Wednesday, 16 June 2010

ငယ်ပါသေးသည်

မနက်ဖြန် ဇွန်လ (၁၇) ရက်နေ့မှာ ကျနော့်အသက်
(၃၇) နှစ်ပြည့်ပါတော့မယ်။ အခုတလော ကမ္ဘာ့ဖလားပွဲ
တွေပဲ ကြည့်နေတော့ ရေးလက်စတွေတောင် အဆုံးမသတ်
နိုင်သေးပါဘူး။ လူ့ဘ၀ အသက်(၄၀)မှ စ’တယ်ဆိုတော့
ကျနော်ဟာ ငယ်ပါသေးတယ် … ။

ကျနော့်မွေးနေ့ အခါသမယမှာ ကျနော့်အပေါ် ကျေးဇူး
ရှိခဲ့ဖူးသူ မှန်သမျှကို ဂါရ၀ပြုပါတယ် ….။



ဝန်ခံခြင်း …..

ကျနော့်မွေးနေ့အမှတ်တရအနေနဲ့ ကဗျာလေးတစ်ပုဒ်
လောက် ကျနော်ရေးချင်ပါတယ်။ စိတ်က စုလို့ကို မရပါ။
နံဘေးရှိ TV မှာ ဘယ်ဘောလုံးအသင်းအကြောင်း ဘယ်လို
ဖြစ်တယ် ညာလိုဖြစ်တယ်ပဲ ကြားနေရပါတယ်။ မကြည့်ပဲနဲ့
လည်း မနေနိုင်ပါ၊ ကမ္ဘာ့ဖလားရာသီရောက်ရင် ဘောလုံးပွဲ
ရောဂါက ထ’ထ လာပါတယ်။

ကျနော် အဆိပ်သောက်ပြိုင်ပွဲ ဆိုတဲ့ ကဗျာကို ရေးခဲ့ဖူးပါတယ်။
ဒီကဗျာကို ရေးဖို့ရခဲ့တဲ့ အတွေးက တရုတ်ပညာရှင် တောက်တဲ့ကျင်း
ရဲ့ အယူအဆပါ။ အဆိပ်ကို တနေ့တခါ နည်းနည်းချင် သောက်
ရင် ကြာလာရင် အဆိပ်ပီတဲ့ အလေ့အကျင့် ရတဲ့ဆိုတဲ့ သဘောပါ။
တချို့က ဂရိပညာရှင် ဆော့ခရေတိ၏ သေပွဲဝင်ခဲ့မှုကို ယူထား
တယ်လို့ ထင်ကြပါတယ်။ မဟုတ်ပါဘူး။ တောက်တဲ့ကျင်း အယူ
အဆပါ။ ပထမ အပိုဒ်ဖြစ်တဲ့ ….
“မာရ်နတ်က ထာဝရဘုရားကို
ကမ္ဘာမြေပေါ်မှာ နေရာအလွတ်မရှိ
ဂါရ၀ပြုပြီး ဆုတွေတောင်းတယ်၊
အကျွန်ုပ်ကို လူတကာရဲ့
သွေးသားထဲထိ နှောက်ယှက်ခွင့်ပေးပါ”

ဒီအတွေးကို မလေးရှားထောင်ထဲမှာ ကျနော် ရခဲ့ပါတယ်။ ကျနော်
နေတဲ့ အခန်းထဲမှာ တခြားအမှုတွေနဲ့ အမိန့်မကျသေးတဲ့ တရားခံ
တချို့ရှိပါတယ်။ အဲဒီအတွေးကို ပေးခဲ့တဲ့သူက ဗုဒ္ဓဘာသာဝင် မဟုတ်
ပါဘူး။ တနေ့တော့ သူ တရားရုံးတက်ရပါတယ်။ အဲဒီနေ့မှာပဲ တရားရုံး
က သူ့ကို အမိန့်ချပါတယ်။ ညနေပိုင်း အခန်းထဲကို သူ ပြန်ရောက်လာ
ပါတယ်။ ကျနော်လည်း သူ့ကို ကြည့်ပြီး ထူဆန်းနေပါတယ်။ သူ့အမှု
က ပုံမှန်အားဖြင့် ကြိမ်ဒဏ် လေး … ငါးချက်လောက် ခံရမယ့် အမှုမျိုး
ပါ။ တရားသူကြီးက သနားပြီး သူ့အပေါ် ကြိမ်ဒဏ် မပေးခဲ့ပါဘူး။
လ’အနည်းငယ် ထောင်ဒဏ်သာ ပေးခဲ့ပါတယ်။

