Sunday, 18 July 2010

တခါက နွေရက်များ

ရေးသူ- စစ်ငြိမ်းဒီရေ

“ကိုယ့်သမိုင်း ကိုယ်ရေး” ဆိုတဲ့ စကားနဲ့
“ကိုယ့်သမိုင်းကို ကိုယ်ရေးလို့ မရဘူး၊ နောင်လာ နောင်သား
တွေ ရေးပါလိမ့်မယ်” ဆိုတဲ့ စကားနှစ်ခွန်းဟာ ထိပ်တိုက်ရင်ဆိုင်
ခြင်း စာမျက်နှာတွေပေါ်မှာ မကြာခဏ တည့်တည့်တိုးလေ့
ရှိပါတယ်။



အခြေခံပညာ ကျောင်းသားများ သမဂ္ဂ (အ.က.သ) လှုပ်ရှားမှု
တွေ အားကောင်းခဲ့တဲ့ ၁၉၈၈- ၈၉- ၉၀ ပတ်ဝန်းကျင်က အလုပ်
နဲ့ ပက်သက်ပြီး အဖြစ်အပျက်တချို့ကို မှတ်တမ်းတစ်ခုအနေနဲ့
သိစေချင်လို့ တင်ပြတာပါ။ အလုပ်နဲ့ ပက်သက်ရင် မလုပ်ခင်က
ငြင်းတာ ခုန်တာ ဆွေးနွေးပွဲထဲ ပွက်လောရိုက်တာ ပြဿနာ သိပ်
မရှိပါဘူး၊ အလုပ် လုပ်နေတဲ့ အချိန်အတွင်း စည်းလုံးညီညွတ်မှု
ရှိနေရင် ဘယ်လောက် ကြီးမားတဲ့ အန္တရာယ် အနေအထားမဆို
အလွယ်တကူ ရင်ဆိုင်လို့ ရပါတယ်။ ဒါကြောင့် ပြည်သူလူထုနဲ့
နိုင်ငံရေး၊ တော်လှန်ရေး အဆောက်အဦးတွေမှာ အ.က.သ ဆိုတဲ့
သမိုင်းဟာ ထင်ရှားခဲ့တာပါ။ ဘယ်သူမှ မငြင်းနိုင်သလို ငြင်းစရာ
မလိုတဲ့ သမိုင်းနဲ့ မှတ်တမ်းတွေပါ။

သံဈေး သပိတ်မှာ သင်ကြားခဲ့တယ် ….

သိမ်ကြီးဈေး “သံဈေး” သပိတ်မှာ အတွေ့အကြုံတစ်ခု ရခဲ့
ပါတယ်။ အဲဒါ ဘယ်လဲဆိုတော့ ကွဲထွက်သွားတဲ့ အင်အား
ကို ပြန်စုပြီး နောက်တခါ အခင်းအကျင်း ထပ်လုပ်တာပါ။
“သံဈေး”မှာ ဆန္ဒပြပွဲလုပ်လို့ မကြာခင် အချိန်အတွင်း ရန်သူ့
ဖက်က ချေမှုန်းရေး ၀င်လာပါတယ်။ အဲဒါနဲ့ လုံ/စည်းက
ဗိုလ်ချုပ်ဈေးဖက်မှာ လူပြန်စုဖို့ ပြင်ဆင်ခဲ့ပါတယ်။ သံဈေး
လှုပ်ရှားမှု မတိုင်ခင်က လူအင်အားထက် ၅ ပုံ ပုံရင် ၃ ပုံ
လောက်တောင် မပြည့်တော့ပါဘူး။ အဲဒီ အင်အားကို တစ်လမ်း
မောင်း စနစ်နဲ့ ကားသွားနေတဲ့ ဗိုလ်ချုပ်လမ်းပေါ်မှာ လမ်းပြောင်း
ပြန် ချီတက်ခဲ့တာပါ။

