Sunday, 18 April 2010

နှောင်ကြိုးမိသူ (အပိုင်း- ၃)

ရေးသူ- စစ်ငြိမ်းဒီရေ

(ကြောက်တတ်သူများ သတိထားပြီး ဖတ်ရူပါ။)

ယခင်အပိုင်း(၂)မှ အဆက် ….

(၆)

ပထမနှစ် စာမေးပွဲဖြေဖို့ သိပ်မဝေးတော့ပါ။ ဗေဒင်ဆရာဆီမှ ပြန်
လာပြီးကတည်းက အောင်ခိုင်နဲ့ သူတို့အားလုံး မတွေ့ဖြစ်ကြပါ။
အောင်ခိုင်တစ်ယောက် ဒုလ္လဘ ရဟန်းခံလိုက်တဲ့ သတင်းတော့
သူငယ်ချင်းအားလုံး ကြားလိုက်ပါတယ်။ နယ်မှာ ပြုလုပ်သောကြောင့်
ကျော်ထွန်းမှလွှဲ၍ ကျန်သူငယ်ချင်းများ ရဟန်းခံ အလှူပွဲသို့ မရောက်
ခဲ့ကြပါ။ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ၀ါဆိုဦးတစ်ယောက်လည်း သူ့
မိသားစုနဲ့အတူ မန္တလေးဖက်က အလှူတစ်ခုကို လိုက်ပါသွားလို့
အောင်ခိုင်ရော ၀ါဆိုဦးပါ သုံးပတ်နီးပါး ပျောက်နေခဲ့ကြပါတယ်။



ဝါဆိုဦး ကျောင်းပြန်တက်တဲ့နေ့ စကားတွေ ပြောဖြစ်ကြတော့ …

(နှင်းနှင်း) အောင်ခိုင်တော့ ဘုန်းကြီးလူထွက်လို့ ကတုံးကြီး
ဖြစ်နေပြီ၊ နင့်တို့နှစ်ယောက်စလုံး ပျောက်နေလို့ ငါတို့တောင်
သို့လော သို့လော ဖြစ်နေကြတယ် ၀ါဆို …။

(ယုယု) အိပ်မက်တွေရော မက်သေးလား ၀ါဆို၊ ဘာထူးသေးလဲ …။

(၀ါဆိုဦး) ပဲခူးကနေ ပြန်ရောက်တော့ ဖေဖေနဲ့မေမေ့ကို ဖြစ်သမျှ
တွေ ပြောပြလိုက်တယ်၊ အိမ်ကလူတွေ ကိုအောင်ခိုင်နဲ့ တွေ့ချင်တယ်
ဆိုလို့ သူ့ဆီ ဖုန်းဆက်ပြီး အိမ်အလည် ခေါ်လိုက်တယ်၊ ဖေဖေက
ပြောတယ် ကိုအောင်ခိုင်က မဆိုးပါဘူးတဲ့၊ သူငယ်ချင်း စိတ်ဓါတ်တော့
တော်တော် ရှိတယ်တဲ့၊ ပဲခူး … ဗေဒင်ဆရာ ပြောလိုက်တဲ့ အကြောင်း
တွေ ပြန်ပြောပြတော့ ဖေဖေက လုံးဝ လက်မခံဘူး၊ ထူးဆန်းတာက
ပဲခူးကနေ ပြန်လာတဲ့နေ့ကစပြီး ဟိုအိပ်မက် မမက်တာ ဒီနေ့အထိပဲ၊
အဲဒီထက်ပိုပြီး ထူးဆန်းတာက ၀ါဆိုတို့မိသားစု မန်းတလေးက
အလှူကို သွားတော့ ဖေဖေ့ ငယ်သူချင်း မိသားစုတွေနဲ့ တွေ့တယ်၊
အဲဒီမှာ ….။

(၀င်းမာ) အဲဒီမှာ ဘာဖြစ်ခဲ့လဲ ၀ါဆို …။

(၀ါဆိုဦး) သူနဲ့ ဆုံခဲ့တယ်၊ သူ့ဖေဖေနဲ့ ၀ါဆို့ဖေဖေက ငယ်သူချင်း
တွေ၊ အခု သူတို့မိသားစုနဲ့ ၀ါဆိုတို့ မိသားစုလည်း အရမ်းကို ရင်းနှီး
နေကြပြီ၊ သူနဲ့ ၀ါဆိုလည်း …။

