Monday, 12 July 2010

ကားဟောင်း မ၀ယ်ခင် စစ်ဆေးပါ (အပိုင်း-၂)

ရေးသူ- စစ်ငြိမ်းဒီရေ

(ကြောက်တတ်သူများ မဖတ်ရူရန် မေတ္တာ ရပ်ခံအပ်ပါသည်။)

ယခင်အပိုင်း(၁)မှ အဆက် ….

ရန်ကုန်၊ ကျောက်မြောင်း၊ သီတာလမ်း မှတ်တိုင်အနီး လမ်းထဲ
မှာ နေထိုင်တဲ့ မိသားစု တစ်စုက ကားတင်သွင်းခွင့် လျှောက်
ပါတယ်။ လျှောက်ပေးဖို့ အလုပ်လက်ခံတဲ့ အုပ်စုက စာရေးသူ
တို့ အုပ်စုပါ။ တင်သွင်းခွင့် ပါမစ် ရလာတော့ ကားသွင်းမယ့်
သူဆီမှာ ပြန်ရောင်းဖို့ ကြားဝင်ပြီး ပွဲစား လုပ်ပေးလိုက်ပါတယ်။



ကားကို တင်သွင်းခဲ့တဲ့ လူဟာ ၉၈ ခုနှစ်လောက်က အသည်း
ခြောက်တဲ့ ရောဂါနဲ့ ကွယ်လွန်ခဲ့ပါပြီ။ သူက (၃၁)လမ်းမှာ
နေပါတယ်။ သူ ပိုင်တဲ့ ကားတွေကို သုဝဏ္ဍ ဖက်မှာရှိတဲ့
သူတို့ မိသားစုပိုင် ဂိုဒေါင်မှာ ညတိုင်း သွားထားလေ့ ရှိပါ
တယ်။ မနက်မိုးလင်းရင် အဲဒီဂိုဒေါင်ကနေ ဗိုလ်တထောင်
ကားပွဲစားတန်းဆီ သယ်ဆောင်ရပါတယ်။ ဖြစ်ချင်တော့
အဲဒီ ကျောက်မြောင်း၊ သီတာလမ်းဖက်က ပထမဆုံး ပိုင်ရှင်
နာမည်ပေါက် ကား တင်သွင်းခဲ့တဲ့ ကာလမှာ ကားဈေးကွက်
တော်တော်ကို အေးနေပါတယ်။ အရောင်းအ၀ယ် မရှိသလောက်
ကို ဖြစ်နေပါတယ်။

အဲဒီခေတ်က “ခေါင်းချိုး” လို့ ခေါ်တဲ့ ၀ယ်ရောင်း လုပ်နည်း
တစ်ခု ရှိခဲ့ပါတယ်။ ဥပမာ … ၅ သိန်းတန် ကားတစ်စီးကို အဲဒီ
ကားရဲ့ ၁၀ ရာခိုင်နှုန်း (%) ငါးသောင်း ပေးပြီး ယုံကြည်မှုနဲ့
ကားကို ယူပြီး ၀ယ်မယ့်သူတွေထံ လိုက်ပြတဲ့ နည်းလမ်းပါ။
“ခေါင်းချိုး” လုပ်ချင်တဲ့ ပွဲစား သို့မဟုတ် ၀ယ်ရောင်းက ပါးစပ်
နဲ့ လုပ်စားလို့ မရပါဘူး။ ကားတစ်စီးရဲ့ ၁၀ ရာခိုင်နှုန်း (%)
ကြားဝင် ပေးနိုင်လောက်သော ငွေအင်အား ရှိဖို့လိုပါတယ်။

