အင်တာနက်ပေါ်ရှိ ရုပ်ရှင်အခမဲ့ ကြည့်ရူနိုင်သော ၀က်ဆိုဒ်များ
၏ ကောင်းမှုကြောင့် မြန်မာပြည်က ရုပ်ရှင် ဗွီဒီယိုဇာတ်လမ်း
များကို ကြည့်ရူခွင့်ရတာ တကယ့်ကို ကျေးဇူးတင်စရာပါ။
စာရေးဆရာမ ပုညခင် ရဲ့ ၀တ္ထုကို သမီးမြတ်ကျော် ဇာတ်ညွှန်း
ရေးပြီး ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးတဲ့
“ပျားရည်မြစ်ထဲမှာ” ဗွီဒီယို ဇာတ်လမ်းကို ကြည့်ရူ ရပါတယ်။
(၂-၄-၂၀၁၀) နေ့က စတင် ထုတ်လုပ် ဖြန့်ချီတယ်လို့ သိရပါ
တယ်။ ကျော်ရဲအောင်၊ တင့်တင့်ထွန်းနဲ့ အေးမြတ်သူတို့ ပါဝင်
သရုပ်ဆောင်ထားပါတယ်။

ဒီဇာတ်လမ်းဟာ မြန်မာ့ ယဉ်ကျေးမှုအဆောက်အဦးရဲ့ ယနေ့ခေတ်
မြင်ကွင်းတွေအပေါ် စာရေးဆရာတွေနဲ့ ဒါရိုက်တာတွေက ဘယ်လို
လက်ခံပြီး ဘယ်လို ရိုက်ကူးလိုက်သလဲ မပြောတတ်ပါ။ မယားငယ်
ဖြစ်လိုသူ (သို့မဟုတ်) အိမ်ထောင်ရေး ဖောက်ပြန်လိုသူတွေ အပေါ်
သနားညှာတာသွားအောင် တင်ပြထားတဲ့ အနုပညာဖန်တီးမှု
တစ်ခုလို့ပဲ ခေါင်းစဉ် တပ်ရမလား …
စိတ်ခံစားမှုကို ဗန်းပြပြီး စည်းမဲ့ကမ်းမဲ့ ဗရမ်းဗတာ ထင်ရာဆိုင်းမှု
ကို မြှောက်ပင့်ပေးတာလား ….
လစ်ရင် လစ်သလို ခိုးစားတတ်ဖို့၊ အိမ်ထောင်ရှိကြောင်း ကွယ်ဝှက်
ပြီး တွေ့သမျှကို ပေါက်ကရလုပ်တတ်ဖို့ သင်ကြားပေးတာလား …
မေးခွန်းထုတ်မယ်ဆိုရင် ပြီးမယ်လို့တောင် မထင်ပါဘူး။ ဆူလွယ်
နယ်လွယ် မြန်မာ့ ဗွီဒီယို ရုပ်ရှင်လောကရဲ့ ပရိတ်သတ်အပေါ်
အထင်သေး၊ သောက်ဂရုမစိုက်ဘူးဆိုတဲ့ အချိုးမျိုးနဲ့ ရိုက်ကူးထား
တဲ့ ဗွီဒီယို ဇာတ်လမ်းတစ်ခုပါ။
လူ (၁၅) ယောက် + ကား (၃)စီး + ဆိုက်ကယ် (၁)စီး + အိမ်(၃)
အိမ်+ ဆောက်လုပ်ရေး လုပ်ငန်းခွင် (၁) ခု + ဈေးဆိုင် (၁)ဆိုင် +
စားသောက်ဆိုင် (၂) ဆိုင် =
ပျားရည်မြစ်ထဲမှာ
ကြည့်မိတဲ့ ကျနော်တို့ပဲ မှားသလားဆိုတာ မပြောတတ်တော့ပါ …
10 comments:
ကျိန်းသေမှားနေတာပေါ့ဗျာ။ ကြည့်မိတာကိုက အမှား
မအယ်ကတော့ အွန်လိုင်းကနေ ဗမာကားတွေကြည့်ဖြစ်တယ်။ ဘာကား ဖြစ်ဖြစ်ပေါ့။
ရှု့ခင်းလေး ဘာလေး ကြည့်ရမလား မြင်ရမလား ပေါ့။ သူတို့က အိမ်ထဲပဲ ရိုက်တာကိုး။ ဆိုင်ဆိုလည်း မစ်စတာဂစ်တာပဲ မြင်ရတယ်။
