Wednesday 30 June 2010

ကမ္ဘာ့ဖလားနဲ့ ရွှေမြန်မာများ

ပန်ဒိုရာ ...
နံကြားထောက်ရမယ်ထင်တယ်။ မှန်တဲ့လူကို ဆရာခေါ်ကြေး
ဆိုတာမျိုးလား ကိုအောင်..း)
30 May 2010 23:18

ကိုဇော်မျိုးလွင် ...
ဖြစ်ချင်တာနဲ့ ဖြစ်နိုင်တာ တခုကိုပဲ ရွေးပြောရမယ်ဆိုရင်
ကမ္ဘာ့ဖလားပွဲမှာ အနိုင်ရဗိုလ်စွဲမယ့်အသင်းက ကျိန်းသေ
မုချ ဗမာအသင်း ဖြစ်လိမ့်မယ်။ ယခုကာလမှာတော့ မဟုတ်
ဘူး။ နောင် အရိမေတ္တယ မြတ်စွာဘုရား ပွင့်တော်မူတဲ့ အခါကျရင်
...။ ဗမာနိုင်ပြီ၊ ဒို့ဗမာနိုင်ပြီဆိုတဲ့ သီချင်းကို ပါဋိလို ဆိုစို့...။
ကျေးဇူးတင်ပါတယ်။
31 May 2010 16:36



မရွှေစင်ဦး ...
ပထမဆုံး ပြောချင်တာက မြန်မာနိုင်ပြီ ဆိုတဲ့ အသံကို
ကြားချင်လိုက်တာ၊ ဒုတိယက လောင်းကစား သိပ်ဆိုး
ပါတယ်.. မနေနိုင်ရင်တောင် အသင့်အတင့်ဘဲ လောင်းကြရင်
ကောင်းမယ်၊ ရွှေစင်ဦးလည်း နဲနဲဘဲလောင်းဘို့ စဉ်းစား
ထားလို့ပါ။
5 June 2010 05:49



ကိုကြီးကျောက် (ရွှေရတု) ...
လောင်းရတာဝါသနာပါသူကတော့
သိကြားမင်းဆင်းတားလဲ လောင်းမှာပဲ
4 June 2010 21:25

ကိုလူထွေး ...
ဘောလုံး
ရေပေါ်တွင် "ဘော" လော ပေါ်ပြီး.. လေ "လုံ" အောင်
စီမံထားသော အရာဖြစ်သည့် အတွက် "ဘောလုံ" ဟု
စတင်သမုတ်ခဲ့ရာမှ ကာလကြာလာသည်နှင့်
အမျှ "ဘောလုံး" ဟု ပြောင်းလဲလာခဲ့သည်...

ကိုဒီရေ ...
အကြိုက်ဆုံးကတော့ အာဂျင်တီးနား နဲ့ အီတလီပါ ပဲဗျာ...
ဒီရေ
1 June 2010 09:50

ကိုအိုးဝေအောင် ...
ကိုအောင်ခင်မြင့်ရေ..ကျနော်က ခင်ဗျားနဲ့ ပြောင်းပြန်။ဘောလုံး
ပွဲလောင်းကစား လုပ်ခြင်း ၀ါသနာမပါပါ။ကျနော့်အနေနဲ့ ကြည့်တဲ့
အခါ ကိုယ်ကြိုက်တဲ့အသင်းကို အားပေးခြင်း။မကြိုက်တဲ့အသင်းကို
ဝေဖန်ပြစ်တင်ခြင်းများသာ လုပ်လေ့ရှိတာမို့  တက်စာ မစားဖြစ်တာ
ခွှင့်လွှတ်ပါဗျာ။သတိရတာကျေးဇူး။
1 June 2010 10:03

ကိုသစ်နက်ဆူး ...
ဘောလုံးပွဲတွေလဲ...မကြည့်ရဘူးဗျ..
ဒါပေမယ့် ကျနော့်အထင်တော့..
ဂတုံး( ခေါင်းတုံး) တစ်ယောက်မှ မပါတဲ့အသင်း
ဖလားရမယ်ဗျာ.....။
နိုင်ချင်၇င်တော့ ကွင်းထဲကို ကိုကြီးကျောက်(ရွှေရတု)
တောင် ၀င်မလာစေနဲ့....။း)
1 June 2010 16:33