အဲဒီ အရင်းအနှီးလောက်နဲ့ ကားအများအပြား တင်သွင်းခဲ့တဲ့
လူတွေဆီကနေ စရံသဘော ၁၀ ရာခိုင်နှုန်း ပေးပြီး ကိုယ်ကြိုက်
တဲ့ ကားကို အရောင်းအ၀ယ်စာချုပ်နဲ့ ယူလို့ ရပါတယ်။ ပြီးရင်
ကားဝယ်မယ့်သူတွေဆီ လိုက်ပြရပါတယ်။ မူရင်းဈေးထက် ဈေး
ပိုတင်ပြီး အရောင်းအ၀ယ် လုပ်တဲ့သဘောပါ။ ၀ယ်မယ့်သူဆီက
ငွေရရင် ကိုယ်ယူခဲ့တဲ့ နေရာက ပိုင်ရှင်ထံ ကိုယ် ဖြတ်ခဲ့တဲ့
ဈေးအတိုင်း ကျန်ငွေကို ရှင်းပေးလိုက်ရုံပါပဲ။ ဒီလို လုပ်ချင်ဟာ
ကိုယ်ယူထားတဲ့ ကားအပေါ် ကိုယ်ကြိုက်တဲ့သဘော လုပ်လို့
ရတဲ့ အပြင် ဈေးကွက်ထဲ သာမန်အချိုးကျ ခွဲယူရတဲ့ ပွဲခထက်
အဆများစွာ သာပါတယ်။ အရင်းအနှီး ရှိတိုင်း “ခေါင်းချိုး” လုပ်
ဖို့ မလွယ်ပါဘူး။ ယုံကြည်မှုနဲ့ သစ္စာရှိဖို့လည်း လိုပါတယ်။ ပုံမှန်
တန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းကို ပေးပြီး ကားယူသွားနိုင်တဲ့ ကာလ
ဟာ (၁)ပတ်ထက် ပိုလို့ မရပါဘူး။ ကားဈေး အတက်အကျမှာ
ဈေးကျသွားခဲ့ရင်တော့ ကိုယ့်စရံထဲကနေ အနုတ်ခံရပါတယ်။

အဲဒီပြဿနာဖြစ်ခဲ့တဲ့ ကားဟာ ပွဲစားတန်း စရောက်နေ့က
စပြီး အလုပ်မဖြစ်ခဲ့ပါဘူး။ ဒါနဲ့ ကားသွင်းလာတဲ့ သူက သူ့ကား
ကို ၀ယ်ချင်သူတွေ သဘောကျအောင် ပြန်မွမ်းမံပါတယ်။ အဲလို
မွမ်းမံတာကို ကားလောကမှာ “သနပ်ခါး လိမ်းတယ်” လို့ အဲဒီခေတ်
က ခေါ်ပါတယ်။ ကားဘော်ဒီ သမားတွေက အဲဒီကားကို သုဝဏ္ဍက
ဂိုဒေါင်ထဲမှာ ပြုပြင်ရေးတွေ လုပ်ပါတယ်။ စလုပ်ပြီး တစ်ရက်
နှစ်ရက်ကြာတော့ အသံထွက်လာပါတယ်။ ကားမှာ တစ်ခုခု
ရှိတယ်တဲ့ ….. ။

ကားဘော်ဒီ ထုတဲ့သူတွေ နေ့လည်စား စားပြီး ပြန်လာချိန်မှာ ကား
ဟာ နေရာ ရွေ့နေပါတယ်။ သူတို့ သံသယ မ၀င်သေးပါဘူး။ ကား
ဘော်ဒီ ပြန်မွမ်းမံတဲ့သူတွေက နှစ်ဦးပါ။ ကားရှေ့ရှိ စက်ဖုံး(ဘောနက်)
ကို ဖွင့်ပြီး ပြန်ချလိုက်ချိန်မှာ ကားထဲမှာ လူတစ်စု ထိုင်နေတာကို
သူနှစ်ဦး သေသေချာချာ တွေ့လိုက်ရပါတယ်။ ခေါင်းခန်းမှာ
လင်မယားပုံစံ နှစ်ဦးနဲ့ နောက်ခန်းထဲမှာ ကလေးငယ် နှစ်ဦးပါ။
အမျိုးသမီးဖြစ်သူက ကားမောင်းတဲ့ နေရာမှာ ထိုင်နေပါတယ်။
ရုတ်တရက် ကြောင်အမ်းအမ်း ဖြစ်သွားတဲ့ သူတို့နှစ်ဦးက
ကားတံခါး နံဘေးအထိ သွားပြီး သေသေချာချာ ကြည့်ပါတယ်။