ဒါနဲ့ ကျနော်က သူ့ကို“မင်း ဘယ်လိုငိုပြလိုက်လဲ” လို့ မေးကြည့်
ပါတယ်။ သူက တရားရုံးထဲ စ’၀င်တဲ့ အချိန်က စ’ပြီး သူ ကိုးကွယ်
တဲ့ ဘုရားအမည်ကို ဆက်တိုက်ရွတ်တယ်လို့ ပြောတယ်။
အဲလို ရွတ်ရင် သူ့နံဘေးကို မကောင်းတဲ့ မာရ်နတ်လိုမျိုး
စေတန်လိုမျိုး မကပ်နိုင်ဘူးလို့ သူက ပြောပြပါတယ်။ သူတို့
ကျမ်းစာထဲမှာ ကမ္ဘာဦးခေတ် မာရ်နတ်က ထာဝရဘုရားထံ
ကမ္ဘာပေါ်ရှိ ရှိရှိသမျှ နေရာအပြည့်မှာ ဂါရ၀ပြုတယ်လို့ ဆို
ပါတယ်။ ဒါကြောင့် ထာဝရဘုရားဆီမှာ လူတွေရဲ့ သွေးသား
ထဲထိ ၀င်ရောက်နှောက်ယှက်ခွင့်ကို မာရ်နတ် ရထားပါတယ်။
သို့ပေမယ့် ထာဝရဘုရားက မာရ်နတ်ကို သတိစကားတစ်ခု
ပြောထားခဲ့ပါတယ်။ သူ့အမည်(ထာဝရဘုရားရဲ့ အမည်) ကို
ဒုက္ခရောက်သူ တစ်ယောက်ယောက်က ရွတ်ဆိုခဲ့ရင် အဲဒီဒုက္ခ
ရောက်သူနဲ့ ခြေလှမ်းပေါင်း လေးဆယ်ငါးလှမ်း အကွာအဝေး
မှာ သွားနေရမယ် … စသဖြင့် ကျနော့်မိတ်ဆွေက ရှင်းပြပါ
တယ်။ သူရှင်းပြခဲ့တာကို ကျနော်က ကျနော့်ကဗျာထဲ ထည့်ခဲ့
တာပါ။ လက်ရှိ မွေးနေ့တွင် ကဗျာရေးချင်သော်လည်း …း)

