Sunday, 30 May 2010

ကမ္ဘာ့ဖလားမှာ ဘယ်နိုင်ငံတွေ အောင်ပွဲ ဆင်မလဲ (Tag)

၂၀၁၀ ကမ္ဘာ့ဖလား ခန့်မှန်းချက် ??? ပို့စ်ကို ကျနော့်
စာမျက်နှာမှာ Tag ဂိမ်းတစ်ခုအနေနဲ့ ကျနော်နဲ့ ညီအကို
လိုဖြစ်နေပြီး ပြောမနာ ဆိုမနာ ညီအကိုတချို့ ကို တက်ဂ်
ခဲ့ပါတယ်။ တကယ်တော့ ကျနော်နဲ့ ခင်မင်ရင်းနှီးတဲ့ သူတွေ
က အများကြီးပါ။ ကျနော့်ရဲ့ အားနားတတ်တဲ့ စိတ်ကြောင့်
ကျနော် တက်ဂ် လိုက်ရင် သူတို့တွေ အလုပ် များသွားမလား။
အလုပ် ရှုပ်ကုန်မလား ဆိုပြီး စိုးရိမ်းမှုကြောင့် ရင်းနှီးတဲ့
ဘလော့ဂါ ညီအကို မောင်နှမတချို့ကို မတက်ဂ် (Tag)
ဖြစ်ခဲ့တာပါ။



ကျနော့် Tag ကို စိတ်ဝင်စားပြီး ရေးချင်တဲ့ ဆန္ဒရှိသူတွေကို
ကျနော့်အနေနဲ့ မတက်ဂ် ဖြစ်ခဲ့ရင် ခွင့်လွှတ်ပါလို့ တောင်းပန်
ပါတယ်။ အခုတော့ အမကြီး မခင်ဦးမေက ရဲရဲသာ တက်ဂ်(Tag)
ဂိမ်းဆော့ဖို့ တိုက်တွန်းလာတာကြောင့် ဘလော့ဂါ ညီအကို
မောင်နှမ အတော်များများကို ရေးပေးကြပါလို့ (Tag) လိုက်
ပါတယ်။

ကျနော့် ခန့်မှန်းချက် …

အကြိုဗိုလ်လုပွဲသို့ ရောက်မယ့် နောက်ဆုံးလေးသင်း
အင်္ဂလန်*၊ ဘရာဇီးလ်* ၊ ဂျာမဏီ*၊ စပိန်*

ဗိုလ်ဆွဲမည့်အသင်း ….
ဂျာမဏီ*

တက်ဂ် (Tag) ဂိမ်း ရေးပေးမယ့် ညီအကို မောင်နှမ များ
အနေနဲ့ ကျနော် ရေးခဲ့သလို …
၂၀၁၀ ကမ္ဘာ့ဖလား ခန့်မှန်းချက် ??? ဆိုပြီး အုပ်စု
အဆင့်ကနေ နောက်ဆုံး ဗိုလ်ဆွဲပြီး ဖလားရတဲ့အထိ
ရှည်ရှည် ရေးလည်း ရပါတယ် သို့မဟုတ် …
အကြိုဗိုလ်လုပွဲကို ရောက်နိုင်မယ့် နောက်ဆုံးလေးသင်း
နဲ့ ဗိုလ်ဆွဲမယ့်အသင်း … စသဖြင့် တိုတို ရေးလည်း
ရပါတယ်။

တက်ဂ် (Tag) ဂိမ်းအဖြစ် ရေးပေးပါလို့ ….

ကိုအောင်သာငယ်၊ ကိုသက်ဦးကိုဆောင်းယွန်းလ၊ ကိုသစ်နက်ဆူး၊
ကိုကျော်ဝဏ္ဏ (မမိုးချိုသင်း အမျိုးသား)၊ အကိုကြီး ကိုချစ်ဖေ၊
ကိုငြိမ်းချမ်းအောင်၊ ကိုလူလကိုလူထွေး၊ ကိုအိုးဝေအောင်၊
ကိုမိုး၊ မောင်ဖုန်းမြင့်၊ ကိုဥပသကာ၊ ကိုလင်းဦး (စိတ်ပညာ)
ကိုလင်းထက်၊တေဇာ(လရောင်လမ်း)၊ကိုသားထူး၊
ကိုဇော်မျိုးလွင်၊ ယောနက်သန်၊ ညီမူရာ၊ ဖူးနုသစ်
အစိမ်းရောင်လွင်ပြင်၊ sosegadoမောင်မျိုး တို့နှင့်တကွ
အခြား စိတ်ဝင်စားသော အမျိုးသား ဘလော့ဂါတွေကိုလည်း
တက်ဂ် (Tag) ချင်ပါတယ်။ ကမ္ဘာ့ဖလား ဘောလုံးပွဲ
အပေါ် စိတ်ဝင်စားရင် ခန့်မှန်းချက်များ ရေးပေးကြပါ။
စိတ်မ၀င်စားလို့ သို့မဟုတ် အလုပ်ကိစ္စ အရမ်းများနေလို့
မရေးဖြစ်ရင်လည်း ရပါတယ်။ ပေါ့ပေါ့ပါးပါး ပျော်ပျော်ပါးပါး ပါ။

