ဘောလုံးပွဲမှာ ခရိုအေးရှား တိုက်စစ်မှူး ဆူကာရဲ့ သွင်းဂိုးတွေ
ကြောင့် ဂျာဂင်ကလင်းစမန်း ခေါင်းဆောင်တဲ့ ဂျာမန် ဘောလုံး
အသင်းရဲ့ အိမ်မက်တွေ တစစီ ကြေမွ ပျက်သုန်းခဲ့ဖူးပါတယ်။

အဒေါ့ဟစ်တလာကြောင့် ဆုံးရှုံးခဲ့တဲ့ နိုင်ငံတစ်ခုရဲ့ ဂုဏ်သိက္ခာ
ကို ပြန်လည် သယ်ဆောင်ပေးနိုင်ခဲ့တာဟာ အားကစားနည်း
တစ်ခုဖြစ်တဲ့ ဘောလုံးပါ။ ဂျာမန် ဂန္တ၀င် ဘောလုံးသမားနှင့်
နည်းပြ ဆရာအဖြစ် အောင်မြင်မှုတွေကို သယ်ဆောင်ပေးခဲ့တဲ့
ဘာကင်ဘောက်ဝါက ၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလားမှာ မရူမလှ
ရှုံးနိမ့်ခဲ့တဲ့ ဂျာမန် ဘောလုံးအသင်းရဲ့ အနာဂတ်ကို ပြင်ဆင်ဖို့
စိတ်ကူးတွေ ယဉ်ခဲ့ပါတယ်။ ဘာကင်ဘောက်ဝါရဲ့ အိမ်မက်
တွေ ချက်ချင်းတော့ နိုးထ မလာသေးပါဘူး။ ၂၀၀၀ ပြည်နှစ်
မှာ ကျင်းပခဲ့တဲ့ ဥရောပဖလား ဘောလုံးပြိုင်ပွဲမှာတောင် ဂျာမန်
ဘောလုံးအသင်းက ဂိုးတွေ အလှူပေးနေဆဲပါ။
၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲက စ’ပြီး ဂျာမန်
ဘောလုံးအသင်း အိမ်မက်ဆိုးတွေထဲက နိုးထ ခဲ့ပါပြီ။
၂၀၀၂ ခုနှစ်မှာ ဒုတိယ၊ ၂၀၀၆ ခုနှစ်မှာ တတိယ …
ယူရို ၂၀၀၈ မှာ ဒုတိယ တို့ကို ပြန်လည် ပိုင်ဆိုင်ခဲ့ပါတယ်။
အတွေ့အကြုံ ရင့်ကျက်တဲ့ သက်ကြီး ဘောလုံးသမား
အများအပြား ရှိတဲ့ကြားကနေ ယနေ့ ဂျာမန် ဘောလုံးအသင်း
ဟာ လက်ရှိကမ္ဘာ့ဖလား ဘောလုံးအသင်းတွေထဲ ဒုတိယမြောက်
အသက်ငယ်ဆုံး ဘောလုံးအသင်းအဖြစ် အသွင်ပြောင်းခဲ့ပါ
ပြီ။ ပြုပြင်ပြောင်းလဲရေး စတင်ပြုလုပ်ချိန်ကဆို ကမ္ဘာ့ အကောင်း
ဆုံး ဂျာမန် နောက်တန်း ကစားသမား မာမက်ရှိုး၊ ဥရောပ ကွင်း
လယ် ဗိုလ်ချုပ်လို့ တင်စားခြင်း ခံရတဲ့ စတီဗင်အယ်လ်ဖင်ဘတ်
တို့နဲ့ ဂျာမန် ဘောလုံးအဖွဲ့ချုပ်တို့ကြား ပြဿနာ အကြီးအကျယ်
ဖြစ်ပွားပြီး နုတ်ထွက်ကြတဲ့အထိ ဖြစ်ပွားခဲ့ပါတယ်။
ယခုလက်ရှိ ကျင်းပနေဆဲ ၂၀၁၀ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံး
ပြိုင်ပွဲများအတွင်း နာမည်ကြီး အင်္ဂလန်နဲ့ အာဂျင်တီးနား
ဘောလုံးအသင်းတွေအပေါ် ဂိုးပြတ်နဲ့ အနိုင် ရရှိခဲ့ပါတယ်။
