Monday, 26 July 2010

သရဲ လိုက်ရှာနေလို့ပါ



(ခေါင်းပြတ်သရဲနဲ့ ကျနော်)
ကျနော် ခရီးထွက်ရင်း သရဲလိုက်ရှာနေပါတယ်။ ဘလော့ဂါ
ညီအကို မောင်နှမများထံ အလည်မထွက်နိုင်သေးပါ။းP



ဒီအမြှောက်နဲ့ ထုရင် ဘယ်လို နေမလဲ ...းP

သူ ၀င်ငွေလည်း ကောင်းတယ်ဗျ ...းP



သူတို့လို က'တတ်ချင်လိုက်တာ ...းP



ပိုက်ဆံကို ဒီလိုမျိုးရှာလည်း ရပါတယ်ဗျာ ....းP

Read more »

Thursday, 22 July 2010

“ခွင်”အသစ် အကြောင်း ပြောပြချင်လို့ပါ

“ခွင်”အသစ်က ခု ဗမာပြည်ထဲကို ရောက်သွားပါပြီ။

အမေရိကန်အစိုးရက “နှစ် ၂၀ ရှိပြီ မင်းတို့လို အသုံးမကျတဲ့
အတိုက်အခံတွေကို ထောက်ပံ့နေတာမျိုး ရပ်ပြီ။ ဗမာပြည်ထဲက
တကယ်ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို NGO တွေက တဆင့်
ဘဲ ကူညီတော့မယ်” ဆိုတဲ့ ပေါ်လစီအသစ်ကြောင့် ၀ါရှင်တန်ဒီစီ
မှာအဝေးရောက် အစိုးရလည်း ရုံးခန်းမဖွင့်နိုင်တော့လို့ အစိုးရအဖွဲ့
ဝင်တွေ ကျောပိုးအိတ်ရုံးခန်းနဲ့ပဲ ရုံးစာရွက် စာတမ်းတွေသယ်လာ
ကြရပြီး ပန်းခြံတွေမှာ ချိန်းတွေ့၊ အစည်းအဝေးလုပ်နေရတဲ့ အဖြစ်ပါ။
ခုမှ တကယ့်ကို အဝေးရောက်ပါ။ နေ့စဉ်ရုံးလုပ်ငန်းအတွက်ကတော့
အင်တာနက်က ကယ် ထားလို့ ကိုယ့်အိမ်မှာကိုယ် လုပ်လို့ ရနေကြ
သေးတယ်။ အင်တာနက်လစဉ်ကြေး မတတ်နိုင် တဲ့နေ့ရောက်သွားရင်
တော့ အဝေးရောက်ပါ ပျောက်သွားမှာပါ။ နအဖလုပ်လို့ မဟုတ်ပါဘူး။
ကိုယ့်စားရိတ်နဲ့ ကိုယ်ပါ။

ထိုင်း-မြန်မာနယ်စပ်က proposal နဲ့ ရပ်တည်နေကြတဲ့ အဖွဲ့အစည်း
များစွာဟာလည်း နောက် နှစ်ဆို proposal ရပ် ရိက္ခာပြတ်ကြတော့
မယ်ဆိုတာ သိနေလို့ အလွန်လျင်သူတွေ “ခွင်” အသစ်ထဲဝင်ဘို့
စိုင်းပြင်း နေကြပါပြီ။

အမေရိကန်အစိုးရက လာမဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ
ဗမာပြည်ဒီမိုကရေစီရေးအတွက် ဒေါ်လာ(၃၈)သန်းသုံးစွဲမယ်ဆိုတာ
အတိုက်အခံတွေအတွက် မဟုတ်ပါဘူး။ ဗမာပြည်ထဲမှာ
NGO တွေက တဆင့် သုံးဘို့ပါ။

အဲဒီမှာ “ခွင်”အသစ် ပေါ်ပေါက်လာတာပဲ။ သိတဲ့အတိုင်း ခရီးစားရိတ်
တွေ အထူးစားရိတ် တွေမပါ အမေရိကန်နိုင်ငံသား အနိမ့်ဆုံးNGO
ဝန်ထမ်းရဲ့လစာက ဒေါ်လာသုံးထောင်က စတယ်။ NGOခေါင်းဆောင်
ပိုင်းဆိုရင် လခတွေက ရှစ်ထောင်တစ်သောင်းတွေပါ။ ဒါပေမဲ့ သူတို့က
ဒီလစာလောက် လှည့်ကို မကြည့်ဘူး။ “ခွင်”ထဲက ထပ်ဆင့်“ခွင်”တွေမှ
အများကြီး။

နအဖကလည်း လျင်သလားမမေးနဲ့။ “ဒေါ်လာခွင်”အသစ်ထဲမှာမှ
ကိုယ်ပိုင်”နိုင်ငံရေးခွင်” အသစ် ထပ်ဖွင့်လိုက်တယ်။ နအဖက ဒေါ်လာ
(၃၈)သန်းကို သောက်ရေးကို မစိုက်ဘူး။ ဒီ ပိုက်ဆံလောက်က သူတို့
မန်နေဂျာ တေဇ စင်္ကာပူမှာ တည လာဖြုန်းသလောက်ပဲ ရှိတယ်။
ဝါရှင်တန်/နယူးယောက်ဗမာသံရုံးတွေကတစ်ဆင့် အတိုက်အခံ
လောကထဲကို နအဖ ၀င်လိုက် တာ သိပ်လှတယ်။ “အမေရိကန်
အစိုးရက ဗမာပြည်ထဲမှာသုံးမဲ့ ဒေါ်လာ(၃၈)သန်းဟာ စီမံခန့်
ခွဲမှုအပိုင်းမှာ ခင်ဗျားတို့လို အမေရိကားမှာနေနေတဲ့သူတွေပဲ
လာလုပ်မှ အားလုံး အဆင်ပြေ ပြေ ဖြစ်မှာ။ ခင်ဗျားတို့လုပ်ငန်းမှာ
ကျနော်တို့ ဘာမှဝင်မရှုပ်ဘူး။ ခုထဲက ဗမာပြည်ထဲဝင်မဲ့ NGOတွေ
မှာ ၀င်လုပ်ကြပါ။ ဗမာပြည်ထဲမှာရှိပြီးသား တခြားနိုင်ငံတွေက NGO
တွေနဲ့ အမေရိ ကန်တွေနဲ့က ဖြစ်မှာ မဟုတ်ဘူး။ ခင်ဗျားတို့နဲ့ မှ
ဖြစ်မှာ။ ဗမာ passport မရှိဘူးလား သေနေ လား မပူနဲ့၊ ကျနော်တို့
လုပ်ပေးမယ်။ အမေရိကန် passport ကိုင်ထားရင်လည်း ဗမာvisa
တစ်နှစ် ထုပေးလိုက်မယ်၊ တစ်နှစ်အတွင်း ဗမာပြည်ကို ကြိုက်
သလောက်အ၀င်အထွက်လုပ်။ လောလောဆယ် တစ်ခေါက်
နှစ်ခေါက်သွားဘို့လည်း လေယာဉ်လက်မှတ်တို့ နေရေးစားရေး
တို့လည်း မပူနဲ့။ ကျနော်တို့ အကုန်စီစဉ်ပေးမယ်”ဆိုတဲ့ အလုံး
တစ်လုံးထဲ အတိုက်အခံတွေထဲ ပစ်ထည့်လိုက်တာ ပစ်မှတ်တွေ
အများကြီးရဲ့ ဗဟိုတည့်တည့်ကို သွားထိတော့တာပါပဲ။

ခုတော့ သွားကုန်ကြပြီ။ ခွင်အသစ်ထဲကို။ Ph. D ဒေါက်တာလောက်
ဆိုရင်၊ ၀ါရှင်တန်နယူး ယောက် ဗမာသံရုံးတွေက အသွားအပြန်
J class လေယာဉ်လက်မှတ် ၀ယ်ပေးလိုက်သေး တယ်။ ဥပမာ -
ဒေါက်တာစိန်မြင့်။ လန်ဒန်က Ph. D ရခဲ့ပြီး သွားလေသူ ဒေါ်စုခင်ပွန်း
ဒေါက်တာမိုက်ကယ်အဲရစ်(စ်)ရဲ့ မိတ်ဆွေကြီးပါဆိုပြီး အမေရိကားက
ဗမာ အတိုက်အခံ လောကထဲ ခုန်ဝင်လာခဲ့တဲ့လူ။

လွန်ခဲ့တဲ့ နှစ်(၂၀)က ABSDFတောခိုကျောင်းသား ခုတော့
အမေရိကန်နိုင်ငံသားစက်ရုံ အလုပ်သမားများအတွက်ကတော့
Y class လေယာဉ်လက်မှတ်ပေါ့။

နအဖက ဓါတ်ငွေ့ရောင်းလို့ရတဲ့ပိုက်ဆံကို ညူကလီးယားမှ မဟုတ်
ဘူး။ ဒီနေရာမှာလည်း သုံးပြီး ရင်းလိုက်သေးတယ်။။ ငွေပြန်ပေါ်မဲ့
ခွင်က Fort Wayne မြို့မှာ နယူးယောက် ဗမာ သံရုံးလုပ်ထားပြီး
သားမို့ပါ။

လွန်ခဲ့တဲ့ နှစ်(၂၀)က ABSDFတောခိုကျောင်းသား ခုတော့
အမေရိကန်နိုင်ငံသားစက်ရုံအလုပ် သမားများ ဆိုတဲ့ အမာခံ
အတိုက်အခံ ထောင်နဲ့ချီပြီးရှိတဲ့ Fort Wayne မြို့က ဗမာလောက
ဟာလည်း နယူးယောက်ဗမာသံရုံးက ပစ်လိုက်တဲ့ ခုနက အလုံး
တစ်လုံး မြို့လည်ခေါင်ကို လာပြီး ကျတာမှာ၊ အုံးအုံးကျက်ကျက်
တွေ ဖြစ်သွားတာပါပဲ။ ဖြစ်ချင်တော့ အမေရိကန်စီးပွား ရေးကျလို့
အလုပ်တွေက ပြုတ်နေချိန်ကလည်း ဖြစ်နေသေးတယ်။ အလုပ်တွေ
အဆင်ပြေနေ ဆဲ လူတွေကလည်း ဗမာပြည်ပြန်ပြီး ဗမာမိန်းမယူ
ချင်တာနဲ့ မိဘတွေဆီသွားလည်ချင်တယ် ဆိုတဲ့ အိပ်မပျော်သော
လက်နက်ကိုင်တော်လှန်ရေးလုပ်ခဲ့စဉ် ညတွေတုံးက မှောင်မှောင်
ရီခြယ် ပျံ့လွင့်အတွေးတွေဟာ နအဖကျေးဇူးနဲ့ ခုတော့ လက်တွေ့
အကောင်အထည် ပေါ်သွား တော့တာပေါ့။

ဒီထက်လှတဲ့ အကွက်က အင်္ဂလိပ်ဘာသာအရေကျိုသောက်နိုင်တဲ့
ဒေါက်တာခင်မာဦးဆိုတဲ့ ဆရာဝန်မကို နယူးယောက် ဗမာသံရုံးက
ဗမာပြည်ကနေ ခေါ်လိုက်ပြီးတော့ Fort Wayne မြို့ကို လွှတ်လိုက်
ပါလေရော။ အင်္ဂလိပ်ဘာသာ အခုအထိညံ့ဖျင်းနေကြဆဲ အဲဒီ
အမေရိကန် နိင်ငံသားမြန်မာစက်ရုံအလုပ်သမားများ ထောင်ချီရှိရာ
Fort Wayne မြို့ကို မြို့ခံ နှစ်(၂၀) သက်တမ်း မြန်မာအမေရိကန်နိုင်ငံ
သားတွေ မသိသေးတဲ့ ငါးကြင်းဆီနဲ့ငါးကြင်းကျော်တဲ့ “ခွင်” အသစ်ကို
ပါ ဒေါက်တာခင်မာဦးကို သင်ပြပေးပြီးမှ နယူးယောက် ဗမာသံရုံးက
Fort Wayne မြို့ကို လွှတ်လိုက်တာပါ။ အင်္ဂလိပ်ဘာသာ ဘာမှ
အခက်အခဲမရှိတဲ့ ဒေါက်တာခင်မာဦးဟာ သူများနည်းတူပဲ (၂)လ
အတွင်း နိုင်ငံရေးခိုလှုံခွင့်ရယူပြီး သကာလ “ခွင်” အသစ်ကို စတင်
လိုက်ပါတယ်။ အင်္ဂလိပ်ဘာသာမကျွမ်းကျင်ကြတဲ့ Fort Wayne
မြို့ခံ နှစ်(၂၀)သက်တမ်း မြန်မာအမေရိကန်နိုင်ငံသားတွေရဲ့ ဖွံ့ဖြိုး
တိုးတက်ရေးအတွက် စီမံကိန်းproject အမျိုးအမျိုး တွေ အမေရိကန်
အစိုးရဆီမှာ တင်လိုက်တာ၊ ခုတော့ ဒေါက်တာခင်မာဦးရဲ့ project
ရုံးတွေ မှာ Fort Wayne မြို့ခံ မြန်မာ-အမေရိကန် ABSDFဟောင်း
တွေလည်း ၀န်ထမ်းတွေဖြစ်ပြီး အလုပ်ရနေကြပါပြီ။

