“ခွင်”အသစ်က ခု ဗမာပြည်ထဲကို ရောက်သွားပါပြီ။
အမေရိကန်အစိုးရက “နှစ် ၂၀ ရှိပြီ မင်းတို့လို အသုံးမကျတဲ့
အတိုက်အခံတွေကို ထောက်ပံ့နေတာမျိုး ရပ်ပြီ။ ဗမာပြည်ထဲက
တကယ်ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို NGO တွေက တဆင့်
ဘဲ ကူညီတော့မယ်” ဆိုတဲ့ ပေါ်လစီအသစ်ကြောင့် ၀ါရှင်တန်ဒီစီ
မှာအဝေးရောက် အစိုးရလည်း ရုံးခန်းမဖွင့်နိုင်တော့လို့ အစိုးရအဖွဲ့
ဝင်တွေ ကျောပိုးအိတ်ရုံးခန်းနဲ့ပဲ ရုံးစာရွက် စာတမ်းတွေသယ်လာ
ကြရပြီး ပန်းခြံတွေမှာ ချိန်းတွေ့၊ အစည်းအဝေးလုပ်နေရတဲ့ အဖြစ်ပါ။
ခုမှ တကယ့်ကို အဝေးရောက်ပါ။ နေ့စဉ်ရုံးလုပ်ငန်းအတွက်ကတော့
အင်တာနက်က ကယ် ထားလို့ ကိုယ့်အိမ်မှာကိုယ် လုပ်လို့ ရနေကြ
သေးတယ်။ အင်တာနက်လစဉ်ကြေး မတတ်နိုင် တဲ့နေ့ရောက်သွားရင်
တော့ အဝေးရောက်ပါ ပျောက်သွားမှာပါ။ နအဖလုပ်လို့ မဟုတ်ပါဘူး။
ကိုယ့်စားရိတ်နဲ့ ကိုယ်ပါ။
ထိုင်း-မြန်မာနယ်စပ်က proposal နဲ့ ရပ်တည်နေကြတဲ့ အဖွဲ့အစည်း
များစွာဟာလည်း နောက် နှစ်ဆို proposal ရပ် ရိက္ခာပြတ်ကြတော့
မယ်ဆိုတာ သိနေလို့ အလွန်လျင်သူတွေ “ခွင်” အသစ်ထဲဝင်ဘို့
စိုင်းပြင်း နေကြပါပြီ။
အမေရိကန်အစိုးရက လာမဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ
ဗမာပြည်ဒီမိုကရေစီရေးအတွက် ဒေါ်လာ(၃၈)သန်းသုံးစွဲမယ်ဆိုတာ
အတိုက်အခံတွေအတွက် မဟုတ်ပါဘူး။ ဗမာပြည်ထဲမှာ
NGO တွေက တဆင့် သုံးဘို့ပါ။
အဲဒီမှာ “ခွင်”အသစ် ပေါ်ပေါက်လာတာပဲ။ သိတဲ့အတိုင်း ခရီးစားရိတ်
တွေ အထူးစားရိတ် တွေမပါ အမေရိကန်နိုင်ငံသား အနိမ့်ဆုံးNGO
ဝန်ထမ်းရဲ့လစာက ဒေါ်လာသုံးထောင်က စတယ်။ NGOခေါင်းဆောင်
ပိုင်းဆိုရင် လခတွေက ရှစ်ထောင်တစ်သောင်းတွေပါ။ ဒါပေမဲ့ သူတို့က
ဒီလစာလောက် လှည့်ကို မကြည့်ဘူး။ “ခွင်”ထဲက ထပ်ဆင့်“ခွင်”တွေမှ
အများကြီး။
နအဖကလည်း လျင်သလားမမေးနဲ့။ “ဒေါ်လာခွင်”အသစ်ထဲမှာမှ
ကိုယ်ပိုင်”နိုင်ငံရေးခွင်” အသစ် ထပ်ဖွင့်လိုက်တယ်။ နအဖက ဒေါ်လာ
(၃၈)သန်းကို သောက်ရေးကို မစိုက်ဘူး။ ဒီ ပိုက်ဆံလောက်က သူတို့
မန်နေဂျာ တေဇ စင်္ကာပူမှာ တည လာဖြုန်းသလောက်ပဲ ရှိတယ်။
ဝါရှင်တန်/နယူးယောက်ဗမာသံရုံးတွေကတစ်ဆင့် အတိုက်အခံ
လောကထဲကို နအဖ ၀င်လိုက် တာ သိပ်လှတယ်။ “အမေရိကန်
အစိုးရက ဗမာပြည်ထဲမှာသုံးမဲ့ ဒေါ်လာ(၃၈)သန်းဟာ စီမံခန့်
ခွဲမှုအပိုင်းမှာ ခင်ဗျားတို့လို အမေရိကားမှာနေနေတဲ့သူတွေပဲ
လာလုပ်မှ အားလုံး အဆင်ပြေ ပြေ ဖြစ်မှာ။ ခင်ဗျားတို့လုပ်ငန်းမှာ
ကျနော်တို့ ဘာမှဝင်မရှုပ်ဘူး။ ခုထဲက ဗမာပြည်ထဲဝင်မဲ့ NGOတွေ
မှာ ၀င်လုပ်ကြပါ။ ဗမာပြည်ထဲမှာရှိပြီးသား တခြားနိုင်ငံတွေက NGO
တွေနဲ့ အမေရိ ကန်တွေနဲ့က ဖြစ်မှာ မဟုတ်ဘူး။ ခင်ဗျားတို့နဲ့ မှ
ဖြစ်မှာ။ ဗမာ passport မရှိဘူးလား သေနေ လား မပူနဲ့၊ ကျနော်တို့
လုပ်ပေးမယ်။ အမေရိကန် passport ကိုင်ထားရင်လည်း ဗမာvisa
