Wednesday 14 July 2010

မိတ်ဆွေတစ်ဦးရဲ့ ကား

(ကြောက်တတ်သူများ မဖတ်ရူသင့်ပါ။)

ကိုအောင်ခင်မြင့်ရေ .... ကျနော့် ကိုယ်တွေ့ ပြောပြဖူးတယ်
ထင်တယ်။ ကြုံတုန်း ထပ်ပြောပြဦးမယ်။၂၀၀၆ ခုနှစ် ၄ လပိုင်း
မှာ အမေရိကမှာ ပထမဆုံး ကားဟောင်းတစီး စ၀ယ်ဖြစ်တယ်။
( 2002 toyota 4runner)။ စပေါ်ငွေ ၃-ထောင်ပေးပြီး ဒေါ်လာ
၄၀၀- လစဉ် ကားပေးမန့်(payment) ပေးရန် (၅) နှစ်စာချုပ်နဲ့
သဘောတူကာ တိုယိုတာဒီလာ ကနေ ၀ယ်ခဲ့တယ်။



မကြာမကြာ car alarm က နေ့ရော ညပါ ထထမြည်
တယ်။ အကုန်စစ်ဆေးကြည့်တော့ ဘယ်ပြဿနာမှ မရှိပါ။
သံသယရှိလာတော့ တရားခွေ အမြဲဖွင့်မောင်းတယ်။ ၂၀၀၆ ခုနှစ်
(၅)လပိုင်းမှာ ဘုန်းကြီးကျောင်းမှာ အရုဏ်ဆွမ်းကပ်ပြီး အပြန်
မီးပွိင့်မှာ အက်ဆီးဒန့် ဖြစ်ရော..။ (တက္ကဆက်ပြည်နယ်မှာ)
အဲဒီအချိန် ဦးဥာဏိဿရရဲ့ပရိတ်ကြီး ၁၁- သုတ်ခွေ ဖွင့်လျက်
သားနဲ့။ ကားခေါင်းပိုင်းထိသွားတယ်။



နောက်တစ်ကြိမ်က ၈- လပိုင်း ၈- ရက် ၂၀၀၆ ခုနှစ် ရှစ်လေးလုံး
နှစ်ပတ်လည်နေ့ မလုပ်ခင်ညမှာ သန်းခေါင် အချိန်လောက်
အခမ်းအနားအတွက် နှင်းဆီပန်းတွေ သွားဝယ်ဖို့ ကားမောင်း
ထွက်ခဲ့တယ်။ သိပ်မကြာခင် ကားနောက်ခန်းအတွင်းထဲက
တံခါးကို တဒုံးဒုံးထုသံ မကြာမကြာ ကြားရတယ်။ တသက်နဲ့တကိုယ်
ရုပ်အဆင်းနဲ့ခြောက်လှန့်တဲ့ သရဲ၊ အသံနဲ့ခြောက်တဲ့ သရဲ၊
အနံ့နဲ့ ခြောက်တဲ့ သရဲ၊ အတွေ့အထိနဲ့ခြောက်တဲ့ သရဲ တွေကို
မကြုံခဲ့ပါဖူး။ အဲဒီညမှာ အသံနဲ့ခြောက်လှန့်တာကို ပထမဆုံး ကြုံခဲ့
ဖူးလို့ နာနာဘာဝကို ကိုယ်တွေ့ ယုံခဲ့ရတယ်။



ဒါနဲ့ ကျောချမ်းစွာ ကားမောင်းရင်း တရားခွေဖွင့် သရဲကို ကားထဲ
မှာ မနှောင့်ယှက်ဘဲ ဆင်းသွားဖို့ အမျှ (၃) ကြိမ်ဝေရင်း ကားမှန်
တွေ ဖွင့်ရင်း မောင်းခဲ့တယ်။ တခါနှစ်ခါ ဆက်ကြားနေခဲ့သေးတယ်။
စူပါမားကတ် ကားပါကင်မှာ ရပ်ပြီး ကားတံခါးတွေဖွင့်ပြီး ထပ်မောင်း
ထုတ်ရတယ်။ ပန်းတွေဝယ်ပြီး ကားပြန်မောင်းတော့ သရဲရှိသေးလား
လို့ ကြောက်ကြောက်နဲ့ တရားခွေဖွင့်ရင်း အိမ်ပြန်မောင်းလာပေမယ့်
အပြန်လမ်းမှာ ဘာသံမှမကြားတော့ဘူး။ စိတ်ထင် ဈေးဆိုင်မှာ
သရဲဆင်းသွားတာ ဖြစ်နိုင်တယ်။ နောက်လည်း မကြာမကြာ အလန်း
မြည်တာတော့ အမြဲဖြစ်တယ်။

