အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ နှစ်စဉ် ကျင်းပ ပြုလုပ်နေကြ
မြန်မာ့ရိုးရာ အတာသင်္ကြန် နှစ်သစ်ကူးပွဲတော် အထိန်းအမှတ်
၂၀၁၀ ခုနှစ် ဆုပေးပွဲမှာ ၈၈ မျိုးဆက် ခေါင်းဆောင်တစ်ဦးလည်း
ဖြစ်၊ လက်ရှိ နိုင်ငံရေး အကျဉ်းသားတစ်ဦးအဖြစ်နဲ့လည်း အကျဉ်း
ကျနေဆဲ အကိုကြီး ကိုဝင်းမော်(ရွှေသံစဉ်)အား ဂီတပညာရှင်ဆု
ပေးအပ်ဖို့ ရွေးချယ်ထားကြောင်း သိရပါတယ်။

“Burma VJ ဇာတ်ကားက အော်စကာဆု ရ မရတော့
မသိဘူးဗျာ၊ မှတ်တမ်းဗွီဒီယိုတွေကို ဘ၀နဲ့ လဲပြီး ရိုက်ကူးခဲ့
တဲ့ ကိုဝင်းမော်တော့ တောင်ငူထောင်မှာ ထောင်ဝင်စာတောင်
မှန်ရဲ့လား မသိဘူး”
ဆိုတဲ့ စိုးရိမ်းသံတွေကြားကနေ အကိုကြီး ကိုဝင်းမော်ရဲ့ မိသားစု
နဲ့အတူ ထပ်တူထပ်မျှ ၀မ်းနည်း ၀မ်းသာ ဖြစ်မိပါတယ်။ ဆုတံဆိပ်
ကို ချီးမြှင့်ဖို့ ရွေးချယ်ခဲ့တဲ့ အင်္ဂလန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအရေး
လှုပ်ရှားသူအပေါင်းရဲ့ စေတနာကို ချီးကျူးလေးစားမိပါတယ်။
အကိုကြီး ကိုဝင်းမော်နဲ့ ပက်သက်ပြီး လက်ရှိ နော်ဝေးလ်နိုင်ငံ
မှာ နေထိုင်နေဆဲ ကဗျာဆရာ အာကာသြရ (၁၉၆၅- …..)
ရေးသားတဲ့ “သူ” ဆိုတဲ့ ပို့စ်ကို ကျနော့် စာမျက်နှာမှာ
၂၀၀၈ ခုနှစ် ဒီဇင်ဘာလက ဖော်ပြထားပါတယ်။
မှတ်ချက်။ ။
ယခုအခါ ကိုဝင်းမော်တစ်ယောက် တောင်ငူထောင်မှ သံတွဲထောင်(ရခိုင်ပြည်နယ်)
သို့ ရောက်ရှိနေပါသည်။
2 comments:
အပြင်မှာ ကျန်ရစ်တဲ့ သားသမီ်း လေးယောက် အတွက်
ရင်မောမိတယ် ကိုအောင် ရေ ... နိုင်ငံအတွက် အနစ်နာခံ ကိုယ်ကျိုးစွန့် တဲ့ ကိုဝင်းမော် နဲ့ အတူ နိုင်ငံရေးအကျဉ်းသား တွေ အမြန်ဆုံး ( ပြန်ထပ်အဖမ်းမခံရဘဲ ) လွတ်မြောက် ပါစေ လို့ မြန်မာနှစ်ကူး သင်္ကြန် အချိန်မှာ ဆုတောင်းလိုက်ပါတယ် ....
mie nge
လေးစားရတဲ့ ကိုဝင်းမော် (ရွှေသံစဉ်) အတွက် တကယ်ပဲ ဝမ်းနည်း ဝမ်းသာ ခံစားရပါတယ်...
ခုချိန်မှာတော့ ကိုဝင်းမော် အမြန်ဆုံး လွတ်မြောက်ပြီး သူချစ်တဲ့ သူ့မိသားစုလေးဆီ ပြန်ရောက်သွားပါစေလို့ပဲ ဆုတောင်းချင်ပါတယ်...
Post a Comment