Mie Nge (စာဖတ်သူ) ....
WORLD CUP က လေးနှစ်တကြိမ် ကြည့်နေကြမို့ ဒီနှစ်လည်း
ကြည့်ဖြစ်ဦးမယ်ထင်ရဲ့  ..ပြောသာပြောရတယ် အိမ်ကခလေးတွေ
နဲ့ တီဗီလုရ ဦးမယ်ဗျာ .. တကယ် ကစားတာကို ကြည့်ပြီးမှ
ဘဲ ခန့်မှန်းရတော့မှာ ...ခုတော့ မသိသေးဘူး ...
အားကစား ထဲ မှာ ဘောလုံးနဲ့ တင်းနစ် နှစ်မျိုး ဘဲ ကြည့်ရတာ
အကြိုက်ဆုံး... အမျိုးသမီးတွေ ကစားတာတော့ အားမရလို့
မကြည့် ဖြစ်တာများတယ်...ကြည့်ပြီး ကိုယ်ရစေချင်တဲ့အသင်း
ကို အားပေးရင်လည်း စိတ်လှုပ်ရှားပြီး ချမ်းတုန်တက်လာတယ်
...ခြေ တွေ လက် တွေ အေးလာ တယ် ......
29 May 2010 06:40

Anonymous (စာဖတ်သူ) ....
ဘောပွဲ ဆို ရင် ၀ါသနာ ပါလို့ နော်...
ဝင်ပြီးတော့ ခန့်မှန်းသွားပါတယ် ...
စပိန် . မှ မဟုတ်ရင်
အာဂျင်တီးနား .. လို့ထင်တာပါပဲ ခင်ဗျာ ...
1 June 2010 01:29

Myat (စာဖတ်သူ) ....
ပြင်သစ်၊အင်္ဂလန်၊ပေါ်တူဂီတို့နာမည်ကြီးပေမယ့်
မစွံဘူးလို့ထင်ပါတယ်။စပိန်နဲ့နယ်သာလန်က
တော်ပေမယ့်ကံမကောင်းတတ်ဘူးလို့တင်ပါတယ်။အီတလီ
ကတော့အသက်ကြီးကုန်ကြပြီ။မပြောတတ်တာက
ဂျာမနီ၊စိတ်ဓါတ်မာလို့၊ကျွန်မအထင်ဘရာဇီးနဲ့
အာဂျင်တီးနားတသင်းဗိုလ်စွဲမှာလို့ဘဲထင်ပါရဲ့။
အကြိုက်ဆုံးကတော့မာရာဒိုနာသာမဖေါက်ရင်
မက်ဆီတို့ရဲ့အာဂျင်တီနားပါဘဲ။အထင်ပါဘဲ.....
ဘောလုံးကဘယ်ဘက်လိမ့်မလဲဆိုတာကတော့......
15 June 2010 12:57

ဆောင်းနှင်းရွက် ....
အင်းးး ပွဲမစခင်တုန်းကတော့
အင်္ဂလန် အတွက်
ယုံကြည်မှု့အပြည့်ပေါ့ ..

ခု ပထမ ပွဲကြည့်ပြီးး
စိတ်ထဲ မှာ မအီမသာကြီးး.. :(

ဂိုးသမား လက်တုန်တုန် ..
ရှေ့တန်းတွေက အူကြောင်ကြား ..
နောက်တန်းကလည်း တစ်ခါတစ်ခါ ကျွံထွက်လာရင်
မရူနိုင် မကယ်နိုင် ...
ရင်လေးးပါ့ ....
16 June 2010 19:28

ကိုကြီးကျောက် (ရွှေရတု) ...
အင်္ဂလန်၊ ဂျာမဏီ၊ စပိန်၊ ဘရာဇီးလ် ဆီးမီးရောက်နိုင်။

အကိုကြီး ကိုချစ်ဖေ ...
အဲ့ဒီလို သရေလုံးလေးကို လိုက်လုနေတာကိုပဲ မကြိုက်တာ
ဆိုတော့ ရုံကလဲအိုက်နေတော့ ပွဲစပြီး ၁၅ မီးနစ်ထက်ကို
ပို မကြည့်နိုင်တော့ပါဘူးဗျာ။

ကိုလူသစ် ...
ဘရာဇီးလ်၊ စပိန်၊ အင်္ဂလန်၊ အာဂျင်းတီးနား ဆီးမီးတက်နိုင်။

ကိုကျော်ဝဏ္ဍနှင့် မမိုချိုသင်းတို့ ဇနီးမောင်နှံ ...
အိမ်ကလူကြီး ခေါ်ထားစမ်းပါ မမ။
နိုင်မဲ့အသင်းက ဘယ်အသင်းလဲ မေးရင် သူ့ အင်္ဂလန်ချည်း
ဖြေနေလို့..
:D
June 3, 2010 2:20 PM
(အမ မသက်ဝေထံတွင် ရေးခဲ့သော ကော်မန့်အရ)

ကိုငြိမ်းချမ်းအောင် ...
“ကျနော်ထင်တယ်
အီတလီ (သို့မဟုတ်) အင်္ဂလန်အသင်းဗိုလ်စွဲမယ်လို့
(မည်သို့ဆိုစေ)
သန့်ရှင်းစင်ကြယ်တဲ့ကစားပွဲမှာ
ပြိုင်ပွဲဝင်အသင်းတိုင်း
ဖလားရရေးအိပ်မက်ခွင့်ရှိတယ်”

မြတ်နိုး ...
ဘာပဲဖြစ်ဖြစ် ... ကမ္ဘာ့ဖလားမှာ မည်သည့်အသင်း ခြေတက်တက်
ကိုယ်ကတော့ အီတလီမှလွဲ၍ မည်သည့်အသင်းကိုမှ မနိုင်စေချင်။
မအားလပ်လည်း အီတလီအသင်းကိုပဲ အားပေးမည်ဖြစ်ကြောင်း ....