တစ်နှစ် ထုပေးလိုက်မယ်၊ တစ်နှစ်အတွင်း ဗမာပြည်ကို ကြိုက်
သလောက်အ၀င်အထွက်လုပ်။ လောလောဆယ် တစ်ခေါက်
နှစ်ခေါက်သွားဘို့လည်း လေယာဉ်လက်မှတ်တို့ နေရေးစားရေး
တို့လည်း မပူနဲ့။ ကျနော်တို့ အကုန်စီစဉ်ပေးမယ်”ဆိုတဲ့ အလုံး
တစ်လုံးထဲ အတိုက်အခံတွေထဲ ပစ်ထည့်လိုက်တာ ပစ်မှတ်တွေ
အများကြီးရဲ့ ဗဟိုတည့်တည့်ကို သွားထိတော့တာပါပဲ။
ခုတော့ သွားကုန်ကြပြီ။ ခွင်အသစ်ထဲကို။ Ph. D ဒေါက်တာလောက်
ဆိုရင်၊ ၀ါရှင်တန်နယူး ယောက် ဗမာသံရုံးတွေက အသွားအပြန်
J class လေယာဉ်လက်မှတ် ၀ယ်ပေးလိုက်သေး တယ်။ ဥပမာ -
ဒေါက်တာစိန်မြင့်။ လန်ဒန်က Ph. D ရခဲ့ပြီး သွားလေသူ ဒေါ်စုခင်ပွန်း
ဒေါက်တာမိုက်ကယ်အဲရစ်(စ်)ရဲ့ မိတ်ဆွေကြီးပါဆိုပြီး အမေရိကားက
ဗမာ အတိုက်အခံ လောကထဲ ခုန်ဝင်လာခဲ့တဲ့လူ။
လွန်ခဲ့တဲ့ နှစ်(၂၀)က ABSDFတောခိုကျောင်းသား ခုတော့
အမေရိကန်နိုင်ငံသားစက်ရုံ အလုပ်သမားများအတွက်ကတော့
Y class လေယာဉ်လက်မှတ်ပေါ့။
နအဖက ဓါတ်ငွေ့ရောင်းလို့ရတဲ့ပိုက်ဆံကို ညူကလီးယားမှ မဟုတ်
ဘူး။ ဒီနေရာမှာလည်း သုံးပြီး ရင်းလိုက်သေးတယ်။။ ငွေပြန်ပေါ်မဲ့
ခွင်က Fort Wayne မြို့မှာ နယူးယောက် ဗမာ သံရုံးလုပ်ထားပြီး
သားမို့ပါ။
လွန်ခဲ့တဲ့ နှစ်(၂၀)က ABSDFတောခိုကျောင်းသား ခုတော့
အမေရိကန်နိုင်ငံသားစက်ရုံအလုပ် သမားများ ဆိုတဲ့ အမာခံ
အတိုက်အခံ ထောင်နဲ့ချီပြီးရှိတဲ့ Fort Wayne မြို့က ဗမာလောက
ဟာလည်း နယူးယောက်ဗမာသံရုံးက ပစ်လိုက်တဲ့ ခုနက အလုံး
တစ်လုံး မြို့လည်ခေါင်ကို လာပြီး ကျတာမှာ၊ အုံးအုံးကျက်ကျက်
တွေ ဖြစ်သွားတာပါပဲ။ ဖြစ်ချင်တော့ အမေရိကန်စီးပွား ရေးကျလို့
အလုပ်တွေက ပြုတ်နေချိန်ကလည်း ဖြစ်နေသေးတယ်။ အလုပ်တွေ
အဆင်ပြေနေ ဆဲ လူတွေကလည်း ဗမာပြည်ပြန်ပြီး ဗမာမိန်းမယူ
ချင်တာနဲ့ မိဘတွေဆီသွားလည်ချင်တယ် ဆိုတဲ့ အိပ်မပျော်သော
လက်နက်ကိုင်တော်လှန်ရေးလုပ်ခဲ့စဉ် ညတွေတုံးက မှောင်မှောင်
ရီခြယ် ပျံ့လွင့်အတွေးတွေဟာ နအဖကျေးဇူးနဲ့ ခုတော့ လက်တွေ့
အကောင်အထည် ပေါ်သွား တော့တာပေါ့။
ဒီထက်လှတဲ့ အကွက်က အင်္ဂလိပ်ဘာသာအရေကျိုသောက်နိုင်တဲ့
ဒေါက်တာခင်မာဦးဆိုတဲ့ ဆရာဝန်မကို နယူးယောက် ဗမာသံရုံးက
ဗမာပြည်ကနေ ခေါ်လိုက်ပြီးတော့ Fort Wayne မြို့ကို လွှတ်လိုက်
ပါလေရော။ အင်္ဂလိပ်ဘာသာ အခုအထိညံ့ဖျင်းနေကြဆဲ အဲဒီ
အမေရိကန် နိင်ငံသားမြန်မာစက်ရုံအလုပ်သမားများ ထောင်ချီရှိရာ
Fort Wayne မြို့ကို မြို့ခံ နှစ်(၂၀) သက်တမ်း မြန်မာအမေရိကန်နိုင်ငံ
သားတွေ မသိသေးတဲ့ ငါးကြင်းဆီနဲ့ငါးကြင်းကျော်တဲ့ “ခွင်” အသစ်ကို
ပါ ဒေါက်တာခင်မာဦးကို သင်ပြပေးပြီးမှ နယူးယောက် ဗမာသံရုံးက
Fort Wayne မြို့ကို လွှတ်လိုက်တာပါ။ အင်္ဂလိပ်ဘာသာ ဘာမှ
အခက်အခဲမရှိတဲ့ ဒေါက်တာခင်မာဦးဟာ သူများနည်းတူပဲ (၂)လ
အတွင်း နိုင်ငံရေးခိုလှုံခွင့်ရယူပြီး သကာလ “ခွင်” အသစ်ကို စတင်
လိုက်ပါတယ်။ အင်္ဂလိပ်ဘာသာမကျွမ်းကျင်ကြတဲ့ Fort Wayne
