Monday, 24 May 2010

နှောင်ကြိုးမိသူ (အပိုင်း- ၆)

ရေးသူ- စစ်ငြိမ်းဒီရေ

(ထိတ်လန့်ကြောက်ရွံ့တတ်သူများ၊ ငယ်ရွယ်သူများနှင့် ကိုယ်ဝန်
ဆောင်မိခင်များ လုံးဝ မဖတ်ရူရန် မေတ္တာရပ်ခံအပ်ပါသည်။)

ယခင်အပိုင်း(၅)မှ အဆက် ….

ရန်ကုန်ရောက်တဲ့အထိ ကားပေါ်တွင် သူတို့အားလုံး စကားများများ
မပြောနိုင်တော့ပဲ တိတ်ဆိတ်နေခဲ့ကြပါတယ် …။

(၈)

သူတို့အားလုံး ရန်ကုန် ပြန်ရောက်ရောက်ချင်း ကြားရတဲ့ သတင်း
များက မကောင်းလှပါ။ ၀ါဆိုဦး'ချစ်သူ ကိုမင်းလွင်တစ်ယောက် ဆေးရုံး
မှာ ဘယ်ဖက်ခြေထောက် ဖြတ်ပြီးပါပြီ။ ဦးခေါင်းမှာ ပြင်းပြင်းထန်ထန်
ထိခိုက်ထားလို့ မူမမှန်တဲ့ အနေအထားမျိုးပါ။ သူတို့ ပြန်ရောက်ပြီး
နောက်တစ်နေ့မှာပဲ ကိုမင်းလွင်ရဲ့ မိဘများနဲ့ ၀ါဆိုဦးဖေဖေ အန်ကယ်
တို့ ….မြို့လေးရှိ အရူးကြီး နေထိုင်ရာ သင်္ချိုင်းကုန်းဆီ ပြန်သွားကြ
တယ်လို့ သိရပါတယ်။ ထပ်သွားတဲ့ လူတွေအားလုံး ကံမကောင်းပါ။



သူတို့အားလုံး ပြန်လာခဲ့တဲ့ မနက်မှာပဲ ….မြို့ရှိ အရူးကြီး နေထိုင်ရာ
သင်္ချိုင်းကုန်းဆီ လူတွေ အများကြီး သွားပြီး အရူးကြီးကို ရှာဖွေကြ
တယ်လို့ သိရပါတယ်။ အကြောင်းကတော့ လူမှုရေးနဲ့ အကျိုး
စီးပွား ဖြစ်ထွန်းရေး နည်းနာနိဿယ တောင်းခံဖို့ သွားကြတာပါ။
အရူးကြီးဟာ အဲဒီသင်္ချိုင်းကုန်းကနေ ထူးဆန်းစွာ ပျောက်ချင်းမလှ
ပျောက်ကွယ်သွားတယ်လို့ ….မြို့ရှိ လူများက ပြောကြပါတယ်။

နောက်ပိုင်းရက်တွေမှာ ၀ါဆိုဦးနဲ့ ကိုမင်းလွင်တို့ရှိရာ ဆေးရုံဆီ
သူတို့ သူငယ်ချင်းအားလုံး မကြာခဏဆိုသလို ရောက်ကြပါတယ်။
သူတို့နှစ်ဦးစလုံးရဲ့ မိဘများ၏ ငွေကြေးတတ်နိုင်မှုအရ ဆေးရုံ
ပေါ်ရှိ အထူးခန်း (အဲဒီခေတ်က Private room) မှာ ပြောင်းရွေ့ပြီး
ဆက်လက်ကုသမှု ခံယူကြပါတယ်။ တစ်ပတ်လောက်အကြာမှာ
သူတို့ သူငယ်ချင်းတသိုက် သတင်းတစ်ခုကို ကြားရပါတယ် …
“၀ါဆိုဦးဆီမှာ ညဖက်စောင့်အိပ်ပေးတဲ့ လူတွေဆီကတဆင့် သိရတာ၊
ညဖက်ဆိုရင် ပြတင်းပေါက်မှန်တံခါးကို လာခေါက်တယ်၊ ပြတင်းပေါက်
ဖွင့်ကြည့်တော့ ဘယ်သူမှ မတွေ့ရဘူး၊ ကိုမင်းလွင်ကို ထားတဲ့
အခန်းမှာလည်း အဲလိုဖြစ်နေတယ်၊ ထူးဆန်းတာက ပြတင်းပေါက်
တံခါးမှာ လာပြီးခေါက်တဲ့ အချိန်ချင်း တူနေတာ …”