အမ မသက်ဝေ ...
အင်္ဂလန်၊ ဘရာဇီးလ်၊ အာဂျင်းတီးနားနဲ့ အီတလီ ဆီးမီးဖိုင်နယ်
ရောက်နိုင်၊ ကမ္ဘာ့ဖလားပိုင်ရှင်အဖြစ် ဘရာဇီးလ်ကို မှန်း။

မချစ်ကြည်အေး ...
အီတလီ၊ အာဂျင်းတီးနား၊ ဘရာဇီး၊ စပိန်လို့ ထင်ပါတယ်။

မရွှေစင်ဦး ...
ဆီးမီးဖိုင်နယ်ကို အင်္ဂလန်၊ ဟော်လန်၊ အာဂျင်းတီးနားနဲ့ စပိန်။
အာဂျင်းတီးနား ဗိုလ်ဆွဲမယ်လို့ ထင်။

ကိုစိုးစီ ...
ဒီ World cup မှာ ပြဿနာ အများဆုံးဖြစ်မှာက FIFA ပါပဲ၊
ပြင်သစ် Semi ရောက်လာရင် ဟွန်နရီရဲ့ လက်စွမ်းကို
FIFA ဘာမှ မလုပ်ခဲ့တာ ဝိုင်းပြောကြပါလိမ့်မယ်၊ World cup
အပြီးမှာတော့ FIFA မှာဆူညံပါလိမ့်မယ်၊ ဥရောပ အသင်းတွေ
လျှော့ပေးဘို့ အာဖရိကနှင့် အာရှကတောင်းဆိုကြပါလိမ့်မယ်၊
အာရပ်အသင်းတွေ ဒီနှစ်ထဲမပါပါဘူး၊ UKကလေးသင်း
(Eng,Wa,Sco,NIre) ဝင်ပြိုင်တာကို တရုတ်က စောဒက
တက်လို့ရသွားပါပြီ၊ ဘောလုံးအစ တရုတ်ကလို့ ဝါဒတွေ
ဖြန့်နေပါပြီ၊ India က သူ့ ပြည်နယ်အားလုံးကို UKလို
ဝင်ပြိုင်ခွင့်ရရင် ပွဲစည်ပြီပေါ့၊ ဂိုးစည်းဒိုင်၊ တက်ကနီကယ်
ဒိုင်တွေ တောင်းဆိုကြမှာပါ၊

ကိုလင်းထက် ...
အင်္ဂလန်၊ ဘရာဇီးလ်၊ ဂျာမဏီ၊ အီတလီ ဆီးမီးတက်နိုင်၊
ဘရာဇီးလ် ဗိုလ်ဆွဲနိုင်။

ကိုလင်းဦး ...
စပိန်အသင်းကို ပိုသဘောကျသလို တစ်ပေးထားပါတယ်။

ယောနက်သန် ...
အင်္ဂလန်၊ ဘရာဇီး၊ စပိန်၊ အီတလီ ထဲက တစ်သင်းသင်း
ဖလားရမည်ဟုထင်ပါသည်။

ဖူးနုသစ် ...
ကမ္ဘာ့ဖလားပွဲကြီး ပြီးတော့ တစ်အိမ်လုံး ဘောလုံး မှန်တာ
အီစိမ့်သွားကြပါတယ်။

မောင်မျိုး ...
ကန်တဲ့ရာသီက ဂျွန်လ ဖြစ်တဲ့အတွက် ဂျွန်ကို လန် (အင်္ဂလန်)
က တက်ခွထားတဲ့ ရာသီ ဆိုတော့ကားး ဗိုလ်လုပွဲမှာ အင်္ဂလန်က
ဘရာဇီးကို 10-1 ဂိုးနဲ့ နိုင်သွားပါကြောင်း ...

