နေ’လည်း ကြတ်
လ’လည်း ကြတ်
သင်္ကြန်’လည်း ကြတ်
ငွေစက္ကူတွေလည်း ကျပ်
ဘတ်စ်ကားတွေလည်း ကျပ်
ဘ၀တွေလည်း ကျပ်
လ’လည်း ကြတ်
သင်္ကြန်’လည်း ကြတ်
ငွေစက္ကူတွေလည်း ကျပ်
ဘတ်စ်ကားတွေလည်း ကျပ်
ဘ၀တွေလည်း ကျပ်
ရေသဘင်ပွဲမှာ ရှင်ဘုရင်သတ်လို့သေတာ
မင်းတစ်ယောက်တည်း မဟုတ်ဘူး
စောလုံ …
မယ်သုမန’ ကျောမှာ
ဒဏ်ရာတွေနဲ့ပါလားလို့
မေးမဲ့လူ မရှိတဲ့ ဒီနှစ်ကူးမှာတော့
အခါတော်ရေလဲ ဈေးကွက်တွေပျက် …
ပန်းပွတ်သည်ရဲ့မြေး တရုတ်ပြေးက
ဖိုထိုးကြပ်တင် သုံးကြိမ် သုံးခါနဲ့
ဒီပွဲတော်ကို ကန့်လန့်ကာဖွင့်ခဲ့
ဝိဋူဋူပ ပြန်ဝင်စားတဲ့ တရုတ်ချစ်က
ရက်စက်သောဗုံး သုံးကြိမ် သုံးခါနဲ့
ကန်တော်မဟာကို အရောင်ပြောင်းခဲ့…
“ငရဲပြည်ရောက် ဦးရူမောင် ခင်ဗျာ …
ခင်ဗျားရဲ့ မိစ္ဆာလက်သစ်တွေကြောင့်
ငယ်ချစ်နဲ့ ရွှေလက်တွဲဖို့
တည်ဆောက်ခဲ့သော ကရ၀ိတ်ကြီးမှာ
ကျိန်စာများ မပျောက်ပျက်သေး”
မာရ်နတ်ရဲ့
သွေးဆာနေသော သက္ကရာဇ်များထဲ
သုမုန္ဒြီနဲ့ ပုပ္ပါးစောရဟန်းတို့
အိုးမဲတွေ ပြိုင်သုတ်နေကြတုန်း …
စပါတာကတ်တစ်ယောက်
၃၅ လမ်းပေါ် မူးပြီးရစ်နေဆဲ …
စကြာမင်းကို ရေချပေးမယ့်
အလီကိုဟင် ဆီးရီးယားမှ ပြန်ရောက်မလာ …
ဒီမယ် စောလုံ
ကွမ်းကလပ်အပဲ့နဲ့ ကွမ်းစားပြတဲ့
ရာဇသင်္ကြံန်ကို ပြောလိုက်စမ်းပါ
အုတ်လှငယ်ရဲ့ ဗျတ္တိဟာ
ကျေးဇူးမေ့တတ်သူ အတွက်လား
ငါတို့ အတွက်လား ..… ။ ။
-စစ်ငြိမ်းဒီရေ
မင်းတစ်ယောက်တည်း မဟုတ်ဘူး
စောလုံ …
မယ်သုမန’ ကျောမှာ
ဒဏ်ရာတွေနဲ့ပါလားလို့
မေးမဲ့လူ မရှိတဲ့ ဒီနှစ်ကူးမှာတော့
အခါတော်ရေလဲ ဈေးကွက်တွေပျက် …
ပန်းပွတ်သည်ရဲ့မြေး တရုတ်ပြေးက
ဖိုထိုးကြပ်တင် သုံးကြိမ် သုံးခါနဲ့
ဒီပွဲတော်ကို ကန့်လန့်ကာဖွင့်ခဲ့
ဝိဋူဋူပ ပြန်ဝင်စားတဲ့ တရုတ်ချစ်က
ရက်စက်သောဗုံး သုံးကြိမ် သုံးခါနဲ့
ကန်တော်မဟာကို အရောင်ပြောင်းခဲ့…