ဆူးလေ ဘုရားလမ်းဒေါင့်ကနေ ဈေးရှေ့အထိ ချီတက်သွားတော့
ဈေးရှေ့ မရောက်တရောက်မှာ လသာ(၁) ကျောင်းဖက်ကနေ
စစ်ကားတွေ ကွေ့ပြီး ဆင်းလာပါတယ်။ ဒါနဲ့ လူစုခွဲပြီး ဗိုလ်ချုပ်ဈေး
ထဲ ၀င်ခဲ့ကြပါတယ်။ ဈေးထဲက ဈေးဆိုင်တွေ အလျင်အမြန် ဆိုင်ပိတ်
နေတာ တွေ့ရပါတယ်။ ဈေးထဲ ပြေးဝင်လာတဲ့ လူငယ်အုပ်စုက
လွှဲရင် လူတော်တော် ရှင်းနေပါတယ်။ ထောက်လှမ်းရေးသာ ခြေရာ
အခံကောင်းရင် အဲဒီအုပ်စု အဲဒီနေ့က အိမ်ပြန်ရောက်မှ မဟုတ်ပါဘူး။

အဲဒီနောက်ပိုင်း မောင်ထော်လေးလမ်းမှာ တင်ပြရပါတယ်။ ကျနော်
တို့ အလုပ်လုပ်ရင် လုံ/စည်းနဲ့ပဲ မလုံလောက်ပါ၊ အပြင်စည်းက
ကျနော်တို့ အလုပ်လုပ်မယ့် ပတ်ဝန်းကျင်ကို ကြိုသွားပြီး အရင်ဆုံး
စည်းရုံးရေး ဆင်းထားပေးပါ။ လူထု အကာအကွယ်ပေးဖို့ ခက်တဲ့
နေရာမျိုးတွေမှာ ကျနော်တို့ဖက်က မျှော်လင့်ထားတာတဲ့ အကျ
အဆုံး ပိုများနိုင်ပါတယ် ….။ အဲဒီနောက်ပိုင်း အပြင်စည်း
တာဝန်ခံနဲ့ အလုပ်သဘောတွေ ကျယ်ပြန့်လာတာကို တွေ့ရ
ပါတယ်။

အယောင်ပြဖို့ (၂၇.၃.၁၉၉၀) …

၂၇. ၃. ၁၉၉၀ နေ့မှာ အခမ်းအနား တစ်ခုလုပ်ဖို့ ဆိုင်ရာ
ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တွေနဲ့ လူကြီးပိုင်းတွေ စီစဉ်
ကြပါတယ်။ ဒါနဲ့ မောင်ထော်လေးလမ်းကနေ ကျောက်ကုန်းကွေ့
အထိ အဆင့်ဆင့် နေရာထိုင်ခင်း ပြောင်းရွေ့လာတဲ့ ဗဟိုက
တာဝန်တစ်ခု ပေးပါတယ်။ အယောင်ပြ အစီအစဉ်တစ်ခုလောက်
ကြိုးစားပေးပါတဲ့ …။ တာဝန်စပေးတာက တစ်လအလိုမှာ ဖြစ်ပါ
တယ်။ အလုပ်က ဗဟန်း၊ ရန်ကင်း၊ ကမာရွတ် အတွင်း ….။

အလုပ်မှာ လက်တွဲရတာ ရှိသမျှ အင်အားစု အကုန်ပါပဲ၊ အ.က.သ
သီးသန့်တော့ မဟုတ်ပါ။ ပါတီပိုင်းက လူငယ်တွေပါ ပါဝင်ပါတယ်။
တနေ့ တနေ့ စုပြီး စဉ်းစားလိုက်ကြတာ လ’တ၀က်သာ ကျိုးသွား
တယ် ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင် မသိပါဘူး။ ဒါနဲ့ ရန်ကင်း
အ.ထ.က (၁)က မ.က.သ.ဖ ကျောင်းသားတစ်ဦးက အိုင်ဒီယာ
တစ်ခု တင်ပြပါတယ်။ အရပ်ထဲက ခွေးတွေကို လည်ပင်းမှာ စံပယ်
ပန်းကုံးတွေစွပ်ပြီး လွှတ်ရင် ဘယ်လိုနေမလဲ …။