သူတို့နှစ်ဦး ကားနံဘေးမှာ ရပ်ကြည့်နေတုန်းပဲ ကားခေါင်းခန်း
ထဲက အမျိုးသမီးဟာ ကားစက်နိုးပြီး မောင်းထွက်သွားပါတယ်။
သူတို့လည်း ရုတ်တရက် သတိဝင်လာပြီး “ဟေ့ … ဟေ့ …”
လို့ နောက်ကနေ ပြေးလိုက်ပြီး အော်တော့ ကားက ဂိုဒေါင်အပေါက်
ဝ’မှာ ရပ်သွားပါတယ်။ ကားပေါ်ကို ကြည့်လိုက်တော့ လူတစ်ယောက်
မှာ မရှိတော့ပါ။ ဒါနဲ့ သူတို့နှစ်ဦးလည်း ကြောက်ကြောက်နဲ့
ပွဲစားတန်း ရောက်နေတဲ့ ကား“ဖား”ဆီ ဖုန်း လှမ်းဆက်ပါတယ်။
ကျနော်တို့ ဒီကားကို သနပ်ခါး ဆက်မလိမ်းရဲတော့ဘူး …။

အဲဒါနဲ့ ကားသွင်းလာတဲ့ တရုတ်လူမျိုး ကား “ဖား”နဲ့
သူ့မိတ်ဆွေတွေဖြစ်တဲ့ စာရေးသူတို့ လူငယ်အုပ်စုတို့ ကား
ဂိုဒေါင်ဆီ ရောက်ခဲ့ကြပါတယ်။ ပိုင်ရှင် တရုတ်က သူ့ကားမှာ
အဲလို ပြဿနာဖြစ်ကြောင်း လူမသိစေချင်ပါဘူး။ တော်ကြာ
ဈေးကွက်ထဲမှာ သူ့ကား ၀ယ်မယ့်သူ မရှိလို့ ရင်းနှီးထားတဲ့
ငွေတွေ အမြတ်မထွက်ပဲ နှစ်မြုပ်နေမှာ စိုးရိမ်းနေပုံ ရပါတယ်။
ဒါနဲ့ ကားကို သနပ်ခါး လိမ်းပေးတယ်သူ နှစ်ဦးကို နူတ်ပိတ်
ခတွေပေးပါတယ်။ … ဘယ်သူမှ လျှောက်မပြောနဲ့ပေါ့ …။

အဲဒီကားကို “ခေါင်းချိုး” ၀ယ်ရောင်း ရှာပေးဖို့ စာရေးသူတို့
အုပ်စုကို ပြောပါတယ်။ အရောင်းအ၀ယ်ဖြစ်ရင် ကားလက်ရှိ
ပေါက်ဈေးရဲ့ ၅ ရာခိုင်နှုန်း ပေးမယ့်အပြင် ဘော်ဒါကြေး (ကား
ပွဲစားတန်းအခေါ် ဒိုင်ဗင်ကြေး) ပါ ပေးပါ့မယ် …။ အဲဒါနဲ့ သရဲ
တစ္ဆေ အယုံအကြည် မရှိသူ၊ အပေါင်းအသင်း များများနဲ့ လူသိ
များတဲ့ “ခေါင်းချိုး” သမားကို လိုက်ရှာကြည့်ပါတယ်။ ဒီလိုနဲ့
တစ်ရက် နှစ်ရက်အတွင်းမှာပဲ လူငယ် ၀ယ်ရောင်းတစ်ဦးကို
ရှာတွေ့ပါတယ်။ သူက တက္ကသိုလ်ပြီးခါစ ကျောင်းသား တစ်ဦး
ပါ။ ကျောက်မြောင်း သတိပဋ္ဌာန် အောက်ကား ပွဲစားတန်းမှာ
တစ်စီးစ နှစ်စီးစ ၀ယ်ရောင်းလုပ်နေသူပါ။ မိန်းမ ခိုးပြေးပြီး
မိဘနဲ့ အဆင်မပြေလို့ အရင်လို ၀ယ်ရောင်းလုပ်ဖို့ သူ့မှာ
ငွေအင်အား သိပ်မရှိပါဘူး။ အရင်းအနှီး နည်းပါးနေတဲ့ သူက
အပေါ်ကား “ခေါင်းချိုး” လုပ်ချင်နေပါတယ်။ သူ့မိန်းမက
ကိုယ်ဝန်ရခါစပါ။ အဲဒီချိန်က သူ့မိန်းမလည်း ကျောင်း မပြီး
သေးပါဘူး။ ဂျီတီအိုင် နောက်ဆုံးနှစ် ကျောင်းသူ တစ်ဦးပါ။