“ငရဲပြည်ရောက် ဦးရူမောင် ခင်ဗျာ …
ခင်ဗျားရဲ့ မိစ္ဆာလက်သစ်တွေကြောင့်
ငယ်ချစ်နဲ့ ရွှေလက်တွဲဖို့
တည်ဆောက်ခဲ့သော ကရ၀ိတ်ကြီးမှာ
ကျိန်စာများ မပျောက်ပျက်သေး”
မာရ်နတ်ရဲ့
သွေးဆာနေသော သက္ကရာဇ်များထဲ
သုမုန္ဒြီနဲ့ ပုပ္ပါးစောရဟန်းတို့
အိုးမဲတွေ ပြိုင်သုတ်နေကြတုန်း …
စပါတာကတ်တစ်ယောက်
၃၅ လမ်းပေါ် မူးပြီးရစ်နေဆဲ …
စကြာမင်းကို ရေချပေးမယ့်
အလီကိုဟင် ဆီးရီးယားမှ ပြန်ရောက်မလာ …
ဒီမယ် စောလုံ
ကွမ်းကလပ်အပဲ့နဲ့ ကွမ်းစားပြတဲ့
ရာဇသင်္ကြံန်ကို ပြောလိုက်စမ်းပါ
အုတ်လှငယ်ရဲ့ ဗျတ္တိဟာ
ကျေးဇူးမေ့တတ်သူ အတွက်လား
ငါတို့ အတွက်လား ..… ။ ။
-စစ်ငြိမ်းဒီရေ
ကဗျာထဲမှ အသုံးအနှုန်းတချို့*
စောလုံ* = ပုဂံခေတ်၊ ပထမဆုံး သင်္ကြန်ပွဲတော်တွင် အသတ်
ခံရသော နရသီဟပတေ့မင်း၏ မိဖုရား။
မယ်သုမန* = ငါးရာငါးဆယ် နိပါတ်တော်မှ မယ်သုမန။
ပန်းပွတ်သည်ရဲ့မြေး တရုတ်ပြေး* = ပုဂံခေတ် နောက်ဆုံး
ဘုရင်ဖြစ်သည့် နရသီဟပတေ့မင်း (၆၁၆ -၆၄၉)။
ဝိဋူဋူပ* = ဂေါတမဗုဒ္ဓ ဘုရားရှင်၏ အမျိုးအနွယ်ဖြစ်သော
သာကီဝင်အပေါင်းတို့ရဲ့ လည်ချောင်းသွေးကို ခြေဖြင့် ဆေးသူ
(ငါးရာငါးဆယ် နိပါတ်တော်)။
ဦးရူမောင်* = မ.ဆ.လ ခေတ် (၁၉၆၂ -၁၉၈၈) တွင် မြန်မာနိုင်ငံ
အား အုပ်ချုပ်ခဲ့သော ဦးနေ၀င်း၏ ငယ်အမည်။
ကျိန်စာများ* = ရန်ကုန် ကန်တော်ကြီး ကရ၀ိတ်ဖောင်ပေါ်တွင်
ဦးနေ၀င်းနဲ့ ဒေါ်ရတနာနတ်မယ် မင်္ဂလာဆောင်ပြီးသည့် နောက်ပိုင်း
ကွဲတတ်သည်ဟု ရန်ကုန်မြို့နေ လူထု၏ ယုံကြည်မှု။
သုမုန္ဒြီ* = မြန်မာ သက္ကရာဇ်ကို ဖြိုချပြီး အစမှ ပြန်ရေတွက်သော
သရေခေတ္တရာခေတ် သုမုန္ဒြီမင်း။
ပုပ္ပါးစောရဟန်း*= မြန်မာသက္ကရာဇ်ကို ဖြိုချပြီး အစမှ ပြန်ရေတွက်
သော ပုဂံခေတ် ပုပ္ပါးစောရဟန်းမင်း။
စပါတာကတ်* = ရောမခေတ် “ကျွန်” လွတ်မြောက်ရေး ခေါင်းဆောင်။