မမေဓာဝီ ...
စတိလောက်တော့ ဒီနေရာကပဲ ရေးလိုက်မယ်နော် ... ကျမ
ကတော့ ဘရာဇီးကို အစဉ်တစိုက် အားပေးပါတယ်။ ချန်ပီယံ
ဘရာဇီး ဖြစ်မယ်လို့ ထင်ပါကြောင်း ... ။ (ဒီနေ့ပွဲမှာ နိုင်သွားလို့
ပိုပြောလို့ ကောင်းသွားတာ)

မအယ်ဇီ ...
ဘရာဇီး၊ ဂျာမနီ၊ ပေါ်တူဂီနဲ့ အီတလီ တက်လာမယ်ထင်တယ်။
နောက်ဆုံး ဗိုလ်လုပွဲတော့ ဂျာမနီနဲ့ ဘရာဇီးကို ကြည့်ချင်တယ်။
12 June 2010 13:07

(အပေါ်ဆုံးက ပုံက ကျနော့်မွေးနေ့အတွက် အမ မစုချစ်သူ
ဆွဲပေးထားတဲ့ ပုံပါ။ အောက်က ပုံလား ....းP ???
ဂျာမဏီနဲ့ အင်္ဂလန်ပွဲမှာ ဂျာမဏီဖက်ကနေ လောင်းထားတာ
ရယ်၊ အဲဒီနေ့က ကန်ခဲ့တဲ့ မက္ကဆီကန်နဲ့ အာဂျင်းတီးနား ပွဲ
မှာ ပထမပိုင်း သီးသန့် အာဂျင်းတီးနား နိုင်ရမယ်၊ ဂျာမန်နဲ့
အင်္ဂလန်လည်း ပထမပိုင်းမှာ ဂျာမန် နိုင်ရမယ်ဆိုပြီး ကျနော်
လောင်းခဲ့တဲ့ ဘောင်ချာ နှစ်ခုပါ။)
(လောင်းကစားလုပ်ခြင်းကို အတု မယူကြပါနဲ့ ...းP)


30 comments:

SHWE ZIN U said...

ကိုအောင် ဘယ်လိုလဲ လောင်းကြေးထည့်ဘို့ စစ်တမ်း ကောက်နေတာလားးးးးးးးးးးးးးး

အင်္ဂလန် ကို မရက်စက်ချင် လို့သာ ထည့်လိုက်ရတာ စိတ်ပျက်တာဗျာ ထင်တဲ့ အတိုင်းဘဲ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

SHWE ZIN U said...

ကိုအောင်

ဒါနဲ့ ဇာတ်လမ်းကောင်းကောင်းလေး တွေ ရေးပါအုန်း မျှော်နေတယ်ဗျာ

ကိုဇော် said...

ဟုတ်ကဲ့
အတု မယူတော့ပါဘူး အစစ်ပဲ ယူပါတော့မယ်။
လောင်းလို့ နိုင်ထားတာတွေကို ဘဏ်ထဲကို လွဲပေးလိုက်ပါ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုအောင်
ကျွန်မက စပိန်နော်..
ခုတော့ အခြေအနေကောင်းနေတယ်
ဘယ်တော့ နွားရိုင်းကွင်းထဲ ပြန်ကြမယ်မသိ..

Anonymous said...

ကိုအောင် ..လေးနှစ်တခါမှ ဘောလုံးပွဲ ကြည့်ဖြစ်တာ မို့ စောစောပိုင်းက မှန်းရင်တော့ ကျမ ရမ်းသမ်း ပြောတာဘဲဖြစ် မှာ ... အခုမှ ဘယ်အသင်းတွေ တက်နိုင် တယ် ဆို တာသိရတာ ...သည် ကွာတားမှာ ယူရိုဂွိုင် နဲ့ စပိန် သင်း တက် လိမ်မယ် လို့ ကျမ မှန်းနိုင်ပေမယ့် ကျန်တဲ့ လေးသင်းတော့ ဘယ်သင်း တက်မယ် ဆိုတာ ပွဲအစ အဆုံး ကြည့်ပြီးမှဘဲ ပြောနိုင်မှာပါ ..ဘောပွဲ မှာ ဘယ်လောက်ဘဲ အရည်အချင်း ရှိရှိ ( အားလုံးက ခြေစစ်ပွဲအောင်လာကြတာ ) အကြောင်း အမျိုးမျိုး ကြောင့် ( ဒိုင်လူကြီး လည်း ပါတယ် ) ကံအကြောင်း မလှရင်လည်း ရှုံး နိုင်တာမို့ ကျမ သိပ်ရစေချင်တဲ့ ဂျာမဏီ အသင်း ကြီး ကံကောင်းပါစေ လို့ ဆုတောင်းရမှာဘဲ ... ကိုအောင်လည်း လောင်းကြေးများများ ရပါစေ ...း))

mie nge

မေဓာဝီ said...