ဂျာမန် ဘောလုံးအသင်း နည်းပညာ ဆရာ ဂျိုအာချင်လိုးနဲ့
အမျိုးသမီး ၀န်ကြီးချုပ်ဖြစ်သူ အိန်ဂျယ်လာ မာကယ်လ်တို့
က မယုံနိုင်လောက်တဲ့ အိမ်မက်တွေများ မက်နေသလားလို့
တောင် ထုတ်ဖော် ပြောနေကြပါပြီ။
တကယ်တော့ ဒါဟာ အိမ်မက်တွေ မဟုတ်ပါဘူး ….။
အမျိုးသမီးခေါင်းဆောင် တစ်ဦးနှင့် အောင်မြင်မှုအတွက်
ရေကုန်ရေခမ်း ကြိုးစားချင်စိတ် ပြင်းထန်နေတဲ့ မျိုးဆက်
သစ် လူငယ်များပဲ ဖြစ်ကြပါတယ်။
အောင်မြင်မှုရဖို့ ကြိုးစားချင်နေကြတဲ့ မြန်မာလူငယ်များ
အတွက် အရာရာ ဖြည့်ဆည်းပေးမယ့် အမျိုးသမီးတစ်ဦးကို
ဦးဆောင်ခွင့်ပေးခဲ့ရင် ....
.......
.......
.......
-စစ်ငြိမ်းဒီရေ
15 comments:
ဂျာမဏီနိုင်လို့ ပျော်နေတယ်ဟုတ်စ..
အိန်ဂျလာတို့ကတော့ ပျော်ပြီး ပြန်သွားလေရဲ့
ဒီကလည်း စပိန်ဂိုးသွင်းသွားလို့ စာလာဖတ်တား)
မသွင်းခင်ကတော့ တစ်ထိတ်ထိတ်နဲ့ပေါ့...
ခုလဲပွဲမြန်မြန်ပြီးမှ ပါဘဲ..
ရင်ထိတ်လှပြီ..
လူအ အိပ်မက်ပါပဲ ကိုအောင်ရေ. . .
your idea is really nice.
I appreciate you
ဂုဏ်ယူတယ်ဗျာ .. ဂျာမဏီ အသင်း အတွက် .... ဂျာမဏီ ကို အားပေးလာတာ ကလင်စမန်း .. ဘီယာဟော့ ခ် နဲ့ မိုက်ကယ် ဘောလက် ..ခု မူလာ ထိ ရောက်လာပြီ ... ကျုပ် တို့ တိုင်းပြည် ကြီး ကို တော့ အိပ်မက်ထဲတောင် ထည့် မမက်ရဲသေးပါဘူး ... မြန်မာ့ အားကစား ကမ္ဘာ ကို လွှမ်းရမယ် လို့ အော် ရင်း နဲ့ ဘဲ
အနောက် ရောက်ရောက် နေပါ ရော လား ...
mie nge
း))... ပြုံးနေလိုက်တယ်.. ကိုအောင်..
ခင်မင်တဲ့
နေ၀သန်
အေးဗျာ...။ ဂျာမနီအသင်းရဲ. ပဉ္စလက်ပါပဲ ။ တော်တော်ကိုကြည့်ကောင်းတယ် ။ သူတို.ဝန်ကြီးချုပ် အန်ဂျလာမာကယ်လ်ကလည်း တော်တော်ကျတ်သရေရှိတဲ့အမျိုးသမီးကြီးဗျာ ။ ကိုအောင်ရဲ. Presentation လေးကလည်း ကောင်းတာပဲ။
ကိုအောင် ကျနော် ကတော့ အာဂျင်တီးနား ကိုစိတ်ကုန်လို့ အိပ်သွားတာ စပိန် အသင်းတောင် အားမပေးလိုက်ရဘူး တော်သေးတယ် နိုင်လို့
ခင်မင်စွာဖြင့်
ရွှေစင်ဦး
အင်း.....အဆုံးသတ်ကို သဘောကျတယ် ပြီးတော့ သွေးတွေဆူလာသလို နောက်တော့လည်း အင်းး သက်ပြင်းမောပြီးသာ ချသွားပါတော့တယ် ။
ဂျာမဏီကွ..ဒီနှစ်..ငှဲငှဲ.
