Wednesday, 9 June 2010

နှောင်ကြိုးမိသူ (အပိုင်း- ၇)

ရေးသူ- စစ်ငြိမ်းဒီရေ

(ထိတ်လန့်ကြောက်ရွံ့တတ်သူများ၊ ငယ်ရွယ်သူများနှင့် ကိုယ်ဝန်
ဆောင်မိခင်များ လုံးဝ မဖတ်ရူရန် မေတ္တာရပ်ခံအပ်ပါသည်။)

ယခင်အပိုင်း(၆)မှ အဆက် ….

(နှင်းနှင်း) ဘာတွေ မက်သလဲ ၀ါဆို …။

(၀ါဆိုဦး) အိမ်မက်ထဲမှာ အိမ်အပေါ်ထပ်က ၀ရန်တာမှာ
တစ်ယောက်တည်း ထိုင်နေတယ်။ ဟိုးအရင် ခဏခဏမက်
နေကြ အိမ်မက်ထဲကလို ၀ါဆို မြင်ဖူးနေတဲ့ လူငါးယောက်
အိမ်ပေါ်ကို တက်လာကြတယ်။ မိန်းမကြီးနှစ်ယောက်က ၀ါဆို့
နံဘေးမှာ၊ ယောက်ျားကြီး သုံးယောက်က ၀ါဆို့ရဲ့ ရှေ့နဲ့
နောက်မှာ ညှပ်ပြီး အိမ်ကနေ ခေါ်သွားကြတယ်၊ အဲဒီနောက်
ကိုမင်းလွင်အိမ်ရှေ့ကို ရောက်သွားတယ်၊ ကိုမင်းလွင်လည်း
ဝါဆိုနဲ့အတူ ပါလာတယ်၊ အဝေးကြီးကို ခေါ်သွားကြတာ၊ လယ်
ကွင်းတွေ တောအုပ်တွေ တစ်ခုပြီး တစ်ခု ဖြတ်သွားလိုက်တာ
ရုတ်တရက် ရှေ့ခပ်လှမ်းလှမ်းမှာ ရေတံခွန်ကြီးတစ်ခု ဘွားကနဲ
မြင်လိုက်ရတယ်၊ ရေတံခွန်နဲ့ မလှမ်းမကမ်းမှာ စေတီတစ်ဆူ
ကို လှမ်းမြင်နေရတယ်၊ ၀ါဆို့စိတ်ထဲမှာ ဒီနေရာနဲ့ ၀ါဆို ရင်းနှီး
နေသလိုပဲ၊ အဲဒီအချိန်မှာ ၀ါဆို့လက်တစ်ဖက်ကို တစ်ယောက်
ယောက်က ရုတ်တရက်စောင့်ဆွဲပြီး ခေါ်သွားတယ်၊ ၀ါဆို့ကို
အိမ်ကနေ ခေါ်လာတဲ့ လူတွေကို လှမ်းကြည့်လိုက်တော့ ကိုမင်းလွင်
နဲ့ ၀ါဆို့အရွယ် မိန်းကလေး တစ်ယောက် သူတို့နဲ့အတူ
ပါသွားကြတာကို မြင်လိုက်ရတယ် ….။



