ဟိုရေး ဒီရေး အဆင့်ကနေ စိတ်ကူးတည့်ရာ ဇာတ်လမ်းလေး
တွေ ကြိုးစားပြီး ရေးနေသူ တစ်ဦးပါ။

ယခုအခါ ကျနော်ရေးသားခဲ့သော “လမ်းကြားသရဲ” ပို့စ်
အပါအ၀င် ပို့စ်တော်တော်များများဟာ ဖော်ဝပ်မေးနဲ့ အင်တာနက်
ပေါ်တွင် လျှောက်ဖြန့်ဝေသူများကြောင့် စိတ်အနှောက်အယှက်ဖြစ်
စရာများ တွေ့လာရပါတယ်။ ကျနော့်စာမျက်နှာပေါ်က စာကို COPY
လုပ်ပြီး လျှောက်ဖြန့်ဝေသူများတဆင့် အင်တာနက်ပေါ်တွင် ကိုယ်ပိုင်
စာမျက်နှာ ရှိသော ဘလော့တချို့၊ wordpress တချို့တို့တွင် ကျနော်
ရေးသားခဲ့သော ပို့စ်များကို ဖော်ပြထားကြပါတယ်။ တချို့လည်း
ကျနော့်စာမျက်နှာမှ ရရှိကြောင်း Credit ပေးထားပါတယ်။ တချို့
လည်း ဖော်ဝပ်မေးလ်မှ ရရှိကြောင်း ဖော်ပြထားပါတယ်။
တချို့လည်း သူတို့ကိုယ်ပိုင် ရေးထားချင်ယောင် ဆောင်ပြီး ခပ်
တည်တည်နဲ့ တင်ထားသူများရှိပါတယ်။
ဥပမာ ….
- နတ်သဘင် (လမ်းကြားသရဲ)
- ချစ်သူ (လမ်းကြားသရဲ)
- MTU Online Studentz (လမ်းကြားသရဲ)
- myanmarchatonline.org (လမ်းကြားသရဲ)
- ဇော်ဖြိုးဝေ (လမ်းကြားသရဲ)
အဲဒီတော့ စာဆက်ရေးဖို့တောင် တော်တော်လေး စိတ်ပျက်
မိပါတယ်။ ဘလော့ပေါ်မှာ ၀ါသနာပါရာ စိတ်ကူးတည့်ရာ
လေးတွေ ရေးရတယ်ဆိုပေမဲ့ လွယ်လွယ်ကူကူတော့ မဟုတ်
ပါ။ ဘလော့ရေးလို့ စားဝတ်နေရေးအတွက် ပိုက်ဆံရတာ
မဟုတ်ပါဘူး။ စားဝတ်နေရေးအတွက်လည်း ဘလော့ဂါတိုင်း
သူ့အတိုင်းအတာနဲ့သူ၊ သူ့အနေအထားနဲ့သူ ရပ်တည်
နေရပါတယ်။
အဲဒီတော့ ရှေ့ဆက်ပြီး ဖော်ဝပ်မေးလ်အန္တရာယ်ကို ဘယ်လို
ကာကွယ်ရမလဲ။ တချို့ ဖော်ဝပ်မေးလ်သမားတွေက
အင်တာနက်ပေါ်မှာ အချိန်သိပ်မပေးနိုင်တဲ့ သူငယ်ချင်းတွေ
ရင်းနှီးသူတွေကို စိတ်ပြေလက်ပျောက် သိစေချင်လို့ ရိုးရိုး