နယူးယောက် ဗမာသံရုံးက ဗိုလ်မှူးကြီးကျော်စွာမင်းရဲ့ ငါကြင်းဆီ
စစ်ဆင်ရေး ဒုတိယအဆင့် အတိုက်အခံတွေ စစ်အစိုးရကိုထောက်ခံ
ဘက်ပြောင်းရေးအတွက်လည်း ရှေတန်းက ဗျူဟာမှူး ဒေါက်တာ
ခင်မာဦးဟာ ထိုးစစ်ကို အောင်မြင်စွာ စတင်နေပါပြီ။ ဒီအတိုက်အခံ
တွေက အင်္ဂလိပ်ဘာသာမကျွမ်းပေမဲ့ နိုင်ငံရေးကိုနားလည်တော့
စာတတ်ပေတတ်ပုဂ္ဂိုလ်တွေနဲ့ ပေါင်း ပြီး ကွန်ဂရက်လွှတ်တော်မှာ
သွားသွား ကလိတိုင်း အမေရိကန်နဲ့ ဆက်ဆံရေးကောင်းချင်တဲ့
နအဖအတွက် ဟိုဟာထဲ စမူဆာဝင်ဝင်ပြီး ခုနေသလို ဖြစ်မှာ
ဆိုးရတယ်။ ခုတော့ Fort Wayne မြို့ခံ မြန်မာနိုင်ငံဘွား အမေရိကန်
နိုင်ငံသား အတိုက်အခံ(ဟောင်း)များလည်း ဗမာသံရုံးက မေတ္တာ
လက်ဆောင်ဝယ်ပေးတဲ့ Y class လေယာဉ်လက်မှတ်တွေနဲ့ ဗမာပြည်
ကို သွားလိုက် ပြန် လိုက်လုပ်နေကြပါပြီ။ ဗမာပြည်မှာ ရှာလာခဲ့တဲ့
သတို့သမီးလောင်းကို အမေရိကားကိုခေါ် ဘို့အတွက်လည်း I-129F
လျှောက်လွှာတွေ အမေရိကန် လ၀က မှာ တင်ထားကြပါပြီ။

မွန်တောခိုကျောင်းသားဟောင်းတွေ ဦးစီးတဲ့ Fort Wayne မြို့
မွန်ယဉ်ကျေးမှုအသင်းတသင်း ဆိုရင်၊ အမေရိကန်အစိုးရက ချပေးတဲ့
ဒေါက်တာခင်မာဦးရဲ့ project တခုက ငွေတွေနဲ့၊ ဗမာ့ ဆိုင်းဝိုင်းကြီး
တူရိယာပစ္စည်းအစုံအလင်ကို သင်္ဘောနဲ့မှာယူ ရောက်ရှိလာလို့၊
Fort Wayne မြို့က မွန်မလေးတွေ ဘောင်းဘီဖင်ကြပ်တွေနဲ့ အက
တိုက်နေကြတာကိုလည်း၊ ဗီအိုအေက တီဗီအစီအစဉ်မှာ မြင်ကြရပါပြီ။
ရန်ကုန်မြို့က နိုင်ငံတော်ယဉ်ကျေးမှုတက္ကသိုလ်ကတောင်၊ ဒီတီဗီ
အစီအစဉ်ကိုကြည့်ပြီး Fort Wayne မြို့က ဗမာ့ဆိုင်းဝိုင်းကြီးဟာ
သူတို့ ကျောင်းက ဆိုင်းဝိုင်းကြီးထက်တောင် တူရိယာပစ္စည်းတွေ
စုံတယ်လို့ ပြောနေပါတယ်။

နယူးယောက်ဗမာသံရုံးက ဗိုလ်မှူးကြီးကျော်စွာမင်းရဲ့ ငါကြင်းဆီ
စစ်ဆင်ရေးကို ဗျူဟာမှူး ဒေါက်တာခင်မာဦးက အကောင်အထည်
ဖေါ် အောင်မြင်လိုက်ပုံကများကတော့ ခုဆို အမေရိ ကန်အစိုးရက
ချပေးတဲ့ ငွေတွေနဲ့ Fort Wayne မြို့ကနေ ဗမာလို တီဗီတောင်
လွှင့်တော့မှာ ဖြစ်ပါတယ်။ မိုးမခနဲ့ အင်တာဗျူးမှာ ကိုယ့်ဟာကိုယ်
သူငယ်ချင်းချင်း စကားစပ်မိပြီး တီဗီလွှင့် ဘို့ လုပ်ဖြစ်သွားတာပါလို့
ပြောထားပြီး ဒုက္ခသည်တွေထဲမှာ စာမတတ်သူ အများကြီးပါလို့ တီဗီ
ရိုက်ဘို့ စိတ်ကူးပေါ်လာတာပါလို့ ဒေသခံ စာနယ်ဇင်းတွေက ရေး
ကြတယ်။ ရုပ်သံလိုင်း မရှိ သူတွေ ကြည့်ဘို့ ဒီတီဗီအစီအစဉ်တွေကို
DVDနဲ့ဖြန့်မယ်လို့လည်း ပြောပါတယ်။ ဘယ်သူကမှ ဒေါက်တာခင်မာဦး
ရဲ့ များစွာသော project တွေထဲက တခုပါလို့ အင်တာဗျူးတွေမှာ
မပြောကြဘူး။ မိုးမခတောင် ဒါကို မသိလို့ ဒီဗျူးခန်းကိုထည့်ပေးတာနေမှာ။
http://moemaka.com/index.php?option=com_content&task=view&id=6753&Itemid=83
ကျားနဲ့ဆင် ဒီ“ခွင်”မှာ တွေ့ကြပါပြီ။ ဒီ“ခွင်”ကို ဆင်ထားတဲ့ မူလ“ခွင်”
ပိုင်ရှင်က နယူးယောက် ဗမာသံရုံးက ဗိုလ်မှူးကြီးကျော်စွာမင်း။ သူ
“ဆင်” ဆိုရင် အခု ဒီ “ခွင်”ထဲကို ၀င်လာတာက “ကျား” သင်းကိုကို။
Fort Wayne မြို့ကနေ ဗမာလို တီဗီလွှင့်မှာကို တီဗီလုပ်ငန်း နကန်း
တလုံးမှမသိတဲ့ မြို့ခံ ဦးသီရိဘကြည် ခေါ် ဦးသီဟ က ရှေ့က နံမည်
ခံပြီး နောက်ကနေ သူ့လက်သူ့ခြေ အကုန်လုပ်မဲ့ သင်းကိုကို။
ဗိုလ်မှူးကြီးကျော်စွာမင်းရဲ့ ဗျူဟာမှူး ဒေါက်တာခင်မာဦးလောက်
ကို ပိဿာချိန်နဲ့ ရောင်းစား သွားမဲ့ သင်းကိုကို။ မြ၀တီရုပ်သံ
ကင်မရာတွေ မပြီး ပြေးသွားသူပါလို့၊ န၀တ က ကြေညာ ခံခဲ့ရဘူး
တဲ့ သင်းကိုကို။ DVB ရုပ်သံ စစချင်း DVB အတွက် ရသမျှ မာစီးဒီး
ဝယ်စီးပြီး အိမ်ဖေါ် တွေ ဘာတွေနဲ့ နော်ဝေ မှာ အကျအန နေခဲ့တဲ့
သင်းကိုကို။ DVB က ခိုးနေတာပေါ်သွားတော့ ကန်အထုတ်ခံရချိန်
မှာ DVBက data hard driveကြီးကို ဖျက်ဆီးပြီးမှ နော်ဝေကနေ
ထွက် လာခဲ့တဲ့ သင်းကိုကို။ အရင် သူလုပ်ခဲ့တဲ့ ဘန်ကောက် FTUB
ရုံးကနေပါ ဦးမောင်မောင်က ကန်ထုတ်လိုက်တဲ့ သင်းကိုကို။ ပြေးစရာ
မြေမရှိနဲ့ အမေရိကားရောက်လာရာက အေးအေး မနေပဲ၊ Fort Wayne
မြို့က ဗိုလ်မှူးကြီးကျော်စွာမင်း နဲ့ ဒေါက်တာခင်မာဦးတို့ရဲ့ ငါးကြင်းဆီ
စစ်ဆင်ရေးထဲက “ခွင်”ထဲကို ၀င်လာတဲ့ “ကျား” သင်းကိုကို။
ဗိုလ်မှူးကြီးကျော်စွာမင်း ကုလားထိုင်လှုပ် ဒေါက်တာခင်မာဦး
Fort Wayne မြို့ကနေ တော ထုတ်ခံရပြီး ငါးကြင်းဆီစစ်ဆင်ရေး
ထဲက “ခွင်”တခွင်လုံး သင်းကိုကို အုပ်သွားရင်တော့ ကြည့်ကောင်းလိုက်မဲ့
ဖြစ်ချင်း။

နောက်ထပ် “ခွင်”ကတော့ ၀ါရှင်တန်ကနေ ဘန်ကောက်ကို ရွှေ့
သွားတဲ့ “ခွင်”ပါ။ အမေရိကန် အစိုးရရဲ့ USAID က ဒေါ်လာသန်း
ပေါင်းများစွာနဲ့ အမေရိကန် NGOတွေ ဗမာပြည်ထဲ ၀င်ဘို့ လုပ်တဲ့
နေရာမှာ USAIDရှေ့တန်းရုံးကို ဘန်ကောက်မှာ ဖွင့်လိုက်ပါပြီ။
ရှေ့တန်းရုံးကို ဦးစီးဘို့ လူရှာနေတာကြားတဲ့ အဝေးရောက် NCGUB
ရုံးရဲ့ ညွန်ကြားရေးမှူး ဦးစိုးပိုင်က သိပ်သွက်ပါ တယ်။ အမေရိကန်
အမျိုးသားနဲ့ အိမ်ထောင်ပြုထားတဲ့ အမေရိကန်တက္ကသိုလ်ဘွဲ့ရ
သူ့သမီး စန္ဒီကို USAIDရှေ့တန်းရုံးရဲ့ ညွန်ကြားရေးမှူးအဖြစ်ခန့်ဘို့
ဝါရှင်တန်ဗမာသံရုံးရဲ့ နောက်ကွယ် က စီစဉ်ဆက်သွယ်ညှိနှိုင်းပေးမှုနဲ့
အမေရိကန်အစိုးရကိုချဉ်းကပ် အဆိုတင်လိုက်တာ အောင် မြင်သွားခဲ့ပါပြီ။
ခုတော့ ၀ါရှင်တန်NCGUBရုံး ရဲ့ညွန်ကြားရေးမှူးဦးစိုးပိုင်လဲ အဝေးရောက်
အစိုးရကို ၀ါရှင်တန်ကပန်းခြံတွေထဲမှာ ပစ်ထားခဲ့ပြီး ညွန်ကြားရေးမှူး
စန္ဒီရဲ့ ရှေ့တန်းရုံးရှိရာ ဘန်ကောက်ကို ပြောင်းရွေှ့နေထိုင်နေပါပြီ။

နောက်နှစ်ဆို proposal ရပ် ရိက္ခာပြတ်ကြတော့မယ်ဆိုတာသိတဲ့
အလွန်လျင်တဲ့ ထိုင်း-မြန်မာ နယ်စပ်က တော်လှန်ရေးခေါင်းဆောင်
ကြီးငယ် size ပေါင်းစုံဟာလည်း ဗမာပြည်ထဲဝင်ကြ တော့မဲ့ အမေရိကန်
NGOတွေထဲမှာ အလုပ်ရဘို့ ဒါမှမဟုတ် ကိုယ်တိုင် NGOတခုကို ဆရာကြီး
လုပ်နိုင်ဘို့ ဗမာပြည်ထဲက “ခွင်”အသစ်ထဲ ၀င်ပြီး ကိုယ့်အတွက် “ခွင်”
ထပ်ရှာကြဘို့ စိုင်းပြင်းနေကြပါပြီ။ ဘန်ကောက်မှာ နောက်ကွယ်ကနေ
နအဖက သူတို့လူ ညွန်ကြားရေးမှူး စန္ဒီကတဆင့် ကြိုးကိုင်မဲ့ ဗမာပြည်
အတွက်USAIDရှေ့တန်းရုံးမှာ တော်လှန်ရေးခေါင်းဆောင် ကြီးငယ်တွေ
သူ့ထက်ငါ တိုးဝှေ့ဦးခိုက်နေကြပါပြီ။ အမေရိကန်အစိုးရကတော့ မသိရှာ
ဘူး။ အိုဘားမားရဲ့ ထိတွေ့ဆက်ဆံရေးပေါ်လစီ အောင်မြင်ပြီး ဗမာပြည်
မှာတဖြည်းဖြည်း Change ဖြစ်သွားမယ်လို့ ထင်နေရှာတယ်။ အောင်မြင်
တာတော့ အောင်နေပါပြီ။ ရှေတန်းရုံဖွင့်ရုံပဲရှိ သေး အမေရိကန် NGOတွေ
ဗမာပြည်ထဲခြေမချရသေးခင်မှာကို “ခွင်”ဆရာကြီးဆရာမကြီး တွေ အတွက်
ကတော့ အောင်မြင်သွားခဲ့ပါပြီ။ “ခွင်”ဆိုလို့ အမေရိကားထဲက “ခွင်”အသစ်
တစ်ခုလည်း ရှိပါသေးတယ်။

