Sunday, 27 June 2010

နှောင်ကြိုးမိသူ (ဇာတ်သိမ်း)

Last Rope

28 comments:

T2A said...

အောင်မလေးလေး.........။ ဖတ်ရင်း ကြက်သီးတွေထလိုက်ပုံများဗျာ..........။ ဝါဆိုဦးဘာမှဖြစ်မှာမဟုတ်ဖူးဆိုတာကို သိနေရက်နဲ.ဖတ်တာကို ကြက်သီးတွေထနေတော့တာပဲ ။ အရင်တစ်ခါ မှတ်ချက်တစ်ခုမှာရေးခဲ့သလိုပဲ......မိုးသည်းသည်းညတစ်ညလောက်များ ဖတ်လိုက်မိလို.ကတော့ အိမ်သာတောင်ထပြီးသွားရဲပါ့မလားပဲ။ Congratulations ပါကိုအောင်ရေ..။ Full of suspense ပါပဲ။

ZT said...

ကိုအောင်။ ထူးဆန်းလွန်းလို့ သိချင်တာ မေးပါရစေ။
တကယ့်အဖြစ်အပျက်လား။

ကိုအောင် said...

T2A ရေ
ညဖက် အိမ်သာတော့ သွားပါအုံး၊ တော်ကြာ ဆီးချုပ်
ဝမ်းချုပ်ဖြစ်ရင် ကျနော်ပါ တရားခံ ဖြစ်နေအုံးမယ်
....း)

ZT ရေ
တကယ်က 75%၊ အချက်အလက်က 20 %၊ အကွဲအလွှဲ
က 5% ပေါ့ ....း)

စုချစ် said...

ဒီတခါတော့ ကံကောင်းတယ်... လာဖတ်တဲ့အချိန်မှာ ဇာတ်သိမ်းပိုင်းပါအားလုံးရှိနေပြီ...

ဆရာအောင်ရေ... တဂ်ထားတာလေး ရေးပြီးသွားပြီ...
နောက်ကျသွားလို့ စိတ်မဆိုးပါနဲ့နော့...
း-)

ဆောင်း said...

ကျေးဇူးတင်ပါတယ်ကိုအောင်ရေ

ကျော်စွာလင်း said...

တကယ့် အဖြစ်ပျက်ပဲဖြစ်ဖြစ် ဖန်တီးတာပဲဖြစ်ဖြစ် အရေးသားရော ဇာတ်အိမ်ဖွဲ့စည်းပုံရော အရမ်းကောင်းပါတယ်..
မြန်မာပြည် ဒါရိုက်တာတယောက်စီပို့ပီး ဗွီဒီယို ရိုက်ခိုင်းရင် ပိုကောင်းမယ် ...

SHWE ZIN U said...

ကိုအောင်ရေ

ဇာတ်သိမ်း တာလည်းမြန်တာ ဖတ်ရတာ အားမရဘူး
ဘာဘဲဖြစ်ဖြစ် ကျေးဇူးပါ

ခင်မင်စွာဖြင့်

Anonymous said...

ကိုအောင်
ဇာတ်လမ်းကို အခုလို အဆုံးထိ ရေးပေးလို့ ကျေးဇူးပါ၊
ကိုအောင် အားပေးတဲ့ ဂျာမန်အသင်း နိုင်လို့ ပျော်နေ
မှာပဲ၊ အဂ်လန်ဖက် ကြိုက်တဲ့သူတွေကတော့ ဒီည အိပ်
ပျော်ကြမယ် မထင်ဘူး။ ဂျာမန် ဖလား ရပါစေ။

Es ....

Anonymous said...

စာအရေးအသား အရမ်းကောင်းတယ်ဗျာ
တခြားဘလော့တွေထက် ခင်ဗျားဘလော့ကို ပိုပြီး
အားပေးပါတယ် သဘောကျတယ်ဗျာ
အောင်မြင်ပါစေ ...

KAK

ရွှေရတုမှတ်တမ်း said...

ကိုအေင်ရေ..ဇတ်သိမ်းကို သိနေပေမဲ့ ဖတ်လို့ကတော့
အလွန်ကောင်းသဗျား..
အလုပ်မအားလို့..ဘောလုံးပွဲတွေ လွတ်ကုန်တယ်
ကိုအောင်ရေ......အီး...အဟီး..ရွှတ်..

Anonymous said...

ကျေးဇူးပါ... ဖတ်လို့အရမ်းကောင်းတယ်... ဒီလိုစာမျိုး ဆက်ရေးပါအုန်း...

ဝါဆို သီလရှင်ဝတ်သွားရင်ကောင်းမယ်နော်...

hh...

Anonymous said...

တကယ်က 75% !!!!
ဟီးးးးးးး ကြောက်တယ်

Phyo Evergreen said...