သူ့ကို ပွင့်ပွင့်လင်းလင်း မေးကြည့်ပါတယ်။ … ခင်ဗျား ဒီကားကို
ခေါင်းချိုး လုပ်မလား၊ ပြဿနာရှိတယ်၊ ပေါက်ဈေးထက် တစ်ပုံး
(တစ်သိန်း) လျှော့တယ်၊ အရောင်းအ၀ယ်မှာ ပွဲခ ထုတ်ဖို့ မလိုဘူး၊
ပြဿနာက သရဲ …. ။ သူက သရဲတစ္ဆေဆိုတာ လုံးဝ မယုံကြည်
ကြောင်း၊ ဘုန်ကြီးပင့်ပြီး ပရိတ်ရွတ်ရင် ဒီသရဲ ပြေးသွားမှာ ဖြစ်
ကြောင်း ပြောပြီး “ခေါင်းချိုး” လုပ်ဖို့ သဘောတူလိုက်ပါတယ်။
ကားယူသွားတဲ့ နေ့က သူတို့လင်မယားရဲ့ မဂ်လာဦး ဆွမ်းကျွေး
အလှူ လုပ်ဖို့ တစ်ရက်အလိုပါ။ သူ့ကို ကားဝယ်ရောင်း ပညာ
သင်ပေးခဲ့တဲ့ သူ့ဆရာ ကိုသန်းနိုင်က အဲဒီကားကို ရဲရဲတင်းတင်း
သာ ၀ယ်ရောင်းလုပ်ဖို့ အားပေးပါတယ်။(ကားပွဲစားလောကမှာ
ကိုသန်းနိုင်ဆိုတဲ့ လူတွေ အများကြီး ရှိပါတယ်၊ အဲဒီ ကိုသန်းနိုင်
က ပုဇွန်တောင် ပန်းခြံနံဘေးက ကာရာအိုကေဆိုင်မှာ အရက်မူး
လာတိုင်း “ဂုဏ်” သီချင်း ဆိုလေ့ရှိပါတယ်၊ ဒါကြောင့် သူ့ကို ကား
ပွဲစားလောကမှာ “ဂုဏ် သန်းနိုင်” လို့ ခေါ်ပါတယ်။)

နောက်တနေ့ ကားဝယ်ရောင်း လုပ်သူရဲ့ မဂ်လာဦး ဆွမ်းကျွေး
အလှူကို ရောက်ခဲ့ကြပါတယ်။ ညားခါစ သူတို့ ဇနီးမောင်နှံက
သာကေတဖက်က ရန်ပြေ၊ မာန်ပြေမှာ အိမ်ဌားပြီး နေပါ
တယ်။ သူတို့ လင်မယား ဌားနေတဲ့ အိမ်က ကားဂိုဒေါင်နဲ့
ခပ်ဆင်ဆင်ပါ။ အတွင်းပိုင်း အလယ်တ၀က်မှာ အပေါ်ထပ်
ထပ်ခိုးလေး ရှိပါတယ်။ ကားကို အောက်ထပ်မှာ တွေ့ရပါတယ်။
သူတို့လင်မယားက အပေါ်ထပ် ထပ်ခိုးလေးမှာ နေပါတယ်။
ပြီးခဲ့တဲ့ညက ထူးထူးခြားခြား ဘာမှ မရှိကြောင်း ပြောပြီး
ဝယ်ရောင်းလုပ်သူနဲ့ သူ့ဆရာ ကိုသန်းနိုင်တို့၊ သူ့မိတ်ဆွေ
ကားပွဲစားတွေ၊ ၀ယ်ရောင်းတွေနဲ့ အလှူက စည်းစည်းကားကား
ပါ။ အလှူလုပ်တဲ့ နေ့လည်ပိုင်းက စပြီး သောက်ပွဲစားပွဲတွေ
လုပ်ပါတော့တယ်။ ညနေ ခြောက်နာရီလောက်အထိ လူစုမကွဲ
သေးပါဘူး။ ည (၇)နာရီလောက်ကြတော့ ကား ၀ယ်ရောင်းရဲ့
ဆရာဖြစ်သူ ကိုသန်းနိုင်က လေးလုံးမကွဲတဲ့ အာလေးလျှာလေး
လေသံနဲ့ ပြောပါတယ်။ … ငါတို့အားလုံး ပဲခူးကို သွားရအောင်၊
တံတားအဆင်းက တည်းခိုခန်းမှာ ချာတိတ်မလေးတွေ ရှိတယ်၊
ဇွတ်အတင်း သွားမယ်ဆိုပြီး လုပ်ပါတော့တယ်။