မြို့ခံ နှစ်(၂၀)သက်တမ်း မြန်မာအမေရိကန်နိုင်ငံသားတွေရဲ့ ဖွံ့ဖြိုး
တိုးတက်ရေးအတွက် စီမံကိန်းproject အမျိုးအမျိုး တွေ အမေရိကန်
အစိုးရဆီမှာ တင်လိုက်တာ၊ ခုတော့ ဒေါက်တာခင်မာဦးရဲ့ project
ရုံးတွေ မှာ Fort Wayne မြို့ခံ မြန်မာ-အမေရိကန် ABSDFဟောင်း
တွေလည်း ၀န်ထမ်းတွေဖြစ်ပြီး အလုပ်ရနေကြပါပြီ။
နယူးယောက် ဗမာသံရုံးက ဗိုလ်မှူးကြီးကျော်စွာမင်းရဲ့ ငါကြင်းဆီ
စစ်ဆင်ရေး ဒုတိယအဆင့် အတိုက်အခံတွေ စစ်အစိုးရကိုထောက်ခံ
ဘက်ပြောင်းရေးအတွက်လည်း ရှေတန်းက ဗျူဟာမှူး ဒေါက်တာ
ခင်မာဦးဟာ ထိုးစစ်ကို အောင်မြင်စွာ စတင်နေပါပြီ။ ဒီအတိုက်အခံ
တွေက အင်္ဂလိပ်ဘာသာမကျွမ်းပေမဲ့ နိုင်ငံရေးကိုနားလည်တော့
စာတတ်ပေတတ်ပုဂ္ဂိုလ်တွေနဲ့ ပေါင်း ပြီး ကွန်ဂရက်လွှတ်တော်မှာ
သွားသွား ကလိတိုင်း အမေရိကန်နဲ့ ဆက်ဆံရေးကောင်းချင်တဲ့
နအဖအတွက် ဟိုဟာထဲ စမူဆာဝင်ဝင်ပြီး ခုနေသလို ဖြစ်မှာ
ဆိုးရတယ်။ ခုတော့ Fort Wayne မြို့ခံ မြန်မာနိုင်ငံဘွား အမေရိကန်
နိုင်ငံသား အတိုက်အခံ(ဟောင်း)များလည်း ဗမာသံရုံးက မေတ္တာ
လက်ဆောင်ဝယ်ပေးတဲ့ Y class လေယာဉ်လက်မှတ်တွေနဲ့ ဗမာပြည်
ကို သွားလိုက် ပြန် လိုက်လုပ်နေကြပါပြီ။ ဗမာပြည်မှာ ရှာလာခဲ့တဲ့
သတို့သမီးလောင်းကို အမေရိကားကိုခေါ် ဘို့အတွက်လည်း I-129F
လျှောက်လွှာတွေ အမေရိကန် လ၀က မှာ တင်ထားကြပါပြီ။
မွန်တောခိုကျောင်းသားဟောင်းတွေ ဦးစီးတဲ့ Fort Wayne မြို့
မွန်ယဉ်ကျေးမှုအသင်းတသင်း ဆိုရင်၊ အမေရိကန်အစိုးရက ချပေးတဲ့
ဒေါက်တာခင်မာဦးရဲ့ project တခုက ငွေတွေနဲ့၊ ဗမာ့ ဆိုင်းဝိုင်းကြီး
တူရိယာပစ္စည်းအစုံအလင်ကို သင်္ဘောနဲ့မှာယူ ရောက်ရှိလာလို့၊
Fort Wayne မြို့က မွန်မလေးတွေ ဘောင်းဘီဖင်ကြပ်တွေနဲ့ အက
တိုက်နေကြတာကိုလည်း၊ ဗီအိုအေက တီဗီအစီအစဉ်မှာ မြင်ကြရပါပြီ။
ရန်ကုန်မြို့က နိုင်ငံတော်ယဉ်ကျေးမှုတက္ကသိုလ်ကတောင်၊ ဒီတီဗီ
အစီအစဉ်ကိုကြည့်ပြီး Fort Wayne မြို့က ဗမာ့ဆိုင်းဝိုင်းကြီးဟာ
သူတို့ ကျောင်းက ဆိုင်းဝိုင်းကြီးထက်တောင် တူရိယာပစ္စည်းတွေ
စုံတယ်လို့ ပြောနေပါတယ်။
နယူးယောက်ဗမာသံရုံးက ဗိုလ်မှူးကြီးကျော်စွာမင်းရဲ့ ငါကြင်းဆီ
စစ်ဆင်ရေးကို ဗျူဟာမှူး ဒေါက်တာခင်မာဦးက အကောင်အထည်
ဖေါ် အောင်မြင်လိုက်ပုံကများကတော့ ခုဆို အမေရိ ကန်အစိုးရက
ချပေးတဲ့ ငွေတွေနဲ့ Fort Wayne မြို့ကနေ ဗမာလို တီဗီတောင်
လွှင့်တော့မှာ ဖြစ်ပါတယ်။ မိုးမခနဲ့ အင်တာဗျူးမှာ ကိုယ့်ဟာကိုယ်
သူငယ်ချင်းချင်း စကားစပ်မိပြီး တီဗီလွှင့် ဘို့ လုပ်ဖြစ်သွားတာပါလို့
ပြောထားပြီး ဒုက္ခသည်တွေထဲမှာ စာမတတ်သူ အများကြီးပါလို့ တီဗီ
ရိုက်ဘို့ စိတ်ကူးပေါ်လာတာပါလို့ ဒေသခံ စာနယ်ဇင်းတွေက ရေး
ကြတယ်။ ရုပ်သံလိုင်း မရှိ သူတွေ ကြည့်ဘို့ ဒီတီဗီအစီအစဉ်တွေကို
DVDနဲ့ဖြန့်မယ်လို့လည်း ပြောပါတယ်။ ဘယ်သူကမှ ဒေါက်တာခင်မာဦး