(အငယ်လေး) ၀ါဆို့ကို လမ်းမှာ တစ်ယောက်ယောက်က
ကြားကနေ ခေါ်ထုတ်သွားတာလား …။

(မော်ကြီး) လုပ်ပြီး၊ ဟိုက ပြောတာကို အဆုံးထိ နားထောင်
ပါအုံး အငယ်မရယ် …။

(၀ါဆိုဦး) ဟုတ်တယ် …၊ အဲဒီ ရေတံခွန်ကို မရောက်ခင် လမ်း
မှာ တစ်ယောက်ယောက်က ကြားဖြတ်ပြီး ခေါ်သွားတာ၊ ၀ါဆို
လည်း သူ့နောက်ကို ဒရွတ်တိုက် ပါသွားတယ်၊ နောက်တော့
ဇရပ်လိုလို အိမ်အပျက်ကြီးတစ်ခုလိုလို တနေရာကို ရောက်
သွားတယ်၊ အဲဒီတော့မှ ၀ါဆို့ကို ခေါ်လာတဲ့လူကို ကြည့်လိုက်
တော့ အဲဒီလူက အရူးကြီးတစ်ယောက်၊ သူ့ခေါင်းမှာ ကြိုးတွေ
လည်း ပတ်ထားတယ်၊ ယက်တောင်ကြီးတစ်ခုကို နောက်မှ
ထိုးထားတယ်၊ အဲဒီအရူးကြီးကိုလည်း ၀ါဆို့ စိတ်ထဲမှာ မြင်ဖူး
နေသလိုပဲ၊ ၀ါဆို့ကို ကြမ်းပြင်ပေါ်မှာ တင်ပလ္လင်ခွေ ထိုင်ခိုင်း
တယ်၊ အရူးကြီးက ကျောက်ပြင်တစ်ခုပေါ်မှာ နံ့သာဖြူတွေ
နံ့သာနီတွေကို သွေးပြီး ၀ါဆို့မျက်နှာပေါ်မှာ လိမ်းပေးတယ်၊
သူ လိမ်းပေးတဲ့ ပုံစံက သနပ်ခါးလိမ်းပေးတာနဲ့ မတူဘူး၊
မျက်နှာပေါ်မှာ တစ်ခုခုကို ရေးခြစ်သလိုလို စာရေးသလိုလို
လိမ်းပေးတာ၊ အဲဒီနောက် ၀ါဆို့ကို ခုနက တွေ့လိုက်ရတဲ့
ရေတံခွန်ဖက်ကို ပြန်ခေါ်လာတယ်၊ ၀ါဆို့က အဲဒီအရူးကြီး
ကို … “ကျမကို ဘယ်ခေါ်သွားမလို့လဲ” လို့ မေးလိုက်တော့
အရူးကြီးက … “အရင်ဘ၀ဟောင်းကို ပြမလို့” … လို့
ပြန်ပြောတယ်၊ ၀ါဆို့ ခြေထောက်တွေ အောက်က မြေကြီး
နဲ့ လွတ်နေသလိုပဲ၊ အဲဒီအချိန်မှာ အသံတွေ ကြားရလို့
လှမ်းကြည့်လိုက်တော့ ရုပ်ရှင်ထဲကလို စစ်ဝတ်စုံဝတ်ထားတဲ့
စစ်သားတွေနဲ့ အထမ်းသမားတွေ အုပ်စုလိုက် အဲဒီရေတံခွန်
ဖက်ဆီ ဦးတည်ပြီး သွားနေကြတယ်၊ သူတို့အားလုံးဟာ ရပ်
ကြည့်နေတဲ့ ၀ါဆိုတို့နှစ်ယောက်ကို လုံးဝ မမြင်သလိုပဲ။

စစ်ဝတ်စုံ ၀တ်ထားတဲ့ သူတွေအားလုံးက ဂျပန်စစ်သားတွေ
ပဲ၊ သူတို့ထဲက အသက်ငယ်ငယ် ရုပ်ချောချော ဂျပန်စစ်ဗိုလ်
လေး တစ်ယောက်နဲ့ ပစ္စည်းတွေ ထမ်းလာတဲ့ မိန်းကလေး
တစ်ယောက်က အရမ်းကို ရင်းရင်းနှီးနှီး စကားတွေ ပြောနေ
ကြတယ်၊ သူတို့နှစ်ယောက်ကို ၀ါဆို မြင်လိုက်တော့ အရမ်း
အံအားသင့်သွားတာ၊ အဲဒီ ဂျပန်စစ်ဗိုလ်လေးက ကိုမင်းလွင်
ဖြစ်နေပြီး ပစ္စည်းတွေ မနိုင်မနင်းနဲ့ ထမ်းလာတဲ့ မိန်းကလေး
က ၀ါဆို ဖြစ်နေတယ်။

