Saturday, 12 June 2010

မှော်နဲ့ Paranormal Activity (ရုပ်ရှင်ဝေဖန်ရေး)

မနေ့က ဘားမိ့စ်ကလပ်စစ် စာမျက်နှာမှာ ဒါရိုက်တာ
မောင်မျိုးမင်း ရိုက်ကူးသော “မှော်” ဗွီဒီယိုဇာတ်လမ်းကို အခမဲ့
ကြည့်ခွင့် ရပါတယ်။ ဇာတ်လမ်းမှာ သရုပ်ဆောင် တော်တော်
များများ အသုံးပြုထားတာကို တွေ့ရပါတယ်။



ဟိုတလောဆီက Paranormal Activity ဇာတ်လမ်းကို သုံးကြိမ်
ထက်မနည်း ကျနော် ကြည့်ဖြစ်ပါတယ်။ Paranormal Activity ရုပ်ရှင်
ကားက Budget $ 15,000 ရှိပြီး Gross Revenue $ 192,735,402
ငွေ ပမဏ ရရှိတယ်လို့ သိရပါတယ်။



မြန်မာဇာတ်လမ်းကတော့ ဈေးကွက်အနေအထားအရ သူတို့နဲ့
နှိုင်းယှဉ်လို့ မရပါဘူး။ ရိုက်ကူးထုတ်လုပ်တဲ့ စက်ပိုင်းဆိုင်ရာ၊
နည်းပညာပိုင်းဆိုင်ရာလည်း မယှဉ်နိုင်ပါဘူး။ ယှဉ်နိုင်တာ တချို့
တော့ ရှိပါတယ်။ သရဲဇာတ်လမ်းကို ကောင်းကောင်း မရိုက်ပဲနဲ့
ပရိတ်သတ်ကို သွေးတိုးစမ်းတဲ့သဘော အရူးလုပ်တာပါ။

Paranormal Activity ကား ဇာတ်လမ်းတစ်ခုလုံး ယုတ္တိရှိရှိ
ပြလာရင်းကနေ နောက်ဆုံးခန်းလည်း ရောက်ရော မမြင်ရတဲ့
အရာ(သရဲ) ၀င်စီးနေတဲ့ အမျိုးသမီးက အိပ်ခန်းထဲရှိ ကင်မရာ
ကို ဆွဲချလိုက်ပါတယ်။ သူ့ပါးစပ်က တစ်ခုခု ကိုက်ခဲ့တဲ့ပုံစံ
ညစ်ပက်နေပါတယ်။ ဒါဆို သူ့ကို ၀င်စီးခဲ့တာ သွေးစုတ်
ဖုတ်ကောင်လား ဘာလဲ …။ ဇာတ်လမ်းက အဲဒီနေရာမှာ
ဆုံးထားပါတယ်။ အဲဒီပြကွက်က လွှဲရင် တစ်ကားလုံးဟာ
တကယ့်ဖြစ်ရပ်မှန်ကို ရိုက်ပြသလားလို့တောင် ထင်မှတ်
ဖွယ်ရာ အပြည့်ပါ။ နောက်ဆုံးခန်း အဲဒါကြီးလည်း မြင်လိုက်
ရရော ကြည့်ထားမိသမျှ သဲထဲရေသွန်ပါ …။
The Blair Witch Project (1999) ဇာတ်လမ်းကို ရူဒေါင့်
တစ်ခုကနေ ပြန်လည် တင်ပြထားသလား မပြောတတ်ပါ။

“မှော်”ကတော့ ဒါရိုက်တာ မောင်မျိုးမင်းရဲ့ ရင်တွင်းဖြစ်ပါ …။
အိမ်မက်ဖမ်းကိရိယာရဲ့ သော့ချက်ဖြစ်တဲ့ လိပ်စာအတိုင်း
အိမ်ကြီးထဲကို အိမ်မက်ကျွမ်းကျင်သူ ရန်အောင်၊ ရှေ့နေသား
နိုင်ငံခြားပြန် ဖိုးကျော်၊ စိတ်ရောဂါ အထူးကု သမားတော်ကြီးရဲ့
သမီး မိုးဟေကို၊ မြေပုံပိုင်ရှင်နဲ့ မှော်ဆရာမြေးအဖြစ် သရုပ်
ဆောင်ထားတဲ့ ရဲတိုက်တို့ သွားကြပါတယ်။ အိမ်ကြီးထဲ
ရောက်တော့ ထောင်ချောက်နင်းမိပြီး ဖိုးကျော် တွဲလောင်း
ကျသွားပါတယ်။ အဲဒီအထိ ပြဿနာ သိပ်မရှိသေးပါ။