ရဲ့ များစွာသော project တွေထဲက တခုပါလို့ အင်တာဗျူးတွေမှာ
မပြောကြဘူး။ မိုးမခတောင် ဒါကို မသိလို့ ဒီဗျူးခန်းကိုထည့်ပေးတာနေမှာ။
http://moemaka.com/index.php?option=com_content&task=view&id=6753&Itemid=83
ကျားနဲ့ဆင် ဒီ“ခွင်”မှာ တွေ့ကြပါပြီ။ ဒီ“ခွင်”ကို ဆင်ထားတဲ့ မူလ“ခွင်”
ပိုင်ရှင်က နယူးယောက် ဗမာသံရုံးက ဗိုလ်မှူးကြီးကျော်စွာမင်း။ သူ
“ဆင်” ဆိုရင် အခု ဒီ “ခွင်”ထဲကို ၀င်လာတာက “ကျား” သင်းကိုကို။
Fort Wayne မြို့ကနေ ဗမာလို တီဗီလွှင့်မှာကို တီဗီလုပ်ငန်း နကန်း
တလုံးမှမသိတဲ့ မြို့ခံ ဦးသီရိဘကြည် ခေါ် ဦးသီဟ က ရှေ့က နံမည်
ခံပြီး နောက်ကနေ သူ့လက်သူ့ခြေ အကုန်လုပ်မဲ့ သင်းကိုကို။
ဗိုလ်မှူးကြီးကျော်စွာမင်းရဲ့ ဗျူဟာမှူး ဒေါက်တာခင်မာဦးလောက်
ကို ပိဿာချိန်နဲ့ ရောင်းစား သွားမဲ့ သင်းကိုကို။ မြ၀တီရုပ်သံ
ကင်မရာတွေ မပြီး ပြေးသွားသူပါလို့၊ န၀တ က ကြေညာ ခံခဲ့ရဘူး
တဲ့ သင်းကိုကို။ DVB ရုပ်သံ စစချင်း DVB အတွက် ရသမျှ မာစီးဒီး
ဝယ်စီးပြီး အိမ်ဖေါ် တွေ ဘာတွေနဲ့ နော်ဝေ မှာ အကျအန နေခဲ့တဲ့
သင်းကိုကို။ DVB က ခိုးနေတာပေါ်သွားတော့ ကန်အထုတ်ခံရချိန်
မှာ DVBက data hard driveကြီးကို ဖျက်ဆီးပြီးမှ နော်ဝေကနေ
ထွက် လာခဲ့တဲ့ သင်းကိုကို။ အရင် သူလုပ်ခဲ့တဲ့ ဘန်ကောက် FTUB
ရုံးကနေပါ ဦးမောင်မောင်က ကန်ထုတ်လိုက်တဲ့ သင်းကိုကို။ ပြေးစရာ
မြေမရှိနဲ့ အမေရိကားရောက်လာရာက အေးအေး မနေပဲ၊ Fort Wayne
မြို့က ဗိုလ်မှူးကြီးကျော်စွာမင်း နဲ့ ဒေါက်တာခင်မာဦးတို့ရဲ့ ငါးကြင်းဆီ
စစ်ဆင်ရေးထဲက “ခွင်”ထဲကို ၀င်လာတဲ့ “ကျား” သင်းကိုကို။
ဗိုလ်မှူးကြီးကျော်စွာမင်း ကုလားထိုင်လှုပ် ဒေါက်တာခင်မာဦး
Fort Wayne မြို့ကနေ တော ထုတ်ခံရပြီး ငါးကြင်းဆီစစ်ဆင်ရေး
ထဲက “ခွင်”တခွင်လုံး သင်းကိုကို အုပ်သွားရင်တော့ ကြည့်ကောင်းလိုက်မဲ့
ဖြစ်ချင်း။
နောက်ထပ် “ခွင်”ကတော့ ၀ါရှင်တန်ကနေ ဘန်ကောက်ကို ရွှေ့
သွားတဲ့ “ခွင်”ပါ။ အမေရိကန် အစိုးရရဲ့ USAID က ဒေါ်လာသန်း
ပေါင်းများစွာနဲ့ အမေရိကန် NGOတွေ ဗမာပြည်ထဲ ၀င်ဘို့ လုပ်တဲ့
နေရာမှာ USAIDရှေ့တန်းရုံးကို ဘန်ကောက်မှာ ဖွင့်လိုက်ပါပြီ။
ရှေ့တန်းရုံးကို ဦးစီးဘို့ လူရှာနေတာကြားတဲ့ အဝေးရောက် NCGUB
ရုံးရဲ့ ညွန်ကြားရေးမှူး ဦးစိုးပိုင်က သိပ်သွက်ပါ တယ်။ အမေရိကန်
အမျိုးသားနဲ့ အိမ်ထောင်ပြုထားတဲ့ အမေရိကန်တက္ကသိုလ်ဘွဲ့ရ
သူ့သမီး စန္ဒီကို USAIDရှေ့တန်းရုံးရဲ့ ညွန်ကြားရေးမှူးအဖြစ်ခန့်ဘို့
ဝါရှင်တန်ဗမာသံရုံးရဲ့ နောက်ကွယ် က စီစဉ်ဆက်သွယ်ညှိနှိုင်းပေးမှုနဲ့
အမေရိကန်အစိုးရကိုချဉ်းကပ် အဆိုတင်လိုက်တာ အောင် မြင်သွားခဲ့ပါပြီ။
ခုတော့ ၀ါရှင်တန်NCGUBရုံး ရဲ့ညွန်ကြားရေးမှူးဦးစိုးပိုင်လဲ အဝေးရောက်
အစိုးရကို ၀ါရှင်တန်ကပန်းခြံတွေထဲမှာ ပစ်ထားခဲ့ပြီး ညွန်ကြားရေးမှူး