၂၀၀၉ ခုနှစ်ထဲမှာ မီးပွိင့်မှာပဲ ကားခေါင်းချင်းတိုက်ကြပြီး အက်ဆီးဒန့်
ထပ်ဖြစ်တယ် (အာရီဇိုးနားပြည်နယ်မှာ)။ အဲဒီတုန်းက သဲအင်းဂူ
ဆရာတော်ကြီးရဲ့ အာနာပါန ရှုကွက်ခွေ ဖွင့်ရင်း တိုက်ကြတာ။
လူတော့ဘာမှမဖြစ်ဘူး၊ ကားက ပြန်မပြင်ချင်တော့လို့ ကားအာမခံ
ငွေ ဒေါ်လာ (၇)ထောင်ကျော် အလျော်ရလို့ ကားဒီလာမှာပဲ ထားခဲ့
လိုက်တော့တယ်။ တရားခွေက အဲဒီကားထဲပါသွားတာ ပြန်မယူ
ဖြစ်တော့ဘူး။အခုလည်း toyota camry ကားဟောင်းတစီး
ပြန်ဝယ်စီးနေတယ်။ ဒီတစ်စီးကတော့ ဘာမှ သရဲခြောက်တာ ဖောက်ပြန်
တာ မတွေ့ရပါ။ တိုက်ခံခဲ့ရတဲ့ ကားပျက်ပုံတွေ အီးမေးလ်နဲ့ပို့လိုက်
ပါတယ်။ သရဲစီးနေတဲ့ကားဟောင်းရဲ့ ဇာတ်သိမ်းခန်းပုံလေး ယုံရအောင်
လို့ပါဗျာ။
(မှတ်ချက်။ ။ ဒို့ကားက သရဲစီးနေတာတောင် ဒို့ ဘုရားတရားအမြဲဖွင့်
လို့ ကားဖြစ်ပေမယ့် လူဘာမှ မဖြစ်ခဲ့တာပါ ...လို့ ဇနီးသည်ထံ ပြော
ပြကြောင်း သိရပါတယ်။)

ခင်မင်လျှက်-
ကိုအိုးဝေအောင်

(စာရေးသား ပေးပို့သူ ကျနော့်မိတ်ဆွေ ကိုအိုးဝေအောင်ဟာ
ဘလော့ဂါ တစ်ဦးဖြစ်ပြီး လက်ရှိ အမေရိကန်ပြည်ထောင်စုမှာ
နေထိုင်နေသူ တစ်ဦးဖြစ်ပါတယ်။ ၁၉၈၈- ၈၉- ၉၀ ခုနှစ်က
အ.က.သ (ရန်ကုန်တိုင်း- မြို့နယ်တစ်ခု)၏ အဖွဲ့ဝင်
ကျောင်းသားတစ်ဦးပါ။)

23 comments:

Anonymous said...

ကျွန်တော်သာ ဆိုရင်တော့ ကားပေါ်က ဆင်းပြေးမှာ။

ထူးထူး ...

ရွှေရတုမှတ်တမ်း said...

ဟုတ်တယ် ကိုအောင်ရေ...
အဲလိုကားတွေ ဒီမှာ အများကြီး...
ကျနော်တော့ အသစ်ပဲဝယ်စီးတော့တယ်..

မေဓာဝီ said...

မိတ်ဆွေတဦးရဲ့ကားက ကြောက်စရာလဲ မကောင်းဘူး။ စောစောစီးစီး ဖတ်လိုက်ရလို့ထင်တယ်။
ဟိုကားဇာတ်လမ်းကို ဆက်ပါအုံး။ ကြောက်ဖို့ကောင်းအောင် ရေးနော်။ ဟုတ်သည်ရှိ မဟုတ်သည်ရှိ :P

ချော(အစိမ်းရောင်လွင်ပြင်) said...

ကြောက်တတ်သူများ မဖတ်ရဆိုလို့
မကြောက်ချင်ယောင်ဆောင်ပြီးဖတ်သွားပါတယ်..
တမင်သက်သက် ညနက်မှ လာလာဖတ်တာ
ကျောချမ်းရတဲ့ ဖီလင်ကို ခံစားချင်လို့လေ...
များများရေးပေးပါနော်..
ကျောချမ်းရင်စောင်ကလေးခြုံပြီးဖတ်မယ်..

Anonymous said...