ကယ်လီဖိုးနီးယားပြည်နယ်က အမေရိကန်အောက်လွှတ်တော်အမတ်
ရိုနာဘာဂါက စစ်မှန်တဲ့ ဗမာ့ဒီမိုကရေစီအရေးအတွက် ဗမာစစ်တပ်ထဲက
မျိုးဆက်သစ်စစ်သားတွေက လုပ်မှ ရနိုင် မယ်လို့ ကြေညာချက်တစ်စောင်
ထုတ်ခဲ့တယ်။ အဲ့ဒီမှာ၊ ခွေးသေကောင်ပုဒ်ကို ဠင်းတတွေ ၀ိုင်းဆွဲကြသလို၊
ရိုနာဘာဂါဆီကို အပြေးအလွှား သူ့ထက်ငါဦးအောင် proposal တွေ project
တွေ ၀ိုင်းတင်ကြတော့တာပဲ။ ကျနော်ကတော့ ပြည်တွင်းက စစ်တပ်ထဲမှာ
အဆက်အသွယ် တွေရှိပါတယ်၊ ကျမကတော့ ပြည်တွင်းက စစ်မှုထမ်း
ဟောင်းတွေကို အိတ်ထဲထည့်ထားနိုင်ပါ တယ်၊ စုံလို့ပဲ။ ရိုနာဘာဂါရဲ့
ဝါရှင်တန်က အောက်လွှတ်တော်အမတ်ရုံးကို ကုန်းလမ်းရေလမ်း
လေလမ်းတွေကနေ ချီတက်လာကြတာ။ ချင်းမိုင်မှာ ဆယ်နှစ်ဆယ်မိုး
အရပ်ဘက်စစ်ဘက် ဆက်ဆံရေးပါမောက္ခလိုလို ဘာလိုလိုလုပ်လာခဲ့
တဲ့ ဟားဗတ်သုံးလသင်တန်းတက်ဘူးသူတွေ ရဲ့ ဗန္ဒု ဓနု လဥ bahu
အဖွဲ့ဝင် အမေရိကန်မ ယောက်ျားတယောက်လည်း မိသားစုနဲ့အတူ
အပြေးအလွှားပဲ ၀ါရှင်တန်ကို အပြီး ပြန်ပြောင်းလာပါပြီ။ သို့ကလို
ရိုနာဘာဂါရဲ့ ၀ါရှင်တန်က အောက်လွှတ်တော်အမတ်ရုံးနားမှာ
ဝဲနေကြတဲ့ ဠင်းတတွေထဲမှာ၊ စစ်သားဟောင်းဆိုလို့ စစ်ဗိုလ်ဆရာဝန်
လုပ်ဘူးတဲ့ အဝေးရောက်အစိုးရကုလသမဂ္ဂတာဝန်ခံ ဒေါက်တာ
သောင်းထွန်းပဲ တွေ့ရတယ်။ ဗမာပြည်စစ်တပ်ထဲက ဒီမိုကရေစီလိုလား
သူ စစ်သားတွေ ဗမာစစ်အစိုးရရဲ့ စစ်ပြန်အဖွဲ့ထဲက ဒီမိုကရေစီလိုလား
သူ စစ်သားဟောင်းတွေနဲ့ ပြည်ပရောက် ဒီမိုကရေစီ လို လားသူ စစ်သား
ဟောင်းတွေနဲ့ကို ချိတ်ဆက်ပြီးကွန်ယက်ကြီးဖြစ်လာဘို့ သူလုပ်နိုင်
တယ် ဆို တဲ့ ဒေါက်တာသောင်းထွန်းရဲ့ နှစ်ရှည်စီမံကိန်းအတွက်
ကုန်ကျစားရိတ်အသေးစိတ်နဲ့ တင်ပြ ထားတဲ့ proposal အထူကြီး
တအုပ်လဲ၊ ဘုတ်ကနဲ ရိုနာဘာဂါရဲ့ရုံးခန်းထဲ ကျရောက်သွားခဲ့ ပါပြီ။
တစ်ခါမှ ဖုံးမဆက်ဘူးတဲ့ တစ်ကမ္ဘာလုံးက ဗမာစစ်သားဟောင်းတွေ
ဆီကို ဒေါက်တာ သောင်းထွန်း ဖုံးတွေတဂွမ်ဂွမ်ဆက်နေရှာတယ်။
စည်းရုံးတဲ့အထဲမှာ ဗမာပြည်ဒီမိုကရေစီ အကြောင်းပဲပါတယ်တဲ့။
ရိုနာဘာဂါ ကြေညာချက်တို့ ဘာတို့ တခွန်းမှ မဟဘူးတဲ့။ စစ်သား
ဟောင်းဆိုတဲ့လူတွေကလည်း ဠင်းတချင်းတူပေမဲ့ ခပ်တုံးတုံးတွေ
ဆိုတော့၊ ရိုနာဘာဂါကြေညာ ချက်ကိုလည်း မသိဘူး။ သိလည်း
ဒါဟာ၊ ရပ်ကွက်ထဲကိုရောက်လာတဲ့ အသစ်ကလေးလို့် “ခွင်”
ဆရာကြီးဆရာမကြီးတွေလို ရှုမြင် နားလည်သဘောပေါက်ကြမဲ့
ဠင်းတမျိုးတွေ မဟုတ် ပြန်ဘူး။ ဒေါက်တာသောင်းထွန်းရဲ့ “ခွင်”မှာ
အသုံးချခံရတော့မယ်ဆိုတာ မသိကြတဲ့ စစ်သားပီပီ ခဲတံချွန်စက်
မရှိတဲ့ အရပ်ကလူတွေလိုပါပဲ။

“ခွင်”တွေကတော့ အငြိမ့်တွေရဲ့ အက ရာသီခွင်တွေလိုပါပဲ။
သူ့ရာသီနဲ့သူ ခေတ်မှီမှီ စတိတ်ရှိုး တွေထည့် မင်းသမီးတွေကို
အားကစားဇာတ်လမ်းနဲ့ မလုံ့တလုံဝတ်ပြတာတွေ ထည့်နိုင်တဲ့ခွင်
တွေက အစ်ကိုကာလသားတွေ တရုန်းရုန်းနဲ့ ပွဲစည်ပြီး အားလုံးလည်း
ညကြေးတွေ ပိုပြီးရကြ တွက်ခြေကိုက်ကြတာပေါ့။
သြော် ရပ်ကွက်ထဲက “ခွင်”တွေ အကြောင်း ပြောပါတယ်။


-ယူအက်(စ်)အေ ရုက္ခစိုး

(ဖော်ပြပါ ပြင်ပဆောင်းပါးဟာ ပြင်ပဆောင်းပါးရှင်ရဲ့ အတွေးအခေါ်
အယူအဆများသာ ဖြစ်ပါတယ်။)
Read more »

Sunday, 18 July 2010

တခါက နွေရက်များ

ရေးသူ- စစ်ငြိမ်းဒီရေ

“ကိုယ့်သမိုင်း ကိုယ်ရေး” ဆိုတဲ့ စကားနဲ့
“ကိုယ့်သမိုင်းကို ကိုယ်ရေးလို့ မရဘူး၊ နောင်လာ နောင်သား
တွေ ရေးပါလိမ့်မယ်” ဆိုတဲ့ စကားနှစ်ခွန်းဟာ ထိပ်တိုက်ရင်ဆိုင်
ခြင်း စာမျက်နှာတွေပေါ်မှာ မကြာခဏ တည့်တည့်တိုးလေ့
ရှိပါတယ်။



အခြေခံပညာ ကျောင်းသားများ သမဂ္ဂ (အ.က.သ) လှုပ်ရှားမှု
တွေ အားကောင်းခဲ့တဲ့ ၁၉၈၈- ၈၉- ၉၀ ပတ်ဝန်းကျင်က အလုပ်
နဲ့ ပက်သက်ပြီး အဖြစ်အပျက်တချို့ကို မှတ်တမ်းတစ်ခုအနေနဲ့
သိစေချင်လို့ တင်ပြတာပါ။ အလုပ်နဲ့ ပက်သက်ရင် မလုပ်ခင်က
ငြင်းတာ ခုန်တာ ဆွေးနွေးပွဲထဲ ပွက်လောရိုက်တာ ပြဿနာ သိပ်
မရှိပါဘူး၊ အလုပ် လုပ်နေတဲ့ အချိန်အတွင်း စည်းလုံးညီညွတ်မှု
ရှိနေရင် ဘယ်လောက် ကြီးမားတဲ့ အန္တရာယ် အနေအထားမဆို
အလွယ်တကူ ရင်ဆိုင်လို့ ရပါတယ်။ ဒါကြောင့် ပြည်သူလူထုနဲ့
နိုင်ငံရေး၊ တော်လှန်ရေး အဆောက်အဦးတွေမှာ အ.က.သ ဆိုတဲ့
သမိုင်းဟာ ထင်ရှားခဲ့တာပါ။ ဘယ်သူမှ မငြင်းနိုင်သလို ငြင်းစရာ
မလိုတဲ့ သမိုင်းနဲ့ မှတ်တမ်းတွေပါ။

သံဈေး သပိတ်မှာ သင်ကြားခဲ့တယ် ….

သိမ်ကြီးဈေး “သံဈေး” သပိတ်မှာ အတွေ့အကြုံတစ်ခု ရခဲ့
ပါတယ်။ အဲဒါ ဘယ်လဲဆိုတော့ ကွဲထွက်သွားတဲ့ အင်အား
ကို ပြန်စုပြီး နောက်တခါ အခင်းအကျင်း ထပ်လုပ်တာပါ။
“သံဈေး”မှာ ဆန္ဒပြပွဲလုပ်လို့ မကြာခင် အချိန်အတွင်း ရန်သူ့
ဖက်က ချေမှုန်းရေး ၀င်လာပါတယ်။ အဲဒါနဲ့ လုံ/စည်းက
ဗိုလ်ချုပ်ဈေးဖက်မှာ လူပြန်စုဖို့ ပြင်ဆင်ခဲ့ပါတယ်။ သံဈေး
လှုပ်ရှားမှု မတိုင်ခင်က လူအင်အားထက် ၅ ပုံ ပုံရင် ၃ ပုံ
လောက်တောင် မပြည့်တော့ပါဘူး။ အဲဒီ အင်အားကို တစ်လမ်း
မောင်း စနစ်နဲ့ ကားသွားနေတဲ့ ဗိုလ်ချုပ်လမ်းပေါ်မှာ လမ်းပြောင်း
ပြန် ချီတက်ခဲ့တာပါ။

ဆူးလေ ဘုရားလမ်းဒေါင့်ကနေ ဈေးရှေ့အထိ ချီတက်သွားတော့
ဈေးရှေ့ မရောက်တရောက်မှာ လသာ(၁) ကျောင်းဖက်ကနေ
စစ်ကားတွေ ကွေ့ပြီး ဆင်းလာပါတယ်။ ဒါနဲ့ လူစုခွဲပြီး ဗိုလ်ချုပ်ဈေး
ထဲ ၀င်ခဲ့ကြပါတယ်။ ဈေးထဲက ဈေးဆိုင်တွေ အလျင်အမြန် ဆိုင်ပိတ်
နေတာ တွေ့ရပါတယ်။ ဈေးထဲ ပြေးဝင်လာတဲ့ လူငယ်အုပ်စုက
လွှဲရင် လူတော်တော် ရှင်းနေပါတယ်။ ထောက်လှမ်းရေးသာ ခြေရာ
အခံကောင်းရင် အဲဒီအုပ်စု အဲဒီနေ့က အိမ်ပြန်ရောက်မှ မဟုတ်ပါဘူး။

အဲဒီနောက်ပိုင်း မောင်ထော်လေးလမ်းမှာ တင်ပြရပါတယ်။ ကျနော်
တို့ အလုပ်လုပ်ရင် လုံ/စည်းနဲ့ပဲ မလုံလောက်ပါ၊ အပြင်စည်းက
ကျနော်တို့ အလုပ်လုပ်မယ့် ပတ်ဝန်းကျင်ကို ကြိုသွားပြီး အရင်ဆုံး
စည်းရုံးရေး ဆင်းထားပေးပါ။ လူထု အကာအကွယ်ပေးဖို့ ခက်တဲ့
နေရာမျိုးတွေမှာ ကျနော်တို့ဖက်က မျှော်လင့်ထားတာတဲ့ အကျ
အဆုံး ပိုများနိုင်ပါတယ် ….။ အဲဒီနောက်ပိုင်း အပြင်စည်း
တာဝန်ခံနဲ့ အလုပ်သဘောတွေ ကျယ်ပြန့်လာတာကို တွေ့ရ
ပါတယ်။

အယောင်ပြဖို့ (၂၇.၃.၁၉၉၀) …

၂၇. ၃. ၁၉၉၀ နေ့မှာ အခမ်းအနား တစ်ခုလုပ်ဖို့ ဆိုင်ရာ
ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တွေနဲ့ လူကြီးပိုင်းတွေ စီစဉ်
ကြပါတယ်။ ဒါနဲ့ မောင်ထော်လေးလမ်းကနေ ကျောက်ကုန်းကွေ့
အထိ အဆင့်ဆင့် နေရာထိုင်ခင်း ပြောင်းရွေ့လာတဲ့ ဗဟိုက
တာဝန်တစ်ခု ပေးပါတယ်။ အယောင်ပြ အစီအစဉ်တစ်ခုလောက်
ကြိုးစားပေးပါတဲ့ …။ တာဝန်စပေးတာက တစ်လအလိုမှာ ဖြစ်ပါ
တယ်။ အလုပ်က ဗဟန်း၊ ရန်ကင်း၊ ကမာရွတ် အတွင်း ….။

