Friday, 20 August 2010

အကိုကြီးကျောက်ကို ချစ်ခင်လေးစားသူများ



ကျနော် အခု နာရီပိုင်းအတွင်း (GMT +1, စံတော်ချိန်ဖြင့်)
အကိုကြီးကျောက်ထံ ဖုန်းဆက်ဖြစ်ပါတယ်။ ဒိန်းမတ်နိုင်ငံ
ညနေ ၃- နာရီမှာ အကိုကြီးကျောက် တက်ရောက်ကုသမှု
ခံယူနေတဲ့ အမေရိကန်ဒေသရဲ့ စံတော်ချိန်က မနက် ၉ နာရီ
ဖြစ်ပါတယ်။

အကိုကြီးနဲ့ စကားပြောဖြစ်တော့ အသဲအစားထိုး ကုသမှု
က လောလောဆယ်အထိ မလုပ်ဖြစ်သေးပါ။ သက်ဆိုင်ရာ
ကျန်းမာရေးဌာနက ပြန်လည်စစ်ဆေးနေတယ်လို့ သိရပါတယ်။
လက်ရှိ တက်ရောက်ကုသနေတဲ့ ဆေးရုံရှိရာ ဒေသက မြန်မာ
မိသားစုတွေ မိတ်ဆွေ အပေါင်းအသင်းတွေလည်း နွေးထွေးစွာ
ဝိုင်းရံလျက်ရှိကြောင်း သိရပါတယ်။ ဆေးရုံပေါ် တက်ရောက်
နေရတဲ့ အကိုကြီးတော့ အင်တာနက်နဲ့ ကွန်ပြူတာကို အသုံး
မပြုနိုင်သေးပါ။ အကိုကြီးအပေါ် ချစ်ခင်လေးစားစိတ်နဲ့ စိတ်ပူ
နေကြတဲ့ နိုင်ငံတကာက မြန်မာဘလော့ဂါတွေ၊ ဘလော့တွေ
ပေါ်မှာ စာဖတ်သူတွေကို အကိုကြီးအနေနဲ့ ကျေးဇူးများစွာ
တင်ကြောင်း အကိုကြီးကျောက်က ပြောပြပါတယ်။

အကိုကြီးကျောက် အမြန်ဆုံး ကျန်းမာပါစေ

25 comments:

ညိမ်းနိုင် said...

အသဲအစားထိုးစရာမလိုပဲ ရောဂါပျောက်မယ်ဆိုရင်ဖြင့်
အဆင်အပြေဆုံးဖြစ်မယ်ထင်ရဲ့..။
အမြန်နေကောင်းပါစေလို့ ထပ်မံဆုတောင်းပေးလိုက်ပါတယ်။

Anonymous said...

ဖုန်းနံပါတ် ပေးပါလား ကိုအောင်။

မအယ်

Heartmuseum said...

ဘကျောက် .......
ကျန်းမာ ချမ်းသာ အသက် ရာကျော်ရှည်ပါစေ။

ကိုအောင် said...

မအယ်နဲ့ ဘလော့ ညီအကို မောင်နှမများခင်ဗျာ
အကိုကြီးကျောက်ရဲ့ ဖုန်းနံပါတ်က

+12107870932

ဖြစ်ပါတယ်၊ ကျန်းမာရေးအရ စစ်ဆေးမှု ခံယူ
နေတာမျိုး၊ တခြား အလုပ်များနေရင်တော့
အကိုကြီးကျောက်အနေနဲ့ ချက်ချင်း ဖုန်းကိုင်
ဖို့ အခက်အခဲရှိပါတယ်၊ နည်းနည်းစောင့်ပြီး
ထပ်မံ ခေါ်ယူကြည့်ပါ ခင်ဗျာ။

Anonymous said...

တကယ် စိတ်မကောင်းဘူး.. ဒါပေမယ့် နည်းနည်းတော့ ဖြေသာပါတယ် .... အမေရိကားမှာ ခွဲစိတ်ကုသခွင့် ကို သူများတွေလို ငွေကုန်ကြေးကျ မများဘဲ ကုခွင့်ရလို့ ... ခွဲစိတ်၇မယ် ဆိုရင်လည်း ရာနှုန်းပြည့် အောင်မြင်ပါစေ... ကျမသမီး စက်ဘီးစီး ပြီး အက်စီးဒင့်ဖြစ်လို့ ဆေးရုံသွားပြီး ၅ ချက်ချုပ်ရတာ ငွေစာရင်းရှင်းတမ်းမှာ ၁၀၀၅ . ၉၀ လို့ ရေးထားတယ် ...ကျမတော့ မပေးရပါဘူး..ခလေးအတွက် ဆေးကုသခွင့် အလကားရထားလို့ ....


mie nge

လင်းဒီပ said...

ကိုကြီးကျောက် အမြန်ဆုံး ကျန်းမာပါစေ..။

ကိုဇော် said...

ကိုကြီးကျောက် မြန်မြန် နေကောင်းပါစေ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုကြီးကျောက် အမြန်ဆုံးနေကောင်းကျန်းမာပြီး ခွဲစိတ်မဲ့ ကိစ္စ
အစစ အဆင်ပြေပါစေကြောင်း ဆုတောင်းလိုက်ပါတယ်..
သတိရနေပါတယ်.. မကြာခင်မှာ စာမျက်နှာတွေပေါ် အမြန်ဆုံးပြန်မြင်ခွင့်ရပါစေရှင်။

မြစ်ကျိုးအင်း said...

ကျနော်တို့ အကိုကြီး အမြန်ဆုံး ကျန်းမာပါစေ

ခနွဲ said...

အကိုကြီးကျောက် အမြန်ဆုံးကျန်းမာ ပါစေဗျာ။

Anonymous said...