(ယုယု) သူဆိုတာ ဘယ်သူလဲ၊ အဲဒီသူက ၀ါဆိုဆီမှာ ၀ဲနေလို့လား …။

(၀ါဆိုဦး) သူဆိုတာ ဘယ်သူလဲလို့ ယုတို့သိရင် အရမ်းအံသြသွားမှာ၊
သူ့မိဘတွေနဲ့ ၀ါဆို့မိဘတွေက ၀ါဆိုတို့နှစ်ယောက်ကို ရင်းရင်းနှီးနှီး
ခင်ခင်မင်မင်နေဖို့ တိုက်တွန်းကြတယ် ….။

(နှင်းနှင်း) အောင်ခိုင်တစ်ယောက်တော့ ကျန်ရစ်ဖြစ်တော့မယ်နဲ့
တူတယ်၊ ၀ါဆိုပြောနေတဲ့ သူဆိုတာ ဘယ်သူလဲဟင်း …။

(၀ါဆိုဦး) သူဆိုတာ ၀ါဆိုတို့ ပဲခူးသွားတုန်းက ကားတွန်းပေးခဲ့တဲ့
ကိုမင်းလွင်လေ၊ မန်းတလေး အလှူမှာ ရုတ်တရက် တွေ့လိုက်ရ
တော့ ၀ါဆို အရမ်းလန့်သွားတယ်၊ အိမ်က လူတွေတောင် နောက်
နေကြတယ်၊ အတိတ်ဘ၀က ရေစက်တဲ့၊ ပထမတော့ ၀ါဆိုလည်း
သူ့ကို အရမ်းကြောက်နေတာ မိတ်ဆက်ပေးတော့ စကားတောင်
ပြန်မပြောရဲဘူး၊ ဖေဖေက သမီးရယ် ဥပါဒ်ဒဏ်ကြောင့် ဥပါဒ် ဖြစ်
နေလိမ့်မယ် သိပ်မစွဲလန်းနဲ့လို့ ပြောတယ်၊ အလှူပြီးလို့ သူတို့
မိသားစုနဲ့ ၀ါဆိုတို့မိသားစု အတူတူ လျှောက်လည်တာရယ်၊
အလှူလုပ်တဲ့အိမ်မှာ နှစ်မိသားစုလုံး အတူတူ တည်းခိုခဲ့တာ
ကြောင့်လည်း ဖြစ်မှာပါ၊ မေမြို့နဲ့ အမရပူရ ဖက်ကို လျှောက်
လည်တော့မှ သူနဲ့စပြီး စကားပြောဖြစ်တာ၊ သူက အရမ်းခင်ဖို့
ကောင်းတယ်၊ သဘောလည်း ကောင်းတယ်၊ စိတ်ထားလည်း
အရမ်းဖြူစင်တာ၊ ဆရာဝန်လောင်းမို့ ဘ၀င်လည်း မမြင့်
တတ်ပါဘူး …။

(ယုယု) ၀ါဆို ပြောလိုသာ ကြားနေရတယ်၊ ဒီလောက် ရက်တိုတို
အတွင်း ၀ါဆိုတို့ ရင်းနှီးတာ အရမ်းမြန်လိုက်တာ၊ ရုပ်ရှင်
ကြနေတာပဲ …။

(၀င်းမာ) ၀ါဆို သတိထားနော်၊ ပဲခူးက ဗေဒင်ဆရာကြီးက
ဝါဆို့ကို သေသေချာချာ ပြောထားတာ၊ ၀ါဆိုမို့လို့ ကြံကြံဖန်ဖန်
ဆုံတတ်တယ်၊ ၀င်းမာသာ ၀ါဆိုနေရာမှာဆိုရင် တွေ့တာနဲ့ သတိ
တောင် လစ်သွားမလား မသိဘူး၊ ဒါနဲ့ သင်္ချိုင်းကုန်းမှာနေတဲ့
အရူးကြီးဆီ ဘယ်တော့ သွားဖြစ်မလဲ ၀ါဆို …။