စန္ဒီရဲ့ ရှေ့တန်းရုံးရှိရာ ဘန်ကောက်ကို ပြောင်းရွေှ့နေထိုင်နေပါပြီ။
နောက်နှစ်ဆို proposal ရပ် ရိက္ခာပြတ်ကြတော့မယ်ဆိုတာသိတဲ့
အလွန်လျင်တဲ့ ထိုင်း-မြန်မာ နယ်စပ်က တော်လှန်ရေးခေါင်းဆောင်
ကြီးငယ် size ပေါင်းစုံဟာလည်း ဗမာပြည်ထဲဝင်ကြ တော့မဲ့ အမေရိကန်
NGOတွေထဲမှာ အလုပ်ရဘို့ ဒါမှမဟုတ် ကိုယ်တိုင် NGOတခုကို ဆရာကြီး
လုပ်နိုင်ဘို့ ဗမာပြည်ထဲက “ခွင်”အသစ်ထဲ ၀င်ပြီး ကိုယ့်အတွက် “ခွင်”
ထပ်ရှာကြဘို့ စိုင်းပြင်းနေကြပါပြီ။ ဘန်ကောက်မှာ နောက်ကွယ်ကနေ
နအဖက သူတို့လူ ညွန်ကြားရေးမှူး စန္ဒီကတဆင့် ကြိုးကိုင်မဲ့ ဗမာပြည်
အတွက်USAIDရှေ့တန်းရုံးမှာ တော်လှန်ရေးခေါင်းဆောင် ကြီးငယ်တွေ
သူ့ထက်ငါ တိုးဝှေ့ဦးခိုက်နေကြပါပြီ။ အမေရိကန်အစိုးရကတော့ မသိရှာ
ဘူး။ အိုဘားမားရဲ့ ထိတွေ့ဆက်ဆံရေးပေါ်လစီ အောင်မြင်ပြီး ဗမာပြည်
မှာတဖြည်းဖြည်း Change ဖြစ်သွားမယ်လို့ ထင်နေရှာတယ်။ အောင်မြင်
တာတော့ အောင်နေပါပြီ။ ရှေတန်းရုံဖွင့်ရုံပဲရှိ သေး အမေရိကန် NGOတွေ
ဗမာပြည်ထဲခြေမချရသေးခင်မှာကို “ခွင်”ဆရာကြီးဆရာမကြီး တွေ အတွက်
ကတော့ အောင်မြင်သွားခဲ့ပါပြီ။ “ခွင်”ဆိုလို့ အမေရိကားထဲက “ခွင်”အသစ်
တစ်ခုလည်း ရှိပါသေးတယ်။
ကယ်လီဖိုးနီးယားပြည်နယ်က အမေရိကန်အောက်လွှတ်တော်အမတ်
ရိုနာဘာဂါက စစ်မှန်တဲ့ ဗမာ့ဒီမိုကရေစီအရေးအတွက် ဗမာစစ်တပ်ထဲက
မျိုးဆက်သစ်စစ်သားတွေက လုပ်မှ ရနိုင် မယ်လို့ ကြေညာချက်တစ်စောင်
ထုတ်ခဲ့တယ်။ အဲ့ဒီမှာ၊ ခွေးသေကောင်ပုဒ်ကို ဠင်းတတွေ ၀ိုင်းဆွဲကြသလို၊
ရိုနာဘာဂါဆီကို အပြေးအလွှား သူ့ထက်ငါဦးအောင် proposal တွေ project
တွေ ၀ိုင်းတင်ကြတော့တာပဲ။ ကျနော်ကတော့ ပြည်တွင်းက စစ်တပ်ထဲမှာ
အဆက်အသွယ် တွေရှိပါတယ်၊ ကျမကတော့ ပြည်တွင်းက စစ်မှုထမ်း
ဟောင်းတွေကို အိတ်ထဲထည့်ထားနိုင်ပါ တယ်၊ စုံလို့ပဲ။ ရိုနာဘာဂါရဲ့
ဝါရှင်တန်က အောက်လွှတ်တော်အမတ်ရုံးကို ကုန်းလမ်းရေလမ်း
လေလမ်းတွေကနေ ချီတက်လာကြတာ။ ချင်းမိုင်မှာ ဆယ်နှစ်ဆယ်မိုး
အရပ်ဘက်စစ်ဘက် ဆက်ဆံရေးပါမောက္ခလိုလို ဘာလိုလိုလုပ်လာခဲ့
တဲ့ ဟားဗတ်သုံးလသင်တန်းတက်ဘူးသူတွေ ရဲ့ ဗန္ဒု ဓနု လဥ bahu
အဖွဲ့ဝင် အမေရိကန်မ ယောက်ျားတယောက်လည်း မိသားစုနဲ့အတူ
အပြေးအလွှားပဲ ၀ါရှင်တန်ကို အပြီး ပြန်ပြောင်းလာပါပြီ။ သို့ကလို
ရိုနာဘာဂါရဲ့ ၀ါရှင်တန်က အောက်လွှတ်တော်အမတ်ရုံးနားမှာ
ဝဲနေကြတဲ့ ဠင်းတတွေထဲမှာ၊ စစ်သားဟောင်းဆိုလို့ စစ်ဗိုလ်ဆရာဝန်
လုပ်ဘူးတဲ့ အဝေးရောက်အစိုးရကုလသမဂ္ဂတာဝန်ခံ ဒေါက်တာ
သောင်းထွန်းပဲ တွေ့ရတယ်။ ဗမာပြည်စစ်တပ်ထဲက ဒီမိုကရေစီလိုလား
သူ စစ်သားတွေ ဗမာစစ်အစိုးရရဲ့ စစ်ပြန်အဖွဲ့ထဲက ဒီမိုကရေစီလိုလား
သူ စစ်သားဟောင်းတွေနဲ့ ပြည်ပရောက် ဒီမိုကရေစီ လို လားသူ စစ်သား
ဟောင်းတွေနဲ့ကို ချိတ်ဆက်ပြီးကွန်ယက်ကြီးဖြစ်လာဘို့ သူလုပ်နိုင်
တယ် ဆို တဲ့ ဒေါက်တာသောင်းထွန်းရဲ့ နှစ်ရှည်စီမံကိန်းအတွက်