မြတ်နိုး
ဘောပွဲကိုက်ပြီး အိပ်ချင်မူးတူးနဲ့ ဘာတွေ ရေးနေသတုန်း ကိုပြူ :)
အဘ သွေးတက်ပြီး မာလကီးယားသွားရင် ကိုအောင်တာဝန်ပဲ။
၂၀၁၀ မြန်မာ့ဖလား
မှောင်ကြီးမည်းထဲမှာ
ရောင်တော်ပြန်နဲ့ ရောလွှတ်ရင်း
လွတ်ကျွတ်ထွက်လာတဲ့ အခွင့်အရေးကို
လူကျွံဘောဖမ်းသတဲ့။
ပြီးတော့ ပယ်နယ်တီ
လူတွေ ရယ်လိုက်ကြတာ
သောက်သောက်လဲ။
ခြံဝင်းတံခါး
အလုံပိတ်ခံထားရတဲ့
တိုက်စစ်မှူးခမျာ
တသင်းလုံး အနီကတ်ပြ
ဂိုးသမားမကျန်
အထုတ်ခံရသလို။
ငိုစားရယ်စား
ကွင်းလယ်ထဲကဒိုင်
လက်ထဲကိုင်ထားတဲ့
ဝီစီတဖက် ဘောလုံးတဖက်နဲ့
ဖမ်းသူမဲ့ ဂိုးပေါက်ထဲ
သူကိုယ်တိုင် အလွတ်တည်ကန်။
တကွင်းလုံးတိတ်ဆိတ်
မြတ်မရိတ်ထားတဲ့
အောင်ဆန်းဂရောင်းမှာ
ရေဒီယိုက ဝေဖန်သံတွေ
မကြားတချက် ကြားတချက်။
ရင်ကိုလာမှန်တဲ့
ပရိသတ်ရဲ့ ကြေကြေကွဲကွဲ
လက်ခုတ်သံတွေနဲ့။
ဆွမ်းခံကြွမရတဲ့
တောရကိုယ်တော်တွေ
သက်ပြင်းချသံ။
တိုက်ရိုက်လွှင့်ပြီဆိုမှ
အဝေးကလှမ်းလောင်းနေကြတဲ့
လူအတွေတချို့
အိပ်မက်ဆိုးမက်နေဆဲ။
မိုးလဲလင်းလုပြီ။
အားလုံးကို ကျေးဇူးတင်ပါသည်။
ပျူနိုင်ငံသို့ အမှတ်တရ...
(ကိုအောင်ခင်မြင့်စာ ဖတ်ပြီး ရေးဖြစ်သွားတာပါ။ ကျေးဇူးနော်)
ရှေးကနိုက်သူရဲကောင်းများ စစ်မြေပြင်မှာ ရဲရဲဝံ့ဝံ့ ထူးထူးချွန်ချွန်နဲ့ အနိုင်တိုက်နိုင်ခဲ့တာဟာ ဂုဏ်သရေရှိ အမျိုးသမီးတဦးက သူတို့ကို စောင့်ကြည့်နေတယ်လို့ ယူဆလို့ပါတဲ့....
ဘောလုံးပွဲအကြောင်းသိပ်နားမလည်ပေမယ့်။
သုတအဖြစ်အရောက်လာဖတ်သွားပါတယ်။
ခင်မင်စွါဖြင့်
ခိုင်နုငယ်
သိနေတယ်..ဘယ်ကိုရေးတော့မယ်ဆိုတာ။ ဖတ်ချင်လို့ကို ဆက်ဖတ်လိုက်တယ် အစ်ကိုရေ။
ကောင်းတယ်ဗျာ၊ လေးစားပါတယ်။
ZMO
Post a Comment