ကိုအောင်ရေ.. ဒီအပိုင်းမှဘဲ အားရပါးရဖတ်ရတော့တယ်..။ ဟိုးအရင်ကတည်းက စာတွေဖတ်လာခဲ့တာ အခုမှကွန်မန့်ပေးဖြစ်တယ်ဗျာ..။ ကြောက်တတ်သူမျာမဖတ်ပါနဲ့ဆိုလည်း ဖတ်တာဘဲ..။ (နည်းနည်းတော့ကြောက်တတ်သူပါ.. မလန့်တတ်ပါဘူး.. =))
ဖတ်ရတာ အရသာရှိလွန်းလှတယ်.. ၇၅% တကယ်ဆိုတော့။ ဖတ်ရင်း အရူးကြီးခိုင်းတာတွေမေ့မေ့သွားလို့ ပြန်ပြန်ဖတ်ပြီးမှ ဆက်ဖတ်ရတယ်..အဆင့်တွေကလည်းများသကိုး..။ အိမ်ထဲမှာဖြစ်တာတော့ သိပ်မလန့်တော့ဘူး.. ဟိုဇရပ်မှာ ဖြစ်တာမှပိုတောင်ကြောက်ဖို့ကောင်းသေး.. ပတ်ပတ်လည်က၀ိုင်းနေတာဆိုတော့..ပြီးတော့သင်္ချိုင်းမှာ..။ ကျွန်တော်အကြံပေးချင်တာက ဥပမာအခုလို ဇာတ်လမ်းတွဲအလိုက်ရေးမယ်ဆိုရင်... Category ကို ခေါင်းစဉ်အတိုင်းပေးလိုက်ရင် ပိုကောင်းမယ်ထင်တယ်..။ ဖတ်ချင်သူတွေ ဇာတ်လမ်းတစ်ပုဒ်ကို တစ်ခါတည်းဖတ်လို့ရတာပေါ့..။ Category မှာနည်းနည်းရှုပ်သွားနိုင်ပေမယ့် ဥပမာ “ဖန်တီးခံစားမှု” အောက်မှာ “နှောင်ကြိုးမိသူ”.. “လမ်းကြားသရဲ” ဆိုပြီးတော့ပေါ့..။ စကားစပ်လို့ လမ်းကြားသရဲပို့စ်တုန်းက သတင်းလာပေးတဲ့ Anonymous ကကျွန်တော်ပါ..။ ကိုအောင်ကြိုက်သလိုသာလုပ်ပါ.. ကျွန်တော်ကအကြံပေးရုံသာသက်သက်ပါ..။ နောက်ထပ်စာကောင်းတွေကိုလည်း မျှော်နေပါတယ်။

Anonymous said...

ကိုအောင်ရေ
ီဒီလို စိတ်ဝင်စားဖို့ ကောင်းတဲ့ စာမျိုးတွေ ဖတ်ရတာ
ကျေးဇူးအများကြီး တင်ပါတယ်။ နောက်ထပ် ဒီလိုမျိုး
အဖြစ်အပျက်တွေ ရေးပါအုံး၊ အကို့ဘလော့ကို နေ့
တိုင်း နီးပါး ရောက်ပါတယ် အကို။

SSH

မေဓာဝီ said...

ကျမက ဒီပို့စ်ဖတ်နေတုန်း ကိုအောင်က ကျမပို့စ်လာဖတ်နေတာကိုး။ တိုက်တိုက်ဆိုင်ဆိုင်ပဲ။ ဒီပို့စ်ကတော့ အိပ်ခါနီး မိုးလေးတဖြောက်ဖြောက်နဲ့ ဖတ်ရတာ ရင်ထိတ်လိုက်တာ။ တကယ့်အဖြစ်အပျက် ၇၅% ဆိုတော့ တကယ်ထူးဆန်းတယ်နော်။ ကိုမင်းလွင်အတွက်တော့ စိတ်မကောင်းစရာပဲ။ ၀ါဆိုဦး သီလရှင်ဝတ်သွားတာတော့ သဘောကျတယ်။ သူလဲ မရူးတာတော်သေးတယ်နော်။ စိတ်မခိုင်ရင် ရူးချင်စရာကြီး။ အင်း ဒီညတော့ တရားနာရင်းအိပ်မှပဲ။ (ကြောက်လို့)

SHWE ZIN U said...

ကိုအောင်

ကျနော် ဘလော့ဂ် မှာလည်း ကိုအောင် အသစ်က မတက်ဘူးဖြစ်နေတယ် မှားခွင့်ထိဘဲ တက်တယ် ကျနော် အခုပြန်ချိတ်လိုက်အုန်းမယ် ဘာမှားနေလည်း မသိဘူး မုံ့ပေါင်း လုပ်နည်း က သိပ်မသိလို့ပါ ကျနော် သိရင် ပို့ပေးလိုက်ပါမယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

sweetpeony said...