အမကြီး မခင်ဦးမေ၊ မသက်ဝေ၊ မကေ၊ မမေဓါဝီ၊ ပန်ဒိုရာ၊
ဆောင်း၊ မြတ်နိုး၊ မမိုးချိုသင်း၊ မြန်မာပြည်ကိုလွမ်းသူ၊
မရွှေစင်ဦး၊ မငယ်နိုင်၊ မအယ်ဇီ၊ ဒေါ်ကိကိနှင်းဟေမာန်
စုချစ်သူ မချစ်ကြည်အေး တို့ကိုလည်း တက်ဂ် (Tag) ချင်
ပါတယ်။ ကမ္ဘာ့ဖလား ဘောလုံးပွဲအပေါ် စိတ်ဝင်စားရင် ခန့်မှန်း
ချက်များရေးပေးကြပါ။ စိတ်မ၀င်စားရင် သို့မဟုတ် အလုပ်ကိစ္စ
အရမ်းများနေရင်လည်း အဆင်ပြေသလို လုပ်ပါ။

ဘလော့ဂါ မဟုတ်သော စာဖတ်သူတွေထဲမှ …
မ Mie Nge အပါအ၀င် ခန့်မှန်းချင်သူတွေ ရှိရင် ကျနော့်ရဲ့
လက်ရှိ ဒီပို့စ်မှာ ကော်မန့် လာရေးနိုင်ပါတယ်။ စာဖတ်သူ
များ၏ ခန့်မှန်းချက်များ ဆိုပြီး ပို့စ်တစ်ခုအနေနဲ့ တင်ချင်လို့ပါ။

ဒီ tag ဂိမ်းမှာ ကျနော်တို့ ခန့်မှန်းချက်များ လွှဲချော်ခဲ့ရင်တောင်
ပျော်ရွှင်နိုင်ကြပါစေ။

-ကိုအောင်(ပျူနိုင်ငံ)


46 comments:

pandora said...

နံကြားထောက်ရမယ်ထင်တယ်။ မှန်တဲ့လူကို ဆရာခေါ်ကြေး ဆိုတာမျိုးလား ကိုအောင်..း)

ရွှေရတုမှတ်တမ်း said...

ဟဲ..ဟဲ..ရေးမယ်စိတ်ချ..ကိုအောင်..
အသင်းတွေ အခြေအနေကြည့်နေတုန်း..

လင်းထက် said...

အဲ့ အခုမှ လာကြည့်မိလို့ ကျွန်တော့်ကိုပါ တဂ်တဲ့ အထဲ ထည့်ထားမှန်း ခုမှသိတယ် အလုပ်များနေလို့ ဘယ်အသင်းတွေ ပါတယ်ဆိုတာ တောင်မသိသေးဘူး :P ပြန်လေ့လာပြီး ခန့်မှန်းပေးပါ့မယ် ဒါပေမယ့် ကိုအောင်ခန့်မှန်းတာ နဲ့တော့ သိပ်ပြီး ကွဲလွဲမယ် မထင်ဘူးဗျ..။

Anonymous said...