အဖွဲ့များတော့ အလုပ်စဖို့ ဆွေးနွေးတာ ငြင်းခုန်နေတာ တစ်ပတ်
လောက် ကြာသွားပါတယ်။ တကယ်လည်း အလုပ်စမယ် စီစဉ်တော့
တစ်ပတ်ပဲ ကျန်ပါတော့တယ်။ တနေ့ တနေ့ ရပ်ကွက်တွေ ပတ်
ပြီး ဘယ်ရပ်ကွက်မှာ ခွေးလေခွေးလင့် အများဆုံး ရှိသလဲ စုံစမ်း
ရတာ အမောပါ။ အဓိက ပြဿနာက ခွေးကို ဘယ်လို ဖမ်းပြီး
ဘယ်နေရာမှာ စုထားမလဲ ….။ မီးသွေးရောင်းတဲ့ ဆိုင်က မီးသွေး
ခြင်းတောင်းတွေ လိုက်တောင်းရပါတယ်။ ခွေးလိုက်ဖမ်းလို့ အကိုက်
ခံရတဲ့ ကျောင်းသားလည်း မနည်းပါ။ အလုပ်စပြီး နှစ်ရက် သုံးရက်
ကြာတော့ အဲဒီအစီအစဉ်ကို ဖျက်သိမ်းလိုက်ဖို့အထိ စိတ်ပျက်
မိကြပါတယ်။

ခွေးအကောင် (၇၀)ကို နေရာ (၂၀)လောက် ခွဲပြီး ထားရပါတယ်။
မနက် (၇) နာရီထိုး လုပ်မယ့် အစီအစဉ်တောင် အကူအညီ
ပေးမယ့် ကားက ပျက်နေလို့ (၈)နာရီ ကျော်မှ လုပ်မယ့်နေရာ
ကို ရောက်ခဲ့ပါတယ်။ ကံကောင်းချင်တော့ အဲဒီအချိန်မှ ဈေးသွား
ဈေးလာနဲ့ အစည်းကားဆုံး ဖြစ်နေပါတယ်။ ရာထူး အဆင့်အတန်း
အဆင့်ဆင့်ကို ကျောပေါ်မှာ သင်္ဘောဆေးနဲ့ ရေးဆွဲထားတဲ့
ခွေးတွေကို ရန်ကင်း (၁၂)လုံးတန်း ထိပ်ရှိ မီးပွိုင့်မှာ လွှတ်ပေး
လိုက်ပါတယ်။ ပထမ လေး … ငါးကောင် လွှတ်လိုက်တော့
လူတွေက သိသိသာသာ သတိမထားကြသေးပါဘူး။ နောက်ထပ်
အကောင် (၂၀) နီးပါး ထပ်လွှတ်တော့ အုတ်အော်သောင်းနင်း
ဖြစ်သွားပါတယ်။ လည်ပင်းမှာ စံပယ်ပန်းကုံးတွေ၊ ကျောပေါ်မှာ
ရာထူးအဆင့်အတန်း ရေးခြစ်ထားတဲ့ ခွေးတွေ လမ်းပေါ်မှာ
ပြေးနေတာ ကြည့်ပြီး လူထုက လက်ခုပ်လက်ဝါး တီးပြီး အားပေး
ကြပါတယ်။ လုံခြုံရေး အကြောင်းပြချက်နဲ့ အခမ်းအနားတစ်ခု
အနီးက စစ်ကားတွေ ရန်ကင်း (၁၂)လုံးတန်းဆီ အလျင်အမြန်
ပြောင်းရွေ့ ရောက်ရှိလာပါတယ်။ အယောင်ပြပွဲအပြီးမှာ အကျအဆုံး
မရှိခဲ့ပါဘူး။ ခွေးလိုက်ဖမ်းတဲ့ နေရာမှာ အကိုက်ခံရတဲ့ ကျောင်းသား
တချို့ဆိုရင် ချက်မှာ ဆေးထိုးရတဲ့အထိတော့ အထိအခိုက်တွေ
ရှိခဲ့ပါတယ်။


(ဤမျှသာ။)

18 comments:

Anonymous said...