(၀ါဆိုဦး) မသွားတော့ဘူးလို့ ၀ါဆို စိတ်ကူးထားတယ်၊ မေမေက
ပြောတယ် တခြားဆရာတစ်ယောက်ဆီမှာ မေးမြန်းပြီး ယတြာတို့
ဘာတို့ ချေလိုက်ရင် ပြီးသွားမှာပါတဲ့၊ ဖေဖေက ခေတ်ဟောင်း
အယူဝါဒတွေ သိပ်လက်မခံဖို့ ပြောတယ် …။

(နှင်းနှင်း) ၀ါဆို မန်းတလေးက ပြန်လာမှ ပုံစံတွေ အရမ်းပြောင်းလဲ
သွားတယ်နော်၊ အရင်နဲ့ လုံးဝ မတူတော့ဘူး၊ တစ်ခုခု ဖြစ်လာမှာကို
တွေးပြီး မကြောက်တော့သလိုပဲ …။

(၀ါဆိုဦး) ဟုတ်တယ်၊ ၀ါဆိုလည်း ကိုယ့်ကိုယ်ကို သတိထားမိတယ်၊
အိပ်မက်ဆိုးတွေလည်း မမက်တော့ဘူး၊ စိတ်ထဲမှာ အရမ်းကို ပေါ့ပါး
နေသလို ခံစားနေရတယ်၊ ကြောက်စိတ်တွေ ဘယ်လိုပျောက်သွား
သလဲဆိုတာ စဉ်းစားလို့ကို မရဘူး၊ အိမ်ကလူတွေတောင် ၀ါဆို့ကို
ကြည့်ပြီး အံသြနေကြတယ် …။

(ယုယု) အောင်ခိုင်လည်း ၀ါဆို့အပေါ် တော်တော်ကြွေနေတာ …။

(၀ါဆိုဦး) ကိုအောင်ခိုင်ကို သူငယ်ချင်းတစ်ယောက်လို ၀ါဆို ခင်ပါတယ်၊
ဒါပေမဲ့ သူနဲ့ပက်သက်ပြီး စိတ်တော့ မလှုပ်ရှားဘူး …။

(သူငယ်ချင်းများ) ရင်မခုန်ဘူး ဆိုပါတော့၊ ဟားဟားဟား … (ရယ်သံများ)

သူတို့ရှိရာဆီ ကျော်ထွန်းနဲ့ မော်ကြီးတို့ ရောက်လာကြပါတယ်။
ဝင်းမာက …
“ဟဲ့ ဖိုးကျော်၊ ပွဲစားကတုံး (အောင်ခိုင်)နဲ့ တွေ့သေးလား …”

(ကျော်ထွန်း) အီကို(Eco: )ဖက်က ဟာမိုနီ အ၀င်အ၀မှာ သူ့အသိ
တစ်ယောက်နဲ့အတူ ကဗျာစာအုပ်တွေ လိုက်ရောင်းနေတယ်ဟ …။

(၀င်းမာ) သူ့ ပွဲစားအလုပ်က အဆင်မပြေလို့ ကဗျာဆရာတွေနဲ့
ပေါင်းပြီး ကဗျာလိုင်းထဲ ၀င်မလို့လား …။

(ကျော်ထွန်း) မဟုတ်ပါဘူး၊ ဒီလိုပဲ လိုက်ကူညီပြီး ရောင်းပေးနေတာ
ဖြစ်မှာပေါ့ …။

သိပ်မကြာခင် ကဗျာစာအုပ်တချို့ကို ကိုင်ဆောင်ထားတဲ့ အောင်ခိုင်
တစ်ယောက် သူတို့ဆီ ရောက်လာပါတယ် …။

(နှင်းနှင်း) ဘယ်လိုလဲ ပွဲစားကြီး၊ ရည်စားတောင် မထားဘူးပဲနဲ့၊
ကဗျာဆရာ လုပ်တော့မလို့လား …။