သားသားနဲ့ ဖြန့်ဝေတဲ့ သူလည်း ရှိနိုင်ပါတယ်။ သို့ပေမဲ့
စာတစ်ပုဒ်ဖြစ်လာဖို့ ကြိုးစားထားရတဲ့ သူတွေဖက်ကိုလည်း
စဉ်းစားကြည့်ပါအုံး။ စာရေးတဲ့သူဟာ ဘယ်သူပါ၊ ဘယ်သူ့
စာမျက်နှာကနေ ထပ်ဆင့်ကူးယူဖော်ပြထားပါတယ် လို့တော့
လုပ်ပေးသင့်ပါတယ်။ ဒီလိုမျိုးကြပြန်တော့လည်း ထပ်ဆင့်
ဖော်ပြတဲ့သူတွေက မသိချင်ယောင် ဆောင်နေရင် မခက်
ဘူးလား။
အဲဒီတော့ ရှေ့ဆက်ပြီး ကျနော်တော့ ဒီလိုစဉ်းစားမိတယ်။
PDF ဖိုင်လုပ်ပြီး တင်ရင်လည်း ကူးချင်တဲ့ လူက ကူးလို့
ရသေးတယ်။ Photos လုပ်ပြီး PDF ဖိုင်ကို Scribd ကနေ
တင်မယ်ဗျာ။ စာလာဖတ်တဲ့သူတွေဖက်က အင်တာနက်
နှုန်း အရမ်းနှေးလို့ ဖတ်မရတာ။ ကျနော့်စာမျက်နှာမှာ
Scribd ဖိုင်တွေ အရမ်းများလာလို့ ဖွင့်ရတာ အရမ်းကြာတဲ့
ပြဿနာတွေ ကြုံလာရမယ်။ မတက်နိုင်ပါ၊ ဒီနည်း အကောင်း
ဆုံးလို့ နည်းပညာပိုင်း မကျွမ်းကျင်တဲ့ ကျနော်အနေနဲ့တော့
ထင်ပါတယ်။ အခုလက်ရှိ ရေးလက်စ “နှောင်ကြိုးမိသူ”
နောက်ဆုံးပိုင်းကိုလည်း ဒီနည်းနဲ့ပဲ တင်ရတော့မယ်။
နောင် ဇာတ်လမ်းတွဲတွေ ရေးဖြစ်ရင်လည်း ဒီလိုပဲ လုပ်ရ
မလို့ ဖြစ်နေပြီဗျာ။
ကျနော့်စာမျက်နှာမှာ စာလာဖတ်ကြတဲ့ မိတ်ဆွေ အပေါင်း
အသင်းများ၊ စာဖတ်သူများအနေနဲ့ ထင်မြင်ယူဆချက်များ
ရှိရင် အကြံပြုကြပါအုံးဗျာ ….။
-စစ်ငြိမ်းဒီရေ
24 comments:
ကိုအောင်ရေ...ယူချင်တဲ့သူကတော့ သံခြာခုနစ်ထပ်ကာလဲ..ယူမှာပဲ ..သဗ္ဗေသတ္တာ ကမ္မသကာလို့သာ အောက်မေ့လိုက်ပါတော့
Good idea
စာကိုကော်ပီကူးလို့မရအောင်လုပ်ထားပါလား၊
တချို့ဘလော့က စာသားတွေပေါ်မှာ cursor ချလို့ မရအောင်လုပ်ထားတာမြင်ဖူးတယ်။ ဘယ်လိုလုပ်တယ်တော့မသိဘူး၊
ကိုအောင်. .
