Saturday 29 May 2010

၂၀၁၀ ကမ္ဘာ့ဖလား ခန့်မှန်းချက် ???

သရဲ ဇာတ်လမ်းတွဲ စောင့်မျှော်နေသော မိတ်ဆွေများ
ခဏလောက် သည်းခံပါအုံး ....း) ၊ ဒီတခါ ပေါ့ပေါ့ပါးပါး
၂၀၁၀ ဘောလုံးပွဲ Tag ဂိမ်းလေး လုပ်ချင်လို့ပါ ...။

ဘောလုံးပွဲကို လောင်းကစား လုပ်ခြင်းမှ လွှဲ၍ မယ်မယ်ရရ
မကန်ဘူးသော (ကန်ကို မကန်တတ်သော) ကျနော့်အနေနဲ့
၂၀၁၀ မှာ ဘယ်သူတွေ ဗိုလ်ဆွဲမလဲ ဆိုတော့ ဦးအောင်သောင်း
လား ??? ၊ အဲ … မဟုတ်သေးပါဘူး၊ လုံးပါတယ် ဆိုတဲ့
ဘောလုံးပါ။ မြန်မာပြည်မှာ ရှိခဲ့စဉ်ကတော့ ဘောလုံးဆော့
ဖူးပါတယ်။ ခြေထောက်နဲ့ ကန်တဲ့ ဘောလုံး မဟုတ်ပါဘူး။
ရွှေဘောလုံးပါ၊ (၁,၄,၇) တို့ (၂,၅,၈) တို့ (၃,၆,၉)တို့
ခုန်ဆွ ခုန်ဆွနဲ့ သုံည ... သုံညလို့ အော်သံပေးတဲ့ ရွှေဘောလုံးပါ။

ကျနော့် ခန့်မှန်းချက်များ ...

အုပ်စု (A) မှာ ဘယ်အသင်းတွေ ကွာတာ တက်မလဲ ???
တောင်အာဖရိက၊ မက္ကဆီကို၊ ဥရုဂွေးနဲ့ ပြင်သစ် ....
အုပ်စုဗိုလ် .... ပြင်သစ်
ဒု- အုပ်စုဗိုလ် ... မက္ကဆီကို / ဥရုဂွေး



အုပ်စု (B) မှာ ဘယ်အသင်းတွေ ကွာတာ တက်မလဲ ???
အာဂျင်တီးနား၊ နိုက်ဂျီးရီးယား၊ တောင်ကိုရီးယားနဲ့ ဂရိ
အုပ်စုဗိုလ် …. အာဂျင်တီးနား
ဒု- အုပ်စုဗိုလ် … နိုက်ဂျီးရီးယား / တောင်ကိုရီးယား

အုပ်စု (C) မှာ ဘယ်အသင်းတွေ ကွာတာ တက်မလဲ ???
အင်္ဂလန်၊ အမေရိကန်၊ အယ်ဂျီးရီးယားနဲ့ စလိုဗေးနီးယား
အုပ်စုဗိုလ် .... အင်္ဂလန်
ဒု- အုပ်စုဗိုလ် ... အမေရိကန် / စလိုဗေးနီးယား

အုပ်စု (D) မှာ ဘယ်အသင်းတွေ ကွာတာ တက်မလဲ ???
ဂျာမဏီ၊ သြစတြေးရီးယား၊ ဆာဗီးယားနဲ့ ဂါနာ
အုပ်စုဗိုလ် .... ဂျာမဏီ
ဒု- အုပ်စုဗိုလ် ... ဆာဗီးယား / သြစတြေးရီးယား

အုပ်စု (E) မှာ ဘယ်အသင်းတွေ ကွာတာ တက်မလဲ ???
နယ်သာလန်(ဟော်လန်)၊ ဒိန်းမတ်၊ ဂျပန်နဲ့ ကင်မရွန်း
အုပ်စုဗိုလ် ... ဟော်လန်
ဒု- အုပ်စုဗိုလ် ... ဒိန်းမတ် / ကင်မရွန်း