အလုပ်မှာ လက်တွဲရတာ ရှိသမျှ အင်အားစု အကုန်ပါပဲ၊ အ.က.သ
သီးသန့်တော့ မဟုတ်ပါ။ ပါတီပိုင်းက လူငယ်တွေပါ ပါဝင်ပါတယ်။
တနေ့ တနေ့ စုပြီး စဉ်းစားလိုက်ကြတာ လ’တ၀က်သာ ကျိုးသွား
တယ် ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင် မသိပါဘူး။ ဒါနဲ့ ရန်ကင်း
အ.ထ.က (၁)က မ.က.သ.ဖ ကျောင်းသားတစ်ဦးက အိုင်ဒီယာ
တစ်ခု တင်ပြပါတယ်။ အရပ်ထဲက ခွေးတွေကို လည်ပင်းမှာ စံပယ်
ပန်းကုံးတွေစွပ်ပြီး လွှတ်ရင် ဘယ်လိုနေမလဲ …။

အဖွဲ့များတော့ အလုပ်စဖို့ ဆွေးနွေးတာ ငြင်းခုန်နေတာ တစ်ပတ်
လောက် ကြာသွားပါတယ်။ တကယ်လည်း အလုပ်စမယ် စီစဉ်တော့
တစ်ပတ်ပဲ ကျန်ပါတော့တယ်။ တနေ့ တနေ့ ရပ်ကွက်တွေ ပတ်
ပြီး ဘယ်ရပ်ကွက်မှာ ခွေးလေခွေးလင့် အများဆုံး ရှိသလဲ စုံစမ်း
ရတာ အမောပါ။ အဓိက ပြဿနာက ခွေးကို ဘယ်လို ဖမ်းပြီး
ဘယ်နေရာမှာ စုထားမလဲ ….။ မီးသွေးရောင်းတဲ့ ဆိုင်က မီးသွေး
ခြင်းတောင်းတွေ လိုက်တောင်းရပါတယ်။ ခွေးလိုက်ဖမ်းလို့ အကိုက်
ခံရတဲ့ ကျောင်းသားလည်း မနည်းပါ။ အလုပ်စပြီး နှစ်ရက် သုံးရက်
ကြာတော့ အဲဒီအစီအစဉ်ကို ဖျက်သိမ်းလိုက်ဖို့အထိ စိတ်ပျက်
မိကြပါတယ်။

ခွေးအကောင် (၇၀)ကို နေရာ (၂၀)လောက် ခွဲပြီး ထားရပါတယ်။
မနက် (၇) နာရီထိုး လုပ်မယ့် အစီအစဉ်တောင် အကူအညီ
ပေးမယ့် ကားက ပျက်နေလို့ (၈)နာရီ ကျော်မှ လုပ်မယ့်နေရာ
ကို ရောက်ခဲ့ပါတယ်။ ကံကောင်းချင်တော့ အဲဒီအချိန်မှ ဈေးသွား
ဈေးလာနဲ့ အစည်းကားဆုံး ဖြစ်နေပါတယ်။ ရာထူး အဆင့်အတန်း
အဆင့်ဆင့်ကို ကျောပေါ်မှာ သင်္ဘောဆေးနဲ့ ရေးဆွဲထားတဲ့
ခွေးတွေကို ရန်ကင်း (၁၂)လုံးတန်း ထိပ်ရှိ မီးပွိုင့်မှာ လွှတ်ပေး
လိုက်ပါတယ်။ ပထမ လေး … ငါးကောင် လွှတ်လိုက်တော့
လူတွေက သိသိသာသာ သတိမထားကြသေးပါဘူး။ နောက်ထပ်
အကောင် (၂၀) နီးပါး ထပ်လွှတ်တော့ အုတ်အော်သောင်းနင်း
ဖြစ်သွားပါတယ်။ လည်ပင်းမှာ စံပယ်ပန်းကုံးတွေ၊ ကျောပေါ်မှာ
ရာထူးအဆင့်အတန်း ရေးခြစ်ထားတဲ့ ခွေးတွေ လမ်းပေါ်မှာ
ပြေးနေတာ ကြည့်ပြီး လူထုက လက်ခုပ်လက်ဝါး တီးပြီး အားပေး
ကြပါတယ်။ လုံခြုံရေး အကြောင်းပြချက်နဲ့ အခမ်းအနားတစ်ခု
အနီးက စစ်ကားတွေ ရန်ကင်း (၁၂)လုံးတန်းဆီ အလျင်အမြန်
ပြောင်းရွေ့ ရောက်ရှိလာပါတယ်။ အယောင်ပြပွဲအပြီးမှာ အကျအဆုံး
မရှိခဲ့ပါဘူး။ ခွေးလိုက်ဖမ်းတဲ့ နေရာမှာ အကိုက်ခံရတဲ့ ကျောင်းသား
တချို့ဆိုရင် ချက်မှာ ဆေးထိုးရတဲ့အထိတော့ အထိအခိုက်တွေ
ရှိခဲ့ပါတယ်။


(ဤမျှသာ။)

Read more »

Saturday, 17 July 2010

သမိုင်းနှင့် သမိုင်း

ရေးသူ- စစ်ငြိမ်းဒီရေ

သမိုင်းမှတ်တမ်းများကို ရေးသားရာတွင် “ညာ” ၍သော်
လည်းကောင်း၊ “ညှာ” ၍သော် လည်းကောင်း၊ “ကြွား” ၍သော်
လည်းကောင်း မရေးသား ကြရန် ကွယ်လွန်သူ သမိုင်းပညာရှင်
ဆရာကြီး ဒေါက်တာ သန်းထွန်းက မှာကြားခဲ့ဖူးပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ….



ကျဆုံးလေသူ လွတ်လပ်ရေးနှင့် အမျိုးသားခေါင်းဆောင်ကြီး
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပြီးပြည့်စုံသော စာအုပ် ဟူ၍
ယနေ့အချိန်အထိ တစ်အုပ်မှ မရှိခြင်းသည် ပြည်ထောင်စုမြန်မာ
နိုင်ငံ၏ သမိုင်းစာမျက်နှာများအနက် မှတ်တမ်းတင်မှု ဆိုးဝါးညံ့ဖျင်း
မှုကို မီးမောင်းထိုးပြလျက် ရှိပါတယ်။



ဥပမာ ….
ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ရံတော်အဖြစ် တာဝန် ထမ်းဆောင်
ဖူးသော ကွယ်လွန်သူ ဗိုလ်ထွန်းလှ (ခ) စာရေးဆရာ တက္ကသိုလ်
နေ၀င်း ရေးသားသော ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပက်သက်သည့်
စာအုပ်များတွေမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့တွင်
သားသမီး လေးဦး ထွန်းကားခဲ့ပါတယ်။ ရေနစ်ပြီး သေဆုံးခဲ့သော
အောင်ဆန်းလင်း အပြင် မွေးဖွားခါစ ရက်ပိုင်းအတွင်း သေဆုံးခဲ့
သော ကလေးငယ် တစ်ဦး ရှိခဲ့ဖူးပါတယ်။

လွန်ခဲ့သော နှစ်အနည်းငယ်လောက်က အင်တာနက်
စာမျက်နှာ တစ်ခုပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးချိန်အထိ
အောင်ဆန်းလင်း မကွယ်လွန်သေးဘူးလို့ ဖတ်လိုက်ရပါတယ်။
အဲဒီလို ရေးသားခြင်းဟာ သမိုင်း မှတ်တမ်းတွေ ဘယ်လောက်
တောင် အန္တရာယ် ကျရောက်နေပါသလဲ ….။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပက်သက်ပြီး သူ အသက်ရှင်နေထိုင်
ခဲ့တဲ့ နေ့စွဲအလိုက် ဖြစ်စေ၊ အပတ်စဉ်လိုက် ဖြစ်စေ၊ လ’အလိုက်
ဖြစ်စေ မှတ်တမ်း တင်နိုင်မှု၊ မှတ်တမ်း တင်ထားမှုဟာ အားရဖွယ်
မရှိပါဘူး။ ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂ၊ ဗ.က.သ
ခေါင်းဆောင်ဘ၀ အသေးစိတ် မှတ်တမ်းတွေ လိုအပ်ပါတယ်။
အဲဒီကနေ တို့ဗမာအစည်းအရုံးထဲကို ဗိုလ်ချုပ်အောင်ဆန်း
ရောက်သွားပါတယ်။ ကျောင်းသား ခေါင်းဆောင်ဟောင်း
သခင်အောင်ဆန်းသည် တို့ဗမာအစည်းအရုံး၏ ဒုတိယ မျိုးဆက်
လား တတိယ မျိုးဆက်လား … တို့ဗမာ အစည်းအရုံး အကွဲအပြဲ
နောက်ပိုင်းမှာ ဦးဆောင်ခဲ့တဲ့ မျိုးဆက်လား …. ယနေ့အထိ
သမိုင်းမှတ်တမ်းများက အဖြေ မပေးသေးပါ။

သမိုင်း မှတ်တမ်းတွေ စီးဆင်းခဲ့တဲ့ ကာလမှာ လူဦးရေ၊ ပညာ
တတ်မြောက်မှု ရာခိုင်နှုန်း၊ မြို့ပေါ်နေ လူ့အဖွဲ့အစည်းများ၊ ဥပမာ …
၁၉၃၀ ခုနှစ် ကုလား- ဗမာ အဓိကရုဏ်းကာလ ရန်ကုန်မြို့
မှာ ဗမာနဲ့ တိုင်းရင်းသား အရေအတွက်ဟာ အနည်းစု ဆိုတဲ့
သမိုင်းဆိုင်ရာ အထောက်အကူပြု မှတ်တမ်းတွေ ပါ လိုအပ်
ပါတယ်။

ပြည်ထောင်စု မြန်မာနိုင်ငံတစ်ခုလုံး တိုင်းတပါး သြဇာအာဏာ
အောက်ကနေ လွတ်မြောက်ရေးအတွက် တို့ဗမာအစည်းအရုံး
က ဒုတိယကမ္ဘာစစ်နဲ့အတူ လက်နက်ကိုင် တော်လှန်ရေးကို
ဆင်နွဲဖို့ သဘောတူခဲ့ကြပါတယ်။ နာမည်ကျော် ရဲဘော်သုံးကျိပ်
ဖြစ်ပေါ်လာခဲ့တဲ့ သမိုင်းပါ။ မှတ်တမ်း တော်တော်များများမှာ
ကွဲနေတဲ့ တို့ဗမာအစည်းအရုံး နှစ်အုပ်စုက လူငယ်တွေ ပါဝင်
ကြတယ်ပဲ ရေးကြပါတယ်။ ဗမာ့ ထွက်ရပ်ဂိုဏ်းရဲ့ အခန်းကဏ္ဍ၊
ဒေါက်တာ ဘမော်အဖွဲ့မှ လူငယ်တချို့တောင် လွတ်ဖို့ အစီ
အစဉ်တွေ လုပ်ခဲ့တယ် ဆိုသော မှတ်တမ်းများဟာ တဖြေးဖြေး
မှုံဝါး ပျောက်ကွယ်ကုန်ပါပြီ။

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဗမာ့လွတ်လပ်ရေး တပ်မတော်
(B.I.A) က သထုံခရိုင်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းက ရွာသူကြီးကို
သေဒဏ်ပေးခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ရဲ့ နောက်ဆက်တွဲ တစ်ခုအနေ
နဲ့ နောင်အခါမှာ ရဲဘော်သုံးကျိပ်ဝင် သခင်ထွန်းအုပ်က ဗိုလ်ချုပ်
အောင်ဆန်းကို လူသတ်မှုနဲ့ တရားစွဲဖို့ စီစဉ်ခဲ့ပါတယ်။ အဲဒီ
မှတ်တမ်းကို သမိုင်းဆရာတွေ သမိုင်းရေးတဲ့အခါ ခုန်ပျံကျော်လွှား
ပြီး ရေးသားလေ့ ရှိပါတယ်။

အလားတူ ၁၉၄၅ ခုနှစ် အတွင်း ဂျပန်တော်လှန်ရေးအတွက်
လျှို့ဝှက်ဆွေးနွေးပွဲတစ်ခုတွင် မတော်တဆ ဖြစ်ရပ်တစ်ခု ဖြစ်
ပွားခဲ့ပါတယ်။ သခင်တင်မြ အင်္ကျီအိတ်အတွင်းမှာ ပြုတ်ကျခဲ့
သော သေနတ်ဟာ ကျည်ဆံထွက်သွားပြီး အစည်းအဝေးပွဲ
ရောက်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်းတစ်ယောက် အသက်
အန္တရာယ်မှ သီသီလေး လွတ်မြောက်ခဲ့ပါတယ်။ အလားတူ
ဂျပန်ဆန့်ကျင်ရေး ခရီးစဉ်တစ်ခု၌ ဧရာဝတီတိုင်းအတွင်း
ဗိုလ်ချုပ်အောင်ဆန်း ရေနစ်ခဲ့ဖူးကြောင်း တိုးတက်ရေး
သခင်အုန်းမြင့်၏ မှတ်တမ်းများထဲတွင် ဖတ်ရူရပါတယ်။