နေ့လည်က ကွန်မန့်ရေးပြီး အင်တာနက် ပြုတ်သွားလို့
အခု ထပ် မန့်ရတယ် .. အမေရိကန် တွေက သူတို့ အားကစားဘဲ အလေးထားတတ်ကြတာ .. ဘောလုံး ကို သိပ်ပြီး အလေးမထားကြ တော့ ဒီရောက်ပြီးတဲ့နောက် ဘောလုံး အားကစားနဲ့က အလှမ်းဝေးတာ များတယ် .. သူတို့ တီဗီ မှာက လူကြည့်များတဲ့ basic channel မှာဆို အမေရိကန် တွေ ကစားတဲ့ပွဲ မှ ပြတတ်တာများတယ် .. သူများတွေ football လို့ ခေါ်တာကို သူတို့က soccor လို့ ခေါ်တယ်လေ( တလွဲ ) ... အမေရိကန်တွေ ကန်တာ ကြည့်ရင် ပြင်းစရာကောင်းလို့ တခြားပွဲ တွေ ကြည့်ချင်ရင် spanish channel တွေ သွားကြည့်ရတယ် ..ရန်ကုန်မှာ တုန်းကတော့ ထွက်သမျှ ဘောလုံးဂျာနယ်တွေ ဖတ်ဖြစ်လို့ တော်တော်လေး သိဖြစ်တယ်...ဒါပေမယ့် ကမ္ဘာ့ ဖလား ဆိုတော့လည်း လေးနှစ်တခါ တော့ စိတ်ဝင်စားဖြစ်ပါတယ်... အုပ်စုပတ်လည် ကစားတာတွေ မကြည့်ရသေးတော့ ခြေ ဘယ်လိုနေလည်း မသိရသေးဘူး..ဲပီးရင်တော့ ခန့်မှန်းတာပေါ့ .. ဘောလုံးသမား ချောချော လေး တွေ ဆိုရင်တော့ သူတို့ကစားတဲ့အသင်း ပို အားပေးဖြစ်မယ်ထင်ရဲ့ ကိုအောင် ရေ ....း))

mie nge

shwezinu said...

ကိုအောင် ရေ

ရွှေစင်ဦး လေးခေတ်မှီသွားအောင် တက်တာလားဟင်
က - အ ထိလည်း မတက်ရ a to z ထိလည်း မတက်ရ ဆိုတော့ ရှက်ရှက် နဲ့ ကိုယ်ဘာသာ တက်ချင်ရာ တက်ထားတာ

သက်ဆိုင်တာ တခုတော့ ရေးပါမယ်

ကျေးဇူးပါ
ခင်မင်စွာဖြင့်
ရွှေစင်ဦး

khin oo may said...

ဘောလုံးပွဲ တစ်ခါမှ မက်ြည့ဘူးဘူး.ကွိုင်ဘဲ။

khin oo may said...

http://chitkyiaye.blogspot.com/2010/05/blog-post_26.html

ကျမ၊ အိမ်ကလူကြီး နှင့် ကမ္ဘာ့ဖလား ၂၀၁၀

ကိုလည်းဖိတ်ခေါ်ပါလို့အကြံပြုပါရေစေ။

Maung Myo said...

ရေးချင်တယ် မတဂ်တော့ ရေးတော့ဘူး =) ကျနော်ဘယ်သူတုန်း သိလား ။

Nge Naing said...

ကိုအောင်ကလည်း အားကစား တခါမှ မကြည့်တဲ့သူကို အားကစားနဲ့ ပတ်သက်ပြီး လာ tag ထားတယ်။ ငယ်ငယ်ကတော့ ဘောလုံးပွဲကို သိပ်ကြိုက်တယ် အခုတခါမှ မကြည့်တော့ဘူး။ ဒါပေမဲ့ အားကစားသိပ်ကြိုက်တဲ့ အမျိုးသားကို ခန့်မှန်းခိုင်းပြီး လလယ်လောက်မှ ရေးပေးမယ်နော့်။ အခုတော့ မအားလို့ ဘယ်သူ့ဆီကိုမှ မရောက်ဖြစ် ဖြစ်နေတယ်။

သက်ဝေ said...

ကိုယ်ကတော့ ဘရာဇီးပဲ....း))

mgphonemyint said...

အွန့် ... ဘောလုံးပွဲတောင် မီးပျက်လို့ မှန်မှ မကြည့်ရတာ ကြာပေါ့ ..း) ..
နောက်တော့မှ ဂျာနယ်တွေဖတ်ပြီး ဒီထဲ မှာပဲ လာမန့်လိုက်မယ်နော်...း))

Zaw Myo Lwin said...

ဖြစ်ချင်တာနဲ့ ဖြစ်နိုင်တာ တခုကိုပဲ ရွေးပြောရမယ်ဆိုရင် ကမ္ဘာ့ဖလားပွဲမှာ အနိုင်ရဗိုလ်စွဲမယ့်အသင်းက ကျိန်းသေမုချ ဗမာအသင်း ဖြစ်လိမ့်မယ်။ ယခုကာလမှာတော့ မဟုတ်ဘူး။ နောင် အရိမေတ္တယ မြတ်စွာဘုရား ပွင့်တော်မူတဲ့ အခါကျရင်...။ ဗမာနိုင်ပြီ၊ ဒို့ဗမာနိုင်ပြီဆိုတဲ့ သီချင်းကို ပါဋိလို ဆိုစို့...။
ကျေးဇူးတင်ပါတယ်။

မေဓာဝီ said...