ကုန်ကျစားရိတ်အသေးစိတ်နဲ့ တင်ပြ ထားတဲ့ proposal အထူကြီး
တအုပ်လဲ၊ ဘုတ်ကနဲ ရိုနာဘာဂါရဲ့ရုံးခန်းထဲ ကျရောက်သွားခဲ့ ပါပြီ။
တစ်ခါမှ ဖုံးမဆက်ဘူးတဲ့ တစ်ကမ္ဘာလုံးက ဗမာစစ်သားဟောင်းတွေ
ဆီကို ဒေါက်တာ သောင်းထွန်း ဖုံးတွေတဂွမ်ဂွမ်ဆက်နေရှာတယ်။
စည်းရုံးတဲ့အထဲမှာ ဗမာပြည်ဒီမိုကရေစီ အကြောင်းပဲပါတယ်တဲ့။
ရိုနာဘာဂါ ကြေညာချက်တို့ ဘာတို့ တခွန်းမှ မဟဘူးတဲ့။ စစ်သား
ဟောင်းဆိုတဲ့လူတွေကလည်း ဠင်းတချင်းတူပေမဲ့ ခပ်တုံးတုံးတွေ
ဆိုတော့၊ ရိုနာဘာဂါကြေညာ ချက်ကိုလည်း မသိဘူး။ သိလည်း
ဒါဟာ၊ ရပ်ကွက်ထဲကိုရောက်လာတဲ့ အသစ်ကလေးလို့် “ခွင်”
ဆရာကြီးဆရာမကြီးတွေလို ရှုမြင် နားလည်သဘောပေါက်ကြမဲ့
ဠင်းတမျိုးတွေ မဟုတ် ပြန်ဘူး။ ဒေါက်တာသောင်းထွန်းရဲ့ “ခွင်”မှာ
အသုံးချခံရတော့မယ်ဆိုတာ မသိကြတဲ့ စစ်သားပီပီ ခဲတံချွန်စက်
မရှိတဲ့ အရပ်ကလူတွေလိုပါပဲ။
“ခွင်”တွေကတော့ အငြိမ့်တွေရဲ့ အက ရာသီခွင်တွေလိုပါပဲ။
သူ့ရာသီနဲ့သူ ခေတ်မှီမှီ စတိတ်ရှိုး တွေထည့် မင်းသမီးတွေကို
အားကစားဇာတ်လမ်းနဲ့ မလုံ့တလုံဝတ်ပြတာတွေ ထည့်နိုင်တဲ့ခွင်
တွေက အစ်ကိုကာလသားတွေ တရုန်းရုန်းနဲ့ ပွဲစည်ပြီး အားလုံးလည်း
ညကြေးတွေ ပိုပြီးရကြ တွက်ခြေကိုက်ကြတာပေါ့။
သြော် ရပ်ကွက်ထဲက “ခွင်”တွေ အကြောင်း ပြောပါတယ်။
-ယူအက်(စ်)အေ ရုက္ခစိုး
(ဖော်ပြပါ ပြင်ပဆောင်းပါးဟာ ပြင်ပဆောင်းပါးရှင်ရဲ့ အတွေးအခေါ်
အယူအဆများသာ ဖြစ်ပါတယ်။)
My Crush .....(2)
2 days ago
21 comments:
ဒါဆို အမြဲ နိုင်ငံခြားမှာ နေကြတဲ့ သူတွေ က အသာစီးပေါ့ နော် နားမလည်လို့ ပါ ဦးအောင်ေ၇
ဘာလို့ လည်းဆိုတော့ နာဂစ်တုန်းကလည်း အဲ့ လို ပါပဲ
တချို့ ပြည်တွင်းကအဖွဲ့ တွေကတောင် သစ္စရှိရှိလုပ်သွားပါတယ်
ဥပမာ အနေနေဲ့  သေချာပြောပြရရင်
ဂျပန်မှာရှိနေတဲ့ စာသင်တယ်ဆိုတဲ့ 
ဲ့အဖွဲ့ က ဂျပန်ကနေ ဆက်စပ်မှု့ တွေနဲ့ အလှုခံလာပါတယ် ချက်ချင်းပြည်တွင်းမှာ ရှိတဲ့ ဒေသခံနဲ့  ထိတွေ့ ဖို့ မဖြစ်နိင်တော့ ပြည်တွင်းမှာ၇ှိတဲ့ အဖွဲံ့ အစည်းကို အ၇င်ဆက် ပါတယ် နောက်အဲ့ ပြည်တွင်းက အဖွဲ့ ကလည်း ဂျပန်မှာသု့ နည်းသူ့ ဟန်နဲ့ အချိတ်အဆက်ရှိတဲ့ သူဆို၇င် ဂျပန်ကနေ လာတဲ့ အဖွဲ့ ကေ၇ှာင်ပါတယ် အဓိကကတော့သူ တို့ ဘယ်လောက် ရလာတယ်ဆိုတာမသိအောင်ပါ ဒါမှ သူတို့ ပေးချင်သလောက် ပေးပီးစာ၇င်းကို ကြတော့ ဂျပန်ဘက်ကို အပြည့် ပြပီး ပြည်တွင်းက အဖွဲ့ ကိုပဲ အကုန်ဦးစီးခိုင်းသလို လုပ်ချသွားတာတွေ အများကြီးပါ
တခါတခါပြည်တွင်းကအဖွဲ့ က ပဲ လုပ်သွားသလို တွေတောင် အသံလွှင့် ပါတယ်နောက်မှ အချင်းချင်းအချိတ်အဆက်တွေနဲ့ ဂျပန်က လာသွားတဲ့ သူက ဘယ်လောက်ဂျပန်ကနေ ရသွားပီ သူတို့ ဘယ်လောက်ဖိုးပဲ ပေးသွားတယ်ဆိုတာ နောက်မှ သိရသလို ဂျပန်က လာသွားတဲ့ သူတွေ ရန်ကုန်မှာ ခြံတွေ ၀ယ်သွားတာတွေ သိလိုက်၇ပါတယ်
ကိုယ့် တွေ့ မြင်လိုက်၇သူ
အင်း...ဖတ်ပြီး မောသွားတယ်...