အင်းးး
ရင် တထိတ်ထိတ်နဲ့ ရုံးမှာ ခိုးခိုးဖတ်ရတာ....
ပြီးမှပဲ ဟင်းးး ခနဲ သက်ပြင်းချနိုင်တယ်....
ဟူးးးးးးးးးးးး

မေဓာဝီ said...

မုန့်ပေါင်းလား လွယ်လွယ်လေး။ မုန့်တွေ အကုန်ပေါင်းလိုက် မုန့်ပေါင်း ဖြစ်ရော .. ဟီး။ ကိုအောင့် မဟေသီကို မုန့်တွေအားလုံး ပေါင်းပြီး ကျွေးလိုက်နော်။ အဲဒါ မုန့်ပေါင်းပဲလို့။ ဟဲဟဲ နောက်တာပါ။
ကျမလဲ မုန့်ပေါင်းကြိုက်တယ်။ ကျောက်မြောင်းထဲမှာ ရောင်းတဲ့ မုန့်ပေါင်းတော့ ခဏခဏ ၀ယ်စားဖြစ်တယ်။ ပဲပါတာနဲ့ မပါတာနဲ့ နှစ်မျိုးနော် ကျမက မပါတာကြိုက်တယ်။ ကျမအထင်တော့ ဆန်မှုန့်နဲ့ လုပ်တာ လားလို့။ နောက်တခါ အမေနဲ့ စကားပြောဖြစ်ရင် မေးထားပေးမယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

စပိန်ပွဲပြီးလို့ လာဖတ်တာ
ညနက်သန်းကောင်ကြီး
ကြက်သီးထလိုက်တာ..း(
အနောက်ကို ခနခနလှည့်ကြည့်မိတယ်..
တော်ပြီ ကြာကြာမနေရဲတော့ဘူး
ပြန်တော့မယ်..

စော said...

အဲဒီထဲက အကိုနဲ့  နံမယ် ဆင်တဲ့ တစ်ယောက်က အကိုလား?
မုန့် ပေါင်းက ဆန်နဲ့ လုတ်တာ။ (စီးရင်ပိုကောင်းမယ်) ဖင်အပေါက်ပါတဲ့အိုးရယ်(rice cooker ထဲကပေါင်းခံပြားနဲ့ လုပ်လို့ ရမယ်ထင်တယ်)၊ ဆလောင်းဖုန်းနဲ့  ပိတ်ဖြူစလိုတယ်။
ရေငွေ့ နဲ့  ပေါင်းတာပါပဲ။
မုန့် ပစ်သလတ်တော့ ၄၊ ၅ ခါလုတ်မှ အောင်မြင်တယ်...။ စမ်ုးကည့်ပါဦး

ကိုအောင် said...

မစုချစ်ရေ
တဂ်ကို ရေးပေးလို့ ကျေးဇူးဗျာ။

ကိုကျော်စွာရေ
မြန်မာပြည်က ဒါရိုက်တာတွေဆီမှာ ဇာတ်လမ်းကောင်းတွေ
အများကြီးရှိမှာပါ၊ တချို့ ဇာတ်ညွှန်းရေးဆရာတွေတော့
ဖြတ်ညှပ်ကပ်လုပ်ပြီး သူများဟာကို ကိုယ့်ဟာ လုပ်ကြတယ်
လို့ မထင်ပါနဲ့ ….းP

မရွှေစင်ရေ
ဇာတ်သိမ်းကို ဘောပွဲကိုက်နေလို့ မနည်းကို ရေးထားရတယ်။

Es နဲ့ KAK ရေ
ကျေးဇူးပါ။

ကိုကြီးကျောက်…
ဆီးမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲတော့ ခွင့်ယူပြီး မကြည့်တော့ဘူးလား အကိုကြီး။

HH ရေ
ဇာတ်လမ်းထဲက ၀ါဆိုဦး ခဏပဲ သီလရှင်ဝတ်တာပါ ….း)

Shwekhaing ရေ
မကြောက်ပါနဲ့ ….းP

ကိုဖြိုးရေ
ကျေးဇူးဗျာ၊ အကြံပေးတဲ့အတိုင်း ဆောင်ရွက်နိုင်အောင်
ကျနော် ကြိုးစားပါ့မယ်။

SSH ရေ ကျေးဇူးပါ။

မမေဓါဝီ
တရားနာရင်း မအိပ်နဲ့လေ၊ တရားမရပဲ ဖြစ်မှာပေါ့ ….း)