ခန့်မှန်းမိလို့ …

ကျနော် အခုတက်နေတဲ့ ကျောင်းက လာမယ့်သောကြာနေ့
အထိ စာသင်နေပါတယ်။ ရှေ့အပတ်က စ’ပြီး နွေရာသီ ပိတ်
တော့မှာပါ။ ဒီနေ့ အတန်းထဲမှာ ဆရာမက ကျနော်တို့ ကျောင်း
သားတွေကို ဒိန်းမတ်ဘာသာစကား အလေ့အကျင့်ရအောင်
စကားပြောခိုင်းပါတယ်။ ပြောရတဲ့ ခေါင်းစဉ်က “ကမ္ဘာ့ဖလား”။
ဆရာမ မေးပါတယ်။ ကမ္ဘာ့ဖလားမှာ ဘယ်သူ ဂိုးအများဆုံး
သွင်းတဲ့ ရွှေဖိနပ်ဆု ရမလဲတဲ့။ ကျနော့်ပါးစပ်က လွှတ်ခနဲ
ထွက်သွားပါတယ် … စီမွန် ဖူးဆန် (ကိုယ့်ဂိုး ကိုယ်ပြန်သွင်းခဲ့
တဲ့ ဒိန်းမတ်ဘောလုံးအသင်း နောက်တန်း ကစားသမား)။
ဆရာမ မျက်နှာ နည်းနည်း မဲ့သွားပါတယ်။ ဆရာမ ဆက်ပြော
ပါတယ်၊ ကမ္ဘာ့ဖလားမှာ ဘယ်အသင်း ဗိုလ်ဆွဲမလဲတဲ့။ ကျနော်
အလှည့်ရောက်တော့ ကျနော်က “ထု့စ်စလန်” (ဂျာမဏီနိုင်ငံ
ကို ဒိန်းမတ်ဘာသာစကားအားဖြင့်) လို့ ပြောလိုက်ပါတယ်။
ဆရာမ မျက်နှာ နည်းနည်းတင်းသွားပါတယ်။ ပြီးမှ နည်းနည်း
ပြုံးပြီး “ဒိန်းမတ်လူမျိုးတွေက အရင်က စစ်ပွဲတွေကြောင့်
ဂျာမဏီနိုင်ငံ အပေါ် အမြင်မကြည်လင်ဘူး”။ ကျနော့်
နံဘေးရှိ ပိုလန် လူမျိုးတစ်ယောက်ကလည်း ကျနော့်ကို ထပ်
ပြောပါတယ်။ ငါ့အသက်က ငါးဆယ်ရှိပြီ၊ ငါတို့ ပိုလန်တွေလည်း
ဂျာမဏီဆိုရင် မုန်းတယ်တဲ့။ ကျနော့်က … ဘောလုံးက ဘော
လုံးပဲ၊ ဟစ်တလာ ဆိုးခဲ့တာနဲ့ ဂျာမန်ဘောလုံးအသင်း ဘာ
ဆိုင်လို့လဲ .. စသဖြင့် ထပ်ပြောတော့ ပိုလန်ကြီးက ကျနော့်ကို
“မင်း ငယ်ပါသေးတယ်”။

မင်းတို့ ငယ်ပါသေးတယ် …

အခုတလော စီးပွားရေး ကျဆင်းမှုကြောင့် ဒိန်းမတ်ရောက်
အရှေ့အလယ်ပိုင်းမှလာတဲ့ အီရန်၊ အီရတ်တွေရဲ့ သတင်းဆိုး
တွေ ကြားနေရပါတယ်။ အဝေးပြေး လမ်းနံဘေးမှာ မွေးခါစ
ကလေးပိုက်ပြီး …. ခရီးထွက်လာတာ၊ ပိုက်ဆံအိတ် မေ့ကျန်ခဲ့
လို့၊ ဒီ ရွှေလက်စွပ်လေး၊ ရွှေဆွဲကြိုးလေး ….. ဒီလောက်နဲ့
ရောင်းချင်ပါတယ်၊ ကူညီပါ ဆိုပြီး ရွှေအတုတွေ လိုက်ရောင်းတဲ့
သတင်းတွေပါ။ ပြီးခဲ့တဲ့အပတ်က ကျနော့်အိမ်နီးချင်း မြန်မာ
တစ်ယောက်တောင် အဝေးပြေးလမ်းနံဘေးမှာ ကြုံလိုက်
ရပါတယ်။ ပိုက်ဆံ မပါဘူးလို့ ပြောပြီး ရှောင်ခဲ့ရပါတယ်။ ပြီးခဲ့
တဲ့ နှစ်ပတ်ကျော်က ကျနော့်မိတ်ဆွေ တစ်ယောက် အဲဒါမျိုး
ကြုံခဲ့ရတယ်လို့ သိရပါတယ်။ သူက စနေ တနင်္ဂနွေ အလုပ်
ပိတ်ရက် တခြားမြို့ရှိ သူငယ်ချင်းအိမ်ကနေ ပြန်လာပါတယ်။
နည်းနည်းလောက် သောက်ထားပါတယ်။ လမ်းမှာ အီရတ်
လူမျိုး လင်မယားနှစ်ယောက်နဲ့ သွားတွေ့ပါတယ်။ အမျိုးသမီး
ဖြစ်သူက ငိုမဲ့မဲ့ ပုံစံနဲ့ ခရီးထွက်လာရင်း ငါတို့ကားမှာ ဓါတ်ဆီ
ကုန်သွားလို့ … အဲဒါ ငါ့ ရွှေလက်စွပ်ကို ပုံမှန်ဈေးထက် နှစ်ရာ
လျှော့ပြီး ရောင်းချင်တယ် … လို့ လုပ်ပါတယ်။ ကျနော့်မိတ်ဆွေ
က … ငါလည်း အိမ်ပြန်ဖို့ ရထားခ မရှိလို့ အသိလိုက်ရှာနေ
တာ၊ ငါ့မှာ ရောင်းစရာတော့ မရှိဘူး၊ ရထားခနဲ့ ဘီယာတစ်ဗူး
ဖိုး လေး …ငါးဆယ်လောက် ကူညီနိုင်ရင် ကူညီပါ … ဆိုပြီး
လုပ်ပါတော့တယ်။ နောက်ဆုံးမှာတော့ အီရတ်လူမျိုး လင်မယား
က ကျနော့်မိတ်ဆွေကို တော်တော်လေး တောင်းပန်ရပါတော့
တယ်။ နောက်ဆုံးပြောမရတာနဲ့ ဘီယာတစ်ဗူးဖိုး ပေးလိုက်
တယ်လို့ သိရပါတယ်။ ဘီယားဖိုး ထုတ်ပေးတော့ မူးချင်
ယောင် ဆောင်နေတဲ့ ကျနော့်မိတ်ဆွေက …
“မင်းတို့ အရှေ့အလယ်ပိုင်းက လာတဲ့လူတွေ
ငယ်ပါသေးတယ်”
လို့ ပြောပြီး ပေးတဲ့ပိုက်ဆံကို မယူခဲ့ပါ။