ဒုတိယ ကမ္ဘာစစ်ပြီးကာလ ဖ.ဆ.ပ.လ ခေါင်းဆောင်ဖြစ်တဲ့
ဗိုလ်ချုပ်အောင်ဆန်းက ကွန်မြူနစ်ပါတီကို ဖ.ဆ.ပ.လ အဖွဲ့က
ထုတ်ပယ်ခဲ့တဲ့ ဖြစ်စဉ်ပါ။ ဒီဖြစ်စဉ်ဟာ မြန်မာ့နိုင်ငံရေးသမိုင်းကို
တော်တော် ရိုက်ခတ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုပါ။ ယနေ့အထိလည်း
သမိုင်းမှတ်တမ်းသမားတွေ ရူဒေါင့်မျိုးစုံကနေ အယူအဆ မျိုးစုံ
နဲ့ ရေးနေကြဆဲပါ။ အဲဒီခေတ်က ရန်ကုန် အတွင်းဝန်ရုံးကို ဆန္ဒ
ပြခဲ့တဲ့ အလံနီ ကွန်မြူနစ်တွေက ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာ
ပြည်ရဲ့ ချန်ကေရှိတ်လို့ စွပ်စွဲခဲ့ဖူးပါတယ်။

ပြည်ထောင်စု မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ဗိသုကာ၊ အမျိုးသား
ခေါင်းဆောင်ကြီး၊ အရှေ့တောင်အရှ ဒေသအတွင်း ထင်ရှားခဲ့
သော လွတ်လပ်ရေးခေါင်းဆောင်၊ အပြည်ပြည်ဆိုင်ရာ မှတ်တမ်း
ရေးရာများ၌ ထာဝရ မှတ်တမ်းဝင်နေဆဲ မြန်မာပြည် ခေါင်းဆောင်၊
ဦးအောင်ဆန်း ခေါ် ဗိုလ်ချုပ်အောင်ဆန်းအတွက် ယနေ့အချိန်
အထိ ပြီးပြည့်စုံသော တစ်ခုတည်းသော သမိုင်းမှတ်တမ်း မရှိ
သေးပါ။ သူ ကျဆုံးခဲ့တာ (၆၃) နှစ် ပြည့်ပါတော့မယ်၊ သူ မွေးဖွား
ခဲ့တာ သက္ကရာဇ် ၂၀၁၅ ခုနှစ်ဆိုရင် နှစ် (၁၀၀) ပြည့်မြောက်
ပါတော့မယ်။

ရာဇ၀င်ထဲက သံပုံချိုင့် ….

လာမည့် ၂၀၁၀ ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့ဆိုရင် ပြည်ထောင်စု
မြန်မာနိုင်ငံ၏ အာဇာနည်နေ့သည် (၆၃) ကြိမ်ပင် တိုင်ခဲ့ပါပြီ။
ရန်ကုန်၊ ဗဟန်းမြို့နယ်ရှိ အာဇာနည်ကုန်းကို လွန်ခဲ့သော (၆၃)နှစ်
ခန့်က သံပုံချိုင့်ဟု ခေါ်တွင်ပါတယ်။

ပြည်ထောင်စု မြန်မာနိုင်ငံ၏ လွတ်လပ်ရေးအတွက် ဦးဆောင်
ကြိုးပမ်းသူ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း
အပါအ၀င် ထိပ်တန်းနိုင်ငံ့ခေါင်းဆောင်များ လုပ်ကြံသတ်ဖြတ်ခြင်း
ခံရသော အခါ ယင်းတို့၏ ကျန်ရစ်သော ခန္ဓာကိုယ်များအား
ဂူသွင်း မြုပ်နှံရန် နေရာရှာဖွေခဲ့ကြပါတယ်။ ထိုအခါ ရွှေတိဂုံစေတီ
၏ မြောက်ဘက်အရပ်၌ ရှိသော “သံပုံချိုင့်” ခေါ် ဆင်းရဲသား
များ စုပြုံနေထိုင်ရာ ရပ်ကွက်တစ်ခုကို အာဏာပိုင်များက
သဘောကျခဲ့ပါတယ်။

ယင်း သံပုံချိုင့် ရပ်ကွက်အတွင်း နေထိုင်သော ဆင်းရဲသားများ
အား ကွယ်လွန်သူ ဂျာနယ်ကျော် ဦးချစ်မောင် အထိမ်းအမှတ်
ဖြစ်သည့် ဗဟန်းမြို့နယ် ဦးချစ်မောင်လမ်းပေါ်တွင် ပြန်လည်
နေရာပေးရန် စီစဉ်ခဲ့ပါတယ်။ ယနေ့ခေတ်အခေါ် ဗဟန်းမြို့နယ်
ဆရာစံတောင်၊ အရှေ့မြောက်နှင့် အနောက်မြောက် ရပ်ကွက်တို့
သည် ယခင် သံပုံချိုင့်မှ ပြောင်းရွေ့ခဲ့သော ဂွတ္တလစ် (၃)ရပ်ကွက်
တို့ ဖြစ်ကြပါတယ်။


(ဤမျှသာ။)

Read more »

Wednesday, 14 July 2010

မိတ်ဆွေတစ်ဦးရဲ့ ကား

(ကြောက်တတ်သူများ မဖတ်ရူသင့်ပါ။)

ကိုအောင်ခင်မြင့်ရေ .... ကျနော့် ကိုယ်တွေ့ ပြောပြဖူးတယ်
ထင်တယ်။ ကြုံတုန်း ထပ်ပြောပြဦးမယ်။၂၀၀၆ ခုနှစ် ၄ လပိုင်း
မှာ အမေရိကမှာ ပထမဆုံး ကားဟောင်းတစီး စ၀ယ်ဖြစ်တယ်။
( 2002 toyota 4runner)။ စပေါ်ငွေ ၃-ထောင်ပေးပြီး ဒေါ်လာ
၄၀၀- လစဉ် ကားပေးမန့်(payment) ပေးရန် (၅) နှစ်စာချုပ်နဲ့
သဘောတူကာ တိုယိုတာဒီလာ ကနေ ၀ယ်ခဲ့တယ်။



မကြာမကြာ car alarm က နေ့ရော ညပါ ထထမြည်
တယ်။ အကုန်စစ်ဆေးကြည့်တော့ ဘယ်ပြဿနာမှ မရှိပါ။
သံသယရှိလာတော့ တရားခွေ အမြဲဖွင့်မောင်းတယ်။ ၂၀၀၆ ခုနှစ်
(၅)လပိုင်းမှာ ဘုန်းကြီးကျောင်းမှာ အရုဏ်ဆွမ်းကပ်ပြီး အပြန်
မီးပွိင့်မှာ အက်ဆီးဒန့် ဖြစ်ရော..။ (တက္ကဆက်ပြည်နယ်မှာ)
အဲဒီအချိန် ဦးဥာဏိဿရရဲ့ပရိတ်ကြီး ၁၁- သုတ်ခွေ ဖွင့်လျက်
သားနဲ့။ ကားခေါင်းပိုင်းထိသွားတယ်။



နောက်တစ်ကြိမ်က ၈- လပိုင်း ၈- ရက် ၂၀၀၆ ခုနှစ် ရှစ်လေးလုံး
နှစ်ပတ်လည်နေ့ မလုပ်ခင်ညမှာ သန်းခေါင် အချိန်လောက်
အခမ်းအနားအတွက် နှင်းဆီပန်းတွေ သွားဝယ်ဖို့ ကားမောင်း
ထွက်ခဲ့တယ်။ သိပ်မကြာခင် ကားနောက်ခန်းအတွင်းထဲက
တံခါးကို တဒုံးဒုံးထုသံ မကြာမကြာ ကြားရတယ်။ တသက်နဲ့တကိုယ်
ရုပ်အဆင်းနဲ့ခြောက်လှန့်တဲ့ သရဲ၊ အသံနဲ့ခြောက်တဲ့ သရဲ၊
အနံ့နဲ့ ခြောက်တဲ့ သရဲ၊ အတွေ့အထိနဲ့ခြောက်တဲ့ သရဲ တွေကို
မကြုံခဲ့ပါဖူး။ အဲဒီညမှာ အသံနဲ့ခြောက်လှန့်တာကို ပထမဆုံး ကြုံခဲ့
ဖူးလို့ နာနာဘာဝကို ကိုယ်တွေ့ ယုံခဲ့ရတယ်။



ဒါနဲ့ ကျောချမ်းစွာ ကားမောင်းရင်း တရားခွေဖွင့် သရဲကို ကားထဲ
မှာ မနှောင့်ယှက်ဘဲ ဆင်းသွားဖို့ အမျှ (၃) ကြိမ်ဝေရင်း ကားမှန်
တွေ ဖွင့်ရင်း မောင်းခဲ့တယ်။ တခါနှစ်ခါ ဆက်ကြားနေခဲ့သေးတယ်။
စူပါမားကတ် ကားပါကင်မှာ ရပ်ပြီး ကားတံခါးတွေဖွင့်ပြီး ထပ်မောင်း
ထုတ်ရတယ်။ ပန်းတွေဝယ်ပြီး ကားပြန်မောင်းတော့ သရဲရှိသေးလား
လို့ ကြောက်ကြောက်နဲ့ တရားခွေဖွင့်ရင်း အိမ်ပြန်မောင်းလာပေမယ့်
အပြန်လမ်းမှာ ဘာသံမှမကြားတော့ဘူး။ စိတ်ထင် ဈေးဆိုင်မှာ
သရဲဆင်းသွားတာ ဖြစ်နိုင်တယ်။ နောက်လည်း မကြာမကြာ အလန်း
မြည်တာတော့ အမြဲဖြစ်တယ်။

၂၀၀၉ ခုနှစ်ထဲမှာ မီးပွိင့်မှာပဲ ကားခေါင်းချင်းတိုက်ကြပြီး အက်ဆီးဒန့်
ထပ်ဖြစ်တယ် (အာရီဇိုးနားပြည်နယ်မှာ)။ အဲဒီတုန်းက သဲအင်းဂူ
ဆရာတော်ကြီးရဲ့ အာနာပါန ရှုကွက်ခွေ ဖွင့်ရင်း တိုက်ကြတာ။
လူတော့ဘာမှမဖြစ်ဘူး၊ ကားက ပြန်မပြင်ချင်တော့လို့ ကားအာမခံ
ငွေ ဒေါ်လာ (၇)ထောင်ကျော် အလျော်ရလို့ ကားဒီလာမှာပဲ ထားခဲ့
လိုက်တော့တယ်။ တရားခွေက အဲဒီကားထဲပါသွားတာ ပြန်မယူ
ဖြစ်တော့ဘူး။အခုလည်း toyota camry ကားဟောင်းတစီး
ပြန်ဝယ်စီးနေတယ်။ ဒီတစ်စီးကတော့ ဘာမှ သရဲခြောက်တာ ဖောက်ပြန်
တာ မတွေ့ရပါ။ တိုက်ခံခဲ့ရတဲ့ ကားပျက်ပုံတွေ အီးမေးလ်နဲ့ပို့လိုက်
ပါတယ်။ သရဲစီးနေတဲ့ကားဟောင်းရဲ့ ဇာတ်သိမ်းခန်းပုံလေး ယုံရအောင်
လို့ပါဗျာ။
(မှတ်ချက်။ ။ ဒို့ကားက သရဲစီးနေတာတောင် ဒို့ ဘုရားတရားအမြဲဖွင့်
လို့ ကားဖြစ်ပေမယ့် လူဘာမှ မဖြစ်ခဲ့တာပါ ...လို့ ဇနီးသည်ထံ ပြော
ပြကြောင်း သိရပါတယ်။)

ခင်မင်လျှက်-
ကိုအိုးဝေအောင်

(စာရေးသား ပေးပို့သူ ကျနော့်မိတ်ဆွေ ကိုအိုးဝေအောင်ဟာ
ဘလော့ဂါ တစ်ဦးဖြစ်ပြီး လက်ရှိ အမေရိကန်ပြည်ထောင်စုမှာ
နေထိုင်နေသူ တစ်ဦးဖြစ်ပါတယ်။ ၁၉၈၈- ၈၉- ၉၀ ခုနှစ်က
အ.က.သ (ရန်ကုန်တိုင်း- မြို့နယ်တစ်ခု)၏ အဖွဲ့ဝင်
ကျောင်းသားတစ်ဦးပါ။)

Read more »

Monday, 12 July 2010

ကားဟောင်း မ၀ယ်ခင် စစ်ဆေးပါ (အပိုင်း-၂)

ရေးသူ- စစ်ငြိမ်းဒီရေ

(ကြောက်တတ်သူများ မဖတ်ရူရန် မေတ္တာ ရပ်ခံအပ်ပါသည်။)

ယခင်အပိုင်း(၁)မှ အဆက် ….