မရွှေစင်
မုန့်ပေါင်းလုပ်နည်း ပို့ပေးမယ်ပြောလို့ ကျေးဇူး။

Sweetpeony ရေ
သက်ပြင်း သိပ်မချနဲ့ ကျနော်ပါ လွှင့်သွားအုံးမယ် …းP

မမေဓါဝီ၊ မေးထားပေးမယ်လို့ သိရတာ ကျေးဇူး။

ချောရေ အနောက်ကို လှည့်မကြည့်နဲ့ ရှေ့မှာ ရှိတယ် …းP

စောရေ
အပြင်ကလူနဲ့ ဇာတ်လမ်းထဲက လူဟာ မတူပါဘူး၊ နာမည်တော့
ပြောင်းထားတာပေါ့၊ တူနေရင် ကျနော့်ခေါင်းကွဲသွားမယ်လေ …း)
ဒီဇာတ်လမ်းတွေရဲ့ နောက်ကြောင်းကို ကြုံရင် ထပ်ရေးပါ့မယ်။
မုန့်ပေါင်းလုပ်နည်း ပြောပြပေးတာ ကျေးဇူးအရမ်းတင်ပါတယ်။

sy said...

ကိုအောင်ရေ။
ညီမက ဒီပိုစ့်မတက်သေးဘူးထင်နေတာ။
google reader မှာလဲမတက်လာဘူး အန်တီရွှေဇင်ဦးလိုပဲ မှားခွင့်ပီးတော့မတက်လာဘူး။ ပီးတော့ ဇီဒန်းအနီကဒ်ပိုစ့်ရောက်သွားရော။
စောင့်လိုက်ရတာအကြာကြီး။
အခုမှ မွှေနှောက်ရှာရင်းတွေ့တာ။
ညသန်းခေါင်ကြောက်ကကြောက်နဲ့ဖတ်လိုက်ရတယ်။
အဲဒါကြောင့် ဟိုတစ်ခေါက်ကိုအောင်ကိုလာပြောတုန်းက ကိုအောင်က တင်ပီးပီပြောတာကို ကြောင်သွားတာ။ အပိုင်း၇တင်ပီးတာပြောတာ ထင်နေတာ။
တော်သေးတယ် ကမ္ဘာ့ဖလားပီးမှဆို အရင်အပိုင်းတွေ မေ့ကုန်မှာ။ ကျေးဇူးပါနော်။ သူငယ်ချင်းကိုလဲညွန်းလိုက်တယ် ဒီဘလော့ကို။ သူလဲ ကြောက်ရအောင် :)

မြစ်ကျိုးအင်း said...

အရသာ အပြည့်ပဲဗျာ
တထိတ်ထိတ်နဲ့ အဆုံးထိ ဖတ်လိုက်ရတယ်။

Anonymous said...

အခုမှလာဖတ်ရတာ.. ဇာတ်မသိမ်းဘူးဆိုးစိတ်တောင်ဆိုးချင်နေတာ..ဟီးး
ဖတ်လို့ကောင်းမှကောင်း။

မြတ်နိုး

Anonymous said...

အဲလိုဇာတ်လမ်းတွေ သိပ်ကြိုက်တာ..ကျေးဇူးပဲ ကိုအောင်

မြတ်နိုး

Anonymous said...

စစ်ဘက်ဆိုင်ရာ ဆေးက လူကို ရက်ရက်စက်စက်...ကားနှစ်ခါတိုက်ပီး ပေးသေ လိုက်တာကိုး စာရေးဆရာရဲ့ :P အဲ့လို ဇာတ်လမ်းမျိုး ဖြစ်ခဲ့တယ်လို. တစ်ခါမှ မကြားဖူးလို.ဒါကတော့ ဇာတ်ကောင် ဖန်တီး ချက်လို့ထင်ပါတယ်။ စာရေးတာက Professional စာရေးဆရာတွေလို ကောင်းတယ်ပါပေတယ် ဗျာ။

rose said...

နှောင်ကြိုးမိသူ အစ အဆုံး လာဖတ်သွားတယ် ကိုအောင်။ ကြောက်စရာကြီး.... မဖတ်ရ မနေနိုင်တော့လည်း အသည်းတယားယားနဲ့ ဖတ်သွားတယ်။ အဲ့ဒီလို သရဲ တစ္ဆေ အကြောင်းတွေ များများရေးနော်။ ပီားးး ကိုယ်ကြိုက်တာ ကိုယ်ပြောသွားပြီ။

Anonymous said...

အရမ်းကောင်းတယ် သူငယ်ချင်းတစ်ယောက်ဆီကနေ ဒီလင့် ကိုရတာပါ သရဲအကြောင်းသရဲစာအုပ်တွေဆိုအရမ်းကြိုက်ပါတယ် နောက်ထပ်အဲ့ဒီလိုဇါတ်လမ်းတွေ များများရေးပေးပါ အရမ်းရမ်းကိုကောင်းပါ အခုလိုဇါတ်လမ်းကောင်းတွေ ဖတ်ခွင့်ရတာကို ကျေးဇူးတင်ပါတယ်