-စစ်ငြိမ်းဒီရေ

43 comments:

နေ၀သန် said...

ဟက်ပီးဘတ်ဒေးပါ အစ်ကို....

အတွေ့အကြုံတွေ အတော်စုံတာကို သိလိုက်ရပါတယ်။ စီးပွားပျက်ကပ်နဲ့ကြုံတော့လည်း လူတွေ ကိုယ်ကျင့်တရားမရှိတော့ပဲ ရရာလုပ်စားနေကြတယ်လို့လည်း မြင်ပါတယ်.....

ကမ္ဘာ့ဖလားကိုလည်း ပျော်ရွှင်စွာကြည့်ရှုနိုင်ပါစေဗျာ...း)))))




ခင်မင်တဲ့
နေ၀သန်

khin oo may said...

ပျော်ရွင်သော မွေးနေ့ဖြစ်ပါစေ. သက်ဆုံးတိုင်ကျန်းမာချမ်းသာပါစေ.

khin oo may said...

ဟုတ်တယ် ငယ်သေးတယ် ငယ်ငယ်လေးရှိသေးတယ်။ ဘောပွဲကိုက်နြေီ့ပီ. အတွေးတွေက ဟိုရောက်ဒီရောက်ဖြစ်နေတ။် ကွန်းစန်ထရေးရှင်းမကောင်းတော့ဘူး ကျောင်းပိတ်တော့မယ်ဆိုတော့ပိုဆိုးတာပေါ့။ပျော်၇ွင်ပါစေဗျာ။

မေဓာဝီ said...

မင်္ဂလာရှိသော မွေးနေ့ဖြစ်ပါစေ ကိုအောင်ရေ ...
ဒီကွန်မန့်ရေးနေစဉ်မှာပဲ ကိုအောင့်ဆီက စံတော်ချိန်နဲ့ ၁၇ ရက်နေ့ကို ကူးသွားပြီ။ ဒါကြောင့် ကိုအောင့် မွေးနေ့ ရောက်သွားပြီပေါ့။
မွေးနေ့မှစပြီး နေ့ရက်တိုင်း စိတ်ချမ်းမြေ့ပျော်ရွှင်ပါစေ ... လို့ ဆုတောင်းလိုက်ပါတယ်။
အသက်ဘယ်လောက်ကြီးကြီး စိတ်ပျိုရင် ကိုယ်နုတယ်နော်။
အင်း ... ၃၇ နှစ်ကတော့ တကယ်ကို ငယ်ပါသေးတယ်။ :)

Myo Win Zaw said...