(အောင်ခိုင်) အချစ်ဆိုတာ လူတိုင်းမှာ ရှိပါတယ်ဟာ၊ မဖော်ပြ
တတ်တဲ့ သူနဲ့ ဖော်ပြခွင့် မရတဲ့သူတွေတော့ ရှိတာပေါ့ …။

(ယုယု) ကတုံးက အလာကြီးပါလား၊ ကဗျာစာအုပ် ကူရောင်းပေးရင်
နဲ့ အထဲက စာသားတွေ အလွတ်ကျက်ထားတယ်ပေါ့၊ ငါတို့ကို
ကဗျာတစ်ပုဒ်ဖြစ်ဖြစ်၊ တစ်ပိုဒ်လောက်ဖြစ်ဖြစ် ရွတ်ပြပါအုံး ….။

(အောင်ခိုင်) အခုလိုက်ရောင်းနေတဲ့ ကဗျာစာအုပ်ထဲက ကဗျာ
တွေ ငါကိုယ်တိုင်တောင် သေသေချာချာ မဖတ်ရသေးဘူး၊
ငါ အလွတ်ရတဲ့ ကဗျာတစ်ပိုဒ်တော့ ရှိတယ်၊ ရေးတဲ့သူက သာမန်
လူတွေထဲက မဟုတ်ဘူး၊ မဃဒေ၀ ဆရာတော်၊ စာသားက …

“မျောက်ကို ချစ်ညား
ခြူဆွဲမှားသို့
နားမချမ်းသာ
ရှိတတ်ရာ၏၊
ကြက်မှာကြက်ကြိုး
ဆင်ကြိုးဆင်သာ
ရှိသင့်စွာ၏ …”

(နှင်းနှင်း) အဲဒါ ဘာအဓိပ္ပါယ်လဲ …။

(အောင်ခိုင်) လူ့ဘ၀ဆိုတာ သူ့နေရာနဲ့ သူပေါ့၊ ဒူးနေရာ ဒူး၊
တော်နေရာ တော် ဆိုတဲ့ သဘောပေါ့ဟာ၊ မျောက်လေးတစ်ကောင်
ကို ချစ်လို့ ခြူဆွဲပေးရင် နားငြီးတာပဲ အဖက်တင်တယ်လေ၊ မျောက်
က ငြိမ်ငြိမ် မနေနိုင်ဘူး၊ ဒီလိုပဲ ကြက်ကို ချည်တဲ့ ကြိုးနဲ့ ဆင်မှာ
သွားချည်လို့ မရဘူးလေ …။

(နှင်းနှင်း) လူတစ်ယောက်က အသဲကွဲသွားရင် သူ့နူတ်ဖျားကနေ
ကဗျာတွေ ထွက်ကျတတ်တယ်ဆိုတာ တကယ်လား အောင်ခိုင် …။

(အောင်ခိုင်) မသိဘူးလို့ပဲ ပြောပါရစေ …။

(သူငယ်ချင်းများ) ဟားဟားဟား …. (ရယ်သံများ)


(၇)

ဒုတိယနှစ် ကျောင်းတွေ ပြန်ဖွင့်တော့ ကိုမင်းလွင်နဲ့ ၀ါဆိုဦးတို့
နှစ်ဦး သူတို့အုပ်စုရှိရာဆီ မကြာခဏ ရောက်လာလေ့ ရှိပါတယ်။
သူတို့နှစ်ဦး ချစ်သူတွေအဆင့်ထိ မရောက်သေးဘူးလို့ ၀ါဆိုဦးက
ဆိုပါတယ်။ သူငယ်ချင်းတွေ အမြင်မှာတော့ စစ်ဆရာဝန်ဖြစ်မယ့်
ကိုမင်းလွင်ဟာ ပွဲစားအလုပ်တဖက်ဖြင့် ကျောင်းတက်နေရသော
အောင်ခိုင်နဲ့ ယှဉ်လိုက်ရင် အစစအရာရာသာလို့ ၀ါဆိုဦးက
ရွေးချယ်တာ ဖြစ်နိုင်ကြောင်း ကွယ်ရာမှာ မှတ်ချက်တွေ ပေးကြ
ပါတယ်။