ကျနော်လည်း အရင်က ဒီအချိန် နှပ်နေချိန်မှာ အခုမှ ပြန်ရောက်တယ်။ ပညာ လိုချင်တာလေး တစ်ခုကြောင့် အလုပ်ကိုပါ ပြောင်းလိုက်မိတယ်။ အခု စက်လေး ဖွင့်ဖွင့်ချင်း ကိုအောင် စာအပေါ်ဆုံးမှာ ရောက်နေလို့ လာဖတ်ပြီး စိတ်မကောင်းလို့ ရေမချိုးပဲ ရေးလိုက်ပါတယ်။
ဒီလို ခံစားရတာကတော့ ကျနော်တို့ အားလုံး တကယ်ကို ကြာပါပြီ။
ဒီအတွက် လုပ်နည်းတွေတော့ ရှိပါတယ်။
ဘယ်လို လုပ်လုပ် ကူးတတ်ရင်လည်း ရပြန်ရော။
နောက်ဆုံး ဘယ်လိုမှ ကူးမရတဲ့ နည်းကတော့ pdf ဖိုင်လုပ် ၊ ဒါကို jpeg ပြောင်းပြီး Slide အနေနဲ့ တင်လိုက်ရင်တော့ ဘယ်လိုမှ ကူးလို့ မရတော့ပါဘူး။
အားရင် သေချာ ပြောပြချင်ပါတယ်ဗျာ။
zaw357@gmail.com ကို မေးလ်ပို့ပေးပါလား။
ကျနော် လိုင်းပေါ်မှာ တတ်ထားတတ်တဲ့ မေးလ်နဲ့ ပြန် Add လိုက်ပါ့မယ်။ zaw357@gmail.com ကတော့ လူတွေ များနေလို့ပါ။ သူအား ၊ ကိုယ်အား နှစ်ယောက် အားတဲ့ အချိန် ပြောကြတာပေါ့ဗျာ။
အဆင်ပြေပါစေ။
ကိုဇော်
ကိုအောင်ရေ
ကျနော်တို့ အနေနဲ့ တော့ scribd က ဖတ်ရတာ မလွယ်ပါဘူး လိုင်းကောင်းတဲ့ အချိန်ဖတ်ရင်တော့ ရပါတယ် ကိုအောင် သဘောပါ အဆင်ပြေသလို စီစဉ်ပါ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
Scribd နဲ့တင်ရင် အရမ်းကြာမယ်ထင်တယ်။ ကိုဇော်ပြောသလို JPEG နဲ့ တင်လိုက်ပါလား။ အဲဒါတောင်မှ ခိုးချင်တဲ့ကောင်က ခိုးမယ်ဆိုလည်းခိုးပါစေတော့ဗျာ။ လမ်းကြားသရဲကို နေရာတော်တော်များများမှာ တွေ့နေတာ ကြာပြီ၊ ကာယကံရှင်က ဘာမှ မပြောလို့ စောင့်ကြည့်နေတာဗျ။ ကျနော်တောင် ပို့စ်တစ်ပုဒ်ရေးဖူးတယ်။ Ning မှာ ဒီလိုကော်ပီခိုးတဲ့ကောင်တွေများတယ်ဗျာ။
http://blogger-mgmoe.blogspot.com/2010/04/ning.html အဲဒီမှာဖတ်ကြည့်ဗျာ။ ပြောနေရင်းနဲ့တောင် ခိုးနေကြတယ်။
www.chitthu.com က ဒီလို့ ပို့ စ် အတွက် တာဝန်ရှိပါတယ်။ သက်ဆိုင်သူ ကလည်း ချက်ခြင်းဖျက်ပေးပြီး တောင်းပန် အကြောင်းကြားပြီး ပါပြီ။ forward mail ပြဿနာကြောင့်ဒီလို ဖြစ်ရတာပါ။ ချစ်သူ`၏ပြငှာန်းချက်များတွင် လည်း copy ဖော်ပြလျှင် credit ပေးဖို့ အတိအလင်းကြေငြာထားပါတယ်။ ဒီတစ်ခါ ကလည်း ကိုယ်တိုင်ရေးသလို မျိုး တင်တာမဟုတ်ဘူး ဆို တာ ချစ်သူ member များသိကြပြီး ဖြစ်မယ်ထင်လို့ တင်သူ က အီးမေးလ် က ရကြောင်း မထည့်မိတာဖြစ်ပါတယ်။ ချစ်သူ ကို အကြောင်းကြား လာသည့်အတွက် ချစ်သူ Admin အဖွဲ့ မှ ကျေးဇူးတင်ပါသည်။