ရေတံခွန်နားက စေတီနံဘေးမှာ ဂျပန်စစ်သားတွေ စခန်းချ
နေကြတယ်၊ အထမ်းသမားတွေ စခန်းနံဘေးနား ရောက်တော့
ဂျပန်စခန်းထဲကနေ လင်မယားနှစ်ယောက် ထွက်လာပြီး
ပစ္စည်းတွေ မနိုင်မနင်းနဲ့ ထမ်းလာတဲ့ မိန်းကလေးဆီ ပြေး
လာကြတယ်၊ ပြေးထွက်ပြီး လာကြိုတဲ့ ထမင်းချက်လင်မယား
က မိန်းကလေးရဲ့ မိဘတွေပါ၊ ရေတံခွန်နံဘေးမှာ သူတို့အားလုံး
နားနေကြတယ်၊ အထမ်းသမားတွေ ထမ်းလာတဲ့ အထုပ်တွေ
ကို တစ်ထုပ်ပြီး တစ်ထုပ် သေတ္တာကြီးတစ်လုံးထဲကို ထည့်
ကြတယ်၊ မိန်းကလေးအလှည့်ရောက်တော့ သေတ္တာထဲ
ထည့်ဖို့အသွားမှာ ခလုတ်တိုက်ပြီး လဲကျသွားတယ်၊ ထမ်း
လာတဲ့ အထုပ်လည်း အောက်ပြုတ်ကျပြီး ပွင့်ထွက်သွားတယ်၊
အထုပ်ထဲက အရောင်တလက်လက် တောက်ပနေတဲ့
ကျောက်သံပတ္တမြားတွေ ရှေးဟောင်း ဗုဒ္ဓဆင်းတုတော်တွေ
ကို အားလုံး မြင်လိုက်ရတယ်၊ ဂျပန်စစ်တပ်ရဲ့ အကြီးအကဲ
ဖြစ်သူဟာ မျက်စိပျက် မျက်နှာပျက် ဖြစ်သွားတယ်၊ ဂျပန်
စစ်ဗိုလ်လေးကတော့ ချော်လဲသွားတဲ့ မိန်းကလေးနံဘေးဆီ
သွားပြီး ကူညီပေးရှာတယ်၊ ပစ္စည်းတွေ အားလုံးကို သေတ္တာထဲ
ထည့်ပြီး ရေတံခွန်နံဘေးက ဂူထဲကို သယ်ဆောင်သွားကြ
တယ်၊ လှိုဏ်ဂူထဲကနေ ပြန်ထွက်လာကြတော့ ဂျပန်အရာရှိ
ကြီးက ဂျပန်စစ်သားတွေကလွှဲရင် ကျန်တဲ့သူ အားလုံးကို
တနေရာမှာ စုပြီး မတ်တပ်ရပ်ခိုင်းထားတယ်။

စစ်တပ်အကြီးအကဲ ဖြစ်သူနဲ့ စစ်ဗိုလ်လေးတို့ စကားတွေ
အပြန်အလှန် ပြောနေကြတယ်၊ တဖြေးဖြေးနဲ့ သူတို့ရဲ့မျက်နှာ
ပေါ်မှာ ဒေါသအရိပ်တွေ လွှမ်းမိုးလာတယ်၊ ဂျပန်အရာရှိကြီးက
သူ့ ရဲဘော်တွေကို လှမ်းပြောလိုက်တယ်။ ဂျပန်စစ်သားမဟုတ်
တဲ့ အထမ်းသမားတွေ၊ ဘာအပြစ်မှ မကျူးလွန်မိတဲ့ စခန်းက
ထမင်းချက်လင်မယားတို့ကို လက်ပြန်ကြိုးတုပ်ဖို့နဲ့ မျက်နှာကို
အ၀တ်စ’ စည်းဖို့။ ထမင်းချက်လင်မယားက သူတို့လင်မယား
သေချင် သေပါစေ သူတို့သမီးလေးကို အသက်ရှင်ခွင့်ပြုဖို့
စစ်ဗိုလ်လေးနဲ့ အရာရှိကြီးကို ထိုင်ရှစ်ခိုးပြီး တောင်းပန်နေကြ
တယ်။ အထမ်းသမားတွေ အားလုံးလည်း ကြေကွဲနေကြတယ်။
စစ်ဗိုလ်လေးက အားလုံးကို ကြိုးမတုပ်ဖို့ စစ်သားတွေဆီ
လှမ်းပြောလိုက်တယ်။ အရာရှိကြီးက ဒေါသတကြီးလေသံနဲ့
ဆက်လုပ်ဖို့ အမိန့်ထပ်ပေးနေတယ်။ စစ်သားတွေအားလုံး
တွေဝေနေကြတယ်။ အရာရှိကြီးက စစ်ဗိုလ်နံဘေးကနေ
အားလုံးဆီ သွားမယ့်အပြုမှာ သူ သွားလို့မရအောင် စစ်ဗိုလ်
လေးက ခြေတစ်လှမ်း လှမ်းပြီး လမ်းပိတ်သလို လုပ်လိုက်
တယ်။ ဒေါသထွက်သွားတဲ့ အရာရှိကြီးဟာ ဓါးအိတ်ထဲက
ကင်ဒိုဓါးကို ရုတ်တရက် ဆွဲထုတ်လိုက်ပြီး သွားလို့မရအောင်
လမ်းပိတ်ထားတဲ့ စစ်ဗိုလ်လေးရဲ့ ခြေထောက်ကို ခုတ်ချ
ပြစ်လိုက်တယ်။