Happy birthday ကိုအောင်
ဒိန်းမတ်လို မည်သို့ပြောသည်မသိ

Anonymous said...

ဟက်ပီးဘက်ဒေး...ပါဗျို့............

မြတ်နိုး

ကလူသစ် said...

ဟာ........မငယ်တော့ဘူး။ မငယ်တော့ဘူး။ ဒီလို ရသေ့စိတ်ဖြေလုပ်မနေနဲ့။ ခွိခွိ............ဟက်ပီဘတ်ဒေး

saw said...

ကျနော်လဲ လာမယ် ၂၅ ရက်မှာ ၃၇ နှစ်ပြည့်မှာပဲ

ံHappy Birthday to you!

:P said...

Happy Birthday !!!

ကိုဇော် said...

Happy Birthday ပါ ကိုအောင်...

အစ်ကို့ ငယ်ပါသေးတယ် ဆိုတဲ့ စကားကိုတော့ ကြိုက်သွားပြီဗျာ။ သြော်. . .ဒါနဲ့ ကျနော်လည်း ငယ်ပါသေးတယ်ဗျာ။

nyimg said...

ဟက်ပီးဘတ်ဒေပါ အာစရိ။

ZT said...

အဟဲ။ ဖြိုးမော်တို့ အရွယ်တွေကို ကြည့်ပြီး ကိုယ့်ဘာသာကိုယ် အသက်တွေ ကြီးနေပြီ ထင်တာ။ အခုမှ သိပ်မကြီးသေးမှန်း သိရတယ်။

ပျော်စရာ ကောင်းတဲ့ မွေးနေ့ ဖြစ်ပါစေ ကိုအောင်။ :)

Anonymous said...

နောက်တကြိမ် ကမ္ဘာ့ ဖလား ရောက်ရင် ဘရာဇီး မှာ ကိုယ်တိုင်ကိုယ်ကျ အပူအပင် ကင်းကင်း နဲ့ မိသားစု
သွားရောက် ကြည့်ရှု နိုင်ပါစေ လို့ ဆုတောင်းပေးလိုက်တယ် ကိုအောင် ရေ ...

ကျမ သည် ရောက်ပြီးမှ ကိုအောင့် မိတ်ဆွေ လိုမျိုး ကြုံဖူးခဲ့တယ် ... ကျမနေတဲ့ လမ်းထိပ်မှာ( လူ တော်တော် စည်တဲ့နေရာ ) ကျမက ဈေ်းဝယ်ပြီး
စူပါမားကက် က အထွက် မှာ လမ်းကူးမလို့ ကားတွေ စောင့်နေတုန်း ဗြုန်းဆို ကိုယ့်ဘေးနား အဖြူတယောက် ( သန့်သန့်ပြန့်ပြန့် နဲ့ ပါဘဲ ) မောင်းလာတဲ့ ကားတစီး( ကားသိပ်အကောင်းစားကြီးတော့မဟုတ် ) ထိုး ဆိုက်လာပြီး သူအိမ်ပြန်ဖို့လို့ ကားကို ဓါတ်ဆီထည့်ဖို့
အတွက် သူ့ပိုက်ဆံအိတ် ပျောက်သွားတဲ့အတွက် ငွေလိုနေကြာင်း ပြော တော့ ကျမလည်း ငွေ ၃ ဒေါ်လာ ထုတ် ပေးခဲ့တယ် .. ကျမလည်း အဲဒါ သိသိကြီးနဲ့ ပေးလိုက်မိတာ ... အဲဒါ လွန်ခဲ့တဲ့ ၈ နှစ် ကိုး နှစ်လောက်က ဘဲ ဗျ ...