ရန်ကုန်၊ ကျောက်မြောင်း၊ သီတာလမ်း မှတ်တိုင်အနီး လမ်းထဲ
မှာ နေထိုင်တဲ့ မိသားစု တစ်စုက ကားတင်သွင်းခွင့် လျှောက်
ပါတယ်။ လျှောက်ပေးဖို့ အလုပ်လက်ခံတဲ့ အုပ်စုက စာရေးသူ
တို့ အုပ်စုပါ။ တင်သွင်းခွင့် ပါမစ် ရလာတော့ ကားသွင်းမယ့်
သူဆီမှာ ပြန်ရောင်းဖို့ ကြားဝင်ပြီး ပွဲစား လုပ်ပေးလိုက်ပါတယ်။



ကားကို တင်သွင်းခဲ့တဲ့ လူဟာ ၉၈ ခုနှစ်လောက်က အသည်း
ခြောက်တဲ့ ရောဂါနဲ့ ကွယ်လွန်ခဲ့ပါပြီ။ သူက (၃၁)လမ်းမှာ
နေပါတယ်။ သူ ပိုင်တဲ့ ကားတွေကို သုဝဏ္ဍ ဖက်မှာရှိတဲ့
သူတို့ မိသားစုပိုင် ဂိုဒေါင်မှာ ညတိုင်း သွားထားလေ့ ရှိပါ
တယ်။ မနက်မိုးလင်းရင် အဲဒီဂိုဒေါင်ကနေ ဗိုလ်တထောင်
ကားပွဲစားတန်းဆီ သယ်ဆောင်ရပါတယ်။ ဖြစ်ချင်တော့
အဲဒီ ကျောက်မြောင်း၊ သီတာလမ်းဖက်က ပထမဆုံး ပိုင်ရှင်
နာမည်ပေါက် ကား တင်သွင်းခဲ့တဲ့ ကာလမှာ ကားဈေးကွက်
တော်တော်ကို အေးနေပါတယ်။ အရောင်းအ၀ယ် မရှိသလောက်
ကို ဖြစ်နေပါတယ်။

အဲဒီခေတ်က “ခေါင်းချိုး” လို့ ခေါ်တဲ့ ၀ယ်ရောင်း လုပ်နည်း
တစ်ခု ရှိခဲ့ပါတယ်။ ဥပမာ … ၅ သိန်းတန် ကားတစ်စီးကို အဲဒီ
ကားရဲ့ ၁၀ ရာခိုင်နှုန်း (%) ငါးသောင်း ပေးပြီး ယုံကြည်မှုနဲ့
ကားကို ယူပြီး ၀ယ်မယ့်သူတွေထံ လိုက်ပြတဲ့ နည်းလမ်းပါ။
“ခေါင်းချိုး” လုပ်ချင်တဲ့ ပွဲစား သို့မဟုတ် ၀ယ်ရောင်းက ပါးစပ်
နဲ့ လုပ်စားလို့ မရပါဘူး။ ကားတစ်စီးရဲ့ ၁၀ ရာခိုင်နှုန်း (%)
ကြားဝင် ပေးနိုင်လောက်သော ငွေအင်အား ရှိဖို့လိုပါတယ်။

အဲဒီ အရင်းအနှီးလောက်နဲ့ ကားအများအပြား တင်သွင်းခဲ့တဲ့
လူတွေဆီကနေ စရံသဘော ၁၀ ရာခိုင်နှုန်း ပေးပြီး ကိုယ်ကြိုက်
တဲ့ ကားကို အရောင်းအ၀ယ်စာချုပ်နဲ့ ယူလို့ ရပါတယ်။ ပြီးရင်
ကားဝယ်မယ့်သူတွေဆီ လိုက်ပြရပါတယ်။ မူရင်းဈေးထက် ဈေး
ပိုတင်ပြီး အရောင်းအ၀ယ် လုပ်တဲ့သဘောပါ။ ၀ယ်မယ့်သူဆီက
ငွေရရင် ကိုယ်ယူခဲ့တဲ့ နေရာက ပိုင်ရှင်ထံ ကိုယ် ဖြတ်ခဲ့တဲ့
ဈေးအတိုင်း ကျန်ငွေကို ရှင်းပေးလိုက်ရုံပါပဲ။ ဒီလို လုပ်ချင်ဟာ
ကိုယ်ယူထားတဲ့ ကားအပေါ် ကိုယ်ကြိုက်တဲ့သဘော လုပ်လို့
ရတဲ့ အပြင် ဈေးကွက်ထဲ သာမန်အချိုးကျ ခွဲယူရတဲ့ ပွဲခထက်
အဆများစွာ သာပါတယ်။ အရင်းအနှီး ရှိတိုင်း “ခေါင်းချိုး” လုပ်
ဖို့ မလွယ်ပါဘူး။ ယုံကြည်မှုနဲ့ သစ္စာရှိဖို့လည်း လိုပါတယ်။ ပုံမှန်
တန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းကို ပေးပြီး ကားယူသွားနိုင်တဲ့ ကာလ
ဟာ (၁)ပတ်ထက် ပိုလို့ မရပါဘူး။ ကားဈေး အတက်အကျမှာ
ဈေးကျသွားခဲ့ရင်တော့ ကိုယ့်စရံထဲကနေ အနုတ်ခံရပါတယ်။

အဲဒီပြဿနာဖြစ်ခဲ့တဲ့ ကားဟာ ပွဲစားတန်း စရောက်နေ့က
စပြီး အလုပ်မဖြစ်ခဲ့ပါဘူး။ ဒါနဲ့ ကားသွင်းလာတဲ့ သူက သူ့ကား
ကို ၀ယ်ချင်သူတွေ သဘောကျအောင် ပြန်မွမ်းမံပါတယ်။ အဲလို
မွမ်းမံတာကို ကားလောကမှာ “သနပ်ခါး လိမ်းတယ်” လို့ အဲဒီခေတ်
က ခေါ်ပါတယ်။ ကားဘော်ဒီ သမားတွေက အဲဒီကားကို သုဝဏ္ဍက
ဂိုဒေါင်ထဲမှာ ပြုပြင်ရေးတွေ လုပ်ပါတယ်။ စလုပ်ပြီး တစ်ရက်
နှစ်ရက်ကြာတော့ အသံထွက်လာပါတယ်။ ကားမှာ တစ်ခုခု
ရှိတယ်တဲ့ ….. ။

ကားဘော်ဒီ ထုတဲ့သူတွေ နေ့လည်စား စားပြီး ပြန်လာချိန်မှာ ကား
ဟာ နေရာ ရွေ့နေပါတယ်။ သူတို့ သံသယ မ၀င်သေးပါဘူး။ ကား
ဘော်ဒီ ပြန်မွမ်းမံတဲ့သူတွေက နှစ်ဦးပါ။ ကားရှေ့ရှိ စက်ဖုံး(ဘောနက်)
ကို ဖွင့်ပြီး ပြန်ချလိုက်ချိန်မှာ ကားထဲမှာ လူတစ်စု ထိုင်နေတာကို
သူနှစ်ဦး သေသေချာချာ တွေ့လိုက်ရပါတယ်။ ခေါင်းခန်းမှာ
လင်မယားပုံစံ နှစ်ဦးနဲ့ နောက်ခန်းထဲမှာ ကလေးငယ် နှစ်ဦးပါ။
အမျိုးသမီးဖြစ်သူက ကားမောင်းတဲ့ နေရာမှာ ထိုင်နေပါတယ်။
ရုတ်တရက် ကြောင်အမ်းအမ်း ဖြစ်သွားတဲ့ သူတို့နှစ်ဦးက
ကားတံခါး နံဘေးအထိ သွားပြီး သေသေချာချာ ကြည့်ပါတယ်။

သူတို့နှစ်ဦး ကားနံဘေးမှာ ရပ်ကြည့်နေတုန်းပဲ ကားခေါင်းခန်း
ထဲက အမျိုးသမီးဟာ ကားစက်နိုးပြီး မောင်းထွက်သွားပါတယ်။
သူတို့လည်း ရုတ်တရက် သတိဝင်လာပြီး “ဟေ့ … ဟေ့ …”
လို့ နောက်ကနေ ပြေးလိုက်ပြီး အော်တော့ ကားက ဂိုဒေါင်အပေါက်
ဝ’မှာ ရပ်သွားပါတယ်။ ကားပေါ်ကို ကြည့်လိုက်တော့ လူတစ်ယောက်
မှာ မရှိတော့ပါ။ ဒါနဲ့ သူတို့နှစ်ဦးလည်း ကြောက်ကြောက်နဲ့
ပွဲစားတန်း ရောက်နေတဲ့ ကား“ဖား”ဆီ ဖုန်း လှမ်းဆက်ပါတယ်။
ကျနော်တို့ ဒီကားကို သနပ်ခါး ဆက်မလိမ်းရဲတော့ဘူး …။

အဲဒါနဲ့ ကားသွင်းလာတဲ့ တရုတ်လူမျိုး ကား “ဖား”နဲ့
သူ့မိတ်ဆွေတွေဖြစ်တဲ့ စာရေးသူတို့ လူငယ်အုပ်စုတို့ ကား
ဂိုဒေါင်ဆီ ရောက်ခဲ့ကြပါတယ်။ ပိုင်ရှင် တရုတ်က သူ့ကားမှာ
အဲလို ပြဿနာဖြစ်ကြောင်း လူမသိစေချင်ပါဘူး။ တော်ကြာ
ဈေးကွက်ထဲမှာ သူ့ကား ၀ယ်မယ့်သူ မရှိလို့ ရင်းနှီးထားတဲ့
ငွေတွေ အမြတ်မထွက်ပဲ နှစ်မြုပ်နေမှာ စိုးရိမ်းနေပုံ ရပါတယ်။
ဒါနဲ့ ကားကို သနပ်ခါး လိမ်းပေးတယ်သူ နှစ်ဦးကို နူတ်ပိတ်
ခတွေပေးပါတယ်။ … ဘယ်သူမှ လျှောက်မပြောနဲ့ပေါ့ …။

အဲဒီကားကို “ခေါင်းချိုး” ၀ယ်ရောင်း ရှာပေးဖို့ စာရေးသူတို့
အုပ်စုကို ပြောပါတယ်။ အရောင်းအ၀ယ်ဖြစ်ရင် ကားလက်ရှိ
ပေါက်ဈေးရဲ့ ၅ ရာခိုင်နှုန်း ပေးမယ့်အပြင် ဘော်ဒါကြေး (ကား
ပွဲစားတန်းအခေါ် ဒိုင်ဗင်ကြေး) ပါ ပေးပါ့မယ် …။ အဲဒါနဲ့ သရဲ
တစ္ဆေ အယုံအကြည် မရှိသူ၊ အပေါင်းအသင်း များများနဲ့ လူသိ
များတဲ့ “ခေါင်းချိုး” သမားကို လိုက်ရှာကြည့်ပါတယ်။ ဒီလိုနဲ့
တစ်ရက် နှစ်ရက်အတွင်းမှာပဲ လူငယ် ၀ယ်ရောင်းတစ်ဦးကို
ရှာတွေ့ပါတယ်။ သူက တက္ကသိုလ်ပြီးခါစ ကျောင်းသား တစ်ဦး
ပါ။ ကျောက်မြောင်း သတိပဋ္ဌာန် အောက်ကား ပွဲစားတန်းမှာ
တစ်စီးစ နှစ်စီးစ ၀ယ်ရောင်းလုပ်နေသူပါ။ မိန်းမ ခိုးပြေးပြီး
မိဘနဲ့ အဆင်မပြေလို့ အရင်လို ၀ယ်ရောင်းလုပ်ဖို့ သူ့မှာ
ငွေအင်အား သိပ်မရှိပါဘူး။ အရင်းအနှီး နည်းပါးနေတဲ့ သူက
အပေါ်ကား “ခေါင်းချိုး” လုပ်ချင်နေပါတယ်။ သူ့မိန်းမက
ကိုယ်ဝန်ရခါစပါ။ အဲဒီချိန်က သူ့မိန်းမလည်း ကျောင်း မပြီး
သေးပါဘူး။ ဂျီတီအိုင် နောက်ဆုံးနှစ် ကျောင်းသူ တစ်ဦးပါ။

သူ့ကို ပွင့်ပွင့်လင်းလင်း မေးကြည့်ပါတယ်။ … ခင်ဗျား ဒီကားကို
ခေါင်းချိုး လုပ်မလား၊ ပြဿနာရှိတယ်၊ ပေါက်ဈေးထက် တစ်ပုံး
(တစ်သိန်း) လျှော့တယ်၊ အရောင်းအ၀ယ်မှာ ပွဲခ ထုတ်ဖို့ မလိုဘူး၊
ပြဿနာက သရဲ …. ။ သူက သရဲတစ္ဆေဆိုတာ လုံးဝ မယုံကြည်
ကြောင်း၊ ဘုန်ကြီးပင့်ပြီး ပရိတ်ရွတ်ရင် ဒီသရဲ ပြေးသွားမှာ ဖြစ်
ကြောင်း ပြောပြီး “ခေါင်းချိုး” လုပ်ဖို့ သဘောတူလိုက်ပါတယ်။
ကားယူသွားတဲ့ နေ့က သူတို့လင်မယားရဲ့ မဂ်လာဦး ဆွမ်းကျွေး
အလှူ လုပ်ဖို့ တစ်ရက်အလိုပါ။ သူ့ကို ကားဝယ်ရောင်း ပညာ
သင်ပေးခဲ့တဲ့ သူ့ဆရာ ကိုသန်းနိုင်က အဲဒီကားကို ရဲရဲတင်းတင်း
သာ ၀ယ်ရောင်းလုပ်ဖို့ အားပေးပါတယ်။(ကားပွဲစားလောကမှာ
ကိုသန်းနိုင်ဆိုတဲ့ လူတွေ အများကြီး ရှိပါတယ်၊ အဲဒီ ကိုသန်းနိုင်
က ပုဇွန်တောင် ပန်းခြံနံဘေးက ကာရာအိုကေဆိုင်မှာ အရက်မူး
လာတိုင်း “ဂုဏ်” သီချင်း ဆိုလေ့ရှိပါတယ်၊ ဒါကြောင့် သူ့ကို ကား
ပွဲစားလောကမှာ “ဂုဏ် သန်းနိုင်” လို့ ခေါ်ပါတယ်။)