ဟိုက် )))
ကျမက ဘောလုံးနဲ့ အတော်ကြီးဝေးတာ ကိုအောင်ရေ ..
ဒါပေမဲ့လည်း ရမ်းသမ်းမှန်းတုတ်ပေးပါမယ်။
ခုတော့ မဟုတ်ဘူး။ ဇွန်လ ၁၅ ရက်နေ့မှ စာမေးပွဲပြီးမှာ။ အဲဒီတော့မှ ရေးပေးမယ်နော်။ အဲဒီအချိန်ဆို ရသေးတယ် မဟုတ်လား။ အားတော့နာတယ်။ :)

ဂျူနို said...

ဖြစ်မှ ဖြစ်ရလေ ကိုအောင်ရေ မအယ်ကိုမှ ဒါမျိုးတဒ်ရလား။
ကမ္ဘာ ဖလားတော့ မခန့်မှန်းတတ်ပါဘူး။ ဘောလုံးအကြောင်း ပြောခိုင်းတာတော့ ရာဇ၀င်အိုး ထုတ်နဲ့ ထိုး ဖြစ်တော့မှာပဲ။ အချိန်ရတာနဲ့ ရေးလိုက်မယ်။

မအယ်

kay said...

ကိုအောင်ရေ..
ကျမ က..ဘောလုံးပွဲ.. လုံးဝ မကြည့် ပါ..။
ဒီ တတဂ် တော့..ဆောရီး နော်..

နောက်တခါ.. ရေးနိုင်တာလေး မှး)

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုအောင်ရေ
အစိမ်းရောင်လွင်ပြင်က ယောက်ျားလေး ဟုတ်ဘူး.. မိန်ခလေးပါရှင်..း)
မိန်းခလေးပေမဲ့ ဘောလုံးလဲဝါသနာပါပါတယ်..
အမြဲလည်း ကြည့်ဖြစ်ပါတယ်..
တဂ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်နော်..
ဒါပေမဲ့ တစ်စုံတစ်ရာသော
အကြောင်းကြောင်းတွေကြောင့်
တဂ်ပိုစ့်တွေမရေးတော့ပါဘူးလို့ ဆုံးဖြတ်ထားပြီး ဖြစ်နေတာကြောင့်
အခုတဂ်ကိုလဲ မရေးဖြစ်မဲ့အကြောင်း ရိုးသားခင်မင်လေးစားစွာ တောင်းပန်ပါတယ်နော်..
နံမည်ကြီးပေမဲ့ ဘယ်တော့မှ ဖိုင်နယ်ကို တက်မလာတတ်တဲ့ စပိန်အသင်းကို ညီမက ဗိုလ်လုပွဲ တက်လာစေချင်ပါတယ်.. ကိုယ်ကြိုက်တဲ့အသင်းလဲဖြစ်တာကြောင့်ပါ..
ပွဲစကန်တဲ့နေ့တွေကျမှ လောင်းကြေးခပ်ကြီးကြီးနဲ့
တစ်ပွဲချင်းလောင်းကြတာပေါ့နော်..း)

Anonymous said...

ဘောပွဲ ဆို ရင် ၀ါသနာ ပါလို့ နော်...
ဝင်ပြီးတော့ ခန့်မှန်းသွားပါတယ် ...

စပိန် . မှ မဟုတ်ရင်

အာဂျင်တီးနား ..

လို့ထင်တာပါပဲ ခင်ဗျာ ...

sosegado said...

ခြေစမ်းပွဲတွေနဲ့ လူးရွေးပွဲတွေ ကြည့်လိုက်ဦးမယ်၊ ပြီးမှလာမယ်

ဆောင်း said...

အဲ့ ပလုပ်တုတ် ကိုအောင်ရေ ရက်စက်ပါ့ ကျူပ်ဘောလုံးပွဲ မကြည့်ဘူးတော့ ဟင့် ဒုက်ခပါဘဲ တော်ကြာမှန်းတာ ဗိုလ်စွဲရင် ဒိုင်တွေ ငတ်ကုန်မှဖြင့်

ဆောင်း said...

သွပ်ခဘဲ အခုတော့ ဘောလုံးပွဲကြည့်ရ တော့မယ် ခက်တာဘဲတော့

ဒီရေ said...