သူတို့က ပြဿနာဖြစ်နေတဲ့ ကားပေါ်မှာ အုပ်စုလိုက်၊
စာရေးသူတို့ အုပ်စုက သူငယ်ချင်းတစ်ယောက်ရဲ့ ကားပေါ်
မှာ အုပ်စုလိုက် စီးပြီး ထွက်လာခဲ့ကြပါတယ်။ အဲဒီခေတ်
မြန်မာပြည် ယာဉ်စည်းကမ်းအရ သိပ်ပြီး မတင်းကြပ်ပါဘူး၊
ရှေ့ခန်းရှိ ထိုင်စီးလို့ ရတဲ့နေရာမှာ နှစ်ယောက် စီးလို့ရပါတယ်၊
နောက်ခန်းထဲမှာ ငါးယောက်လောက် တစ်ယောက်ပေါင်ပေါ်
တစ်ယောက်ထိုင်ပြီး စီးကြပါတယ်။ နှစ်စီးပေါင်း လူ (၁၅)
ယောက် ရှိပါတယ်။ ရန်ကုန်က အထွက် လှည်းကူး မရောက်ခင်
မှာ ဘားလမ်းတံတားဆိုတာ ရှိပါတယ်။ တံတားလို့ သိတဲ့လူ
နည်းပါတယ်။ ကြည့်လိုက်ရင် သာမန် ကားလမ်းပါပဲ။ ချောင်း
ခပ်သေးသေးတစ်ခုအပေါ် ကားလမ်း ဖြတ်ကျော်ထားတဲ့ နေရာ
တစ်ခုပါ။ အဲဒီနေရာဟာ လှည်းကူး တန်(၁၀၀) ဆန်စက်ကို
ရောက်ဖို့ နီးနေပါပြီ။ ဘားလမ်းတံတားကို ရောက်တော့ သူတို့
ရှေ့ကားဟာ ရုတ်တရက် ရပ်သွားပါတယ်။

အဲဒါနဲ့ စာရေးသူတို့ကားလည်း ရပ်လိုက်ရပါတယ်။ သူတို့
ကားက ရုတ်တရက် စက်သေပြီး နိုးလို့ လုံးဝ မရတော့ပါ။
ဘားလမ်းတံတားရဲ့ ဘယ်ဖက်မှာ အုတ်ဖုတ်စက် ခေါင်တိုင်
တွေ လှမ်းမြင်နေရပါတယ်။ ညဖက် ကားမီးရောင်၊ လရောင်
က လွှဲရင် မှောင်မဲနေပါပြီ။ ကားရှေ့ရှိ စက်ဖုံး(ဘောနက်)ကို
ဖွင့်ပြီး ဘက်ထရီ ဒေါင်းသွားတယ် အထင်နဲ့ ဟိုနိုက် ဒီနိုက်
လုပ်ကြပါတယ်။ နာရီဝက်လောက်အထိ နိုးမရသေးပါ။ ဒါနဲ့
ကားပေါ်က မူးနေတဲ့လူတွေလည်း အောက်ဆင်းပြီး လမ်းနံဘေး
မှာ အပေါ့အပါး သွားနေကြပါတယ်။ ကားထဲမှာ ဘယ်သူမှ
မရှိတော့ပါ။ ကားရှေ့က စက်ဖုံးကို ဖွင့်ပြီး နှစ်ဦး … သုံးဦး
တော့ ရှိပါတယ်။