နောက်တနေ့ ကားဝယ်ရောင်း လုပ်သူရဲ့ မဂ်လာဦး ဆွမ်းကျွေး
အလှူကို ရောက်ခဲ့ကြပါတယ်။ ညားခါစ သူတို့ ဇနီးမောင်နှံက
သာကေတဖက်က ရန်ပြေ၊ မာန်ပြေမှာ အိမ်ဌားပြီး နေပါ
တယ်။ သူတို့ လင်မယား ဌားနေတဲ့ အိမ်က ကားဂိုဒေါင်နဲ့
ခပ်ဆင်ဆင်ပါ။ အတွင်းပိုင်း အလယ်တ၀က်မှာ အပေါ်ထပ်
ထပ်ခိုးလေး ရှိပါတယ်။ ကားကို အောက်ထပ်မှာ တွေ့ရပါတယ်။
သူတို့လင်မယားက အပေါ်ထပ် ထပ်ခိုးလေးမှာ နေပါတယ်။
ပြီးခဲ့တဲ့ညက ထူးထူးခြားခြား ဘာမှ မရှိကြောင်း ပြောပြီး
ဝယ်ရောင်းလုပ်သူနဲ့ သူ့ဆရာ ကိုသန်းနိုင်တို့၊ သူ့မိတ်ဆွေ
ကားပွဲစားတွေ၊ ၀ယ်ရောင်းတွေနဲ့ အလှူက စည်းစည်းကားကား
ပါ။ အလှူလုပ်တဲ့ နေ့လည်ပိုင်းက စပြီး သောက်ပွဲစားပွဲတွေ
လုပ်ပါတော့တယ်။ ညနေ ခြောက်နာရီလောက်အထိ လူစုမကွဲ
သေးပါဘူး။ ည (၇)နာရီလောက်ကြတော့ ကား ၀ယ်ရောင်းရဲ့
ဆရာဖြစ်သူ ကိုသန်းနိုင်က လေးလုံးမကွဲတဲ့ အာလေးလျှာလေး
လေသံနဲ့ ပြောပါတယ်။ … ငါတို့အားလုံး ပဲခူးကို သွားရအောင်၊
တံတားအဆင်းက တည်းခိုခန်းမှာ ချာတိတ်မလေးတွေ ရှိတယ်၊
ဇွတ်အတင်း သွားမယ်ဆိုပြီး လုပ်ပါတော့တယ်။

သူတို့က ပြဿနာဖြစ်နေတဲ့ ကားပေါ်မှာ အုပ်စုလိုက်၊
စာရေးသူတို့ အုပ်စုက သူငယ်ချင်းတစ်ယောက်ရဲ့ ကားပေါ်
မှာ အုပ်စုလိုက် စီးပြီး ထွက်လာခဲ့ကြပါတယ်။ အဲဒီခေတ်
မြန်မာပြည် ယာဉ်စည်းကမ်းအရ သိပ်ပြီး မတင်းကြပ်ပါဘူး၊
ရှေ့ခန်းရှိ ထိုင်စီးလို့ ရတဲ့နေရာမှာ နှစ်ယောက် စီးလို့ရပါတယ်၊
နောက်ခန်းထဲမှာ ငါးယောက်လောက် တစ်ယောက်ပေါင်ပေါ်
တစ်ယောက်ထိုင်ပြီး စီးကြပါတယ်။ နှစ်စီးပေါင်း လူ (၁၅)
ယောက် ရှိပါတယ်။ ရန်ကုန်က အထွက် လှည်းကူး မရောက်ခင်
မှာ ဘားလမ်းတံတားဆိုတာ ရှိပါတယ်။ တံတားလို့ သိတဲ့လူ
နည်းပါတယ်။ ကြည့်လိုက်ရင် သာမန် ကားလမ်းပါပဲ။ ချောင်း
ခပ်သေးသေးတစ်ခုအပေါ် ကားလမ်း ဖြတ်ကျော်ထားတဲ့ နေရာ
တစ်ခုပါ။ အဲဒီနေရာဟာ လှည်းကူး တန်(၁၀၀) ဆန်စက်ကို
ရောက်ဖို့ နီးနေပါပြီ။ ဘားလမ်းတံတားကို ရောက်တော့ သူတို့
ရှေ့ကားဟာ ရုတ်တရက် ရပ်သွားပါတယ်။

အဲဒါနဲ့ စာရေးသူတို့ကားလည်း ရပ်လိုက်ရပါတယ်။ သူတို့
ကားက ရုတ်တရက် စက်သေပြီး နိုးလို့ လုံးဝ မရတော့ပါ။
ဘားလမ်းတံတားရဲ့ ဘယ်ဖက်မှာ အုတ်ဖုတ်စက် ခေါင်တိုင်
တွေ လှမ်းမြင်နေရပါတယ်။ ညဖက် ကားမီးရောင်၊ လရောင်
က လွှဲရင် မှောင်မဲနေပါပြီ။ ကားရှေ့ရှိ စက်ဖုံး(ဘောနက်)ကို
ဖွင့်ပြီး ဘက်ထရီ ဒေါင်းသွားတယ် အထင်နဲ့ ဟိုနိုက် ဒီနိုက်
လုပ်ကြပါတယ်။ နာရီဝက်လောက်အထိ နိုးမရသေးပါ။ ဒါနဲ့
ကားပေါ်က မူးနေတဲ့လူတွေလည်း အောက်ဆင်းပြီး လမ်းနံဘေး
မှာ အပေါ့အပါး သွားနေကြပါတယ်။ ကားထဲမှာ ဘယ်သူမှ
မရှိတော့ပါ။ ကားရှေ့က စက်ဖုံးကို ဖွင့်ပြီး နှစ်ဦး … သုံးဦး
တော့ ရှိပါတယ်။

ကားဟာ ရှေ့အဖုံးကြီး ပွင့်လျက် သူ့ဘာသာသူ စက်နိုးပြီး
အနောက်ကို လိမ့်သွားပါတယ်။ အနောက်မှာ ရပ်ထားတဲ့
ကားကို လွတ်ရုံသာ ကွေ့ရှောင်ပြီး အနောက်ကို ဘယ်သူမှ
မပါပဲ ဆုတ်သွားပါတယ်။ ကားလမ်းက တဖြောင့်တည်းပါ။
နောက်ပြန် လိမ့်စရာ ကုန်းအတက်လည်း မဟုတ်ပါဘူး။
ပထမတော့ ကားပေါ်ရောက်နေတဲ့ သူငယ်ချင်း တစ်ယောက်
ယောက်က စ’ချင် နောက်’ချင်လို့ လုပ်တယ် ထင်ကြ
ပါတယ်။ ကားနောက်ကို အပြေးအလွှား လိုက်ကြတော့
ခပ်လှမ်းလှမ်းမှာ ရပ်သွားပါတယ်။ ကားပေါ်မှာ ဘယ်သူမှ
မရှိပါ။ ကိုသန်းနိုင်က ကားနောက်ခန်း တံခါးကို ဆွဲဖွင့်လို့
ဝင်ထိုင်ရင်း … ဘယ်သူတွေလဲကွ၊ သရဲအထီးလား၊ အမ
လား၊ သတ္တိရှိရင် ပြလိုက်စမ်းပါ … လို့ အော်လိုက်ပါတယ်။
အဲဒီအချိန်အထိ ရှေ့က စက်ဖုံးကို ပြန်မပိတ်ရသေးပါဘူး။
ကိုသန်းနိုင်တစ်ယောက် တက်ထိုင်လိုက်တဲ့ မိနစ်ပိုင်းအတွင်း
ကားဟား ရှေ့ကို မောင်းထွက်သွားပါတယ်။ ငယ်သံပါအောင်
အော်နေတဲ့ ကိုသန်းနိုင်ရဲ့ အသံနဲ့အတူ အဲဒီကားဟာ ပထမ
ရပ်ခဲ့တဲ့ နေရာမှာ သူ့ဘာသာသူ ပြန်ရပ်သွားပါတယ်။

ကားရပ်သွားတဲ့ နံဘေးကို ဘယ်သူမှ ရဲရဲတင်းတင်း မသွား
ရဲတော့ပါဘူး။ ခပ်ဝေးဝေးကနေ … မင်းအရင် သွားပါလား၊
ဟိုလူအရင် သွားပါလား၊ ဒီလူ အရင်သွားပါလား … လို့ ပွဲစား
တစ်စု ငြင်းခုန်နေကြပါတယ်။


(ဆက်ရန်။)

Read more »

Friday, 9 July 2010

ကားဟောင်း မ၀ယ်ခင် စစ်ဆေးပါ (အပိုင်း-၁)

ရေးသူ- စစ်ငြိမ်းဒီရေ

(ကြောက်တတ်သူများ မဖတ်ရူရန် မေတ္တာ ရပ်ခံအပ်ပါသည်။)

အခု နွေရာသီ ကျောင်းမပိတ်ခင် ထူးထူးဆန်းဆန်း အဖြစ်အပျက်
တစ်ခုကို သိခွင့်ရခဲ့ပါတယ်။ စာရေးသူတို့ အတန်းထဲက အာဖနစ္စတန်
ကျောင်းသား “အလီ”ရဲ့ အဖြစ်အပျက်ပါ။ အလီက မူစလင်
ဘာသာဝင် တစ်ဦးပါ။ ဒိန်းမတ်နိုင်ငံကို (၂)နှစ်သား အရွယ်က
စ’ရောက်တော့ သူ့ပုံစံက ခေတ်ဆန်ဆန် နေတတ်တဲ့ လူငယ်
တစ်ဦးလို ဖြစ်နေပါပြီ။

စာသင်ချိန်မှာ အခန်းတံခါးကို အပြင်ကနေ လာခေါက်တော့
ဆရာက တံခါးကို ဖွင့်ပေးလိုက်ပါတယ်။ တံခါးအပြင်ဖက်မှာ
ရပ်နေသူက အလီ’အကိုပါ။ ရဲစခန်းရောက်နေတဲ့ အလီ’ကား
ကို သွားယူပြီး အလီဆီ လာပို့ပေးတာပါ။ အလီဟာ မီးပွိုင့်
ထိပ်မှာ သူ့ကား မီးနီ မိနေတုန်း ကားပေါ်ကနေ ရုတ်တရက်
ဆင်းပြေးသွားပါတယ်။ နောက်ကားတွေက သွားဖို့ အခက်အခဲ
ဖြစ်တာကြောင့် မကြာခင်မှာ ရဲရောက်လာပြီး ယာဉ်ကြော
ပိတ်ဆို့နေတဲ့ အလီ’ကားကို လမ်းဘေး ရွေ့လိုက်ရပါတယ်။



ပိုင်ရှင်မဲ့နေတဲ့ အလီ’ကားကို ရဲစခန်းဆီ သယ်ယူသွားပါတယ်။
အဲဒီနေ့က သူ့အကို ဖြစ်သူက ရဲစခန်းကနေ အလီ’ကားကို
ကျောင်းအထိ ပြန်သယ်လာပြီး ကားသော့ကို သူ့ညီဆီ လာပို့
ပေးတာပါ။ အလီ’အကိုဟာ ကျောင်းက ကျောင်းသားဟောင်း
တစ်ဦးဖြစ်နေလို့ ဆရာနဲ့ ခင်မင်ရင်းနှီးနေပါတယ်။ ဒါကြောင့်
အလီ’ အဖြစ်အပျက်ကို အားလုံးက သိခွင့်ရတာပါ ….။

အလီ' ဖြေရှင်းချက်ကို ကြားရတော့ ဆရာနဲ့ ကျန်တဲ့သူ
အားလုံး အရမ်းအံသြသွားပါတယ် …..