အုပ်စု (F) မှာ ဘယ်အသင်းတွေ ကွာတာ တက်မလဲ ???
အီတလီ၊ ပါရာဂွေး၊ နယူးဇီလန်နဲ့ စလိုဗက်ကီးယား
အုပ်စုဗိုလ် .... အီတလီ
ဒု- အုပ်စုဗိုလ် ... ပါရာဂွေး / စလိုဗက်ကီးယား

အုပ်စု (G) မှာ ဘယ်အသင်းတွေ ကွာတာ တက်မလဲ ???
ဘရာဇီးလ်၊ မြောက်ကိုရီးယား၊ အိုင်ဗရီကို့စ် နဲ့ ပေါ်တူဂီ
အုပ်စုဗိုလ် ... ဘရာဇီးလ် / ပေါ်တူဂီ
ဒု- အုပ်စုဗိုလ် ... ပေါ်တူဂီ /
ဘရာဇီးလ်

အုပ်စု (H) မှာ ဘယ်အသင်းတွေ ကွာတာ တက်မလဲ ???
စပိန်၊ ဆွစ်ဇာလန်၊ ဟွန်းဒူးရပ်စ်နဲ့ ချီလီ
အုပ်စုဗိုလ် ... စပိန်
ဒု- အုပ်စုဗိုလ် ... ချီလီ / ဆွစ်ဇာလန်

ပထမ အဆင့် ကွာတာ ရှုံးထွက်
(ရှုံးပြီး မထွက်တာ မြန်မာပြည်က ဗိုလ်သန်းရွှေပဲ ရှိတယ် ...း) )

အမှတ်စဉ် (၁)
(A)ဗိုလ် နှင့် (B) ဒု-ဗိုလ်
ပြင်သစ်နဲ့ နိုက်ဂျီးရီးယား / တောင်ကိုရီးယား
ထင်တဲ့ အသင်း ...ပြင်သစ် (တောင်ကိုရီးယားလည်း ကောင်းတယ်။)

အမှတ်စဉ် (၂)
(C)ဗိုလ်နှင့် (D)ဒု-ဗိုလ်
အင်္ဂလန်နဲ့ ဆာဗီးယား / သြစတြေးရီးယား
ထင်တဲ့ အသင်း ... အင်္ဂလန် (ဆာဗီးယားလည်းကောင်းတယ်။)

အမှတ်စဉ် (၃)
(E)ဗိုလ်နှင့် (F)ဒု-ဗိုလ်
ဟော်လန်နဲ့ ပါရာဂွေး / စလိုဗက်ကီးယား
ထင်တဲ့အသင်း ... ဟော်လန်(စလိုဗက်ကီးယားလည်း မဆိုးဘူး။)

အမှတ်စဉ် (၄)
(G)ဗိုလ်နှင့် (H)ဒု-ဗိုလ်
ဘရာဇီးလ် / ပေါ်တူဂီနဲ့ ချီလီ/ ဆွစ်ဇာလန်
ထင်တဲ့အသင်း ... ဘရာဇီးလ် / ပေါ်တူဂီ

အမှတ်စဉ် (၅)
(B)ဗိုလ် နှင့် (A) ဒု-ဗိုလ်
အာဂျင်တီးနားနဲ့ မက္ကဆီကို / ဥရုဂွေး
ထင်တဲ့ အသင်း ... အာဂျင်တီးနား

အမှတ်စဉ် (၆)
(D)ဗိုလ်နှင့် (C)ဒု-ဗိုလ်
ဂျာမဏီနဲ့ အမေရိကန် / စလိုဗေးနီးယား
ထင်တဲ့ အသင်း ... ဂျာမဏီ

အမှတ်စဉ် (၇)
(F)ဗိုလ်နှင့် (E)ဒု-ဗိုလ်
အီတလီနဲ့ ဒိန်းမတ် / ကင်မရွန်း
ထင်တဲ့အသင်း ... အီတလီ (ဒိန်းမတ်လည်းကောင်းတယ်။)

အမှတ်စဉ် (၈)
(H)ဗိုလ်နှင့် (G)ဒု-ဗိုလ်
စပိန်နဲ့ ဘရာဇီးလ် / ပေါ်တူဂီ

(ဒီပွဲ မှန်းရတာ မလွယ်ဘူး၊ ဆယ်တန်းတုန်းက ဘိုင်အိုမှာ စာ’
ရွေးကျက်သလို နံကြားထောက်လိုက်အုံးမယ် ဘယ်ရမလဲ ...း) )