ကားဟာ ရှေ့အဖုံးကြီး ပွင့်လျက် သူ့ဘာသာသူ စက်နိုးပြီး
အနောက်ကို လိမ့်သွားပါတယ်။ အနောက်မှာ ရပ်ထားတဲ့
ကားကို လွတ်ရုံသာ ကွေ့ရှောင်ပြီး အနောက်ကို ဘယ်သူမှ
မပါပဲ ဆုတ်သွားပါတယ်။ ကားလမ်းက တဖြောင့်တည်းပါ။
နောက်ပြန် လိမ့်စရာ ကုန်းအတက်လည်း မဟုတ်ပါဘူး။
ပထမတော့ ကားပေါ်ရောက်နေတဲ့ သူငယ်ချင်း တစ်ယောက်
ယောက်က စ’ချင် နောက်’ချင်လို့ လုပ်တယ် ထင်ကြ
ပါတယ်။ ကားနောက်ကို အပြေးအလွှား လိုက်ကြတော့
ခပ်လှမ်းလှမ်းမှာ ရပ်သွားပါတယ်။ ကားပေါ်မှာ ဘယ်သူမှ
မရှိပါ။ ကိုသန်းနိုင်က ကားနောက်ခန်း တံခါးကို ဆွဲဖွင့်လို့
ဝင်ထိုင်ရင်း … ဘယ်သူတွေလဲကွ၊ သရဲအထီးလား၊ အမ
လား၊ သတ္တိရှိရင် ပြလိုက်စမ်းပါ … လို့ အော်လိုက်ပါတယ်။
အဲဒီအချိန်အထိ ရှေ့က စက်ဖုံးကို ပြန်မပိတ်ရသေးပါဘူး။
ကိုသန်းနိုင်တစ်ယောက် တက်ထိုင်လိုက်တဲ့ မိနစ်ပိုင်းအတွင်း
ကားဟား ရှေ့ကို မောင်းထွက်သွားပါတယ်။ ငယ်သံပါအောင်
အော်နေတဲ့ ကိုသန်းနိုင်ရဲ့ အသံနဲ့အတူ အဲဒီကားဟာ ပထမ
ရပ်ခဲ့တဲ့ နေရာမှာ သူ့ဘာသာသူ ပြန်ရပ်သွားပါတယ်။

ကားရပ်သွားတဲ့ နံဘေးကို ဘယ်သူမှ ရဲရဲတင်းတင်း မသွား
ရဲတော့ပါဘူး။ ခပ်ဝေးဝေးကနေ … မင်းအရင် သွားပါလား၊
ဟိုလူအရင် သွားပါလား၊ ဒီလူ အရင်သွားပါလား … လို့ ပွဲစား
တစ်စု ငြင်းခုန်နေကြပါတယ်။


(ဆက်ရန်။)

18 comments:

ကိုဇော် said...

အင်း. . .ဖြစ်တတ်တယ်။
ဒီလို ကားမျိုး ဝယ်မိရင် တကယ်ကို မလွယ်ဘူး။

မေဓာဝီ said...

အိပ်ခါနီးမှ လာဖတ်ဖြစ်ပြန်ပြီ။
နေ့ခင်းက နာနတ်သီးကြီး စားပွဲပေါ်က အလိုလိုလိမ့်ကျလို့ ခြောက်ခြားနေတာ။
ပုတီးစိပ်ပြီး အိပ်မှပဲ။
ကျမကတော့ ကားဟောင်းလဲ မ၀ယ်နိုင်ဘူး။ ကားသစ်လဲ မ၀ယ်နိုင်ဘူးမို့ ကားသရဲနဲ့ မကြုံနိုင်လောက်ပါဘူး (လို့ ထင်တာပဲ)

ZT said...

သည်းထိတ်ရင်ဖိုတွေ လုပ်ပြန်ပြီ။ :)

သဒ္ဓါလှိုင်း said...

အကိုရေ...
လင့်ချိတ်ထားပါတယ်..ခွင့်ပြုပါနော်..

ခင်မင်စွာ
သဒ္ဓါ

Anonymous said...

ကိုအောင် ရေ

ပွဲကတော့ ကြမ်းလာပြီ ဒါမျိုးတွေများ ရွှေစင်ဦး တို့ကတော့ သိတ်ကြိုက်စ်

ခင်မင်စွာဖြင့်
အဆက်ကိုမျှော်နေမယ်နော်

ရွှေစင်ဦး

နေ၀သန် said...