ဒီလိုနဲ့ တနေ့တော့ သူတို့အားလုံး သတင်းဆိုးတစ်ခုကို ကြား
ရပါတယ် …
“ကားလမ်းကို ဖြတ်အကူး၊ အဝေးပြေး ဟိုင်းလက်ကားက ၀င်တိုက်
တာ နှစ်ယောက်စလုံး လွှင့်ထွက်သွားတယ်၊ သူ့ရည်စား(ကိုမင်းလွင်)
က လွှင့်သွားပြီး ပြန်အကျ၊ တဖက်ကနေ မောင်းဝင်လာတဲ့ ကုန်ကား
ကြီးက နောက်တခါ တက်ကြိတ်သွားလို့ အခု ဆေးရုံးပေါ်မှာ နှစ်ယောက်
စလုံး အတွင်းလူနာ ဖြစ်နေတယ် ….”
“ကားလာနေတာကို နှစ်ယောက်စလုံး မမြင်ကြဘူးလား …”
“ဂွေ့မှာ ဖြစ်တာတဲ့ …”
“သူ့ရည်စား(ကိုမင်းလွင်) ဒဏ်ရာက မသေးဘူး၊ ခြေထောက်
ပေါ် ကုန်ကားကြီး တက်ကြိတ်သွားတာ ….”
“လောလောဆယ်အချိန်အထိ နှစ်ယောက်စလုံး သတိမရသေးဘူး
လို့ ကြားတယ် …”

သူတို့အားလုံး ဆေးရုံးကို အလျင်အမြန် ရောက်ခဲ့ကြပါတယ်။
ကိုမင်းလွင်ရော ၀ါဆိုဦးပါ အတွင်းလူနာပါ။ သူတို့ ရောက်ရောက်
ချင်း ၀ါဆိုဦး’ ဖေဖေ အန်ကယ်က …
“မောင်အောင်ခိုင်ရယ်၊ ဖြစ်နိုင်ရင် မောင်အောင်ခိုင်တို့ တခါက
သွားခဲ့ဖူးတဲ့ ပဲခူးက ဗေဒင်ဆရာ လမ်းညွန်တဲ့ နေရာဆီ အန်ကယ်
သွားချင်တယ်၊ အန်ကယ့်သမီးလေးရဲ့ အဖြစ်ကို ကြည့်ပြီး အန်ကယ်
တို့ တမိသားစုလုံး အရမ်း စိတ်ပူနေတယ်၊ အခုလည်း နံရိုးကျိုးပြီး
ကျိုးသွားတဲ့ နံရိုးက နှလုံးမှာ လာထောက်နေလို့ အော်ပရေရှင်း
လုပ်မယ်လို့ ဆရာဝန်က ပြောတယ်၊ အသက်အန္တရယ် စိုးရိမ်း
ရတယ်၊ ကူညီနိုင်ရင် ကူညီကြပါအုံးကွယ် …”

(အောင်ခိုင်) ကျနော်တို့ သွားခဲ့တဲ့ အဲဒီဆရာက သူ့မိတ်ဆွေ
ဆရာတစ်ယောက်ဆီ လမ်းညွန်ပေးတာ၊ သူပြောတဲ့ အချိန်တုန်းက
သွားခဲ့ရင်တော့ သူ့မိတ်ဆွေက အဲဒီ သင်္ချိုင်းကုန်းမှာ ရှိချင် ရှိမှာ
ပေါ့၊ အခုချိန် သွားကြည့်လို့ မရှိတော့ဘူးဆိုရင် ကျနော်တို့အားလုံး
အလုပ် ပိုရှုပ်ကုန်မယ်၊ ပဲခူးကို အရင်သွားကြည့်မလား အန်ကယ် …။