(မော်ကြီး) ကဲ့ ဘယ်လိုလဲ ငါတို့အုပ်စုလိုက် ဆေးရုံကို ချီတက်
ကြမလား …။

(ယုယု) ဆေးရုံမှာ စည်းကမ်းကြီးတယ်၊ အမျိုးသမီးလူနာကို
အမျိုးသမီးပဲ စောင့်ခွင့်ရှိတယ်၊ ယောက်ျားလေး စောင့်လို့ မရဘူး၊
အမျိုးသားလူနာကိုလည်း အမျိုးသားအချင်းချင်းပဲ စောင့်ရတယ်၊
မိန်းကလေး စောင့်ပေးလို့ မရဘူး၊ အဲဒီတော့ ဒို့အားလုံး
ဝါဆို့နံဘေးမှာ သွားစောင့်ပေးဖို့ဆိုတာ မလွယ်ဘူးနော် …။

(အောင်ခိုင်) အခုလောလောဆယ် ဆေးရုံးကို သွားကြည့်မယ်၊
ဟိုရောက်မှ အခြေအနေကြည့်ပြီး ရရင်လည်း ရသလိုပေါ့၊ မရ
တော့လည်း နောက်တစ်မျိုးပေါ့ဟာ …။

ဒီလိုနဲ့ သူတို့အားလုံး ဆေးရုံဆီ ရောက်ခဲ့ကြပါတယ်။ ၀ါဆို့မေမေ
အန်တီ အပြောအရ ညဖက် ၁၂ နာရီနဲ့ ၁ နာရီကြားမှာ မှန်ပြတင်း
ပေါက်ကို အပြင်ကနေ လာခေါက်ပါတယ်။ ထ’ပြီး လျှောက်ရှာကြည့်
ရင် ဘာမျှ မတွေ့ရ၊ ခဏလောက်နေရင် ခေါက်သံ ထပ်ကြားရ
ပါတယ်။ အနည်းဆုံး သုံး … လေးခါလောက် လာခေါက်လေ့ ရှိပါ
တယ်။ တခါတလေ မျက်စိရှေ့မှာပဲ လာခေါက်တယ်လို့ ပြောပြ
တယ်။ တချိန်တည်းမှာပဲ ကိုမင်းလွင် ရှိနေတဲ့ အမျိုးသားအဆောင်
ဖက်က အခန်းမှာလည်း အဲလို ဖြစ်နေပါတယ်။ မနက်စောစော
နှစ်နာရီခွဲလောက်မှာ ၀ါဆိုဦးတစ်ယောက် အိပ်ပျော်နေရာကနေ
… “ဟင့်အင်း … သမီး မလိုက်ချင်ဘူး … မလိုက်ချင်ဘူး …” လို့
ထ’ယောင်ပြီး ငိုတယ်။ အဲဒီအချိန်မှာပဲ ကိုမင်းလွင်လည်း အလားတူ
… “၀ါဆို … သူတို့က ဘယ်သူတွေလဲ လိုက်ခဲ့မယ် …လိုက်ခဲ့မယ်”
လို့ ထ’ယောင်တယ် …။

(ကျော်ထွန်း) အန်ကယ် … ဟို ဆရာ မှာလိုက်တဲ့အတိုင်း မလုပ်
ဘူးလား …။

(အန်ကယ်) လုပ်တာပေါ့၊ သေသေချာချာကို လုပ်တာ၊ တော်တော်
ကို ထူးဆန်းတယ်၊ အဲဒီဆရာဆီက ပြန်လာပြီးမှ ညတိုင်း အိမ်မက်
လိုလို တကယ်လိုလို ဖြစ်နေတယ် …။