ပေါ်တူဂီအသင်းက (G)ဒု- ဗိုလ်အနေနဲ့ တက်လာရင်တော့
ထင်တဲ့အသင်း ... စပိန်
ကံဆိုးမိုးမှောင်ကျပြီး ဘရာဇီးလ်အသင်း (G)ဒု-ဗိုလ်အဖြစ်တက်လာရင်
ထင်တဲ့အသင်း … ဘရာဇီးလ်
တက်နိုင်တဲ့ အသင်း … ဘရာဇီးလ် / စပိန်

ဟဲဟဲ .. ဖြစ် မဖြစ်တော့ မသိဘူး ဗိုလ်သိန်းစိန်တော့ ဘောင်းဘီ
ကျွတ်သွားပြီ၊ အဲ ဟုတ်ပါဘူး … ကွာတာ ဒုတိယအဆင့်ကို ဆက်
ပြီး ခန့်မှန်းကြည့်မယ်ဗျာ …း)

ရှုံးထွက် ဒုတိယ အဆင့်
(က)
အမှတ်စဉ် (၁)နိုင်နှင့် အမှတ်စဉ် (၂)နိုင်
ပြင်သစ်နဲ့ အင်္ဂလန်
အကြိုဗိုလ်လုပွဲ တက်နိုင်တဲ့အသင်း … အင်္ဂလန်

(ခ)
အမှတ်စဉ် (၃)နိုင်နှင့် အမှတ်စဉ် (၄)နိုင်
ဟော်လန်နဲ့ ဘရာဇီးလ် / ပေါ်တူဂီ
ဒီလို လာတွေ့ရင် မှန်းရတာ မလွယ်ဘူး ..
ဟော်လန်အသင်းက ဘရာဇီးလ်အသင်းနဲ့ တွေ့ခဲ့ရင်
အကြိုဗိုလ်လုပွဲ တက်နိုင်တဲ့အသင်း … ဘရာဇီးလ်
ဟော်လန်အသင်းက ပေါ်တူဂီအသင်းနဲ့ တွေ့ခဲ့ရင်
အကြိုဗိုလ်လုပွဲ တက်နိုင်တဲ့အသင်း … ဟော်လန်
အဲဒီတော့ … အင်း … အင်း …
ဟော်လန် သို့မဟုတ် ဘရာဇီးလ်

(ဂ)
အမှတ်စဉ် (၅)နိုင်နှင့် အမှတ်စဉ် (၆)နိုင်
အာဂျင်တီးနားနဲ့ ဂျာမဏီ
အကြိုဗိုလ်လုပွဲ တက်နိုင်တဲ့အသင်း … ဂျာမဏီ
(ကမ္ဘာဖလားမှာ ဂျာမန်တွေ ကံကောင်းတတ်တယ်။)

(ဃ)
အမှတ်စဉ် (၇)နိုင်နှင့် အမှတ်စဉ် (၈)နိုင်
အီတလီနဲ့ စပိန် / ဘရာဇီးလ်
(အီတလီနေရာမှာ ဒိန်းမတ်လည်း တက်လာနိုင်တယ်။)
အီတလီနေရာမှာ ဒိန်းမတ်ကို ခဏအစားထိုး စဉ်းစာကြည့်မယ် …
စပိန် / ဘရာဇီးလ် ပဲ တက်နိုင်တယ် …
အီတလီပဲ တက်လာလို့ စပိန်နဲ့တွေ့ရင်
အီတလီ တက်သွားနိုင်တယ် …
ဘရာဇီးလ်နဲ့ တွေ့ခဲ့တော့ အီတလီ ကံမကောင်းနိုင်ဘူး …
အဲဒီတော့ အဲဒီတော့ …
အကြိုဗိုလ်လုပွဲ တက်နိုင်တဲ့အသင်း …
ဘရာဇီးလ်၊ အီတလီနဲ့ စပိန်