“ကျနော့်ကားပေါ်မှာ သရဲ ရှိတယ်၊ ကျနော် လုံးဝ သည်းမခံ
နိုင်တဲ့အဆုံး ကားပေါ်ကနေ ဆင်းပြေးခဲ့တာပါ … ”

ဒီကားကို ဒိန်းမတ်နိုင်ငံအလယ်ပိုင်းရှိ မြို့တစ်မြို့ကနေ
ဝယ်ယူခဲ့တယ်လို့ ပြောပြပါတယ်။ အဲဒီကားဟာ တခြား
နေရာမှာ ဆိုရင် လက်ရှိဝယ်ယူခဲ့တဲ့ ဈေးထက် နှစ်ဆ နီးပါး
လောက် တန်းဖိုးရှိပါတယ်။ ကားရဲ့ စက်ပိုင်းဆိုင်ရာနဲ့ တခြား
အခြေအနေတွေဟာ အပြစ်ပြောစရာ မရှိလောက်အောင်
ကောင်းမွန်နေဆဲပါ။ ကားဝယ်ယူပြီး တစ်ပတ်လောက်အကြာ
မှာ ထူးထူးဆန်းဆန်း အဖြစ်အပျက်တွေ စ’ဖြစ်ပါတော့တယ်။
ကားမောင်းနေရင်းနဲ့ လူနှစ်ယောက် အချီအချ စကားပြော
နေသံကို အလီ စ’ကြားရပါတယ်။ ကား ရေဒီယိုက ထွက်နေ
တဲ့ အသံနဲ့ တခြားစီပါ။ ကား ရေဒီယိုကို ပိတ်ပြီး ဆက်မောင်း
ကြည့်ပါတယ်။ စကားပြောသံကို တချက် တချက် ကြားနေ
ရပါတယ်။

သူ့သူငယ်ချင်း အာဖနစ္စတန် လူမျိုးတချို့ကို တင်ဆောင်
ပြီး သူ မောင်းကြည့်ပါတယ်။ သူတို့ မူစလင် ဘာသာဝင်တွေ
က “သရဲ၊ တစ္ဆေ”ကို “ဂျင်”လို့ ခေါ်ပါတယ်။ “ဂျင်” ဟာ အမျိုး
မျိုး ရှိပါတယ်။ လူကို ခြောက်လန့်တဲ့ အလုပ်ကို မကောင်းတဲ့
“ဂျင်” က လုပ်ဆောင်တယ်လို့ သူတို့ သတ်မှတ်ထားပါတယ်။
ကားလိုက်စီးတဲ့ သူ့သူငယ်ချင်းတွေက သူ့ကားပေါ်မှာ အနံ့
တချို့ ရကြောင်းပဲ မှတ်ချက် ပေးကြပါတယ်။

အဓိက ပြဿနာက ကားရပ်ပြီးလို့ ပြန်ထွက်ချိန်မှာ စကားပြော
သံ ကြားရခြင်းနဲ့ နောက်ကြည့်မှန်ထဲကနေ ကားနောက်ခန်းထဲ
လူအရိပ်တချို့ မြင်နေရခြင်းပါ။ နောက်လှည့်ကြည့်တော့လည်း
ဘာကိုမှ မမြင်ရပါ။ တစ်ရက်ပြီး တစ်ရက် အလီတစ်ယောက်
စိတ်ပျက်နေပါပြီ။ ဒီလိုနဲ့ တစ်ရက်မှာ အလီတစ်ယောက် သူတို့
ညီအကို နှစ်ယောက် နေထိုင်ရာ အခန်းဆီ အပြင်က ပြန်လာ
ခဲ့ပါတယ်။ သူတို့နေထိုင်ရာ အပေါ်ထပ်ကနေ သူ့ကားကို
လှမ်းကြည့်လိုက်ပါတယ်။ ကား နောက်ခန်းထဲမှာ လူတစ်ယောက်
ကို သေသေချာချာ တွေ့လိုက်ရလို့ ကားခိုးခံရပြီ အထင်နဲ့
အောက်ထပ်ကို အပြေးအလွှား ပြေးဆင်းခဲ့ပါတယ်။ ကားပေါ်
မှာ မည်သူကိုမျှ မတွေ့ရ။

အဲဒီနေ့က သူ အချိန်ပိုင်း အလုပ်လုပ်တဲ့ အလုပ်ကနေ ကျောင်း
ဆီ ကားမောင်းပြီး လာခဲ့ပါတယ်။ မီးပွိုင့်ရောက်တော့ ကားလမ်းဟာ
ကုန်းအတက် ဖြစ်နေပါတယ်။ ဒါကြောင့် နံဘေးရှိ လက်ဆွဲ ဘရိတ်
ဆွဲ’မ ပြီး ကားရပ်လိုက်ပါတယ်။ အဲဒီချိန်မှာ သူ့စိတ်ထဲ သူ့ကား
ဘရိတ် မမိလို့ နောက်ပြန်လျှောကျပြီး နောက်မှာ ကပ်ပါလာတဲ့
ကားခေါင်းကို ၀င်တိုက်မိမှာ စိုးရိမ်းစိတ်နဲ့ နောက်ကြည့်မှန်ထဲကနေ
အနောက်ကို လှမ်းကြည့်လိုက်ပါတယ်။ နောက်ခန်းထဲမှာ အဖွားအို
နှစ်ဦးကို သူ သေသေချာချာ တွေ့လိုက်ရပါတယ်။ သူတို့က သူ့ကို
ရယ်ပြကြပါတယ်။ မရယ်နိုင်သူက အလီပါ။ ကားတံခါးကို
ဖွင့်ပြီး ခြေဦးတည်ရာ ပြေးခဲ့ပါပြီ ….။

အလီနဲ့ ကျန်တဲ့သူတွေ ပြောဆိုနေကြတဲ့ စကားသံတွေ
နားထောင်ပြီး စာရေးသူရဲ့ စိတ်ဟာ လွန်ခဲ့တဲ့ (၁၆)နှစ်ခန့်က
အဖြစ်အပျက် တစ်ခုကို ပြန်ပြောင်း သတိရမိပါတယ် ….။

အဲဒီခေတ်က ဗိုလ်တထောင် ကားပွဲစားတန်းမှာ အသိမိတ်ဆွေ
ကား “ဖား” တစ်ယောက်ရှိပါတယ်။ ကားဝယ်ရောင်း လုပ်သူကို
အဲဒီခေတ်က “ဖား”လို့ ခေါ်ပါတယ်။ “ဖား” လို့ သတ်မှတ်ခံရ
သူဟာ အနိမ့်ဆုံးအားဖြင့် ကားစီးရေ လေး … ငါး … ခြောက်
စီးလောက်ကို ပိုင်ဆိုင်သူပါ။ သူ့ညီက ဂျပန်နိုင်ငံကနေ ကားကို
သင်္ဘောပေါ်တင်ပြီး ပို့ပေးပါတယ်။ သူက စာရေးသူတို့ထံမှာ
ကားပါမစ်ကို လျှောက်ခိုင်းပြီး ကား တင်သွင်းတဲ့ အလုပ်လည်း
လုပ်ပါတယ်။ ပြည်ပ၀င်ငွေ ရှိပြီး အခွန်ဆောင်ထားတဲ့ သင်္ဘော
သားတွေ ကုန်းပေါ်မှာ အလုပ်လုပ်ကြတဲ့ (Shore Job) တွေက
အခွန်ကျေပြီးသာ ၀င်ငွေခွန်ကို ပြပြီး ကားတင်သွင်းခွင့်
လျှောက်ရပါတယ်။ အဲဒီ တင်သွင်းခွင့် ကားပါမစ် ရလာတဲ့
အခါ ကားသွင်းချင်တဲ့လူတွေဆီ ပြန် ရောင်းစားကြပါတယ်။
အဲလို အရောင်းအ၀ယ်လုပ်ရင် “ပွိုင့်” ရိုက်တယ်လို့ ခေါ်
ပါတယ်။ ကားပါမစ် တစ်စောင်လျှောက်ပေးရင် လျှောက်ခ
(၆၀၀) လောက်သာရပြီး အရောင်းအ၀ယ်မှာ ကြားပွဲစား လုပ်
ပေးရင် (၂၀၀၀) လောက်ရပါတယ်။ ဒါကြောင့် ကားပါမစ်
လျှောက်ပေးတဲ့ ရုံးပွဲစားတွေဟာ အရောင်းအ၀ယ် “ပွိုင့်” ရိုက်
တဲ့ နေရာမှာလည်း ပိုက်ဆံလိုချင်လို့ လိုက်လုပ်ရပါတယ်။


(ဆက်ရန်။)

Read more »

Saturday, 3 July 2010

ခေါင်းဆောင် အမျိုးသမီးနှင့် မျိုးဆက်သစ်များ

၁၉၉၈ ခုနှစ် ပြင်သစ်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ဖလား
ဘောလုံးပွဲမှာ ခရိုအေးရှား တိုက်စစ်မှူး ဆူကာရဲ့ သွင်းဂိုးတွေ
ကြောင့် ဂျာဂင်ကလင်းစမန်း ခေါင်းဆောင်တဲ့ ဂျာမန် ဘောလုံး
အသင်းရဲ့ အိမ်မက်တွေ တစစီ ကြေမွ ပျက်သုန်းခဲ့ဖူးပါတယ်။



အဒေါ့ဟစ်တလာကြောင့် ဆုံးရှုံးခဲ့တဲ့ နိုင်ငံတစ်ခုရဲ့ ဂုဏ်သိက္ခာ
ကို ပြန်လည် သယ်ဆောင်ပေးနိုင်ခဲ့တာဟာ အားကစားနည်း
တစ်ခုဖြစ်တဲ့ ဘောလုံးပါ။ ဂျာမန် ဂန္တ၀င် ဘောလုံးသမားနှင့်
နည်းပြ ဆရာအဖြစ် အောင်မြင်မှုတွေကို သယ်ဆောင်ပေးခဲ့တဲ့
ဘာကင်ဘောက်ဝါက ၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလားမှာ မရူမလှ
ရှုံးနိမ့်ခဲ့တဲ့ ဂျာမန် ဘောလုံးအသင်းရဲ့ အနာဂတ်ကို ပြင်ဆင်ဖို့
စိတ်ကူးတွေ ယဉ်ခဲ့ပါတယ်။ ဘာကင်ဘောက်ဝါရဲ့ အိမ်မက်
တွေ ချက်ချင်းတော့ နိုးထ မလာသေးပါဘူး။ ၂၀၀၀ ပြည်နှစ်
မှာ ကျင်းပခဲ့တဲ့ ဥရောပဖလား ဘောလုံးပြိုင်ပွဲမှာတောင် ဂျာမန်
ဘောလုံးအသင်းက ဂိုးတွေ အလှူပေးနေဆဲပါ။

၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲက စ’ပြီး ဂျာမန်
ဘောလုံးအသင်း အိမ်မက်ဆိုးတွေထဲက နိုးထ ခဲ့ပါပြီ။
၂၀၀၂ ခုနှစ်မှာ ဒုတိယ၊ ၂၀၀၆ ခုနှစ်မှာ တတိယ …
ယူရို ၂၀၀၈ မှာ ဒုတိယ တို့ကို ပြန်လည် ပိုင်ဆိုင်ခဲ့ပါတယ်။
အတွေ့အကြုံ ရင့်ကျက်တဲ့ သက်ကြီး ဘောလုံးသမား
အများအပြား ရှိတဲ့ကြားကနေ ယနေ့ ဂျာမန် ဘောလုံးအသင်း
ဟာ လက်ရှိကမ္ဘာ့ဖလား ဘောလုံးအသင်းတွေထဲ ဒုတိယမြောက်
အသက်ငယ်ဆုံး ဘောလုံးအသင်းအဖြစ် အသွင်ပြောင်းခဲ့ပါ
ပြီ။ ပြုပြင်ပြောင်းလဲရေး စတင်ပြုလုပ်ချိန်ကဆို ကမ္ဘာ့ အကောင်း
ဆုံး ဂျာမန် နောက်တန်း ကစားသမား မာမက်ရှိုး၊ ဥရောပ ကွင်း
လယ် ဗိုလ်ချုပ်လို့ တင်စားခြင်း ခံရတဲ့ စတီဗင်အယ်လ်ဖင်ဘတ်
တို့နဲ့ ဂျာမန် ဘောလုံးအဖွဲ့ချုပ်တို့ကြား ပြဿနာ အကြီးအကျယ်
ဖြစ်ပွားပြီး နုတ်ထွက်ကြတဲ့အထိ ဖြစ်ပွားခဲ့ပါတယ်။

ယခုလက်ရှိ ကျင်းပနေဆဲ ၂၀၁၀ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံး
ပြိုင်ပွဲများအတွင်း နာမည်ကြီး အင်္ဂလန်နဲ့ အာဂျင်တီးနား
ဘောလုံးအသင်းတွေအပေါ် ဂိုးပြတ်နဲ့ အနိုင် ရရှိခဲ့ပါတယ်။
ဂျာမန် ဘောလုံးအသင်း နည်းပညာ ဆရာ ဂျိုအာချင်လိုးနဲ့
အမျိုးသမီး ၀န်ကြီးချုပ်ဖြစ်သူ အိန်ဂျယ်လာ မာကယ်လ်တို့
က မယုံနိုင်လောက်တဲ့ အိမ်မက်တွေများ မက်နေသလားလို့
တောင် ထုတ်ဖော် ပြောနေကြပါပြီ။

တကယ်တော့ ဒါဟာ အိမ်မက်တွေ မဟုတ်ပါဘူး ….။
အမျိုးသမီးခေါင်းဆောင် တစ်ဦးနှင့် အောင်မြင်မှုအတွက်
ရေကုန်ရေခမ်း ကြိုးစားချင်စိတ် ပြင်းထန်နေတဲ့ မျိုးဆက်
သစ် လူငယ်များပဲ ဖြစ်ကြပါတယ်။

အောင်မြင်မှုရဖို့ ကြိုးစားချင်နေကြတဲ့ မြန်မာလူငယ်များ
အတွက် အရာရာ ဖြည့်ဆည်းပေးမယ့် အမျိုးသမီးတစ်ဦးကို
ဦးဆောင်ခွင့်ပေးခဲ့ရင် ....
.......
.......
.......


-စစ်ငြိမ်းဒီရေ

Read more »