သြ ... ကိုအောင်က လောင်းတဲ့လက်မှတ်ကြီး တင်ပြီး အတုမယူပါနဲ့တဲ့။ ကျမက အတုခိုးမြန်တယ်။ ကဲ လောင်းမလား... ကျမက ဘရာဇီးမှ ဘရာဇီးပဲ။ ဘရာဇီးနိုင်ရင် ကိုအောင်ကို ရေနဲ့လာလောင်းမယ်။

Anonymous said...

ကိုအောင်
မအယ် စိတ် ပြောင်းသွားပြီလေ။
နားကွင်းဖောက် ဆေးပေါ့လိပ်ခဲ နာရီ ၂လုံးပတ်ချင်လာပါပြီလို့။

သူမပါတော့ရင် ပျင်းစရာ ဖြစ်တော့မယ်။

မာရာ ဒိုနာ eh eh
waka waka eh eh
world cup for မာရာဒိုနာ

မအယ်

လင်းထက် said...

ကိုအောင်က လောင်းကြေးနိုင် တာကြွားတယ်ပေါ့လေ ကျွန်တော်တော့ ကိုယ်အားပေးတဲ့ အင်္ဂလန် ဂျာမဏီ နှစ်သင်းတွေ့တော့ အဲဒီနေ့ ပွဲမှာ မရှုနိုင် မကယ်နိုင်နဲ့ အခုတော့ တစ်သင်းထဲ အားပေးလို့ ရသွားပြီပေါ့လေ ဟဲဟဲ ဒါပေမယ့် စနေနေ့ပွဲကို ကြိုတွေးပြီး ရင်ခုန်နေတယ်ဗျ အာဂျင်တီးနားက ဒီနှစ်မှာ မာရာဒိုနာနဲ့ မက်စီ အားကိုးနဲ့ ဖလားရမယ် ရေပန်းစားနေသကိုးဗျ ဒါပေမယ့် ကိုယ့်ဂျာမဏီ အသင်းကလဲ မထင်မှတ်တာလေးတွေ လုပ်ပြလေ့ ရှိတာမို့ မျှော်လင့်မိတယ်ဗျာ..။:P

Anonymous said...

ဂျာမဏီပဲ အားပေးရတော့မယ်ဆိုတော့..
ဘာဖြစ်ဖြစ် ဂျာမဏီဗျာ။

မြတ်နီုး

အိမ့်ချမ်းမြေ့ said...

သိစိတ်က (ဖလားရမှာမဟုတ်တဲ့. အခုတော့ ထွက်သွားရပြီဖြစ်တဲ့) ပေါ်တူဂီ၊ မသိစိတ်က ဘရာဇီး။ ဒီနှစ်တော့ ဂျာမန်တွေကို နိုင်စေချင်နေတယ်။

လောင်းတာတွေ မလုပ်သော်လည်း တားမရသော ၀ါသနာကြောင့် ကိုယ်အားပေးသော အသင်းတွေကို လာကြေငြာသွားတာပါးD

စုချစ် said...

ရှေးဟောင်းပျူနိုင်ငံက လူသားမို့... ဆွဲလိုက်တဲ့ပုံက မမေပြောသလို အလကားကျော်စွာလိုလို ညောင်ရမ်းဂွတိုလိုလို ဖြစ်အောင် ဆွဲထားတာ ကိုအောင်ရ...

နောက်နှစ်မွေးနေ့တော့ ကိုအောင် ပြောတဲ့ အတိုင်း
ဟိုလေ... လေယာဉ်ဆိုက်လို့ရမဲ့ မဟာနဖူးနဲ့ မျက်မှန်မပါပဲ ဆွဲပေးပါ့မယ်...
း-)

နေ၀သန် said...

စစ်တမ်းတွေ လိုက်ကောက်နေပုံ၇တယ်...။ :P

ခင်မင်တဲ့
နေ၀သန်

ဆောင်းယွန်းလ said...

ကိုအောင်
ကျနော်ကတော့ ဘောလုံးပွဲကို ကြည့်ရုံတင်မဟုတ်ဘူး ကိုယ်တိုင်လည်း ထမင်းလွတ်ကန်ခဲ့ဖူးတဲ့သူဆိုတော့ တည့်တည့်ပဲပြောမယ် ဒီနှစ်ကမ္ဘာ့ဖလားက ဘရာဇီးအတွက်ဆိုတာအသေအချာပဲဗျို့ ၃၂သင်းလုံးရဲ့ ခြေကိုကြည့်ပြီးမှ ပြောလိုက်တာပါ ..ခုတလောကမ္ဘာ့ဖလားကိုက်တာ ကဗျာတောင်မရေးဖြစ်တာကြာပြီဗျို့

မောင်မျိုး said...

အင်္ဂလန်က ထွက်သွားပြိကို ခုမှဒီပို့စ်တင်တယ်ဆိုတော့ ဒါ အီဖေကိုယ့် ကို သက်သက် အသရည်ဖျက်တာပဲ တရားစွဲမယ် ။။


ဘောလုံးသမားတွေလည်း အဲ့လို ခဏခဏ တရားစွဲလို့ ။
း)

မောင်မိုး said...