တွဲလောင်းကျနေတဲ့ ဖိုးကျော်ကို ကင်မရာက အောက်ကနေ
လှန်ပြီး ရိုက်ပြပါတယ်။ မြန်မာကား မဟုတ်တော့ပါဘူး၊ နိုင်ငံ
ခြား ရုပ်ရှင်ကားကို ဖြတ်ညှပ်ကပ် လုပ်လိုက်ပါတယ်။ ကင်ရာ
ကို အပေါ်က ရိုက်ရင် ပြဿနာရှိသလားလို့ ဒါရိုက်တာကို မေး
ချင်ပါတယ်။ ဒီအကွက်မျိုး လုပ်တာကတော့ လုံးဝမသင့်တော်
ပါဘူး။ ဒါရိုက်တာ မောင်မျိုးမင်းဟာ “နှင်းဆီဝိုင်” ဇာတ်လမ်းတုန်း
က I LOVE YOU စာတန်းရဖို့ (၁၅)ကျပ်တန် လေးရွက်ပေါင်းပြီး
ပိုက်ဆံဂဏန်းရှေ့ရှိ အင်္ဂလိပ် အက္ခရာ နှစ်လုံးတွဲတွေနဲ့ ပုံဖော်
ခဲ့ဘူးပါတယ်။ အဲဒီတုန်းကလည်း I နဲ့ L အတွဲ၊ O နဲ့ V အတွဲ
အစရှိတဲ့ ပိုက်ဆံတွေ လွယ်လွယ်ကူကူ ရှာမရလို့ ဘော့ပန်နဲ့
I LOVE YOU စာတန်းကို လုပ်ပြခဲ့ဖူးပါတယ်။ အဲဒီတုန်းက အချစ်
ဇာတ်လမ်းဖြစ်နေလို့ ပရိတ်သတ်က ချစ်သူနှစ်ဦး ညားပါစေတော့
စိတ်နဲ့ ရုပ်ရှင်ကြည့်နေတော့ ပြဿနာ သိပ်မရှိပါဘူး။ အခုဟာ
သရဲဇာတ်လမ်းပါ။ တွင်းထဲ ပြုတ်ကျတဲ့သဘောက အောက်ခြေ
မှောင်မဲနေရင် ပြီးတာပဲလေ၊ အခုလို ပြည်ပရုပ်ရှင်ကို ဖြတ်ညှပ်ကပ်
လုပ်လိုက်တော့ ဖန်တီးထားတဲ့ အနုပညာလည်း ပြုတ်ကျ
သွားတာပေါ့။

(မြန်မာ့ ရုပ်ရှင်နဲ့ ဗွီဒီယိုဇာတ်လမ်းများ အောင်မြင်ပါစေ။)

-စစ်ငြိမ်းဒီရေ

(ဓါတ်ပုံများကို Burmeseclassic.com စာမျက်နှာနှင့် အင်တာနက်
ပေါ်မှ ရယူထားပါသည်။)

11 comments:

YoungGun said...

အစ်ကိုရေ အခုမှ ရောက်ဖြစ်တယ်။ ရုပ်ရှင်ဝေဖန်ရေးတွေ ဖတ်လို့ကောင်းတယ်ဗျ။ ကျွန်တော်တော့ အဲဒီ မြန်မာကားတွေ မကြည့်ဖြစ်ဘူး။

ကိုဇော် said...

မှော် ကို အရင် ကြည့်လိုက်ဦးမယ်ဗျ။
ကျနော်က မြန်မာကားဆိုရင် ကြည့်ခဲတယ်။
ဒါရိုက်တာ ၊ ဝတ္ထု ၊ မင်းသား ရွေးပြီးမှ ကြည့်ဖြစ်တာ များတယ်။

ရွှေရတုမှတ်တမ်း said...