ဒီလိုနဲ့ အန်ကယ်အပါအ၀င် အောင်ခိုင်နဲ့ ယောက်ျားလေး
သူငယ်ချင်းတချို့ ပဲခူးမြို့ဆီ သွားခဲ့ကြပါတယ်။ အရင်တခါ
က ဟောခဲ့ဖူးတဲ့ အိမ်ဆီ ရောက်ခဲ့ကြပါတယ်။ သို့ပေမဲ့ သူတို့ကို
လမ်းညွန်ပေးခဲ့တဲ့ ဆရာဟာ အဲဒီနေရာကနေ တခြားတနေရာ
ကို ပြောင်းရွှေ့သွားပါပြီ။ ပြောင်းသွားတဲ့ လိပ်စာကို လိုက်စုံစမ်း
မေးမြန်းကြည့်တော့ ဘယ်သူမှ သေသေချာချာ မပြောပြနိုင်ပါ။


(ဆက်ရန်။)

13 comments:

မေဓာဝီ said...

လာဖတ်သွားတယ် ကိုအောင်ရေ ..
ကြားဖြတ်သတင်းတွေနဲ့ စိတ်မကောင်းဖြစ်နေတာနဲ့ နှောင်ကြိုးမိသူကို မေ့တောင်နေတယ်။ အခုတွေ့တော့မှ မပြီးသေးတာ ပြန်သတိရတယ်။ ၀ါဆိုဦးတို့ သနားပါတယ် အဲလောက်ဆိုးဆိုးဝါးဝါး ဖြစ်သွားတာနော်။ နောက်တပိုင်းကို မျှော်နေပါမယ် ... ။

ယောနက်သန် said...

လာဖတ်သွားပါတယ် ကိုအောင်။ နောက် အပိုင်းတွေမျှော်နေပါတယ်။

ZT said...

အထွတ်အထိတ် ရောက်နေပြီ ကိုအောင်ရေ။ မျှော်နေမယ်။ သိပ်တော့ မလောပါနဲ့။ အေးဆေးပေါ့။ :)

မြစ်ကျိုးအင်း said...

သတိထားပြီးဖတ်ပေမယ့် ကြောက်စရာ မပါလာသေးဘူး။ အခန်းဆက်ကို မမေ့ခင် ထပ်တင်ပေးပါအုံး ...။ ကြာသွားရင် ဇာတ်လမ်း ပြန်စဉ်းစားနေရတယ်လေ။

SHWE ZIN U said...

ကိုအောင်

မျှော်ပေအုန်းတော့ အပိုင်း၎

ကျေးဇူးပါ
ရွှေစင်

သမီးကြီး said...

ကိုအောင်ရေ နောက်အပိုင်းတွေကို စောင့်မျှော်နေပါတယ်ရှင်။ link လည်းယူသွားတယ်နော်။

လမင်းခ said...

ဘယ်တော့မှ အပိုင်း-၄ ကိုတင်မှာလည်းဟင်..မျှော်ရလွန်းလို့မောလှပြီ :D ..
တနေ့ကို ၄ ခါထပ်မနည်းလာကြည့်မိတယ် အပိုင်း-၄ များတင်ပြီလားဆိုပြီး

Anonymous said...

ဒီတခါ (ဆက်ရန်) ရှိမရှိ အရင်ကြည့်လိုက်တယ်.. (ဆက်ရန်) တွေ့ ၍ အပိုင်း ၃ ကိုဆက်မဖတ်ချင်တော့ပါ..စောင့်ရတာကြာ လွန်းလို့ပါ

sdl said...

ဒီတခါ (ဆက်ရန်) ရှိမရှိ အရင်ကြည့်လိုက်တယ်.. (ဆက်ရန်) တွေ့ ၍ အပိုင်း ၃ ကိုဆက်မဖတ်ချင်တော့ပါ..စောင့်ရတာကြာ လွန်းလို့ပါ..

ကိုအောင် said...

အပိုင်း(၄)ကို မကြာခင် တင်ပါ့မယ်၊ သည်းခံကြပါ။

Unknown said...

အပိုင်း-၄ or ဇာတ်သိမ်းလေးလုပ်ပေပါဗျာ..plz

Unknown said...

အပိုင်း-၄ or ဇာတ်သိမ်းလေး တင်ပေးဦးနော်...plz

Unknown said...

အပိုင်း-၄ or ဇာတ်သိမ်းလေးလုပ်ပေးပါဗျာ..plz