အကြို ဗိုလ်လုပွဲ …

(ဗိုလ်လုပ်ချင်တဲ့ ကောင်ဟာ သေနတ်ကို ဒီလိုပြစ်တတ်ရတယ်ကွ
… ဗိုလ်သန်းရွှေပြောတာလား … ဗိုလ်အောင်ဒင်ပြောတာလား …း) )

ဘရာဇီးလ် အသင်းဟာ အုပ်စု (G)မှာ ဒု-အုပ်စုဗိုလ်အဖြစ်
အပေါ်ကို တက်လာခဲ့ရင် ဒီလမ်းကြောင်းဟာ တော်တော်
ရှုပ်ထွေးတဲ့ လမ်းကြောင်းပဲ။ ကွာတာမှာ စပိန်နဲ့ တွေ့မယ်။
ဒုတိယအဆင့် ရှုံးထွက်မှာ အီတလီ ထပ်တွေ့မယ်။ ဆီးမီးအထိ
ရောက်ခဲ့ရင် ကျားနာတစ်ကောင်လိုပဲ ဒဏ်ရာတွေ ဗလပွ။

၂၀၀၈ ခုနှစ် ဥရောပ ဖလားပိုင်ရှင် စပိန်ဟာ (H)အုပ်စု ဗိုလ်
လမ်းကြောင်းအတိုင်း လာဖို့ များတယ်။ ကံဆိုးပြီး အုပ်စု ဒုတိယ
အနေနဲ့လာခဲ့ရင် ကွာတာမှာ ဘရာဇီးလ်နဲ့ တွေ့ပြီး စောစောစီးစီး
အာဖရိကတိုက်ကနေ အိမ်ပြန်ရောက်မယ်။ အုပ်စုဗိုလ်အဖြစ်နဲ့
တက်လာလို့ ပေါ်တူဂီနဲ့တွေ့ရင်တော့ စပိန် တက်ဖို့များတယ်။
ဆက်တက်လာရင် အီတလီနဲ့တွေ့မယ်။ လောလောဆယ်မှာ
စပိန်ဟာ အီတလီထက် ခြေသာတယ်လို့ ဆရာ့ဆရာများက
ထင်ကြေးပေးကြတယ်။

ဒါဆိုရင် လက်ရှိ ချန်ပီယံ အီတလီရော ကံအရမ်းကောင်းနေ
လား။ အီတလီဟာ ကွာတာမှာ ဒိန်းမတ်တို့ ကင်မရွန်းတို့ အပေါ်
အလွယ်တကူ ကျော်နိုင်ပါ့မလား။ ကျော်နိုင်ခဲ့ရင်လည်း ဒုတိယ
အဆင့် ရှုံးထွက်မှာ စပိန်က တွေ့ရမယ်။

(က)နိုင်နဲ့ (ခ)နိုင်
အင်္ဂလန်နဲ့ ဟော်လန် သို့မဟုတ် ဘရာဇီးလ်

ဟော်လန်သာ ဆီးမီးအထိ တက်လာခဲ့ရင်
အင်္ဂလန် ဗိုလ်လုပွဲ ရောက်သွားနိုင်တယ် …
ဘရာဇီးလ်နဲ့ တွေ့ခဲ့ရင်တော့
ကလပ်မှာပျော်တဲ့ အင်္ဂလန်တွေ အောင်ဖျာလိပ်နိုင်သည် …
ဗိုလ်လုပွဲ ရောက်နိုင်တဲ့အသင်း … ဘရာဇီးလ်

(ဂ)နိုင်နှင့် (ဃ)နိုင်
ဂျာမဏီနဲ့ ဘရာဇီးလ်၊ အီတလီ၊စပိန်
ဗိုလ်လုပွဲ ရောက်နိုင်တဲ့အသင်း … ဂျာမဏီ

တတိယနေရာ လုပွဲ

အင်္ဂလန်နှင့် ဘရာဇီးလ် သို့မဟုတ်
ဟော်လန်နှင့် အီတလီ
တတိယ ရမည့်အသင်း … ဘရာဇီးလ်* / အီတလီ

ဗိုလ်လုပွဲ

ဘရာဇီးလ်နှင့် ဂျာမဏီ သို့မဟုတ်

အင်္ဂလန်နှင့် ဂျာမဏီ

ဗိုလ်ဆွဲမည့်အသင်း … ကြံ့ဖွတ် (နောက်တာပါ။)