တက်ဂ်လေးရေးမယ်လုပ်လိုက် အားပေးတဲ့အသင်းက ထွက်သွားလိုက်...နောက်တစ်သင်းမှန်းလိုက်..အောင်ဖျာလိပ်သွားလိုက်နဲ့ ကျနော်ကတော့ တိုင်ပတ်ပြီးသာ ကလိုက်ချင်တော့တယ်။ အဟမ်း...လက်ရှိခြေအတိုင်းဆိုရင် အာဂျင်တီးနားကို မှန်းတယ်ဗျာ။

ကိုအောင် said...

မရွှေစင်ရေ ကျနော်က ဘောလုံးပွဲလောင်းတာ နည်းနည်း
ဝါသနာပါလို့ စစ်တမ်းလိုက်ကောက်ကြည့်တာ … ဟီး။
ဇာတ်လမ်းရေးဖို့တော့ စဉ်းစားနေပါတယ်၊ ကမ္ဘာ့ပွဲတွေ
မလွတ်တမ်းကြည့်၊ အိမ်အလုပ်တွေ ၀ိုင်းမကူလို့ ကျနော့်ကို
ကျနော့်မဟေသီက အနီကဒ်ပြတော့မယ် …း)

ကိုဇော်ရေ … နိုင်တာနည်းနည်းကို ပြထားတာ၊ အထင်မကြီးနဲ့၊
ပြင်သစ်နဲ့ အီတလီ အိမ်မပြန်ခင် နှိပ်စက်ခဲ့လို့ စကားမေး မရ
တာလည်း မနည်းဘူး။

ချောရေ …. ငပိန်အသင်း … အဲ စပိန်အသင်းတော့ အခြေအနေ
ကောင်းနေတယ်နော်။

မမီးငယ်ရေ …. ကျနော်လည်း ဂျာမန်ငါးပြတိုက်ထဲက ရေဘ၀ဲကို
အားကိုးနေတယ် ဟားဟားဟား …..း)

ဒေါ်မေဓါဝီ … အတုခိုးပြီး လျှောက်မလောင်းနဲ့၊ ဘရာဇီးအသင်းက
ကောင်းပါတယ်၊ တော်ကြာ ပထမပိုင်းမှာ ဟော်လန်က ဂိုးသွင်းသွား
လို့ ရင်နာနာနဲ့ ဆက်ကြည့်နေရအုံးမယ် ….း)
သင်္ကြန်မကျသေးဘူး ရေမလောင်းနဲ့၊ စကားမစပ် လာမယ့်
စနေနေ့မှာ ဥရောပတိုက်မှာ ရာသီဥတု တော်တော်ပူမယ်
လို့ ကြားတယ်ဗျို့ … 29 … 30 တဲ့။

မအယ် မအယ် … မာရာဒိုနာလို စိတ်တိုရင် မြက်တွေ ဆွဲနုတ်
တော့မယ်ပေါ့၊ အာဂျင်းတိုင်းတွေရဲ့ မြင်းကောင်းခွာလိပ် ဖြစ်စဉ်
မှာ သူလည်း ဓါးစာခံ ဖြစ်သွာမှာကို စိုးရိမ်းမိပါတယ် ….း)

ကိုလင်းထက်ရေ
ပြတိုက်ထဲက ရေဘ၀ဲက ပထမ ၄၅ မိနစ် ငြိမ်ငြိမ်နေတယ်
ဆိုတော့ အချိန်ပိုတို့ ပယ်နယ်တီတို့ ကြည့်ရအုံးမလား
မပြောတတ်ဘူး၊ မက်စီ (မတ်စေ့) က ငါးမူးစေ့ မဟုတ်ဘူးလေ
….းP

မြတ်နိုးရေ
အာဂျင်းတီးနားအသင်းက တော်တော် ကောင်းနေတယ်ဗျ။

မအိမ့်ချမ်းမြေ့ရေ
ပေါ်တူဂီအသင်းက ကောင်းတယ်၊ သို့ပေမယ့် ပေါ်တူဂီ အသင်း
သားတွေက တစ်ယောက်နဲ့ တစ်ယောက် ကစားကွက် မတူဘူး၊
သူတို့တိုင်းပြည်ထဲထက် အပြင်မှာ အကန်များတော့ အပြင်
က ပုံစံတွေ ကပ်ကပ်ပါလာတာ၊ ဘရာဇီးကတော့ ဒွန်ဂါ လက်
ထဲမှာ နည်းနည်း အပိုးကျိုးနေလား မပြောတတ်ဘူး တလွှဲ
တွေ သိပ်မလုပ်ဘူး၊ ဂျာမန်လမ်းကြောင်းက မြင်တဲ့အတိုင်းပဲ
အခု အာဂျင်းတီးနား၊ ရှေ့ဆက်သွားရင် စပိန် …..း)