အုပ်စု ပွဲ တွေ စ ကြည့်လိုက်ရ ပြီးပြီ ဆိုတော့ အသင်းတွေအားလုံး ရဲ့  ခြေ စွမ်း ကို နည်းပါးသိလိုက်ရပြီ မို့ အခုတော့ ရေးတေးတေး မှန်းလို့ ရ သွားပြီ ... ကျမ လည်း ဂျာမဏီ ကို ဗိုလ်လုပွဲ တက်လိမ့် မယ်လို့ မှန်းတယ် ... အရင်တုန်းက သူ တို့ ဘာဘဲ ဖြစ်နေဖြစ်နေ အခု ချိန် မှာ သူ တို့ဟာ ဖက်ဆစ်မဟုတ်နေ တဲ့ အတွက် ကျမတော့ သူတို့ကိုဘဲ
အားပေးတယ် ... အဲ လိုသာ ပြောကြေး ဆို အင်္ဂလန် ဆို ကျမတို့ကို ကျွန်ပြုခဲ့တဲ့ နိုင်ငံ .. ဂျပန် ဆိုလည်း နှိပ်စက် ခဲ့တာ မနည်းဘူး မို့လား ( ခုချိန်ထိ ရုပ်ရှင်ကားတွေ အများကြီး ရိုက်နေကြတုန်း ) ... ဒါပေမယ့် အင်္ဂလန်အသင်းရော ဂျပန်အသင်းကိုပါ အားပေး နေကြတဲ့ ဗမာ တွေ အများကြီးပါ ... အာရှ အသင်းတသင်း လောက်တော့ ( ဂျပန် နဲ့ တောင်ကိုရီးယား ) ဆီမီးဖိုင်နယ်လ် လောက်ထိ တက်စေချင်တာ အမှန် ဘဲ .... အရင် ဖလားတွေတုန်းက အဲအသင်းတွေက ဂိုးသွင်း မသေချာပေမယ့်  အခုနှစ် မှာတော့ တိုးတက်လာတယ်လို့ ကျမ ထင်တယ် ... ကိုအောင် တယောက် ကျောင်းပိတ်တော့ မယ်ဆိုတော့ အေးဆေး ဖလား ကြည့်လို့ရပြီပေါ့ ...

mie nge

An Asian Tour Operator said...

မင်္ဂရှိသော ပျော်ရွှင်ဖွယ်အတိပြီးတဲ့ မွေးနေ့ဖြစ်ပါစေဗျာ။ တကယ်တော့ ငယ်ပါသေးတယ်။

မောင်မျိုး said...

အဟိ အခုမှ အသက်အမှန်သိလို့း) မထင်ရဘူး တကယ့်ကို ငယ်ငယ်လေးထင်နေတာ ။

ကိုအောင်က ကျနော့်အဖေ နဲ့ နှစ် ၂၀ပဲငယ်တာဆိုတော့ ဒီနေ့ကစပြီး နာမည်သစ်ပဲခေါ်တော့မယ် ဘကြီးအောင် လို့  ။

ဟက်ပီးဘဒ်ဒေး ဘကြီးအောက် သက်တော်ရာကျော်ရှည်ပါစေ (ဆေးပေးမီးယူလေးတစ်ယောက်လောက်တော့ ရှာအုံးလေ )

An Asian Tour Operator said...

စောရီးအစ်ကိုရေ.. ကျနော်လဲ ငယ်ပါသေးတယ်။ မင်္ဂလာ ရေးတာ စာကျခဲ့လို့ ဖြည့်ဖတ်ပါ..လို့ ထပ်လာပြောတာပါ ခင်ဗျ။ :)

Anonymous said...

၃၇နှစ်လား ကြီးလှပြီပဲ။ :)

မအယ်

SHWE ZIN U said...

Happy Birthday ပါ ကိုအောင်

ဒီလို လိမ်လည်မှု့လေး တွေဟာ မြန်မာ ပြည်က လူတွေ အတွက်ရိုးစ်းးးးးးးးးးးးးးးးးးးးးးးးးးး သနားတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

အတိတ်မေ့ရောဂါထဲမှာ အခန်းဆက်ကလေး ရေးဘို့များ ပါသွားသလားမသိဘူး

SHWE ZIN U said...