ဟာ... ဘောလုံးပွဲ tag လေးက စည်ကားတယ်ဗျို့.. ကောင်းတယ်ဗျာ.. ကျွန်တော်က ဘောလုံးကို လုံးနေတာပဲ သိတော့ tag မှာ မရေးတော့ဘူးဗျာ.. နံမည်လည်း မပါတော့ ကံက ပိုကောင်းသွားတယ်.. ဟီး.. အခုတော့ ပွဲကြည့် ပရိတ်သတ်ပေါ့.. ဝေးဝေးက ကြည့်မယ်..

အကြိုက်ဆုံးကတော့ အာဂျင်တီးနား နဲ့ အီတလီပါ ပဲဗျာ...

ပျော်ရွှင်အောင်မြင်ပါစေ

ခင်တဲ့
ဒီရေ

အိုးဝေအောင် said...

ကိုအောင်ခင်မြင့်ရေ..ကျနော်က ခင်ဗျားနဲ့ ပြောင်းပြန်။ဘောလုံး ပွဲလောင်းကစား လုပ်ခြင်း ၀ါသနာမပါပါ။ကျနော့်အနေနဲ့ ကြည့်တဲ့အခါ ကိုယ်ကြိုက်တဲ့အသင်းကို အားပေးခြင်း။မကြိုက်တဲ့အသင်းကို ဝေဖန်ပြစ်တင်ခြင်းများသာ လုပ်လေ့ရှိတာမို့  တက်စာ မစားဖြစ်တာခွှင့်လွှတ်ပါဗျာ။သတိရတာကျေးဇူး။

ဆောင်း said...

ဘာရမလဲ ဟင်းချက်နည်း ပြန်တက်tag မှဘဲ

လင်းဦး(စိတ်ပညာ) said...

ကိုအောင် ရေ.... ရေးပြီးပါကြောင်းဗျ...

http://linoo.myanmarbloggers.org/2010/06/blog-post.html

nyimuyar said...

Thanks for ur Tag, unfortunately Football is not my type of game. :D and honestly I don't know :D

လင်းထက် said...

ကိုအောင်ရေ တဂ် ကြွေးဆပ် ထားပါတယ်..။:)

သစ်နက်ဆူး said...

ကိုအောင်
ဘောလုံးပွဲတွေလဲ...မကြည့်ရဘူးဗျ..
ဒါပေမယ့် ကျနော့်အထင်တော့..
ဂတုံး( ခေါင်းတုံး) တစ်ယောက်မှ မပါတဲ့အသင်း
ဖလားရမယ်ဗျာ.....။
နိုင်ချင်၇င်တော့ ကွင်းထဲကို ကိုကြီးကျောက်(ရွှေရတု)
တောင် ၀င်မလာစေနဲ့....။း)

ကိုအောင် said...

Tag ဂိမ်း ရေးပေးတဲ့ ညီအကိုတွေရော၊ ရေးပေးမယ်
လို့ ပြောတဲ့ ညီအကို မောင်နှမတွေရော၊ အကြောင်းအမျိုးမျိုးကြောင့် မရေးဖြစ်တဲ့
ညီအကိုမောင်နှမတွေရော တကယ်ကို ကျေးဇူးတင်ပါတယ်။

စာလာဖတ်သော ဘလော့ဂါ မဟုတ်တဲ့ စာဖတ်သူ
တွေအနေနဲ့လည်း ကမ္ဘာ့ဖလား ၂၀၁၀ အတွက်
ခန့်မှန်းချက်တွေ ကော်မန့်မှာ ရေးထားခဲ့လို့ရ
ပါတယ်။

ကိုဒီရေ ခင်ဗျာ ...
ကျနော် ကိုဒီရေကို tag ချင်လို့ ကိုဒီရေ စာမျက်နှာ
ဆီ သွားပါတယ်။ စီဗုံး ရှာမတွေ့ဘူး၊ ကော်မန့်
ရေးဖို့လည်း ကလစ်ပါတယ်၊ ကလစ်လို့ မရဘူး
ကိုဒီရေ၊ ကမ္ဘာ့ဖလား ခန့်မှန်းချက်ကို ဖြစ်နိုင်ရင်
ရေးပေးစေချင်ပါတယ် ကိုဒီရေ ရေ တကယ်ပါ။

စုချစ် said...