မစုချစ် …
ကျနော့်ကို အလို လုပ်ကြံလို့ ရဖူးလေဗျာ၊ ကျနော်က ရှေ့နှစ်ထဲ
မှာ ကတုံး တုံးပြီး မျက်နှာသုတ်ပ၀ါလေး ခေါင်းမှာ ပတ်ထားမှာ၊
တောက လယ်သမားကြီးတွေ စတိုင်ပေါ့ …. ဟဲဟဲ

နေ၀သန် ရေ ….
တွေ့သမျှလူကို လိုက်အစ်ကြည့်နေတာ၊ သူတို့ တွက်တာ
မှန်ရင် ထ’လောင်းလိုက်မယ်လေ၊ ပိုက်ပိုက် ရတာပေါ့၊ လိုက်
မလုပ်နဲ့နော်၊ အကြံတူ ရန်သူ၊ လောင်းကစားလုပ်တာ
မကောင်းပါဘူးကွယ် …..း)

ကိုဆောင်း ရေ ….
ဘရာဇီးက အရမ်းကောင်းတယ်၊ သူတို့နိုင်ငံထဲမှာ လက်ရွေးစင်
အသင်း လေးသင်းစာလောက် ဒိတ်ဒိတ်ကြဲတွေလည်း ရှိပါ
တယ်၊ ဒွန်ဂါဟာ ကစားကွက်ပြောင်းဖို့ ခေါင်းမာတဲ့ စိတ်
ရှိတယ်လို့ ကျနော်တော့ ယူဆတယ် အကို၊ ပေါ်တူဂီနဲ့
ကစားခဲ့တဲ့နေ့က ဒုတိယပိုင်း အစမှာ ပေါ်တူဂီဖက်က
ကစားကွက်ပြောင်းတာကို သိသိနဲ့ ဘယ်လိုပြောရမလဲ
တိုက်စစ်အကူ နောက်တန်းကို အလျင်အမြန် နောက်ပြန်
ဆင်းဖို့ သူ မလုပ်ခဲ့ဘူး၊ ပြီးတော် ရောဘင်ဟိုတို့
ဘေဗီရန်နိုတို့ဟာ ဂိုးသွင်းများတဲ့ ရွှေဖိနပ်ကို လိုချင်
နေကြတယ်၊ သူတို့ဟာ ဟော်လန်အပေါ် အလွယ်တကူ
ကျော်ဖြတ်ခဲ့ရင်တော့ ဖလားဟာ သူတို့လက်ထဲ ၅၀
ရာခိုင်နှုန်းလောက် ရောက်မှာပါ။ ကျနော်လည်း ဘောလုံး
ပွဲပဲ ကြည့်နေလို့ ကျနော့်အမျိုးသမီးက လက်မြှောက်
ထားတယ် ….း)

မောင်မျိုးရေ …
တရားတော့ မဆွဲပါနဲ့ …..းP ၊ အသရည်ဖျက်တာ လုံးဝ
မဟုတ်ပါဘူး ညီလေးရယ်၊ ပေါ့အစ်တို့ အလန်ရှီယားတို့
ဘက်ခမ်းတို့ အိုဝင်တို့ မပါတော့တဲ့ အင်္ဂလန်အသင်းကို
အကိုလည်း ဆီးမီးအထိ လာစေချင်ပါတယ်၊ ရောက်မလာ
တာတော့ ကံတရားပေါ့။

ကိုမိုးရေ
အာဂျင်းတီးနားဟာ တော်တော်ပဲ ခြေစွာလာတယ်၊
ဂျာမန်နဲ့ အာဂျင်းတီးနားပွဲဟာ ဗိုလ်လုပွဲတစ်ခုလိုပါပဲ၊
အကို မှန်းတာ မှန်ပါစေ။

သစ်နက်ဆူး said...

ကိုအောင် ....
ကျနော်ပြောထားတယ်နော်..
ဂတုံး( ခေါင်းတုံး) မပါတဲ့ အသင်းးးးးးး လို့ ။

pandora said...

ဂျာမဏီက လွဲလို့ ဘယ်အသင်းဗိုလ်စွဲစွဲ
မှန်းတာမဟုတ်.. အားပေးတာပါ
စိတ်ကြီးတယ်။ :)

မြစ်ကျိုးအင်း said...