အဲဒီဇတ်ကားကြည့်ပြီးပြီ...
ကြောက်စရာကားနဲ့တောင်မတူဘူး..တခါတလေ ဟာသကားကြည့်နေရသလိုပဲ..တချို့ဟာတွေ အချိပ်အဆက်မမိသလိုပဲ..ရာဇာနေဝင်းက အိပ်မက်အကြောင်းလဲ ဘာမှမပြောပဲနဲ့ ရှေ့နေဆီကို အိပ်မက်ဖမ်းတာကလဲ ဘယ်လိုရောက်သွားမှန်းလဲမသိ..နောက်ဆုံးစိတ်ပျက်တာနဲ့ ကျော်ကြည့်မှဇတ်ကားကမြန်မြန်ပြီးသွားတော့တယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

ရန်ကုန်မှာတုန်းက မြန်မာကားကို ရုံမှာသွားကြည့်တိုင်း တစ်ဝက်ဆို အိပ်ပျော်ပျော်သွားတယ်
အိမ်မှာကြည့်တော့ ဇာတ်လမ်းစပြီး မကြာခင် အိပ်ပျော်သွားတယ်..
သရဲကားတော့စိတ်ညစ်တာနဲ့ မကြည့်ဖြစ်ဘူး..
တစ်ချို့ကားတွေတော့ မဆိုးပါဘူးး)

Maung Myo said...

အမယ် မယ် ခလေးမဟုတ် လူကြီးမဟုတ် လူပြိုကြီးက ရုပ်ရှင်တွေကြည့်နေတယ်ပေါ့လေ ကဲ မှန်မှန်ပြော နောက် ဘာကားတွေကြည့်သေးလဲ ကိုးရီင်္းယား အချစ်ကား ထိုင်းအချစ်ကား အဲ့တာတွေပြောတာနော် ပေါက်ကရတွေမတွေးကြေး ဟဟားး စတာပါ အာကိုဂျီးရာ အတည် ။

Maung Myo said...

blog owner approval. အဲ့တာကြီးတင်ထားတာမမိုက်ဘူးးး(

သိင်္ဂါကျော် said...

နိုင်ငံခြား သရဲကားတွေမှာလည်း ယုတ္တိမတန်တာတွေ များပေမယ့် .. မြန်မာကားတွေကတော့ ဘယ်လိုမှကို ဖြည့်တွေးပေးလို့ မရလောက်အောင်မို့ သိပ်မကြည့်ဖြစ်ဘူး။ အဲဒီကား ကြော်ငြာတာတော့ ကြည့်လိုက်ဖူးတယ်.. စိတ်ဝင်စားစရာလို့တော့ ထင်လိုက်တယ်.. မကြည့်ဖြစ်သေးဘူး။

မောင်မိုး said...

မှော် ကို ကျနော်ဝယ်လာခဲ့ပြီ။ ကျနော်ကြည့်လိုက်ဦးမယ်။
ကျနော့်ယောက္ခမက မမြင်မစမ်းနဲ့ မောင် ကိုဝယ်လာပြန်ပြီတဲ့။ အဲဒါဇာတ်လမ်းအဟောင်းဆိုပဲ။ မောင်မဟုတ်ဘူး ..မှော်လို့ ပြန်ရှင်းပြရသေးတယ်။ ဇာတ်လမ်းကတော့ ဘာမှမသိသေးဘူးဗျို့။

နေ၀သန် said...

မိုက်တယ်ဗျာ.. ကျွန်တော်လည်း အဲဒီအခန်းကို လုံးဝ သဘောမကျဘူး.... ရိုက်လည်းရိုက်ချင်လည်း .. ပြလည်းမပြတတ်ဘူး..ဖြစ်နေတယ်.....

ခင်မင်တဲ့
နေ၀သန်

စစ်မင်းညို said...

ကျနော်လဲ အဲ့ကားကို ရေးမလို့ စဉ်းစားမိတာ၊ အခုလို ရေးပြီးသားလေးရှိတော့ ကောင်း၏၊ တကရ်ပါဗျာ . . . တော်တော်စိတ်ညစ်အောင် ရိုက်ပြတဲ့လူတွေ . . .
ကျွန်ုပ်ကြည့်မိ အပြစ်ရှိ၏ ပေါ့ဗျာ၊

Anonymous said...

Sorry Myanmar lol ma yite tat loat par byar.. :)
Ae Mhaw so dah karr ka dot taw taw lonn dal byar... Idiana Jone kyi nay ya dah a tine pal... taw taw ko soe dar.. :(