၀၁၀ ကမ္ဘာ့ဖလား ချန်ပီယံ ဂျာမဏီ*

အကြိုဗိုလ်လုပွဲ (ဆီးမီးဖိုင်နယ်) ရောက်မည့်လေးသင်း

အင်္ဂလန်*၊ ဘရာဇီးလ်*၊ ဂျာမဏီ*၊ စပိန်*

မဟုတ်တော့လည်း အပျင်းပြေပေါ့ …း)

၁၉၉၈ ကမ္ဘာ့ဖလား၊ ဘောလုံးပွဲစဉ်များ၌ အီတလီအသင်း
ဘောလုံးကန်သော နေ့များတွင် မြန်မာပြည်က မိန်းကလေး
အချို့ TV ရှေ့၌ အားပေးတာတော့တွေ့ဖူးပါသည်။ ဘောလုံး
ကန်တာကို အားပေးတာလား၊ ဘောလုံးသမားတွေ ချောလို့လား
မပြောတတ်ပါ။

အကြိုဗိုလ်လုပွဲ ရောက်မည့် လေးသင်း နဲ့ ဗိုလ်ဆွဲမည့်
အသင်း ကို ခန့်မှန်းပေးဖို့ Tag ချင်ပါသည် …း)
အကိုကြီး ကိုကျောက်ခဲ … အလုပ်များနေလား
ကိုလူသစ်ကြီး … အားပေးပါအုံး
အကိုဒူကမ္ဘာ … အကို နေကောင်းလား …
ကိုမြစ်ကျိုးအင်း … မင်္ဂလာပါ ….
ညီလေး ရမ်းဂန်း … မင်္ဂလာပါ ….
ဘာသာပြန် ဘလော့ဂါ ကိုသရပါ … မင်္ဂလာပါ …

ဘလော့ဂါ ညီအကိုမောင်နှမတွေထဲက စိတ်ဝင်စားတယ် ဆိုရင်
Tag ချင်ပါတယ်၊ ရေးမယ်ဆိုရင်တော့ … ကျေးဇူးကမ္ဘာပါ။

အားရင် … စိတ်ဝင်စားရင် အားပေးပါအုံး …း)

-စစ်ငြိမ်းဒီရေ


13 comments:

ရွှေရတုမှတ်တမ်း said...

အောင်မငီး...မန္တလေးသကျသီဟဘုရားက..
ဗေဒင်ဆရာ ဦးသန်းဝင်းကို အကူအညီတောင်းမှဖြစ်မယ်...
အမေရိကန် super bowl ကြည့်နေရလို့ ကမ္ဘာ့ဖလားနဲ့ဝေးနေတာကြာလေပေါ့..

Flower said...

ဘောလုံးပွဲကိုစိတ်ဝင်စားတယ်
ဒါကြောင့် ခန့်မှန်းတာလေးတွေ လာဖတ်သွားပါတယ်..
လောင်းမလို့တော့ မဟုတ်ပါဘူး..း)
ကိုယ်ကြိုက်တဲကအသင်းတွေများ နိုင်ခြေရှိမရှိ သိချင်လို့ပါ..
ဘာဘဲဖြစ်ဖြစ် အိပ်ရေးတော့ ပျက်ရဦးတော့မယ်
ခန့်မှန်းချက်လေးအတွက် ကျေးဇူး အစ်ကိုရေ..

YoungGun said...

ဒီတစ်ခါ တဂ်ကိုတော့ အပီအပြင်နှက်လိုက်မယ် အစ်ကိုရေ ဒီဖလားနဲ့ ပက်သက်ရင် အမှတ်တရတွေ ရှိခဲ့လို့။

Anonymous said...