အင်္ဂလန် ၄ ပွဲ ပါသွားပေမယ့် စာရင်းချုပ်ရင် အိုကေနေပါသေးတယ်။ အာဂျင်တီးနားက တောက်လျှောက်လုပ်ကျွေးနေတာ။ ကွန်မန်ဒို လို ပြောက်ကျား အကွက်လေးတွေလည်း ချောင်းရိုက်ရသေးတယ်။
လမ်းကြောင်းကတော့ ဘရာဇီး အတွက် ဖြူးနေတာပါပဲ။ သူ့အလှည့်နဲ့ တူပါရဲ့ဗျာ

PhyoPhyo said...

ဂျာမနီ http://www.soccermyanmar.com/index.php?option=com_content&view=article&id=7723&catid=90&Itemid=151
ရေဘ၀ဲကဗေဒင်ဟောတယ် ဂျာမနီနိုင်မယ် ဆိုလို့ :D

ကိုအောင် said...

ကိုဆူးရေ ...
အကိုပြောတာ မှန်တယ်၊ ကတုံးမပါတဲ့ အသင်းတွေ
ကံကောင်းမယ်ဆိုတာ ...း)

မပန်ဒိုရေ ...
အဲလောက်လည်း စိတ်မကြီးပါနဲ့ဗျာ၊ ၂၀၁၄ ကမ္ဘာ့
ဖလားမှာ သူတို့ ကံကောင်းမှာပါ ...း)

ကိုမြစ်ကျိုးရေ ...
ကျနော်လည်း အဲလိုပဲ၊ ဂျာမန်က လုပ်ကြွေးလိုက်၊
ပြင်သစ်တို့ အီတလီတို့ အင်္ဂလန်တို့က ကန်ထုတ်
လိုက်နဲ့၊ ပွဲကြီးပွဲကောင်းတွေ တန်းစီနေတယ်။

မဖြိုးဖြိုးရေ ...
ဂျာမဏီက အကြားအမြင်ရတဲ့လို့ လူတွေ ယုံကြည်
နေတဲ့ ကလေးတစ်ယောက်လည်း အဲဒီ ရေဘ၀ဲလို
ဟောနေတယ် အမ၊ လောင်းကစားလုပ်တာ
မကောင်းဘူးနော်၊ ဂိုးကျောလေး ဘာလေး ယူပြီး
လောင်းပေါ့ ...း)

ဆောင်း said...

ဗဟာဒူး တို့ ခေတ်တုံးက ဗမာနိုင်ပြီ ဆိုတဲ့ သီချင်း အမြဲလွှင့်တယ် အခုတော့...

ကိုအောင် said...

ဗဟာဒူးဟာ ဂေါ်ရခါးနဲ့နွယ်တယ်ဆိုပြီး အဲဒီသီချင်း
တောင် ပြင်အုံးမလား မပြောတတ်ပါဘူးကွယ် ...း)

sosegado said...

ထင်တဲ့အတိုင်း ဘရာဇီးထွက်သွားပြီ၊ အာဂျင်တီနားကလဲ့…မနက်ဖြန်..

သက်ဝေ said...

ကဲ... အခုတော့ ဘယ့်နှယ့်လုပ်ကြမလဲ ကိုအောင်...
အာဂျင်တီးနား တသင်းပဲ ကျန်တော့တယ်...း((

ကိုအောင် said...

ကိုစိုးစီရေ ...
မနက်ဖြန်ပွဲ ကျနော်လည်း တိတ်တိတ်လေး အသံ
မထွက်ပဲ ကြည့်နေရမှာ၊ ဒိုင်လူကြီးဖက်ကပေါ့ ...း)

အမ မသက်ဝေ ...
ဟုတ်တယ်၊ မနက်ဖြန်တော့ ပွဲကြီးပွဲကောင်းပဲ ...း)

Anonymous said...

အာဂျင်တီနားကို အားပေးတော့မယ်။ ကိုယ်အားပေးတဲ့အသင်းရှုံးတာမို့ အာဂျင်တီးနားကို အားပေးမှာ။
စိတ်အလွန့်အလွန်ပုပ်သူ

ဒီရေ said...

ဒီနှစ်ကတော့ မှန်းချက် နဲ့ နှမ်းထွက် မကိုက်ဘူး ကိုအောင်ရေ!!! အသင်းကြီးတွေ သွားတာပဲ... ဟဟ...


ခင်တဲ့
ဒီရေ

ချော(အစိမ်းရောင်လွင်ပြင်) said...

နောက်ဆုံးတော့ စပိန်လေးက ဗိုလ်လုပွဲတက်သွားပါပြီရှင်..း)
ပျော်လိုက်တာနော်

Unknown said...

ဒီနှစ်world cup မှာတော့စပိန်နဲ့နယ်သာလန်က
တော်လဲတော်ကံလဲကောင်းနေပြီ။ဘယ်သူကပိုမလဲဆို
တော.........့။အကောင်းဆုံးကစားသမားကတော့နယ်သာလန်က
ရှနိုက်ဒါဖြစ်မယ်ထင်တယ်။