တချို့ဟာ လက်ပြန်ကြိုးတုပ်ပြီးသာ မျက်နှာမှာလည်း အ၀တ်စ’
စည်းပြီးသာ၊ တချို့ကျတော့ လက်ပြန်ကြိုးတုပ်ထားဆဲ မျက်နှာ
မှာ အ၀တ်စ’ မစည်းရသေး၊ နှစ်ဦး … သုံးဦးလောက် ကြိုးလည်း
မတုပ်ရသေး အ၀တ်စလည်း မစည်းရသေး၊ သေနတ်သံတွေ
ထွက်ပေါ်လာတယ်။ သေနတ်သံတွေထဲ နောက်ဆုံး ထွက်ပေါ်
လာတဲ့ သေနတ်သံက အမိန့်ဖီဆန်မှုဖြင့် သေဒဏ်ပေးခြင်းခံရ
သော ညှာတာတတ်သည့် စစ်ဗိုလ်လေး’ရင်ကို ထိမှန်တဲ့အသံ။

ထိတ်လန့်စရာ မြင်ကွင်းတွေ ကြည့်နေတဲ့ ၀ါဆို့ကို နံဘေးမှာ
ရှိတဲ့ အရူးကြီးက …
“ဒါ မင်းရဲ့ အရင်ဘ၀ အဖြစ်အပျက်ပဲ၊ အဲဒီဘ၀ရဲ့ ရှေ့ဘဝ
တွေမှာလည်း အဲလို အဖြစ်အပျက်နဲ့ သိပ်ပြီး မကွဲပြားတဲ့ ပုံစံ
မျိုးတွေ ဖြစ်ခဲ့တာပေါ့၊ ကဲ … အခုလက်ရှိ ဘ၀မှာ အဲလို အဆုံး
မသတ်မိအောင် ကြိုးစားရမယ်၊ အိမ်ကို ပြန်ကြရအောင်၊ မင့်
အဖေနဲ့ သူငယ်ချင်းတွေကိုလည်း ပြောပြလိုက်ပါအုံး သိပ်ပြီး
စိတ်မပူပါနဲ့လို့ … ငါ ပြောသလို သေသေချာချာလုပ်ရင် အချိန်
တန်ရင် ငါ ဆက်သွယ်မယ် … ”
…. အရူးကြီး စကားလည်း ဆုံးရော ၀ါဆို့ပါးစပ်က … ဟုတ်ကဲ့
ရှင့် … ဟုတ်ကဲ့ရှင့် … လို့ ပြောနေရင်းနဲ့ အိမ်မက်ကနေ လန့်
နိုးလာတာ …..


(ဆက်ရန်။)
(နောက်တစ်ပိုင်းတွင် ဇာတ်သိမ်းပါတော့မည်။)

15 comments:

ရွှေရတုမှတ်တမ်း said...

ဂျပန်သိုက်ကိုး....နောက်တခါ ..အင်္ဂလိပ်သိုက် ..
ရေးပါအုန်း..ကိုအောင်ရေ...
ကျနော်ကတော့..အင်္ဂလန်..မှ အင်္ဂလန်ပဲ..

Anonymous said...

ကိုအောင်..ဒါ..တကဲ့အဖြစ်အပျက်လား...
တကဲ့အဖြစ်အပျက်ဆိုရင် အလယ်ဘ၀ကိုမပြဘူးထင်တယ်..အစပျိုးလာတဲ့ဘ၀ကိုပြရမှာ... ဆုတောင်းတာတွေ ..ကျိန်စာတွေပါလာရမယ်ထင်တယ်..

မြန်မြန်ဇာတ်သိမ်းပီး မြန်မြန်တင်ပါ။

Khin said...

Dear Bro!

Thanks for this post.
Hope to read next post soon.


Regards

ZT said...

ဒီတစ်ခါတော့ Horror မဟုတ်တော့ဘူး။ Drama ဖြစ်သွားပြီ။ :)

amayarko said...

ဖတ်လို.ကောင်းလိုက်တာ ။အံဩစရာအဖြစ်အပျက်တွေပဲ။
မျှော်နေတုန်းဖတ်ရလို.ကျေးဇူးပါ ။
နောက်ထပ်အပိုင်းတွေမျှော်နေပါတယ် ။အားတဲ.အခါဆက်ရေးပါအုံးနော်။

Zaw Myo Lwin said...