လေးစားလျှက်
CMSN
ဘာမှ မရေးနဲ့တော့ ကိုအောင် ဒိထက်ကောင်းတဲ့ အကြံ ရှိသေးလား ဗြဲ :))))
မအယ်
အကြံပေးရရင်တော့ cursor ချမရ အောင် ကော်ပီ လုပ်လို့မရအောင် လုပ်ထားလိုက်ပါ။ ပီးတော့ စာတစ်ပိုဒ်နှစ်ပိုဒ်လောက်ရေးပီး၇င် ဘလော့ URL http://pyustate.com ဆိုတာကို ထည့်ကြည့်ပါလား။ select လုပ်တဲ့လူတွေက drag ဆွဲရင် အစ်ကို့ဆိုဒ်နာမည်လဲပါသွားမှာပဲလေ။ စာတစ်ပုဒ်ကို အထဲမှာ ၃။၎ ခါလောက် ထည့် လိုက်ပေါ့ စာပိုဒ်တွေအောက်မှာ။ ပီးတော့ အန်တီရွှေဇင်ဦး ဘလော့လို cool/ interesting/ funny/ အဲလို tab လေးတွေရွေးလို့ရရင်ကောင်းမယ် ။ ကိုတီဇက်အေ ဘလော့တောင် အခုလုပ်ထားတယ်။ သာမာန်ကော်မန့်မပေးဖြစ်တောင် အဲလို tab လေးတွေကိုရွေးသွားရတာကောင်းတယ်။ အကြံပေးကြည့်တာပါ။ ဟို နှောင်ကြိုးမိသူကိုလဲ အဆက်လေးမြန်မြန်တင်ပေးပါနော်။ စောင့်ရတာကြာနေပီ။
ကျေးဇူးပါရှင့်။
sy ရေ
နှောင်ကြိုးမိသူ အပိုင်း(၇) တင်ထားတာ နှစ်ရက်ပဲ
ရှိသေးတယ် ...း)
အခု Cursor ချလို့မရအောင် လုပ်ထားတယ်မဟုတ်ဘူးလား.... :D
စာတွေ ပုံတွေ ကော်ပီကူးလို့မရအောင် ကုတ်ထည့်တာရှိတယ်။ ကလူသစ်က အသုံးမလိုလို့ မေ့မေ့ပျောက်ပျောက်ထားတာ။ အင်တာနက်ထဲမှာ အားရင် ပြန်ရှာပေးမယ်။ အိုင်တီသမားတယောက်ယောက်ကို မေးကြည့်ပါလား။
ဒီလိုပဲဖြစ်တတ်ပါတယ် အစ်ကိုရေ့ ဘာမှခံစားမနေနဲ့ ရှက်တတ်တဲ့သူဆိုရင်တော့ ဒါက ကိုယ့်ပါသာကို သတ်သေဖို့သာကောင်းတော့တဲ့ အဖြစ်ပေါ့ ။အဲ့တော့ ကိုယ်က ဖန်တီးသူပဲ သဘောထားကြီး၂နဲ့ ထားလိုက်ပါလို့ ကျနော်ကတော့ အကြံပြုချင်တာပဲ ဒီကိစ္စနဲ့ စာဆက်ရေးဖို့ စိတ်ပျက်မိတယ်ဆိုရင်တော့ အစ်ကို့ကို တင်းပုကြီင်္းနဲ့ လာထုမှား) ဟဟား ချီးယား ဆက်လက်ချီတက်ပါ နောက်ဆုံးတော့ အရာအားလုံးဟာ ဆရာကြီးမင်းသိခံင်္ပြောသလို ပြီးတော့လည်း ပြီးသွားတာပါပဲ ။
စာဆက်ရေးပါ ခိုးတဲ့သူက မခိုးရင် မနေနိုင်ကလွဲလို့ပေါ့နော့် ဟီး ဆဲခံထိတော့မယ် ။
ဟုတ်တယ် တစ်ချို့ဘလော့တွေမှာ ကော်ပီကူးလို့မရဘူး. select လုပ်လို့မရဘူး. ။
အဲဒီဝတ္ထုကို Forward Email ထဲကနေ ဖတ်ဖူးတယ်ဗျ ။ မူလဖန်တီးရှင်ရဲ. ခွင့်ပြုချက်ကိုတော့ တောင်းခံသင့်တယ်ဗျာ ။ ခုလိုလုပ်တာမျိုးကတော့ ခိုးကူးသလိုဖြစ်နေတာပေါ့။ အသိတရားနဲ.ဆိုင်တဲ့ Rule တစ်ခုကို ကျူးလွန်ကြတာပေါ့ဗျာ ။ Copy Right ဆိုတာကို နားမလည်ရာရောက်တာပေါ့ ။