ခုပဲ ဖုန်းဆက်လိုက်တယ် ကိုအောင်ရေ
တယောက်ပြီး တယောက် ဖုန်းတွေဆက်ကြလို့ ဝမ်းသာတယ်တဲ့။

ဘကျောက်ကို ဆေးရုံက ဆယ်လီဘရယ်တီ ထင်ပြီး အော်တို ထိုးနေရတော့မယ်။ အသည်း အစားထိုးတာက နောက်မှ။

မအယ်

Anonymous said...

မအယ်က မြန်လိုက်တာ ...ဖုန်းတောင်ဆက်ပြီးပြီ ..ဒီက နီးနီးလေးတောင် မဆက်ဖြစ်သေးဘူး... လူပျိုကြီး ကိုကြီးကျောက် နာ့စ်မချောချောလေးတွေ တွေ့ပြီင်္း ဆေးရုံကမဆင်းချင်ဘဲနေနေဦးမယ် ...တသက်လုံး အလုပ်လုပ်လာတာ အနားရတုန်းနားထားရတာ ကိုကြီးကျောက် ရေ ... မခွဲမစိပ်ရဘဲ မြန်မြန်ပျောက်ပါစေ ....

mie nge

မေဓာဝီ said...

ဘကျောက် အဆင်ပြေပါစေ ... ။
နေ့စဉ်ကုသိုလ်ကောင်းမှုပြုတိုင်း ဘကျောက်အတွက် အထူးဆုတောင်းပေးနေပါတယ်။
သတင်းအတွက် ကိုအောင်ကို ကျေးဇူးတင်ပါတယ်။
မအားလို့ ခုမှ လာဖတ်ရတယ်။

ကိုချစ်ဖေ said...

ကိုကျောက်အသဲပြောင်းရင်ပြောင်း မပြောင်းရင် ခမည်းပြောင်းတော့ဗျာ..အမြန်ဆုံး သက်သာပျောက်ကင်းပါစေ.ကိုကြီးကျောက်
ခုမှ ဖုန်းနံပါတ်ရလို့ မနက်ကို ကိုကျောက်ဆီဖုန်းဆက်မယ်ကိုအောင်ရေ.ကျေးဇူးပါပဲဗျို့

Anonymous said...

ကိုအောင်

ကျေးဇူးဘဲ ကိုကြိးကျောက် အတွက်စိတ်ပူနေတာ မခွဲဘဲ ပျောက်ရင် ကောင်းမယ်

ခင်တဲ့
ရွှေစင်ဦး

သဒ္ဓါလှိုင်း said...

ကိုကြီးကျောက်အမြန်ဆုံးနေကောင်းပါစေ...
ခွဲစိပ်မှုလည်းအောင်မြင်ပါစေ..
မေတ္တာပို့ဆုတောင်းပေးနေပါတယ်..

ိခင်မင်စွာ
သဒ္ဓါ

Nge Naing said...

ကိုအောင်ရေ
ကိုကြီးကျောက်အကြောင်း သတင်းပေးတဲ့ ပို့စ်အတွက် ကျေးဇူးတင်ပါတယ်။ ကိုကြီးကျောက်ရဲ့ အသည်းအစားထိုးကုသမှု အဆင်ပြေအောင်မြင်ပါစေလို့ ဆုတောင်းပါတယ်။

Anonymous said...

အမြန်ဆုံးပြန်လည်ကျမ်းမာလာပါစေလို့ဆုတောင်းပါတယ်....

နေ၀သန် said...

လိုက်သာဆုတောင်းနေတယ.်.. အဲဒိကိုကြီးကျောက်ဆိုတာကို ကျွန်တော်မသိဘူး..တကယ်ပါ...


ခင်မင်တဲ့
နေ၀သန်

ကိုအောင် said...

နေ၀သန်ရေ
ကိုကြီးကျောက် ဆိုတာ ရွှေရတုမှတ်တမ်းကို
ပြောတာ ... http://penai22.blogspot.com/

Anonymous said...

ဆက်လိုက်ဦးမယ်။ စလုံးအချိန် နဲ့ သိရရင်ကောင်းမယ်။ စလုံးနဲ့ ကိုကြီးကျောက်အချိန်မမှန်းတတ်ဘူး.
xxထုံ

ကိုအောင် said...

အမကြီးတို့ “စ”လုံးနဲ့ ၁၂ နာရီ အတိလောက်
ကွာမယ်ထင်တယ် အမ၊ အမတို့ဖက်မှာ ည
၁၂ နာရီဆိုရင် ကိုကြီးကျောက်တို့ဖက်မှာ နေ့လည် ၁၂ နာရီ ရှိမယ်ထင်တယ် အမကြီး။

မိုးယံ said...

ခွဲစိတ်စရာ မလိုပဲ မမြန်ဆုံးပြန်ကောင်းရင်တော့ ကျွန်တော်နဲ့ အတူ ကိုကြီးကျောက်ကို ချစ်ခင်လေးစားသူတွေ အားလုံး ပျော်တစ်ပြုံးပြုံးပေါ့ဗျာ

ကိုရီး{ကိုကြီး} said...

စိတ်ရင်း စိတ်ခံကောင်းတဲ့ ကိုကြီးကျောက်
အမြန်ဆုံး ကျန်းမာရွှင်လန်းပါစေဗျာ။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

An Asian Tour Operator said...

ကိုအောင်ရေ.. ကိုကြီး ကျောက်အတွက် ထပ်ဆုတောင်း ပေးလိုက် ပါတယ်ဗျာ။ ဖုန်းလဲဆက် လိုက် ပါဦး မယ်။ ကျေးဇူးပါ။