သရဲ ဟုတ်ပါ့မလား

၁) တိုင်းတပါးတွင် မထမဆုံးကား စမောင်းသူများ အာရုံ အပြည့်ထည့်လေ့မရှိ (စကားပြောလွန်းခြင်း၊ သီချင်းနားထောင်ခြင်း)၊ အမေရိကန် လမ်း စံနစ်ကို ကျွမ်းကျင်မှု မရှိခြင်းတို့ကြောင့် ပထမ တစ်နှစ် အတွင်း ကား တိုက်မှု ဖြစ်ပွားလေ့ ရှိပါသည်။ မြန်မာလူမျိုးများ ကားတိုက်နှုန်း လွန်စွာ မြင့်ပါသည်။

၂) ကား ဟောင်းတို့၏ လျှပ်စစ်ပစ္စည်းများ သည် အပြစ်ရှာ မတွေ့နိုင်ဘဲ၊ မျိုးစုံ ဗွေဖေါက်တတ်ပါသည်။ အထူးသဖြင့် SENSOR များ ပုံမှန် အလုပ် မလုပ်တော့ သောအခါ အကြောင်း တစ်စုံတစ်ရာ ရှာ မရပဲ ALARM မည်လေ့ ရှိပါသည်။ ဖြစ်လေ့ဖြစ်ထ များပါသည်။

ယောနက်သန် said...

လာဖတ်သွားပါတယ်။ ပထမကားဇာတ်လမ်း အဆက်မျှော်နေပါတယ်။

မောင်မိုး said...

ကျနော့်သူငယ်ချင်းကားကတော့ တစ်မျိုးဗျ။ ကားမထွက်ခင် အရက် တစ်ပိုင်းကို ရေတိုင်ကီထဲ ထည့်ပေးရတယ်။ နို့မိုဆိုရင် ဘီးလှိမ့်ဖို့နေနေသာသာ စက်တောင်မနိုးဘူး။

An Asian Tour Operator said...

ပရိပ်ခွေ၊ တရားခွေတွေဖွင့်ထားရက်နဲ့ နော်။

ခိုင်နုငယ် said...

ကြောက်တတ်သူများမဖတ်ရလို့ဆိုထားပေမယ့်
စိတ်ဝင်စားလို့ကြောက်ကြောက်နဲ့ပဲဖတ်လိုက်တယ်။
အဲသလိုတွေတကယ်ရှိတော့...
လူကိုအန္တရယ်ဖြစ်စေတာပေါ့နှော်.။

Anonymous said...

အဖော်လေးနဲ့ ကားမောင်းရတော့ ပျော်စရာ ကိုယ့် အတွက် မဟုတ်ပါဘူး သူများတွေ အတွက်

ကိုအောင်ရေ ကျေးဇူး ဖတ်လို့ကောင်းတယ် အဆက်လေးလည်း မမေ့နဲ့အုန်းနော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

သဒ္ဓါလှိုင်း said...

ကြောင်တော့ကြောက်တတ်တယ်..ဒါပေမဲ့လည်း
ဖတ်ချင်တယ်..။အဲဒီကားပေါ်မှာကိုယ်သာဆိုရင်
ဆိုပြီးဖတ်နေရင်းကျောချမ်းလိုက်တာ..

ခင်မင်စွာ
သဒ္ဓါ

နေ၀သန် said...

အင်း.. ဒီအပလောကသားတွေကလည်းနော်.... ကိုအောင်..နောင်ကြုံရင် ကုန်ကြမ်းပေးပါဦး... သရဲအကြောင်းရေးရအောင်... :D:D


ခင်မင်တဲ့
နေ၀သန်

သိင်္ဂါကျော် said...

တစ်ချို့က မကြုံဖူးလို့ မယုံဖူးထင်တယ်..
ဒါမျိုးတွေက တကယ်ရှိတယ်.. မကြုံဖူးပေမယ့် ယုံပါတယ်။
ကားပေါ်မှာ ကပ်ငြိနေတဲ့ ဝိညာဉ်ကို ဆွမ်းသွပ် အမျှဝေတာမျိုး လုပ်ပေးလိုက်ရင် ပိုကောင်းမယ် သူလည်း ကျွတ်ချင် ကျွတ်သွားမှာပေါ့နော်.

SHWE ZIN U said...

ကိုအောင်

မုန့်ပေါင်း လုပ်နည်း ရေးထားတယ် လာဖတ်အုန်းဗျ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

T2A said...

အောင်မယ်လေးလေးဗျာ ။ ကျောတွေချမ်းလိုက်တာ............ဟူးးးးးးးးး။ စောက်ကျိုးနည်းကားသရဲတွေနှယ့်ဗျာ.....။

မြစ်ကျိုးအင်း said...

ဒီ့ပြင့်နည်းနဲ့ ခြောက်တာထက် ကားမောင်းရင်း ခြောက်တာ တော်တော် ဆိုးမှာပဲ။ ကြောက်လန့် စိတ်ကြောင့်တခြား ကားတွေ လူတွေပါ အန္တရာယ် ဖြစ်စေနိင်တယ်။
ကိုယ်တွေ့ဆိုလို့ ဖတ်ရတာ ပိုအရသာ ရှိတယ်ဗျ
အပိုင်း ၃ လေးလည်း ဆက်ပါအုံး။။

အဖြူရောင်နတ်သမီး said...