ွှအဲဒီလိုမျိုး ဖော်ဝတ် ထဲကနေ ဝတ္တုတွေ ရောက်ရောက်လာတာ ကြာပြီးအကိုရေ။ကျွန်တော်တို့က မှုရင်းကို ဖတ်ထားဘူးသားဆိုတော့ ဘယ်သူကရေးတယ်ဆိုတာ သိနေတယ်။ဒါပေမယ့် ရေးသူနာမည် မပါလာဘူး။ ကျွန်တော်သူငယ်ချင်းပြည်တွင်း ကတယောက်လည်း ခဏခဏ သူပိုစ်တွေ အခိုးခ့ရတယ် သူနာမည်မပါပဲ သူမေးကိုပြန် ရောက်ရောကင်လာတယ်။ခုတော့ ကော်ပီမပေးတော့ပါဘူး။လိုချင်ရင် မေးကနေတောင်းပေါ့ ။
တကယ်လို့ အဲလို ကော်ပီမပေးတာ လုပ်ချင်တယ်။ ပုံတွေကအစ ကော်ပီမပေးချင်ဘူးဆို ကျွန်တော်ကို ပြော အကို ကျွန်တော်ပြောပြပေးနိုင်ပါတယ် ။ လုပ်နည်းလေးက အရမ်းလွယ်ကူ ရိုးရှင်းပါတယ်။
ဒီအထဲမှာ မဖော်ပြပေးတာက ကုဒ်ထည့်ရတာ လိုအပ်နေမှာအတွက်ကြောင့်ပါ။
အရင်တခါလည်း ကိုလင်းဦး ပိုစ် တခု ning ကခိုးထားတာကို တွေ့တယ်။နောက် သူခိုးကပဲ လူကိုပြန်ဟစ်နေသေးတယ်ဗျို့။
အဆင်ပြေပါစေ။
ခင်မင်စွာဖြင့်။
Forward mail ကြောင့် လမ်းကြားသရဲကို ဖတ်မိပြီး .. သူငယ်ချင်းတယောက်က google ကနေရှာပြီး ပြောလို့ အခု ဒီ pyustate.com link ကို စ သိတာပါ .. ကျမဖတ်မိတဲ့ Forward mail မှာလဲ ရေးတဲ့လူနံမည် မပါပါဘူး ..
Forward mail တွေကတော့ အဲဒီလိုပဲ လာတတ်ပါတယ် .. တချို့လဲ ရေးတဲ့လူနံမည်ပါပြီး တချို့ဟာမှာလဲ မပါဘူး .. Forward mail ထက်ဆိုးတာက blog ပေါ်မှာ ကိုယ်ရေးသလို လုပ်တဲ့သူတွေပေါ့ .. တော်တော်ဆိုးပါတယ် .. အရှက်မရှိကြဘူး .. အခု နှောင်ကြိုးမိသူ ဖတ်မိပြီး ဇာတ်သိမ်းကို စောင့်နေပါတယ် .. စာရေးကောင်းတယ် .. နေ့ခင်း ဖတ်တာတောင် ကြက်သီးထတယ် .. Scribd လုပ်ထားတဲ့ file က သိပ် ဖတ်လို့ မကောင်းပါဘူး .. ဒီတိုင်းကောင်းပါတယ် ..

တကယ်တော့ နှောင်ကြိုးရဲ့ မူပိုင်ရှင်ဟာ ကိုအောင် ဖြစ်ကြောင်း အားလုံးသိနေတာပဲ။
တခြားကယူပြီး တင်တယ်ဆိုတာလည်း ကိုအောင်ရေးတဲ့စာက ကောင်းလို့၊ ကိုအောင်ရေးတဲ့ စာကို ကြိုက်လို့ ပြန်ယူတင်ကြတာပါ။ အဲဒီအတွက် ဂုဏ်ယူဖို့တောင် ကောင်းပါသေးတယ်။
ကျနော်ကတော့ ရေးထားသမျှတွေကို စုပြီးမှ pdf နဲ့ စာအုပ်လုပ်ပြီးမှ scribd မှာတင်လိုက်တယ်။ ပြချင်တယ်ဆိုရင် အထောက်အထားတခုတော့ ရတာပေါ့...
;D
Post a Comment