အေးချိုတောင် စင်္ကာပူမှာ မိန်းမနဲ့ ခလေး ရောက်နေ
ပြီ။ ခွေးဖမ်းခဲ့တဲ့ အေးချို။ အလက(၂)က။ အရင်က
လုပ်ခဲ့တာတွေ ပြန်စဉ်းစားမိတိုင်း အားလုံးကို သတိရတယ်။

ကိုဦး

Anonymous said...

အကိုရေ အဲလို အကြောင်းတွေ သိရတာ
ကျေးဇူးဗျာ များများရေးပါအုံး။

Anonymous said...

ဖတ်သွားတယ်ဗျာ

လေးစားစွာဖြင့်
ရွှေစင်ဦး

sosegado said...

ဒီလိုအဖြစ်အပျက်တွေက ဘယ်လိုမှ မေ့နိုင်စရာ အကြောင်းမရှိပါဘူး၊ တကယ့်မထင်တဲ့ လုပ်ဆောင်ချက်တစ်ခုပါပဲ၊ ဓါတ်ပုံမှတ်တမ်းရှိရင်သိပ်ကောင်းမှာ၊

Anonymous said...

မေ့မရတဲ့ရက်တွေထဲမှာ
ထိုထိုသော နေ့ရက်တွေလဲ ပါပါ၏..



ချော

ခိုင်နုငယ် said...

သမိုင်းသုတလေးတွေတင်ပြပေးတာ။
ကျေးဇူး။
အရောက်လာဖတ်သွားပါတယ်။

ယောနက်သန် said...

ဖတ်သွားပါတယ်။ အခုလို အကြောင်းအရာတွေ ထပ်ရေးပါဦး။

မောင် လေး said...

အကို ရေ...ဒါမျိုးလေးတွေ ထပ်ပြီး ဖတ်ချင်ပါသေးတယ်..။
အခုလို ဖတ်ရတာ ကျေးဇူးပါခင်ဗျ..။

Anonymous said...

ခုလိုမျိုး မသိရသေးတဲ့ အကြောင်းတွေ တင်ပြပေးတာလည်း ကောင်းတယ် ကိုအောင် ....
သရဲချည်းဘဲလည်းမလုပ်ပါနဲ့း) ... ကျေးဇူးပါ ဖတ်ရသိရလို့ ...

mie nge

Anonymous said...

ထွန်းထွန်းဝင်း သင်္ဘောမှာ စကမ်းမိတ် ဖြစ်နေ
ပြီ ကိုအောင်။ ကိုဦးဆိုတာ နံရံကျောင်းက
ကိုကိုဦးလား။ အင်တာနက်ပေါ်မှာ မြန်မာ
bloggers တွေကတော့ မနည်းဘူးနော်။ တခါတလေ
သူတို့ ဘာတွေ ရေးနေလဲ မသိဘူး။ ပြည်ပကနေ သတ္တိပြနေတဲ့ လူတွေကို မေးကြည့်
ပါလား ပြည်တွင်းမှာ နေခဲ့စဉ်တုန်းက ဘာတွေ
များ လုပ်ဖူးသလဲလို့။ ကျနော်တို့တတွေ ခွေးတွေနဲ့အတူ ပြေးခဲ့တုန်း သူတို့ကို မြင်စေချင်တယ်ဗျာ။
ကိုအောင် အိမ်ထောင်ကျသွားပြီဆို။
ကလေး ရပြီလား။ အ.က.သ မျိုးဆက်သစ်
လေးပေါ့။ အိမ်က အင်တာနက်က လိုင်းမကောင်းဘူး။ gmail မှာ add မယ်နော်
ကိုအောင်။

သတိရလျက်
အေးချို
(တခါက ခွေးတွေနဲ့အတူ ပြေးခဲ့ဖူးတဲ့ လူငယ်လေးပေါ့ .... ဟားဟားဟား)

Anonymous said...