ဖတ်ရင်းဖတ်ရင်းနဲ့...
ကြက်သီးတွေထလိုက်တာ...
သရဲတော့ကြောက်တယ်..
လူက နိုင်သလောက်ပြန်ခုခံလို့ရသေးတယ်..

ကိုလူထွေး said...

ဟုတ်တယ်ကိုအောင်ရေ...

ကျနော်တော့ မှန်ကြည့်မိတိုင်း သရဲကို မျက်မြင်ကိုယ်တွေ့ တွေ့တွေ့နေရတယ်....

ဘာတရားခွေနဲ့မှလဲ မနိုင်ပါဘူးဗျာ...

နည်းလေးဘာလေးသိရင် ကူပါအုံး...

းဝ)

Anonymous said...

သရဲ ဟုတ်ပါ့မလား လို့ မေးခွန်းထုတ်လာတဲ့ အမည်မသိ
စာဆိုကြီးရေ...။စာဆိုကြီးပြောတဲ့ အောက်ပါ ၂ချက်ကိုလည်းလက်ခံပါတယ်။

၁) တိုင်းတပါးတွင် ပထမဆုံးကား စမောင်းသူများ အာရုံ အပြည့်ထည့်လေ့မရှိ (စကားပြောလွန်းခြင်း၊ သီချင်းနားထောင်ခြင်း)၊ အမေရိကန် လမ်း စံနစ်ကို ကျွမ်းကျင်မှု မရှိခြင်းတို့ကြောင့် ပထမ တစ်နှစ် အတွင်း ကား တိုက်မှု ဖြစ်ပွားလေ့ ရှိပါသည်။ မြန်မာလူမျိုးများ ကားတိုက်နှုန်း လွန်စွာ မြင့်ပါသည်။

၂) ကား ဟောင်းတို့၏ လျှပ်စစ်ပစ္စည်းများ သည် အပြစ်ရှာ မတွေ့နိုင်ဘဲ၊ မျိုးစုံ ဗွေဖေါက်တတ်ပါသည်။ အထူးသဖြင့် SENSOR များ ပုံမှန် အလုပ် မလုပ်တော့ သောအခါ အကြောင်း တစ်စုံတစ်ရာ ရှာ မရပဲ ALARM မည်လေ့ ရှိပါသည်။ ဖြစ်လေ့ဖြစ်ထ များပါသည်။
--------------------------------------------------
၈-၈-၀၆ မတိုင်ခင် ညက ကားမောင်းရင်း ဘော်ဒီကို ထုသံတလမ်းလုံးကြားခဲ့ရတာဟာ ကျနော် တယောက်တည်းကြားတာမဟုတ်ပါဘူး။ကားပေါ်မှာ အေဘီအက်စ်ဒီအက်ဖ် ရဲဘော်ဟောင်း ကိုမောင်စန်းတို့
သားအဖပါ ပါပါတယ်ခင်ဗျာ။မယုံရင် တက္ကဆက်ပြည်နယ်။
AMARILLO မှာ ရှိနေတဲ့ ကိုမောင်စန်းကို စုံစမ်းမေးမြန်းနိုင်ပါတယ် စာဆိုကြီးရေ...။
မိတ်ဆွေကြီး အိုးဝေအောင်
အာရီဇိုးနားပြည်နယ်

မန်းကိုကို said...

အပေါ်က ကိုလူထွေးပြောတဲ့ သရဲကတော့ ခဏခဏတွေ့သဗျ။ ကျနော်ကကြောက်ရင် ချော့ကလက်စားတတ်လို့ အဲဒီသရဲမှာ တစ်နေ့တစ်နေ့ မျက်နှာပြည့်လာပြီး ဗိုက်ကလေးစူစူလာတာ သတိထားမိတယ်ဗျ။

ဒီရေ said...

ကိုအောင်ရေ!!! လာဖတ်သွားတယ်.. ကြားရ မြင်ရတာ စိတ်ထဲ မကောင်းဘူးဗျာ..

ဒီရေ said...

ကိုအောင်ရေ!!! ကျွန်တော် လာဖတ်သွားပါတယ်.. မြင်ရ ကြားရတာတွေကြောင့် စိတ်ထဲ မကောင်းဘူးဗျာ..

khin oo may said...

ကြောက်တတ်သူတစ်ဦးလာဖတ်သွားပါတယ်။ကြောက်တယ။် ဟိုတစ်လောက လာဖတ်တာ ညဘက်ကြီးမို့ မဖတ်ဘဲပြန်သွားတာ အခုမှ ညနေဘက်ကလေးလာဖတ်ရတယ်။