WORLD CUP က လေးနှစ်တကြိမ် ကြည့် နေကြ မို့ ဒီနှစ်လည်း ကြည့်ဖြစ်ဦးမယ်ထင်ရဲ့  ..ပြောသာပြော၇တယ် အိမ်က ခလေးတွေနဲ့ တီဗီ လု ရ ဦးမယ် ဗျာ .. တကယ် ကစားတာကို ကြည့်ပြီးမှ ဘဲ ခန့်မှန်းရတော့မှာ ...ခုတော့ မသိသေးဘူး ...
အားကစား ထဲ မှာ ဘောလုံးနဲ့ တင်းနစ် နှစ်မျိုး ဘဲ ကြည့်ရတာ အကြိုက်ဆုံး... အမျိုးသမီးတွေ ကစားတာတော့ အားမရ လို့ မကြည့် ဖြစ်တာများတယ်...ကြည့်ပြီးကိုယ်ရစေချင်တဲ့အသင်းကို အားပေးရင်လည်း စိတ်လှုပ်ရှားပြီး ချမ်းတုန်တက်လာတယ် ...ခြေ တွေ လက် တွေ အေးလာ တယ် ...... အထူးသဖြင့် ဘောလုံးပွဲ .... ကိုအောင့် ရဲ့  မှန်းချက်တွေ မှန်မမှန် စောင့်ကြည့်ကြတာပေါ့ ဗျ ...း)

mie nge

Anonymous said...

ဟယ် တတဂ်တန်းလန်းနဲ့ နောက်တတဂ်တက်ပြန်ပပေါ့

ကလူသစ်

T2A said...

ကဲ..........မှန်းကြည့်လိုက်ပါဦးမယ်
ကွာတား

အုပ်စု (A)
ဗိုလ် - ပြင်သစ်
ဒု - ဥရုဂွေး

အုပ်စု (B)
ဗိုလ် - အာဂျင်တီးနား
ဒု - နိုင်ဂျီးရီးယား

အုပ်စု (C)
ဗိုလ် - အင်္ဂလန်
ဒု - စလိုဗေးနီးယား

အုပ်စု (D)
ဗိုလ် - ဂျာမနီ
ဒု - ဩစတြေးရီးယား

အုပ်စု(E)
ဗိုလ် - ဟော်လန်
ဒု - ဒိန်းမတ်

အုပ်စု (F)
ဗိုလ် - အီတလီ
ဒု - ပါရာဂွေး

အုပ်စု (G)
ဗိုလ် - ဘရာဇီး /ပေါ်တူဂီ
ဒု - ဘရာဇီး / ပေါ်တူဂီ

အုပ်စု(H)
ဗိုလ် - စပိန်
ဒု- ဆွစ်ဇာလန်

ပထမဆင့် ကွာတာ ရှုံးထွက် (ကိုသန်းရွှေကိုတော့ လွှတ်ထားလိုက်တာကောင်းမယ်ထင်တယ် ၊ ဧရာဝတီက ကိုဟန်လေးကို ကာတွန်းတစ်ကွက်လောက်ဆွဲပေးဖို. တောင်းဆိုသင့်တယ်)

အမှတ်စဉ် (၁)
(A) ဗိုလ်နှင့် (B) ဒု
နိုင်ဂျီးရီးယား

အမှတ်စဉ် (၂)

(C) ဗိုလ်နှင့် (D) ဒု
အင်္ဂလန်

အမှတ်စဉ် (၃)
(E) ဗိုလ်နှင့် (F)ဒု
ဟော်လန်

အမှတ်စဉ် (၄)
(G)ဗိုလ်နှင့် (H)ဒု
ဘရာဇီး /ပေါ်တူဂီ

အမှတ်စဉ် (၅)

(B)ဗိုလ်နှင့် (A)ဒု
အာဂျင်တီးနား

အမှတ်စဉ် (၆)
(D)ဗိုလ်နှင့် (C)ဒု
ဂျာမနီ

အမှတ်စဉ်(၇)
(F)ဗိုလ်နှင့်(E)ဒု
အီတလီ

အမှတ်စဉ်(၈)
(H)ဗိုလ်နှင့်(G)ဒု
ဟူးးးးးးးးးးးးးးးးးးးးးးးးမပြောတတ်တော့ဘူး ။

ဒူကဘာ said...

တဂ်တော့လည်း အားယင် ရေးရဦးမှာပေါ့ အခုက အမေရိကားမှာ Long Weekend ဆိုတော့ ခရီးယာယီ ခြေရှည်နေလို့ အားသေးဖူး။

sosegado said...