ပြီးပလားလို့ စက်ပိတ်မအိပ်ခင် အပြေးအလွှား လာဖတ်လိုက်တာ၊ ဆက်ရန်ကျန်သေးသည်ဆိုပါ့လား။ ဟိုက်ရှာလပတ်ရည်!

မြစ်ကျိုးအင်း said...

အထုံ ပါလာတဲ့ သဘောနဲ့ တူတယ်။
ဖြစ်နေကျ အဖြစ်ဆိုးအတိုင်းပဲ အဖန်ဖန် ဖြစ်နေတာမျိုးလို့ ဆိုရမယ်။ ခင်ခင်မင်မင်ပြောရရင်တော့ ဖတ်ရတာ တိုတယ်ဗျး)

မယ်ကိုး said...

ဟုတ်တယ် ။ drama လေးက ရုပ်ရှင်ရိုက်ချင်စရာလေး

SHWE ZIN U said...

ကိုအောင် ရေ

ပိုစ့်လေး အတွက် ကျေးဇူးပါ
သန်ကောင်ယံလွတ်လပ်ရေး စာအုပ်က မရှိသေးပါဘူး ရှာလို့ရရင်တင်ပေးပါမယ်

ကျေးဇူးပါ
ရွှေစင်ဦး

Anonymous said...

http://www.26soeaprilmon.com/2010/06/blog-post_09.html

ကိုအောင်ရေ အဲဒီလင့်ခ်လေးသွားကြည့်အုန်းနော်... အစ်ကို့ရဲ့လမ်းကြားသရဲ့အကြောင်း......။

ကိုအောင်(ပျူနိုင်ငံ) said...

Anonymous ရေ
ကျေးဇူးကမ္ဘာပါ၊ တကယ့်ကို ကျေးဇူးတင်ပါတယ်၊
ကျနော့်ရဲ့ “လမ်းကြားသရဲ” ဇာတ်လမ်းကို ထပ်ဆင့်
ကူးယူဖော်ပြထားတာက အဲဒီတစ်ခုတင်မကဘူး စာမျက်
နှာ လေး ငါးခုမှာ ခွင့်ပြုချက်မတောင်းပဲနဲ့ ဖော်ပြ
ထားတာ၊ တော်တော်ကို စိတ်ပျက်စရာပါပဲ၊ သူတို့ကို
လည်း ဖြေရှင်းချက် တောင်းထားပါတယ်၊ အခုလို
စေတနာနဲ့ တကူးတက လာပြောပေးတာ ကျေးဇူးပါ။

ကိုဇော် said...

ကိုအောင်ရေ. .
ဖတ်ရတာတိုတော့ ဆန့်တငင်ငင် ဖြစ်သွားပေမဲ့. .
အလုပ်ကြောင့် တီးတိုင်းလေးမှာ ဖတ်ပြီး မန့်ရတော့ အတော် ဖြစ်သွားတယ်။
နောက် မမန့် ဖြစ်မှာ စိုးလို့ ကြိုပြောသွားတယ်ဗျာ။
( စာရေးတာပါ နားထားပါတယ်။ )

Anonymous said...

ကိုအောင် ... နောက်ဆုံး ပိုင်း ပြီးတော့ မှ စု ဖတ်တော့မယ် ... အရှေ့ပို့စ်တွေ မေ့ကုန်လို့ ...း)

mie nge

saw said...

စာကူးမှာေုကာက်ရင် print လုပ်ပြီး scan ပြန်ဖတ်တင်ရင်ရော

ဘာပဲ ဖြစ်ဖြစ် ဇာတ်သိမ်းပိုင်းတော့ မြန်မြန်တင်ပေးမယ်
မဟုပ်လား အကိုရေ.....

အဟီး ... စောင့်ရတာုကာပြီး
ဘော်လုံးပွဲးပြီးတဲ့ အထိတော့ မုကာဘူးမို့ လားဟင်.. ?

မေဓာဝီ said...

သူတို့က အတိတ်ဘ၀တွေက အဲဒီလို ဖြစ်ခဲ့ကြတာကိုး။
ဖတ်လို့ကောင်းတယ် ကိုအောင်ရေ။ ဇာတ်သိမ်းခန်း စောင့်မျှော်နေပါတယ်။ ကိုအောင် တဂ်ထားတာ အခုမှ ရေးရင် နောက်ကျနေပြီလားတော့ မသိဘူး။ ရသေးရင်တော့ ရေးပါမယ်။