ဟိုက်... ကိုအောင် တဂ်ထားပါလား...
စစချင်းဖတ်တုန်းက စုချစ်သူနံမည် တွေ့မိပေါင်....
မအားလို့ မမန့်ဖြစ်တာသာရှိတာနော်... အသစ်တင်တိုင်း ၀ုန်းဒိုင်းနဲ့ ခပ်မြန်လေးလာဖတ်နေကြ...
ဟီး...တန်တော့ ... အစ်မသက်ဝေလို နောက်မှ သီတိရပြီး ရေးလိုက်တာမှုတ်လား...
း-)

ဘောလုံးပွဲက အလှမ်းဝေးတယ် ကိုအောင်ရဲ့...
ဝါသနာမပါလို့တော့ မှုတ်ပါဘူး.... စိတ်လှုပ်ရှားရလွန်းလို့ မကြည့်ဖြစ်တော့တာ...
ခုနေများ ဘောလုံးကစားပွဲမပြောနဲ့ ဘောလုံးသမားချောချာ ဘီတူတွေရှိမှန်းတောင် သိဘူးရယ်...

သာပေမဲ့ ရမ်းသမ်းမှန်းသမ်းရေးပါ့မယ်...
လွဲလွဲကြီးဖြစ်တော့လဲ အမှတ်တရပေါ့...နော့..
ခဏလေးတော့ စောင့်နော်...
အားသေးလို့....
သတိတရတဂ်လို့ ကျေးဇူးပါ...
း-)

Moe Cho Thinn said...

ဟာ.. လင်ရော မယားပါ တဂ် ထားပါလား။
ဂွပဲ။
ပွဲအားလုံးကန် ပြီးမှ ခန့်မှန်းလို့ ရဘူးလားးးး
:))

ဒီရေ said...

ကိုအောင်ရေ... ကျွန်တော့် ဆီပုံးက ညာဘက် ဆိုက်ဘားက ဧည့်မှတ်တမ်းလို့ ရေးထားပါတယ်.. ပုံလေးကို ကလစ်လိုက်တာနဲ့ cbox လေး ကျလာပါလိမ့်မယ်..



ခင်တဲ့
ဒီရေ

သက်ဝေ said...

တက်ဂ်ထားတာ ရေးပြီးပြီ ကိုအောင်...း))

(ဘောလုံးပွဲ ဝါသနာ မပါရှာပုံများ...)

ချစ်ကြည်အေး said...

ကိုအောင်ရေ တက်ဂ်ပို့စ် ခန့်မှန်းရေးပြီးပါကြောင်း
ခင်မင်စွာ တက်ဂ်ထားလို့ ကျေးဇူးပါရှင်...

ဩ...မမကွန် လက်ချက်ကိုး...ဟိုး ဟိုး....:)

T2A said...

ကြည့်ဖြစ်တဲ့အချိန်မှပဲ လောင်းတော့မယ်ဗျာ ။ လောလောဆယ်တော့ အလုပ်တစ်ဖက် စာရေးတာတစ်ဖက်နဲ.ဗျ........ဟူးးးးးးးးးးးးးးးးးးးးးးးးးးး။ ၁၉၉၈ ခုနှစ် ကမ္ဘာ.ဖလားတုန်းက စာမေးပွဲတွင်းကြီးမှာ အဆောင်က အုတ်တံတိုင်းကို ကျော်ပြီး ရပ်ကွပ်ထဲသွားကြည့်ခဲ့ရတာကို တော်တော်လွမ်းမိသေးသဗျာ ။

Notes on Web of My Pieces said...

http://apps.facebook.com/south_africa_predict/?&_fb_fromhash=fbe61533c0b34a322a98007f9db92e33&_method=GET&action=show&controller=homes&format=fbml&installed=1&ref1=eml_112&code=2.gnU8BLArI6Nhvy3NwJq5iw__.3600.1275541200-1152431806|P1PJxFz2BACJIX49a-ABbl7qwLQ.

Notes on Web of My Pieces said...

http://apps.facebook.com/south_africa_predict/?&_fb_fromhash=fbe61533c0b34a322a98007f9db92e33&_method=GET&action=show&controller=homes&format=fbml&installed=1&ref1=eml_112&code=2.gnU8BLArI6Nhvy3NwJq5iw__.3600.1275541200-1152431806|P1PJxFz2BACJIX49a-ABbl7qwLQ.

ကမ္ဘာ့ဖလား ခန့်မှန်း ဂိမ်း ဗျး)

khin oo may said...