(အောင်ခိုင်) ဘာတွေ ဖြစ်နေတာလဲ အန်ကယ် …။

(အန်ကယ်) အိမ်မက်ထဲမှာ ဦးတို့အိမ်ထဲကို လူငါးယောက် ၀င်လာ
တယ်၊ ပြီးတော့ အပေါ်ထပ်ကို တက်လာပြီး သမီးအခန်းထဲကို ၀င်
သွားကြတယ်၊ သူတို့ ပြန်ထွက်သွားတော့ သူတို့နဲ့အတူ သမီးပါ
ပါသွားတယ်၊ ဦးလည်း … သမီး … သမီး … လို့ ပြေးလိုက်ပြီး
ခေါ်တော့ သမီးက ပြန်လှည့်ကြည့်တယ်၊ အဲဒီမှာ သမီးကို သေသေ
ချာချာ ကြည့်လိုက်တော့ သူတို့နဲ့ လိုက်သွားတာက သမီးမဟုတ်
ဘူး၊ ဟို … ဟို … အဲဒီဆရာပေးလိုက်တဲ့ အရုပ်ဖြစ်နေတယ် … သူက
သမီးနဲ့ တပုံစံတည်း ဖြစ်နေတာ၊ အိမ်မက်က လန့်နိုးတော့ ဆက်
အိပ်လို့ကို မရတော့ဘူး၊ တကိုယ်လုံး ချွေးတွေနဲ့ ရွှဲလို့ …။

(နှင်းနှင်း) အန်ကယ် … သဇင်ပန်းအနီနဲ့ ထမင်းချက်ပြီး အရုပ်မ
ပါးစပ်မှာ ပွတ်ပေးရဲ့လား …။

(အန်ကယ်) ပွတ်ပေးတာ နှစ်ခါ ရှိပြီ၊ ဟိုဆရာက သုံးရက် တစ်ခါ
ပွတ်ပေးပါ ဆိုလို့ သူ မှာတဲ့အတိုင်း လုပ်ပါတယ် …။

(အငယ်လေး) ဆေးရုံ ပြတင်းပေါက်ကို လာခေါက်တာ ဘယ်နေ့
က စ’ဖြစ်သလဲ အန်တီ …။

(အန်တီ) မနေ့က ညနဲ့ဆို သုံးည ရှိသွားပြီ၊ အန်တီလည်း ရသမျှ
ဘုရားစာတွေ ရွတ်ပါတယ်၊ သမီးကို စောင့်အိပ်တာ အန်တီ
တစ်ယောက်တည်း မဟုတ်ဘူး၊ ပထမဆုံး စ’ဖြစ်တဲ့ညက အန်တီနဲ့
အိမ်က ၀င်းဝင်းရယ်၊ နောက်ညကျတော့ သုံးယောက် စောင့်အိပ်
တာ၊ မနေ့ညကဆိုရင် အန်တီ သုံးယောက်အပြင် သူနာပြုဆရာမ
ပါ လာစောင့်ကြည့်ပေးတာ၊ သူတောင် တော်တော်လန့်သွားတယ် …။

(ကိုစိုင်း) ကိုမင်းလွင်ရော ထ’ယောင်ပြီး အော်သလား …။

(အန်ကယ်) မောင်မင်းလွင် အခြေအနေက မင်းတို့ မြင်တဲ့အတိုင်းပဲ
တွေ့သမျှလူကို ကြောင်တောင်တောင်နဲ့ လိုက်ကြည့်နေတာ၊ သမီးကို
လည်း သူ့အသိဥာဏ်ထဲမှ မှတ်မိပုံ မရဘူး၊ ဆေးရုံပေါ် ရောက်စ
သမီးက သူ့ကို တွေ့ချင်တယ်ဆိုလို့ အန်ကယ်တို့ တွဲပြီး လိုက်ပြ
တယ်၊ မောင်မင်းလွင်က သမီးကို မသိတဲ့ပုံစံနဲ့ ကြည့်နေတာ၊ အိမ်မက်
မက်ပြီး ယောင်တော့ သူ့မိသားစုလည်း သူတို့သား သမီးအပေါ် ပြန်
သတိရတယ်ဆိုပြီး ၀မ်းသာနေကြတာ၊ နောက်နေ့ သမီးကို သူ့အခန်း
ထဲ ခေါ်သွားတော့ တစ္ဆေတစ်ကောင်ကို တွေ့သလိုပဲ အခန်းထဲက
ထွက်သွားဖို့ မောင်းထုတ်တာ ဆူဆူညံ့ညံ့ပဲ၊ အရင်နေ့တွေက
တွေ့ရင် အဲလို ရန်မလုပ်ဘူး၊ အခု ထူးထူးဆန်းဆန်း သမီးကို
မြင်တာနဲ့ … နင်တို့ ငါကို လာမခေါ်ကြနဲ့ သွားကြ သွားကြ
… ဆိုပြီး ဇွတ်အတင်း မောင်းထုတ်တာ၊ သမီးကလွှဲရင် ကျန်တဲ့
သူတွေအပေါ် ရန်မရှာဘူး …။