ဆက်ဦးမှာလား ကိုအောင်....း)).. တော်သေးတာပေါ့.. ကားမရှိ..ကားမရှိ... ဟိဟိ...

ခင်မင်တဲ့
နေ၀သန်

An Asian Tour Operator said...

သိပ် မကြာပါစေနဲ့ အကိုရေ..

မောင်မိုး said...

စိတ်ဝင်စားစရာပဲဗျာ..ဒီလိုမျိုးမကြုံဖူးသေးတာ နာတာပဲ။ စကားမစပ် Transformer ဇာတ်ကားထဲကလို ကားတစ်စီးလောက်တော့ လိုချင်သားး။

စော said...

မြန်မာပြည်က လူတွေဖတ်လို့ မရဘူး

ပို့ လို့ လဲ မရဘူး ....

မောင် လေး said...

ကျွတ် ဆင်ကြီးပါလား အစ်ကိုရာ..
အပိုင်းသုံး ကသိပ်မကြာလောက်ပါဘူးနော်...

Anonymous said...

အကိုရေ ဒီလို အဖြစ်အပျက်တွေ ဖတ်ရတာ ကောင်း
တယ်ဗျာ။
အကိုရဲ့ ရေးသားတင်ပြချက်တွေကို အမြဲတမ်း ဖတ်ရူ
အားပေးနေပါတယ်။

လေးစားစွာဖြင့်

ထူးထူး

ရွှေရတုမှတ်တမ်း said...

ကိုအောင်ရေ....ကားသရဲကို သွားဖြဲထားခဲ့ပြီဗျို့

စုချစ် said...

မြန်မြန်လေး ဆက်ပါဗျို့...
မျှော်တလင့်လင့်...ဖြင့်...

ချော(အစိမ်းရောင်လွင်ပြင်) said...

ခုလိုမျိုး ကားက အလိုလို စက်နိုးပြီး မောင်းထွက်လာတာ ညီမတို့ အရပ်မှာ ကြုံဖူးတယ်.. ကျောက်မျက်ကုမ္ပဏီ
တစ်ခုမှာပေါ့..
ကားက အလိုလိုမောင်းထွက်လာတာ ခြံတံတိုင်းနဲ့ တိုက်လိုက်မှ ရပ်သွားတယ်
၎ရက်မြောက်မှာ အဲဒီ ကုမ္ပဏီ
တစ်ခုလုံး အဖမ်းခံရတယ်.. ကျောက်တွေခိုးလို့ဆိုပြီးလေ
သူကတော့ သရဲခြောက်တာလား နိမိတ်ပြတာလားတော့မသိဘူး
ထူးတော့ထူးဆန်းတယ်..

Anonymous said...

မိုက်ဆယ်..မိုက်တယ်..
ဖတ်လို့ကောင်းမှကောင်း

မြတ်နိုး

sosegado said...

စိတ်ဝင်စားနေပြီ ကိုသန်းနိုင်ဘာဖြစ်မလဲ သိချင်နေပြီ၊ ကားဆိုအသစ်ပဲဝယ်တော့မယ်

မြန်မာပြည်ကိုလွမ်းတယ် said...

ထူးဆန်းလိုက်အကိုအောင်ရာ..သရဲဆိုတာမကြာ
ခဏကြုံဖူးပေမဲ့ ကားပေါ်သရဲရောက်နေတာ
ကြောက်စရာကြီးနော်..နောက်တစ်ပိုင်းရေး
ပါတော့ဗျိုး...။အကိုအောင်ကလဲ ဖတ်လို့
လဲကောင်းရော မီးပျက်သွားတာကျနေတာ
ပဲ...။

Anonymous said...

ဒီသရဲ ကအပိုင်း ၂ မှာတန့် နေတယ်
ဆက်ဦးလေ..ဘာဖြစ်သွားတုန်းစောင့်ဖတ်နေတာ ဒီဂျပန်ကား သရဲ ကတန့် နေတာ ၁လကျော်ရော့မယ်..ဟင်းးးးးးး

ဒီကစောင့်နေသူ