မန်ယူကိုအားပေးလာတာ ၁၅ နစ်ရှိပြီတဲ့။


http://www.kothurein.co.cc/search/label/%E1%80%B1%E1%80%98%E1%80%AC%E1%80%9C%E1%80%B6%E1%80%AF%E1%80%B8%E1%80%95%E1%80%BC%E1%80%B2?max-results=10

တေဇာ (လရောင်လမ်း) said...

thank you for including my name in your tag post ko aung. I now was being far from the world soccer and have no particular idea about it. But I'll try to write rather childish prediction soon. What's about North Korea bro? It has Asian Rooney who is player to watch. :P

တေဇာ (လရောင်လမ်း) said...

thank you for including my name in your tag post ko aung. I now was being far from the world soccer and have no particular idea about it. But I'll try to write rather childish prediction soon. What's about North Korea bro? It has Asian Rooney who is player to watch. :P

pandora said...

ရေးဖို့ကြိုးစားသော်လည်း လိုင်းကလည်း ၀ယ်မထား သေသေချာချာ ကြည့်ဖြစ်မှာ မဟုတ်တဲ့အတွက် ဘေးထိုးလေးပဲ ထိုးလိုက်ပါမယ်။ မသက်ဝေ မှန်းထားတဲ့ အတိုင်းပါပဲ ။ ဟဲ.. မှန်ရင်တော့ ဆရာမ ခေါ်မယ်ဆိုရင် ပန်ဒိုရာကို ဆရာ ဆိုတဲ့ အပိုင်းခေါ်ပြီး မသက်ဝေကို မ ဆိုတဲ့အပိုင်း ခေါ်လိုက်ပါ။ :)

ကိုအောင် said...

စုချစ်ရေ ..
ဘောလုံးသမား အချောဆုံးတွေက အာဖရိက်တိုက်က
ဘောလုံးသမားတွေ ဖြစ်မယ်ထင်တယ် ...း)
မှန်းသမ်း ရမ်းသန်းလေး ရေးပေးမယ်ဆိုလို့
ကျေးဇူး။

မမိုးချိုသင်း ...
အမတို့ ဇနီးမောင်နှံက အင်္ဂလန် ပရိတ်သတ်တွေလို့
ထင်တာပါ၊ တခြားကော်မန့်တွေမှာ ဖတ်ကြည့်တာ၊
အားရင် ရေးပေးပါအုံး အမနဲ့ အကိုတို့။

ဒီရေ
ဟုတ်ကဲ့ ကိုဒီရေ ကျေးဇူး။

မသက်ဝေနဲ့ မချစ်ကြည်အေး ..
ကျေးဇူးကမ္ဘာပါ။

T2A
ဘောလုံးပွဲကြည့်ဖို့ စွန့်စားတာ လေးစားတယ်ဗျာ၊
ကျနော်လည်း ၂၀၀၄ ဥရောပဖလားတုန်းက မလေး
ရှားမှ ဆန္ဒပြမှုနဲ့ ထောင်ကျနေတယ်၊ ဘောလုံးပွဲ
ကို ဆွတ်ခိုင်ဘလို့ထောင်ထဲမှ ကြည့်ခဲ့ရတယ်၊
အားမှ ကျနော့် Tag ဂိမ်းကို ရေးပါ၊ ကျေးဇူး။

tei zar
ကျေးဇူး

အမကြီး မခင်ဦးမေ ..
ကျနော့် သွားကြည့်လိုက်ပါ့မယ် အမ၊ ကျေးဇူး။

တေဇာ
အဆင်ပြေသလိုလုပ် တေဇာ၊ အရမ်းကြီး ဟုတ်ဖူး။

မပန်ဒိုရာ
စိတ်ချ မှန်းထားတာ မှန်လို့ကတော့ “ဆရာမ”
ဆိုတဲ့ စကားကို 2နဲ့ စားပြီး တစ်ခြမ်းစီ ခေါ်ပါ့မယ်။
ဘောလုံးပွဲကြည့်ဖို့ လိုင်းဝယ်သင့်တယ်၊ အိမ်က
ဘောဒါကြီးကို တိုက်တွန်းလေဗျာ ...း)

khin oo may said...

http://www.ksanchaung.co.cc/2010/06/2010.html

2010 ကမ္ဘာ့ဖလား အုပ်စုပတ်လည် ပထမအဆင့် လောင်းကြေး (ခန့်မှန်း)