စကားလေး တစ်ခွန်းကို အမှတ်ရမိတယ်...ဘာတဲ့...
ဒီမိုး...၊ဒီလေ...၊ဒီလူတွေ နဲ့....ဆိုလား...
ကိုအောင်
ဒါတွေဖတ်ပြီး ဘာတွေ ပြောရမှန်းတောင် မသိတော့ ပါဘူး ကျနော် တို့လို ဒေါ်လာ တောင် ကောင်းကောင်း မမြင်ဘူးတဲ့ တောသမ တွေအတွက် တော့ အားလုံးဟာ အဆန်းတကျယ်ပါဘဲ ရာဇဝင် တွေလည်း သိပ်မသိတော့ ဘာမှ မပြောတတ်ပါဘူး အင်း သိတာ တခုပြောရရင် ဘယ့်သူ့ အဖေ ခေါ်ရပါ့
သတင်းတွေ အတွက် ကျေးဇူးပါ
ရွှေစင်ဦး
“ယုံကြည်ရာရင်ခွင်မဲ့သောငါ”
ပြောမှသိ
ထိမှနာ
သာမှနေ
သေမှခင်
အဆင်ခြင်မဲ့သောငါ...
မဖြစ်လိုပါ။
သို့သော်...
ပြောလည်းမသိ
ထိလည်းမနာ
သာလည်းမနေ
သေလည်းမခင်
ယုံကြည်ရာ ရင်ခွင်မဲ့သောငါ...
ဖြစ်လာပါ၏။
ဇော်မျိုးလွင်
နားလည်မိသလောက်တော့ ဖတ်သွားတယ် ကိုအောင်ရေ..
နာဂစ်တုန်းက NGO တွေအကြောင်းတော့ တစ်စေ့တစ်စောင်း ကြားလိုက်မိတယ်..
လူတွေဟာ ခက်တယ်လို့ဘဲ ညီးတွားလိုက်ပါတယ်..
သင်းကိုကိုဆိုလို့..မပြော..မပြောချင်ဘူး
အခုမိန်းမကဂီတလုလင်မောင်ကိုကိုသမီး..
ကလေးလေး၂ယောက် ငယ်ငယ်လေး၇ှိတာ..
အဲဒါ အဲဒီအိမ်မှာ ခိုကပ်စားနေရင်းနဲ့သူများမယား ကြာခိုပြီးသုတ်သွားတာ..အဲဒီမိန်းမကလဲ ကလေးတွေ
ထားခဲ့ပြီးလိုက်သွားတာတဲ့..
ဘယ်လိုအစားတွေဆိုတာတွေးကြည့်ပေတော့..
ဘယ်လိုခွင်နဲ့လဲမသိ..အခုVOAမှာလုပ်နေတာ..
အဲဒီလိုသောက်ကျင့်မကောင်း..အရည်အချင်းမ၇ှိနဲ့
လူတွေ..VOA,RFA မှာကြီးစိုးနေကြတော့..
ချုပ်နှောင်ခံနေရရှာတဲ့ တိုင်းပြည်ထဲကသူတွေဘဝ
စဉ်းစားကြည်ပေတော့ကွယ်ရို့..
အလံမလှဲဘူးကွဆိုတဲ့..သူတွေခမျာ..ဒီမိုကရေစီ
အရေးလုပ်နေပါတယ်လို့တောင် မပြောရဲ့တဲ့ဘဝတဲ့.
အဲဒါကြောင့် နိုင်ငံရေးသမားလို့ဆိုတာနဲ့ ခါးသီးစွာ မျက်မုန်ကျိုးတာပေါ့
ကိုအောင်ရေ ဆောင်းပါးကိုကြိုက်တယ်ဗျာ များများဖော်ထုတ်မှဖြစ်မယ် တော်လှန်ရေးဆိုပြီးလုပ်စားနေကြတာ နအဖနဲ့ ဘာထူးတော့လို့လဲ ရှက်ဖို့သိပ်ကောင်းတယ်
်နောက်ဆုံးတော့ ဘယ်မအေးရိုး မှာမကောင်းပါဘူးဆိုတဲ့ စကား တစ်ခွန်းကို နားထဲမှာပြန်ကြားလိုက်မိတယ်
ကိုအောင် တင်တော့မှဘဲ အဲလိုတွေရှိတယ်ဆိုတာ သေချာသိရတော့တာ... ခွင် တွေ ရှိတယ် ဆိုတာတော့ နည်း၂ တော့ ကြားဖူးတယ် ..သည်လောက်စုံမှန်းတော့ မသိဘူး ... ကျေးဇူးတင်ပါတယ် ဖတ်ရလို့ ... ဗမာပြည်ထဲက လူတွေတော့ ဘယ်သူ့အဖေ ခေါ်ရမှန်းမသိတာ အသေအချာဘဲ ... နာပြီးရင်း နာ နေရပါပေါ့ ... အဲလိုလူမျိုးတွေ ရွံဖို့ကောင်းလိုက်တာ ... နောက် ရှိသေးရင် တင်ပါဦး ...