(အောင်ခိုင်) အန်ကယ် ဖြစ်နိုင်မယ်ဆိုရင် ကျနော်တို့ သူငယ်ချင်း
အားလုံး ဒီည ၀ါဆို့အခန်းမှာ လာစောင့်ပေးချင်တယ်၊ ဆေးရုံ
တာဝန်ကျ ဆရာဝန် ဆရာမတွေ၊ ဆေးရုံအပေါက်စောင့်တွေဆီ
အတတ်နိုင်ဆုံး တောင်းဆိုကြည့်ပါလား အန်ကယ် …။

အန်ကယ်တစ်ယောက် ဆေးရုံက တာဝန်ရှိသူတွေထံ ထွက်ခွာ
သွားပါတယ်။ တစ်နာရီနီးပါးလောက်အကြာမှာ ပြန်လာပြီး
သူတို့အားလုံးကို ခေါင်းငြိမ့်ပြပါတယ်။ ကျော်ထွန်းက အငယ်လေး
ဖက် လှည့်ပြီး …
“အငယ်လေး၊ နင် ဟိုတခါလို အကြောက်လွန်ပြီး ဟိုဟာထွက်ကြ
ဒီဟာထွက်ကြ မဖြစ်စေနဲ့နော်၊ ကြောက်တတ်ရင် မလာနဲ့ …”

(အငယ်လေး) အတွေ့အကြုံရှိပြီးသာ၊ ဒီတခါတော့ မျက်လုံးပြူး
ပြီးတော်ကို သေသေချာချာ စပ်စုမှာ၊ အရင် အငယ်လေး မဟုတ်
တော့ဘူး၊ ၀ါရင့် အငယ်လေး …. ဟားဟားဟား …။

ညနေပိုင်း ဆေးရုံအပေါက်ဝ’ကို ပြန်ရောက်တော့ ခြောက်နာရီ
မထိုးသေးပါ။ ညဖက်လာစောင့်ပေးမယ့် သူတို့အားလုံးကို ကြည့်
ပြီး ဆေးရုံရှိ တာဝန်ရှိသူတွေ မျက်လုံးပြူးသွားပါတယ်။ ၀ါဆိုဦးတို့
မိသားစုနဲ့ သူတို့အုပ်စုပေါင်းရင် လူနာတစ်ယောက်ကို လာစောင့်
ကြည့်ချင်တဲ့ လူအရေအတွက်က (၁၅)ယောက်လောက်ပါ။ ယုယု
တို့ နှင်းနှင်းတို့ ၀ါဆို့မေမေ အန်တီလက်ထဲက စားသောက်စရာ
သယ်ဆောင်လာတဲ့ ခြင်းတွေကြည့်ပြီး လူနာလာစောင့်တဲ့ ပုံစံဟာ
ဆေးရုံမှာ ပျော်ပွဲစားထွက်လာတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။

(၉)

ဆေးရုံအပေါက်စောင့် လင်မယားက ယုယုတို့တသိုက်နဲ့ လာပြီး
ဟိုအကြောင်းပြောလိုက် ဒီအကြောင်းပြောလိုက်နဲ့ ၀ိုင်းဖွဲ့နေပါ
တယ်။ နှင်းနှင်းက ဆေးရုံမှာ သရဲခြောက်သလား မေးကြည့်တော့
သူတို့ကြားဖူးသမျှတွေ လျှောက်ပြောနေကြပါတယ်။ လဖက်ရည်
ထည့်လာတဲ့ ဓါတ်ဗူးတွေ တစ်ဗူးပြီး တစ်ဗူး ပြောင်သလင်း ခါသွား
ပါတယ်။ ၀ါဆိုဦးတစ်ယောက်လည်း သူ့နံဘေးနားကို ရောက်နေ
တဲ့ သူငယ်ချင်းတွေကို ကြည့်ပြီး ပျော်နေပါတယ်။ အခန်းထဲမှာ လူ
မဆန့်လို့ တချို့လည်း အခန်းပြင်ရှိ ကော်ရစ်ဒါက ခုံပုတန်းလျား
မှာ သွားထိုင်နေရပါတယ်။ စကားတွေ တပြောပြောနဲ့ ညဟာ
တဖြေးဖြေး ညဥ့်နက်လာပါတယ်။ ၀ါဆိုဦးတော့ ည (၉)နာရီ
ကျော်လောက်မှာပဲ စကားသံတွေကြား အိပ်ပျော်သွားပါတယ်။