A မှာ အိမ်ရှင်ကို လျှော့မတွက်နဲ့လေ၊ Gမှာ ပေါ်တူဂီက အသင်းလိုက်မကောင်းတတ်ဘူး၊ မြောက်ကိုရီးယားကြိုက်တယ်၊ အင်္ဂလန်က ဂိုးလဒ်မရှိဘူး၊ အထင်လေးတွေပါ၊ ကျန်တာတွေတော့ တူပါတယ်၊

မြစ်ကျိုးအင်း said...

သေသေချာချာ အကွက်ချ ကြည့်လိုက်အုံးမယ်
အင်္ဂလန်ကိုတော့ ပိုပိုသာသာ တွက်မိမလားဘဲ
အသင်းစွဲကိုး။ ကိုအောင်ရေ ခင်မင်မှုနဲ့ tag တာ ကျေးဇူးပါ။ အဆင်ပြေရင် ရေးပါ့မယ်နော်။
သေချာတာတော့ အဲဒီကာလ တလျှောက်လုံး အိပ်ရေးပျက်မှာပဲ။ မလွတ်တမ်း ကြည့်ဖြစ်မယ်။

khin oo may said...

မိုးချိုသင်းအမျိုးသားကိုကျော်ကိုသွား tag ပါလား မိုးချိုသင်းကို tag လိုက်လေ.ကိုကျော်က ပါးစပ်နဲ့ပြော မိုးချိုသင်းက တိတ်နဲ့ဖမ်းပြီးပြန်ရေးခိုင်းလိုက်..ဝါရင့်ကမ္ဘာရင့်ဗျ.

Anonymous said...

ကိုအောင်ခင်မြင့်ရေ..
ကျနော်က ခင်ဗျားနဲ့ ပြောင်းပြန်။
ဘောလုံး ပွဲ လောင်းကစား လုပ်ခြင်း ၀ါသနာမပါပါ။
ကျနော့်အနေနဲ့ ကြည့်တဲ့အခါ ကိုယ်ကြိုက်တဲ့အသင်းကို အားပေးခြင်း။မကြိုက်တဲ့အသင်းကို ဝေဖန်ပြစ်တင်ခြင်းများသာ လုပ်လေ့ရှိတာမို့ 
ခန့် မှန်းတဲ့ အထိကို မသိတာပါ။
တက်စာ မစားဖြစ်တာခွှင့်လွှတ်ပါဗျာ။
သတိရတာကျေးဇူး။
မောင်အိုး

Unknown said...

ပြင်သစ်၊အင်္ဂလန်၊ပေါ်တူဂီတို့နာမည်ကြီးပေမယ့်
မစွံဘူးလို့ထင်ပါတယ်။စပိန်နဲ့နယ်သာလန်က
တော်ပေမယ့်ကံမကောင်းတတ်ဘူးလို့တင်ပါတယ်။အီတလီ
ကတော့အသက်ကြီးကုန်ကြပြီ။မပြောတတ်တာက
ဂျာမနီ၊စိတ်ဓါတ်မာလို့၊ကျွန်မအထင်ဘရာဇီးနဲ့
အာဂျင်တီးနားတသင်းဗိုလ်စွဲမှာလို့ဘဲထင်ပါရဲ့။
အကြိုက်ဆုံးကတော့မာရာဒိုနာသာမဖေါက်ရင်
မက်ဆီတို့ရဲ့အာဂျင်တီနားပါဘဲ။အထင်ပါဘဲ.....
ဘောလုံးကဘယ်ဘက်လိမ့်မလဲဆိုတာကတော့......

ဆောင်းနှင်းရွက် said...

အင်းးး ပွဲမစခင်တုန်းကတော့
အင်္ဂလန် အတွက်
ယုံကြည်မှု့အပြည့်ပေါ့ ..

ခု ပထမ ပွဲကြည့်ပြီးး
စိတ်ထဲ မှာ မအီမသာကြီးး.. :(

ဂိုးသမား လက်တုန်တုန် ..
ရှေ့တန်းတွေက အူကြောင်ကြား ..
နောက်တန်းကလည်း တစ်ခါတစ်ခါ ကျွံထွက်လာရင် မရူနိုင် မကယ်နိုင် ...

ရင်လေးးပါ့ ....