခတ်ကာလ အရှေ့
ဂျာမနီနိုင်ငံမှ အနောက်ဂျာမနီနိုင်ငံသို့ ဘာလင်တံတိုင်း
ဖြတ်ကျော်ရန် ကြိုးစားမှုတွင် အပြစ်မဲ့စွာ အသတ်ခံရသော
အထိမ်းအမှတ်တချို့။)
10 comments:
အဓိပါယ်တွေအပြည့်နဲ့ စဉ်းစားလို့  သိပ်ကောင်းတဲ့ကဗျာ တပုဒ်ပဲ ကဗျာရဲ့အစပိုင်းလေးကိုပို စိတ်ဝင်စားတယ် ယုတ်မာတဲ့သတ္တဝါကို အရပ်ဒေသစွန့် ခွာရွှေ့ တဲ့ . . .လား .. စဉ်းစားခန်းဝင်လို့ ကောင်းတုံးပဲ
တွေးစရာတွေ အများကြီးပေးတယ်
ကျွန်တော်တို့လည်း ဘဝရဲ့ ကျောင်းမှာ ဒုတိယ စာသင်ချိန် စ တင်နေပြီ။ ကျောင်းဆင်းချိန်မှာ ဘယ်လို ထွက်ခွာရမလဲတော့ မပြင်ဆင်နိင်သေးဘူး။
ကဗျာလာဖတ်သွားတယ် ကိုအောင်ရေ ...
ကဗျာကို တွေးရင်းနဲ့ ... မောတယ်။
ကဗျာနောက်ဆုံးပိုဒ်ကိုဖတ်ရင်း သက်ပြင်းချလိုက်မိတယ်..
အတွေးတွေ အများကြီးပေးနိုင်တဲ့ ကဗျာလေးပါဘဲ...
မာရ်နတ်က အဲသလို ပြောသတဲ့လား ...
ကဗျာလေး ကောင်းတယ်ဗျာ။
ဓါတ်ပုံလေးကိုလည်း ကြိုက်တယ်။
အဖြေတွေ အားလုံးမှားနေသည် …
ဒီလိုပဲ တသက်လုံးပြေးနေမှာလား …။
ကျေးဇူးတင်ပါသည်း-)
ဘာစာလုံးမှ မဖတ်ရသေးဘူး၊
ကွန်မန့် မရေးပါရစေနဲ့ဦး၊
မာန်နတ်တော့မဟုတ်ဘူးနော်
ကဗျာလေး က ကောင်းလိုက်တာ၊
အတွေးတွေးကို ပေးတယ်
ဒီလိုကဗျာတွေ
ဓါတ်ပုံတွေက တန်ဖိုးရှိတယ်။
ဘုရားဘုရား အတွေး မျိုးစုံ ထွက်လာပါ့လား..
သန်ရာ သန်ရာ တွေးလိုက်တော့... အင်း..........
ရင်မောသွားတယ်....
မှတ်ချက် .......... သန်ရာသန်ရာ တွေးကြပါ. ):
Post a Comment