ည (၁၂)နာရီ မထိုးခင် ကတည်းက သူတို့အားလုံး ပြတင်း
ဆီကနေ ဘာများ ထွက်ပေါ်လာမလဲလို့ ကြည့်နေပါတယ်။
… ၁၂ နာရီ ထိုးပြီလို့ … သူတို့ထဲမှ တစ်ယောက်က အသံ
ပြုပြီးတဲ့ နောက်ပိုင်းမှာ သူတို့စကားသံတွေ လျှော့ကျသွားပြီး
ပြတင်းပေါက်ကို အားလုံး ၀ိုင်းအုံးကြည့်နေကြပါတယ်။

ပြတင်းပေါက်ကနေ ကျော်လွန်ပြီး အပြင်က မြင်ကွင်းကို ကောင်း
ကောင်းကြီး မြင်နေရပါတယ်။ ဆေးရုံအပြင်က မြင်ကွင်းဟာ
တိတ်တိတ်ဆိတ်ဆိတ်ပါ။ ရုတ်တရက် ပြတင်းပေါက်မှန်ကို အပြင်
ကနေ လှမ်းခေါက်လိုက်တဲ့ ပုံစံ “ ဒေါက် …ဒေါက် … ဒေါက်”လို့
ထွက်ပေါ်လာပါတယ်။ သူတို့အားလုံးရဲ့ နူတ်ခမ်းတွေ အနည်းငယ်
ပွင့်အာ သွားပါတယ်။ ကျော်ထွန်းနဲ့ ကိုစိုင်းဟာ သူတို့နဲ့ ပြတင်း
ပေါက်ကြားရှိ လူတွေကို တွန်းဖယ်ပြီး ပြတင်းပေါက်နဲ့ သူတို့
မျက်နှာတွေ ထိလုနီးပါး တိုးကပ်သွားပါတယ်။ မော်ကြီးက နှင်းနှင်း
လက်ထဲရှိ စိတ်ပုတီးကို ရုတ်တရက် ဆွဲယူပြီး ပြတင်းပေါက်ကို
လှမ်းရိုက်တော့မယ့် ပုံစံ ချိန်းရွယ်နေပါတယ်။ “ဒေါက် … ဒေါက်
… ဒေါက်” လို့ နောက်တစ်ကြိမ် ထပ်ခေါက်လိုက်သံကို သူတို့
အားလုံး ပီပီသသ ကြားလိုက်ရပါတယ်။ အရှေ့ဆုံးရှိ ကျော်ထွန်း
နဲ့ ကိုစိုင်းတို့ အနည်းငယ် တွန့်ပြီး နောက်နည်းနည်း ယိုင်သွား
ပါတယ်။ “ဘယ်သူလဲ … ”ဆိုတဲ့ အသံဟာ ယုယုဆီမှ ထွက်
လာပါတယ်။ စိတ်ပုတီးနဲ့ ရိုက်ဖို့ ရွယ်နေတဲ့ မော်ကြီးလည်း
မရိုက်ဖြစ်လိုက်ပါဘူး။ ၀ါဆို့မေမေ အန်တီဆီမှ ထွက်ပေါ်လာတဲ့
သံဗုဒ္ဓေ ရွတ်သံက လွှဲရင် တခန်းလုံး တိတ်ဆိတ်နေပါတယ်။