mie nge
အင်း...အားလုံးကောင်းပါသည်ပေါ့ဗျာ။ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံကြီးနဲ့ပဲ ထိုက်တန်ပါတယ်။ နအဖ မှန်တယ်။ အမြော်အမြင်ကြီးတယ်။ ~~တို့အဖေကြီးကို~~ကာကွယ်မလေ~~တို့အဖေကြီးကို~~ကာကွယ်မလေ~~တို့အဖေကြီး တည်တံ့ခိုင်မြဲအောင်လေ~~
(မောင်မောင်တို့ ညိုအုန်းမြင့်တို့ TOTAL ကုမပ္ပဏီနဲ့ ဂွင်ရိုက်ပြီး ဘုန်းသွားတာတွေသိရင် နအဖရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်ပေးပြီး ထောက်ခံချင်စိတ်ပေါက်သွားမယ်) မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကြီးကိုပြောပါတယ်။
ဖတ်ပြီး တော့ မော သွား တယ် အစ်ကိုအောင်။
ကိုအောင်ရေ..
အမရွှေစင်ဦးပြောသလိုပါပဲ။
ဒေါ်လာဆို..သေချာတောင်မမြင်ဖူးခဲ့လေတော့
"ခွင်"အကြောင်းရာဇ၀င်ဖတ်ရတာအဆန်းတကြယ်ပါပဲ။
နားလည်သလောက်ပြောရရင်ကမ္ဘာကြီးလုံးသလား၊ပြားသလားမသိပေမယ့်။။
ပြည်သူတွေတော့လုံးပါးပါးနေလေရော့သလား။
ခင်မင်စွာဖြင့်
ခိုင်နုငယ်
မျက်လုံးကြီးပြူး၊ နားရွက်ကြီးထောင်....(သဘက်မဟုတ်ပါ)...ပြီးဖတ်သွားတယ် :P။ စိတ်ညစ်တဲ့အထဲမှာ အဲ့ဒါတွေပါတယ်။
ရင်းနှီးတဲ့ဘလော့ဂ်ဂါတွေစုပြီး တဂွင်လောက် ဆင်အုံးမှပဲ
ဒါမှ ခေတ်မှီမှာ မဟုတ်လား...။
အဆုံးသတ်ကျတော့ ဒင်းတို့လည်း ထိုနည်း၎င်း ထိုနည်း၎င်း ဇာတ်ခင်းသွားတာပါပဲဗျာ။ ဒါနဲ့ စကားမစပ် ဘန်ကောက် အိုင်အာ ၃ က မစန္ဒီ ယူထားတာ ဂျာမန်လို့ ထင်တယ်ဗျ။ အမေ၇ိကန်သားမဟုတ်လောက်ဘူး။ ထားပါတော့ဗျာ။ ဒီထဲမှ အချက်အလက်အတော်များများက မှန်လောက်ပါတယ်။ ၂၀၁၁ ခွေးစားခွက်လုပွဲ အကြိုပေါ့ဗျာ။ ချီးယားစ်....နောက်ဆုံးတော့ ငါတို့ဌာနီ ခွေးစားခွက်လုကြသည် ဆိုတဲ့ သီချင်းလိုပါပဲ။ စိတ်နာတယ် ကိုအောင်ရေ။ ပြည်တွင်းက ဖော်လံဖားနဲ့ ပြည်ပက တော်လှန်စားတွေတော့ စိတ်ကုန်ပြီဗျာ။
လေးစားလျက်
မောင်ထွန်း
တကယ်ကို သနားဖို့ကောင်းတဲ့ မြန်မာတွေပဲ။ အနာသိရင် ဆေးရှိရမယ်ဆိုတဲ့ ဆိုရိုးရှိပါတယ်။ ဒီမိုလုပ်စားတွေအကြောင်းသိတာ အနာကို သိတဲ့သဘောပါပဲ။ ဒီတော့ . . ဆေးရှာဖို့လိုတာပေါ့။ ဒီဆောင်းပါးကို ဖတ်ပြီး . . ညည်းညူတဲ့သူရှိတယ်၊ ၀မ်းနည်းပက်လက် ငိုသံကြီးနဲ့ပြောတဲ့သူရှိတယ်၊ ဒေါသထွက်သူရှိတယ်၊ စောက်ပြစ်တင်သူ ရှိတယ်။ ပေါကြောင်ကြောင်ပြောသူရှိတယ်။ ဒါပေမယ့် ပြဿနာကို ဘယ်လို ဖြေရှင်းသင့်တယ်။ နောက်နောင်မှာ ဒီလိုမဖြစ်အောင် ဘယ်လိုလုပ်သင့်လဲဆိုတဲ့ အကျိုးရှိတဲ့ ဆွေးနွေးတင်ပြတာတစ်ခုမှမရှိဘူး။ ညည်းညူတာတွေ.. စောက်တင်းပြောတာတွေ… စောက်ပြစ်တင်တာတွေပဲလုပ်နေရင် လွတ်လပ်စွာပြောဆိုခွင့်ဆိုတာ တိုင်းပြည်အတွက်အကျိုးမရှိသလို.. ခင်ဗျားတို့အတွက်လည်း အကျိုးမရှိပါဘူး။
စောက်တင်းပြော၊ စောက်ပြစ်တင်၊ အငိုသံ၊ အညည်းသံသူတွေကို ဆန့်ကျင်နေတဲ့
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★
မချိတင်ကဲသွားတယ်......။ ပြည်တွင်းက ဆင်းရဲကျပ်တည်း ဖိနှိပ်မှုမျိုးစုံနဲ့ ... နိုင်ငံရေးသမားကြီးတွေကို ဘယ်လိုမျက်နှာပြရမယ်..
သဘွတ်အူတွေပါလားနော်
There should be Revo inside Revo!
I wanna read more about ftub from anonymous' pls
salt in the wound.
Post a Comment