စကြာမင်း* = ကုန်းဘောင်ခေတ် ဘိုးတော်ဘုရား ခေါ် ဗဒုံမင်း၏ အချစ်
ဆုံး မြေးဖြစ်သူ စကြာမင်းသား၊ နောင်တွင် ရေထဲနစ်ပြီး အသတ်ခံရသူ။
အလီကိုဟင်* = အစ္စရေးနိုင်ငံ၊ မော့ဆက် ထောက်လှမ်းအဖွဲ့၏ သူလျှို
အဖြစ် ဆီးရီးယားနိုင်ငံ၌ သေဒဏ်ပေးခံရသည့် သူရဲကောင်း။
ရာဇသင်္ကြံန်* = ပုဂံခေတ်တွင် အကိုဖြစ်သူ သီဟသူ ဘုရင်အား နန်းချ
ပြီး ညီဖြစ်သူ နရသီဟပတေ့မင်းအား နန်းတင်ပေးခဲ့သည့် အမတ်ကြီး။
အုတ်လှငယ်* = ရာဇသင်္ကြံန်အမတ်ကြီး၏ ဒုတိယမြောက် သားတော်၊
အရှင်သခင်အတွက် “ဦးဆွေးဆံမြည့်” ထမ်းရွက်သူ။
10 comments:
အကိုရေ ကဗျာလာဖတ်သွားတယ်။ ကြိုက်တယ် ခံစားလို့ ရတယ်။ အကို့စာတွေ အမြဲလာဖတ်ဖြစ်တယ်။ အခုမှ comment ရေးတာ။ အမြဲအားပေးနေတယ် အကို။
http://blackcampus.mylovecafe.com/ ကျွန်တော့် နေရာလေးပါ အားရင် လာအားပေးပါဦး။
သမိုင်းတွေ အကုန် စုံသွားတယ် ကဗျာနဲ့ သမိုင်း မွှေနှောက်လှပတယ်
ကဗျာက ဘုရားသမိုင်းရော မြန်မာသမိုင်းရော မျက်မှောက် အခြေအနေပါ အကုန်ပါနေပါလား။
ဒီကဗျာတော့ကြိုက်တယ်ကိုအောင်ရေ..
ရည်လည်လန်းတယ် ဘရာသာရေ ဘရာဗိုဗျာ
လေးစားလျက်
မောင်ထွန်း
ဖတ်လို.ကောင်းတယ်ဗျာ ။ သမိုင်းနောက်ခံတွေနဲ. လှလှပပ မွှေနှောက်ရေးသွားတာကြိုက်တယ်
ကိုကြီးကျောက်တောင် ကဗျာတွေ ဘာတွေကြိုက်လို့ အလကားစတာပါ ကိုအောင် ရေ ကျနော်လည်း ကြိုက်ပါတယ်
လေးစားလျှက်
ရွှေစင်ဦး
ကိုကြီးကျောက်လည်း ခံစားတတ်တဲ့ နှလုံးသားနဲ. လူသားတစ်ယောက်ပါဗျာ ။ သို.သော်ငြား တစ်ခါတစ်ရံမှာ လွမ်းရေး ၊ ဝမ်းရေးထက် တိုင်းရေးက ပိုပြီးခက်တယ်မလား ။
ကိုအောင် ကောင်းတယ်ဗျာ။ လာဖတ်သွားပါတယ်။
လေးစားလျက်
ဒီမိုဝေယံ
ရသမျိုးစုံပေးနိုင်တဲ့ ကဗျာကောင်းလေးမို့ နှစ်သက်မိပါတယ် ...
ခင်မင်လေးစားလျှက်
နှင်း
Post a Comment