ကိုဦး ပြောလို့် စာလာဖတ်ကြည့်တယ် ကိုအောင်။ ကျွန်နော့်ကို မှတ်မိလား မကျီးသီးလေ။ ဇော်ကြီးတော့ ဆုံးသွားပြီ ကိုအောင်။ ခွေးဖမ်းပေးခဲ့တဲ့ ကျိုက္ကဆံက ဇော်ကြီးလေ။ ကုလားပု တစ်ယောက် ဆရာကြီး ဖြစ်နေတယ်ဗျို့။ အခု မန်းတလေးမှာ။ ကိုအောင့် ငယ်သူငယ်ချင်းတွေ လည်း ဂွတလစ်ထဲရောက်ရင် သိပ်မတွေ့ရတော့
ဘူး သူတို့လည်း အိမ်ထောင်တွေကျ အလုပ်တွေနဲ့ ရှုပ်နေမှာဘဲ။ ကျွန်နော့် အခု
စက်ာပူမှာဘဲ။ ရောက်တာ တစ်နှစ်ကျော်ဘဲ။ ဆရာကြီး ဦးမြင့်စိန်လည်း ဆုံး
သွားပြီ ကိုအောင်။ ဗိုလ်စိန်မှန် ရပ်ကွက်ထဲက
လဖက်ရည်ဆိုင် ထိုင်လိုက်တိုင်း အားလုံးကို
သတိရတယ်ဗျာ။
အိမ်ထောင်ကျသွားပြီဆို။ ၀မ်းသာတယ်ဗျာ။
ကျွန်နော်လည်း အင်တာနက်ပေါ်မှာ စာရေး
ချင်တယ်။ အခုတောင် ကျွန်နော့်မိန်းမက စာရိုက်ပေးလို့။ ခွေးဖမ်းခဲ့တဲ့ အကြောင်းတွေ
ပြန်စဉ်းစားလိုက်တိုင်း ရီလိုက်ရတာ အူကို တက်နေတာဘဲ။ ကုလားပုနဲ့ ကျွန်နော့်ကို
တစ်ရက်ကို ခွေးတစ်ကောင်ဘဲ ဖမ်းနိုင်လို့
ဆဲခဲ့တဲ့ ကိုအောင့်ဆဲသံကိုလည်း သတိရ
ပါတယ်။

မကျီးသီး

ကိုအောင်(ပျူနိုင်ငံ) said...

မကျီးသီးရေ

ဆရာကြီး ဦးမြင့်စိန် (အင်္ဂလိပ်စာ နည်းပြ ကျူရှင်ဆရာ) ဆုံးတာ သိတယ်၊ တော်တော်ကို
စိတ်မကောင်း ဖြစ်မိပါတယ်။ မင့်ဆီမှာ ဆရာ့ဓါတ်ပုံ ရှိရင် ငါ့ဆီ ပို့ပေးပါ။ ဇော်ကြီးက
ဘာရောဂါနဲ့ ဆုံးသွားတာလဲ။

Anonymous said...

I really sorry for ဆရာကြီး ဦးမြင့်စိန် (အင်္ဂလိပ်စာ နည်းပြ ကျူရှင်ဆရာ).
Before he dead I went SSC and met him. He lost weight and can't speak much.

Anonymous said...

ဇော်ကြီး နှလုံးရော၈ါနဲ့ဆုံးတာ ကိုအောင်။

မကျီးသီ

Anonymous said...

ဇော်ကြီး နှလုံးရော၈ါနဲ့ဆုံးတာ ကိုအောင်။

မကျီးသီ

Nge Naing said...

ကိုယ့်သမိုင်းကိုယ်ရေးလို့ မရဘူးဆိုပေမဲ့ မိမိဘ၀ဖြတ်သန်းမှုကိုတော့ မိမိမှာ အမှန်တိုင်း မှတ်တမ်းရေးပိုင်ခွင့်ရှိပါတယ်။ အားပေးလျက်ပါ ကိုအောင်။

Dragon said...

ဝင်ဖတ်သွားပါတယ်။

Dragon said...

ဝင်ဖတ်သွားပါတယ်။