နောက်ထပ် ဆယ့်ငါးမိနစ်လောက် ဆက်စောင့်ကြည့်နေပေမယ့်
ဘာသံမှ ဆက်ထွက်မလာပါဘူး။ သူတို့အားလုံး သက်ပြင်း
တိုးတိုးလေးတွေ ခိုးချပြီး အသက်ပုံမှန် ရူဖြစ်နေပါပြီ။ ကိုစိုင်း၊
ကျော်ထွန်းနဲ့ မော်ကြီးတို့ တံခါးဖွင့်လိုက် ပြန်ပိတ်ကြည့်လိုက်
လုပ်နေကြပါတယ်။ နောက်က လူတွေလည်း စုပြုံးပြီး ပြတင်း
နံဘေး တိုးကပ်ကာ အသံ ဘယ်လိုများ ထွက်လာသလဲလို့
မျက်လုံးတွေနဲ့ အဖြေရှာနေကြပါတယ်။ “ဒုန်း … ဒုန်း …ဒုန်း
… ဒုန်း …ဒုန်း …ဒုန်း” ဖြင့် ပြတင်းပေါက်မှန်ကို အပြင်ကနေ
လက်သီးဆုပ်နဲ့ ခပ်ပြင်းပြင်း ဆက်တိုက် ထုလိုက်တဲ့ အသံ
ထွက်ပေါ်လာပါတယ်။ ရှေ့ဆုံးမှာ ကျော်ထွန်းရယ်၊ သူ့နောက်
ကပ်လျက်မှာ ရပ်နေတဲ့ အောင်ခိုင်ကလွှဲရင် ကျန်တဲ့သူတွေ
နောက်ဆုတ်သွားပါတယ်။ “ကဲကွာ …” လို့ အော်ပြီး မော်ကြီး
က စိတ်ပုတီးနဲ့ ပြတင်းပေါက်မှန်ကို ခပ်ဆတ်ဆတ် လှမ်းရိုက်
လိုက်ပါတယ်။

အောင်ခိုင်ဟာ ပြတင်းပေါက်မှန်ကို အထဲကနေ တခေါက်ခေါက်
နဲ့ ပြန်ခေါက်ကြည့်လိုက်ပါတယ်။ သူ ခေါက်တဲ့ အသံ အဆုံးမှာ
“ဒုန်း …ဒုန်း … ဒုန်း” နဲ့ ထုတဲ့အသံဟာ အနည်းဆုံး (၇)ချက်
နီးပါး ထွက်ပေါ်လာပါတယ်။ ပြတင်းပေါက်နဲ့ ကပ်လျက်မှာ
ဘယ်သူမှ မရှိတော့ပါ။ တစ်ယောက် တစ်မျိုးစီ ရွတ်ကြတဲ့
ဘုရားစာ ရွတ်သံတွေ အခန်းထဲမှာ ခပ်အုပ်အုပ် ထွက်ပေါ်လာပါ
တယ်။ နောက်ထပ် ဆယ့်ငါးမိနစ် … နာရီဝက် … တဖြေးဖြေးနဲ့
အချိန်ဟာ ည(၁) နာရီ ကျော်လွန်ခဲ့ပါပြီ။

ပြတင်းပေါက်ဆီကနေ ဘာသံမှ ထပ်ပြီး ထွက်မလာတော့ပါ။
ကုတင်ပေါ်မှာ ၀ါဆိုဦးတစ်ယောက် ဘာကိုမှ မသိလိုက်သလို
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပါတယ်။ စိတ်မော လူမောဖြစ်သွား
တဲ့ သူတို့အားလုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး
မျက်ခုံးတွေ ပင့်ပြ နေကြပါတယ်။

ည (၂)နာရီခွဲလောက်မှာ ကုတင်ပေါ်ရှိ ၀ါဆိုဆီကနေ …
“ဟုတ်ကဲ့ရှင့် … ဟုတ်ကဲ့ရှင့်” လို့ ယောင်ပြီး အသံထွက်လာပါ
တယ်။ ဘုရားစာရွတ်နေတဲ့ အန်တီက …
“သမီး … သမီး” ဆိုတဲ့ နိုးသံနဲ့အတူ ၀ါဆိုဦး နိုးလာပါတယ်။

(ယုယု) ၀ါဆို၊ သူငယ်ချင်း နံဘေးမှာ ဒို့အားလုံး ရှိတယ်၊ ဘာမှ
အားမငယ်နဲ့ …။

(၀ါဆိုဦး) ၀ါဆို အိမ်မက်တွေ မက်နေတာ၊ အခုမက်တဲ့
အိမ်မက်က အရင် မက်နေကြ အိမ်မက်တွေနဲ့ မတူဘူး …။


(ဆက်ရန်။)

18 comments:

ZT said...

အရင်ဆုံး လာဖတ်သွားတယ်။ စောင့်နေဆဲပါ။

Tina Kyi said...

နောက်တပိုင်းမြန်မြန်နော် စိတ်ဝင်စားလာပီး)

Nay Nay Naing said...