မန့်တာလေး ပျောက်သွားသလား မသိဘူး

happy birthday ပါ ကိုအောင်


အဲဒီလို လိမ်လည်မှု့တွေကို မြန်မာပြည်က ရွှေစင်ဦးတို့က ရိုးစ်းးးးးးးးးးးးးးးးးးး


စကားမစပ် အခန်းဆက် ကလေး

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ယောနက်သန် said...

ပျော်ရွှင်ဖွယ် မွေးနေ့ဖြစ်ပါစေ ကိုအောင်ရေ...

Anonymous said...

၁၉၇၃ ဇွန် ၁၇ ဟာ ကိုအောင်ခင်မြင့် မေွးနေ့  တကယ်မှန်ရင် ဒေါ်စုမွေးနေ့ ဇွန်၁၉နဲ့ တရက်ပဲ ခြားတာပဲ ..။
ဒေါ်စုတောင် ၆၅ ပဲရှိသေးတာ ။ကိုအောင့်နှယ် သိပ်ငယ်ပါသေးတယ်။ ကျနော့်ထက် ၆လပဲ ငယ်ပေမယ့် အသိကြွယ်တာတော့ မငယ်တော့ဘူးနော်..ကိုယ့်လူ..။
အသက်ရာကျော်ရှည်ပါစေဗျာ....။ပို့ စ်တွေ ကောင်းနေတယ်နော်..ဆက်လုပ်..။
ခင်မင်စွာဖြင့်
မောင်အိုး

mgphonemyint said...

happy B day ပါဗျာ...။

သိင်္ဂါကျော် said...

Happy Birthday!!

Not just a year older, but a year better.
Best wishes on your birthday and throughout the coming year.

PhotoVigor said...

Happy birthday!!

sosegado said...

Happy Birthday
သက်တော်ရာကျော်ရှည်ပါစေ။

ရွှေရတုမှတ်တမ်း said...

အဟီး...ကိုအောင်ရေ..
ကျနော်လဲ ငယ်ပါသေးတယ်ဆိုပြီး..
အသက်က ၅၀ ကျော်လာတာပဲ...
မွေးနေ့မှာ..ရွှင်လန်းချမ်းမြေ့ပါစေဗျာ...

YoungGun said...

ဘတ်ဒေးအမီ ပြေးလာသည်ပေါ့။ ဘတ်ဒေး ဆုတောင်းဖို့ မေ့သွားအောင်ကို ဒီပို့စ်ထဲက ကဗျာနဲ့ အရေးအသားတချို့က ဆွဲဆောင်သွားတယ် အထူးသဖြင့် တောက်တယ်ကျင်း အယူအဆတွေပေါ့။ ထာဝရဘုရားနဲ့ မာရ်နတ်နဲ့ကတော့ လူရဲ့ စိတ်ထဲမှာသာ တည်ရှိတဲ့အရာတွေလို့ ယူဆပါတယ်။ မွေးနေ့မှသည်..ဘာညာ..မရေးတော့ပါဘူး။ လူပီပီသသနဲ့ လူသားဆန်ဆန် ဆက်လက် ဖြတ်သန်းနိုင်ပါစေလို့ ညီငယ်က မျှော်လင့်လိုက်ပါတယ်။

Zaw Myo Lwin said...

Maj i år være din bedste nogensinde. Jeg håber, at alle dine fødselsdag drømme og ønsker går i opfyldelse. Ikke bare et år ældre, men et år bedre. ...

Zaw Myo Lwin said...

May this year be your best ever. I hope all your birthday dreams and wishes come true. Not just a year older, but a year better. ...

မြစ်ကျိုးအင်း said...

Happy Birthday ပါ ကိုအောင်ရေ
ပျော်ရွှင်ဖွယ်ရာမွေးနေ့လေး ဖြစ်ပါစေဗျာ။
ဘဝရဲ့ သာယာပျော်ရွှင်မှုတွေကိုလည်း မိသားစုနဲ့ အချိန်အကြာကြီး ခံစားနိင်ပါစေဗျာ။

Anonymous said...