ခုဆို နာမည်ပေးထားတယ် စတီးလှေခါးနဲ့ဆို နိုင်းနိုင်းတို့အိမ်၊ ကြာပန်းတွေနဲ့ဆို ထွန်းအိန်ဒါဘို အိမ်၊ သင်းဘောဆေး အပြာရောင်သုတ်ထားတဲ့ သံဇကာကွက်နဲ့ဆို ဆင်းရဲဖို့ အိမ် ဟားဟား အကုန် အလွတ် ရနေပြီ။
ပျားရည် ကားလည်း ကြည့်ပြီးပြီ။
အေးမြတ်သူ အကျီ င်္တွေ လှတယ်။ :))
မအယ်
မြန်မာဇာတ်ကားတွေ တခါတလေ ပျင်းလွန်းအားကြီးရင်တော့ ကြည့်ဖြစ်တယ်။ တခါတလေလဲ သူများညွှန်းရင် ကြည့်လိုက်တယ်။
ကြည့်လို့တော့ အပျင်းပြေပါတယ်။ ဘာကားကြည့်ကြည့် ရယ်နေရတာပဲ။ သူတို့ငိုလဲ ရယ်ရ၊ ဟာသလုပ်တာ ဟာသမမြောက်လို့လဲ ရယ်ရ။ စကားပြောခန်းတွေမှာ အပြင်က ပြောသလို မဟုတ်ဘဲ သိသိသာသာ သရုပ်ဆောင်နေတာမျိုး ကြည့်ပီးလဲ ရယ်ရ၊ အင်္ကျီ အ၀တ်အစားတွေ ကြည့်ပြီးလဲ ရယ်ရ။
ရယ်နေလိုက်တော့ အေးရော။
အင်တာနက်ရုပ်ရှင်ဆိုက်ဒ်တွေမှာ ရှိမလားမသိဘူးနော်။
တစ်နေ့က ကိုရီးယား ရုပ်ရှင်အညွှန်း တစ်ခု ဖတ်လိုက်ရတယ်။ တီဗီမှာ လာနေတဲ့ ဇာတ်လမ်းတွဲအကြောင်းပါ။ သူရေးထားတာလည်း ဒီလိုပါပဲ၊ အိမ်ထောင်ရေး ဖောက်ပြန်မှုတွေ ရိုက်ထားတဲ့ ကားလို့ ဆိုပါတယ်။ မြန်မာကားတွေလည်း ကိုရီးယား အားကျတာလား ၊ ဇာတ်ရုပ်ဆန်းရင် ပြီးရော ပဲလား မသိတော့ပါဘူး။ ကိုယ့်ယဉ်ကျေးမှု ဆိုတာကို မေ့နေကြပြီနဲ့ တူပါတယ်။
မအိမ့်ချမ်းမြေ့ ..
ကျနော်လည်း ဘာမီ့စ်ကလပ်စစ်တို့၊ မင်းသီလတို့၊ shwe dream တို့၊ shwe O တို့က ကြည့်ပါတယ်။
အပိုင်း၎ ဆက်ပါအုန်း
ကိုအောင်ရေ ဒါနဲ့ နစ်သစ်မှာ လူဦးရေ တိုးပီလား
ရောက်တယ် အစ်ကိုရေ..နယ်ဆင်းနေလို့ ဘယ်မှ သွားမကြည့်ဖြစ်ဘူး။ မြန်မာနှစ်သစ်မှာ ကျန်းမာချမ်းသာ လန်းဖြာပါစေဗျာ
ဒီဇာတ်လမ်းကို အမျိုးသမီးပြောပြလို့ တပိုင်းတစ ကြည့်ဖြစ်ပါတယ်...
ဒါရိုက်တာတွေ ဗွီဒီယိုထုတ်လုပ်သူတွေ ပရိတ်သတ်ကို ဂရုမထား စော်ကားတာက တော်ရုံတန်ရုံကို မဟုတ်တော့ပါဘူး...
ဒါမျိုးကားဆိုရင်တော့ အပျင်းလည်း မပြေ၊ ဗဟုသုတလည်းမရ၊ ဒေါသတောင် ထွက်စေတာမို့ စောစောစီးစီး ပိတ်ပစ်လိုက်တာ ကောင်းပါတယ်
းဝ)
သတင်းစာတို့ မဂ္ဂဇင်းတို့ကနေ တရားဝင် ခုလိုရေးခွင့်ရရင် သိပ်ကောင်းမှာပဲ ..
သောက်သုံးမကျတဲ့ ဒါရိုက်တာ
ပိုက်ဆံရဖို့ကလွဲပီး ကိုယ်ရိုက်သင့်မသင့်မသိတဲ့ မင်းသားနဲ့ မင်းသမီး ..
ဒီလို အနုပညာနာမည်တပ်ပီး သောက်တလွဲရေးတဲ့ စာရေးဆရာမဆိုပီး အဲ့လိုတွေ ဝေဖန်ရင် ခံနိုင်ကြပါ့မလားမသိဘူး
Post a Comment