တောင်အာဖရိက - Level ဆယ်ပြားရှုံး
ပြင်သစ် - Level ပြားခြောက်ဆယ်ရှုံး
ဂရိ - Level ဆယ်ပြားရှုံး
အာဂျင်တီးနား - တလုံး ပြားငါးဆယ်ရှုံး
အင်္ဂလန် - တလုံး သရေ
ဆလိုဗေးနီးယား - Level ပြားငါးဆယ်ရှုံး
ဆာဗီးယား - Level ပြားငါးဆယ်ရှုံး
ဂျာမဏီ - တလုံး သရေ
နယ်သာလန် - တလုံး သရေ
ကင်မရွန်း - Level ပြားငါးဆယ်ရှုံး
အီတလီ - Level အရှုံး
ဆလိုဗက်ကီးယား - တလုံး ပြားငါးဆယ်ရှုံး
ပေါ်တူဂီ - Level ပြားငါးဆယ်ရှုံး
ဘရာဇီး - နှစ်လုံး ပြားငါးဆယ်ရှုံး
ချီလီ - တလုံး သရေ
စပိန် - တလုံး အရှုံး
Posted by ksanchaung at 2:28 PM
Labels: Football
2 comments:

အမည်မဲ့ said...

တော်ဘီ...ပြား ဂဏန်းတွေ ချည်းဘဲ.

တစ်ကျပ် ကျော်မှ လာပြန်လောင်းတော့မယ်။

(Waka waka)

ဂျူနို said...

ကိုအောင်ရေ

ဘရာဇီး၊ ဂျာမနီ၊ ပေါ်တူဂီနဲ့ အီတလီ တက်လာမယ်ထင်တယ်။

နောက်ဆုံး ဗိုလ်လုပွဲတော့ ဂျာမနီနဲ့ ဘရာဇီးကို ကြည့်ချင်တယ်။

ဟိုးနှစ်တုန်းက ရော်နယ်ဒို ဂိုးသွင်းပြီး အိုလီဗာကန် ငေးပဲ ကြည့်နေနိုင်တော့ တာမျိုး ကြည့်ချင်တယ်။

မအယ် လက်မောင်း( ပုခုံးနား) အရွတ် ဒဏ်ရာ ရသွားလို့ စာရိုက်ရတာ သိပ် အဆင်မပြေဘူး ဖြစ်နေလို့ ဒီလိုပဲ အတို ရေးလိုက်တယ် ကိုအောင်ရေ။

နောက်ကြုံမှ ဘောလုံးပွဲ အကြောင်း ရေးအုန်းမယ်။ မအယ်လည်း ဘောလုံးပွဲကြည့်တယ်။ မနေ့ကပွဲကတော့ ပျင်းစရာကြီး။ လူတွေကလည်း ခရာမှုတ်တာ နားကို အူနေရောပဲ။

မအယ်

shan lay said...

အခုကြည့်ပြီးတဲ့ပွဲတွေ မှာ အဂ်လန် +အမေရိကန် - အာဂျင်တီးနား +နိုင်ဂျီးရီးယား သရေကျသွားတယ်ခြေစွမ်းတွေကလဲ ထင်သလောက်မဟုတ်ကြဘုး ဘောလုံးက လုံးနေတာဆိုတော့ ပြောရတော့ခက်တယ် ဘာပဲဖြစ်ဖြစ် အသင်းလိုက်အင်အားကောင်းတာ ခြေသာတာကတော့ စပိန်အသင်းကိုပဲမဲပေးရမှာပါ ဥရောပ ဖလားပိုင်ရှင်ဆိုတော့လေ အသင်းလိုက်လဲကောင်းတယ် တဟ်ယောက်ချင်းလဲယှဉ်နိုင်တယ် ဒါကြောင့် စပိန်ဖလားရမဲ့ပွဲ ပါပဲ မှန်ရင်ဆုအဖြစ် ဒေါ်လာတစ်သိန်းဆုချ ကြပါ :))

ဆောင်းနှင်းရွက် said...

England မှ England ပဲ ကွာ ..

မြန်မာပြည်ကိုလွမ်းတယ် said...

အကိုအောင်ရေ..မေခရီးလွန်နေလို့ပွဲပြီးမှပဲ
ဘလော့ကိုတက်ဖြစ်တာမို့..အကို့အောင်
Tagကိုမရေးဖြစ်တာခွင့်လွှတ်နော်..ကိုယ့်ညီမ
လေးစာရေးအောင်ကူပေးလို့ကျေးဇူးပဲ..
ဟီးဟီးပွဲပြီးသွားပြီဆိုပေမဲ့..ပြောလိုက်ဦးမယ်
နော်..စပိန်ကဖလားရမှာဗျ..မေပြောတာမှန်
တယ်ဟုတ်..ရပြီးမှပြောတာလေ..နောက်တစ်
ခါကျရင်Tagရင်အမြန်ရေးပေးမယ်နော်...
ပျော်ရွှင်ပါစေအကိုအောင်..