Tillykke med fødselsdagen


ခင်မင်စွာဖြင့်
seesein

ဆောင်းနှင်းရွက် said...

happy birthday ပါ ဦးအောင် ....
မွေနေ့ မှသည် နေ့ရက်တိုင်း ပျော်ရွှင်နိုင်ပါစေ ...

MoeThwayNge said...

မွေးနေ့ နောက်ကျမှ ရောက်လာရတာ ခွင့်လွတ်ပါဗျာ။ဘောလုံး ကိုက်နေလို့ ဗျို့..ဟဟဟ။
မွေးနေ့ ပြီးမှသည် အရာရာမှာ အဆင်ပြေစွာ ဖြတ်ကျော်နိုင်ပြီး -ဘဝမှာ အေးချမ်းပျော်ရွှင်စွာ ဖြင့် ပြီးပြည့်စုံပါစေ ဘရားသား။

Moe Cho Thinn said...

အမက ၇၃ နှစ် မှတ်လို့..
၇၃ ထက်စာရင်တော့ ငယ်သေးတာပဲ..။ :D

Happy Birthday!

shwekhaing said...

Happy Birthday !! မောင်လေး :D
တို့မောင်လေးနဲ့ အရွယ်တူပဲ

Anonymous said...

same as my birthday I am 25 @17, JUN, 2010

Anonymous said...

same as my birthday I m 25


Nway

မောင်မိုး said...

ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ ကိုအောင်ရေ...ကိုအောင်တောင် ငယ်သေးတာပဲ။ ကျနော်တို့ဆို သွားတောင် မပေါက်ချင်သေးဘူး။ နောင်နှစ်ပေါင်းများစွာတိုင်အောင် ဘ၀ကို ကြည်လင်အေးချမ်းစွာနဲ့ လျှောက်လှမ်းနိုင်ပါစေခင်ဗျာ။

ဆောင်း said...

အသက် -၃နစ် ပြည့် မွေးနေ့ အတွက် လိုရာဆန်ဒ ပြည့်ပါစေ

ကိုအောင်စာထဲမှာ အသက်၄၀မှဘ၀စတယ် ဆိုလို့ 

Nge Naing said...

ကိုအောင်ရေ မွေးနေ့အနှစ်တရာ တိုင်အောင် ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းရပါစေ။ ဆောရီးပဲ ကိုအောင်ရေ ဘလော့ဂ်မှာ မွေးနေ့ပို့စ်တင်မှန်းလုံးဝ မသိလိုက်ဘူး။ Facebook မှာပဲ သွားပြီး ဆုတောင်းဖြစ်တယ်။ စာမေးပွဲတွေနဲ့ အလုပ်ရှုပ်နေလို့ အခုမှ ဘလော့ဂ်လည်ဖြစ်တယ်။

မယ့်ကိုး said...

Happy Birthday !!! ရာသက်ပန် စာကောင်းတွေ စောင့်ဖတ်ပါဦးမယ် =)

T2A said...

ံHappy Birthday !!! ပါကိုအောင်ရေ ။ အောင်မြင်မှုတွေဆင့်ကာဆင့်ကာ ရရှိပါစေလို. ဆုတောင်းပါတယ် ။
ကျွန်တော်ကတော့ အသက် ၃၀ ကျော်သွားပြီးကတည်းက ကိုယ့်အသက်ကို ၁၀ ကျော်သက်လို.ပဲ အောက်မေ့တော့တယ် ။ ၂၀ ကို ၁၀ ကျော်လာတာကိုပြောတာလေ။

စုချစ် said...

Happy Belated Birthday ...
ကိုအောင်ရေ...ဆုတောင်းလေးနောက်ကျသွားတယ်...
ဘလော့မှာ ကာတွန်းလေးဆွဲပေးထားတယ်...
ပျော်ရွှင်ပါစေ...
စုချစ်