မျှော်နေတာကြာပါပြီ...

Anonymous said...

မျော်ရတာမောလှပေါ့. . . မြန်မြန်လေးနော် Thanks

nyimuyar said...

nice and still waiting for rest :D

nyimuyar said...

still waiting for rest of the posts

sy said...

ဒီ post အဆက် လေးတွေတော့ မြန်မြန်လေး တင်ပေးပါလားဟင်။ အကြာကြီးပဲစောင့်ဖတ်နေတာ။ အရင်အဟောင်းတွေလဲဖတ်လို့ကုန်ပီ။

ကျေးဇူးပါနော်။ :)

Anonymous said...

အမြန်ဗျို့


မြတ်နိုး

SHWE ZIN U said...

ဖတ်သွားပြီ ဝမ်းကိုသာသွားတာဘဲ
အင်း မျှော်ရပြန်ပြီ ကိုအောင်ရေ

ကျေးဇူးပါ

ရွှေစင်

ယောနက်သန် said...

ဒီတပိုင်း ဖတ်ပြီး နောက်တပိုင်း မျှော်နေပါတယ်။

Anonymous said...

Pls post the rest (all of it) asap, i'll really appreciate it!
You won't believe cuz i'm scared of ghosts as much as i enjoy reading ghost stories but i'm too scared to read them when i'm alone.
My parents are visiting me and thus they are with me the whole day and i want to read your article during their stay.
Thanks a lot in advance.
Khin

ရွှေရတုမှတ်တမ်း said...

ဝါဆိုရေ...ပြာသိုထိအောင်စောင့်ဖတ်ရမှာလား...
ကိုအောင်...မအားဘူးလား..

Zaw Myo Lwin said...

အသက်တောင်ရဲရဲမရှုတမ်းဖတ်တာ...။ အသက်ရှုဖို့လဲ သတိရရော ဆက်ရန်တဲ့။ သေပြီဆရာ...။ ပျော်ပါစေး-)

T2A said...

အင်းးးးးးးးးးးးးမိုးတစ်စိမ့်စိမ့်ရွာနေတဲ့ ညမျိုးသန်းခေါင်ယံအချိန်လောက်ဆိုရင်တော့ ဒီဇာတ်လမ်းမျိုးကို ဖတ်ရဲပါ့မလားလို. စဉ်းစားကြည့်နေမိတယ် ။ Full of Suspense ပါပဲ ။

ကိုအောင်(ပျူနိုင်ငံ) said...

စာလာဖတ်တဲ့သူတွေနဲ့ အမှတ်တရ ကော်မန့် ရေးသွားကြသူ အားလုံးကို ကျေးဇူးတင်ပါတယ်။

ZT, Tina Kyi, Nay Nay Naing, Anonymous, Nyimuyar, sy, မြတ်နိုး၊
မရွှေစင်ဦး၊ ယောက်နက်သန်၊ Anonymous၊
ကိုကြီးကျောက်၊ ကိုဇော်မျိုးလွင်၊ T2A တို့ကို
အထူး ကျေးဇူးတင်ပါတယ်။

လောလောဆယ် ကျနော့်အနေနဲ့ အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက် အချိန်တချို့ကို ဖြတ်ကျော်ခဲ့ရပါတယ်၊
အဲဒါကြောင့် ဘလော့မှာ ပို့စ်တင်မှု သိသိသာသာ
လျှော့နည်းသွားရတာပါ၊ လက်ရှိ ရေးလက်စ ဇာတ်လမ်း
ကို နောက်တစ်ကြိမ် ပို့စ်မှာ အဆုံးသတ်နိုင်ဖို့ အတတ်
နိုင်ဆုံး ကြိုးစားပါ့မယ် ခင်ဗျာ။

မြစ်ကျိုးအင်း said...

ကြောက်မယ်ကြံလိုက် တပိုင်းပြီးသွားလိုက်နဲ့ အရသာက ဆန့်တငံ့ငံ့နဲ့ဗျာ။ အရှေ့အပိုင်းတွေ မမေ့သွားခင် ဆက်တင်ပေးပါအုံးဗျ။

khin oo may said...

တော်ပါသေးရဲ့ ညနေ ၅နာရီမှာလာဖတ်မိပေလို့။

me said...

ဘယ်တော့ ဆက်ရေးမှာလဲဟင်........