(ဒိန်းမတ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိလာသော
တေးသံရှင် အန်တီ ဒေါ်မာမာအေး၏ သီဆိုဖျော်ဖြေမှု
နှင့်တွဲဖက်၍ အမကြီး မအေးမြင့်၏ မြန်မာ့ရိုးရာ အက။)
(မြန်မာ့ရိုးရာ နှစ်သစ်ကူး အထိန်းအမှတ်အဖြစ် သက်ကြီးပွဲဇော်
ကန်တော့ပွဲပြုလုပ်အပြီး အမျိုးသား စာပေ၊ ယဉ်ကျေးမှု အမွေအနှစ်
များအား တတ်နိုင်သလောက် ထိန်းသိမ်းစောင့်ရှောက်သွားရန်
တေးသံရှင် ဒေါ်မာမာအေးမှ ဒိန်းမတ်နိုင်ငံရောက် မြန်မာအသိုင်းအ၀ိုင်း
အား မေတ္တာရပ်ခံစကား ပြောကြားနေစဉ်။)
(သက်ကြီး ပူဇော်ကန်တော့ပွဲအပြီး ချစ်သူ နယ်မြေ တေးသီချင်း
ဖြင့် အန်တီ ဒေါ်မာမာအေးမှ သီဆိုပါတယ်။ မယ်ဒလင် တီးခတ်
သူ ကိုအောင်မြင့်သိန်း အနေဖြင့် အနောက်တိုင်း သံစဉ်(၁၂) မျိုး
ရှိသည့်အနက် “ချစ်သူ နယ်မြေ” သီချင်း၏ “စီရှပ်” ကုတ်ကို
အတတ်နိုင်ဆုံး အဆင်ပြေအောင် တွဲဖက် တီးခတ်ဖျော်ဖြေမှု။)
(မြန်မာ့ရိုးရာ နှစ်သစ်ကူးချိန် အခါသမယ၌ ဒိန်းမတ်နိုင်ငံရှိ ဗုဒ္ဓရံသီ
မြန်မာဘုန်းတော်ကြီးကျောင်းတွင် ဆွမ်းတော်တင်ရန် အတွက်
မုန့်လုံးရေပေါ် ၀ိုင်းလုံးပေးနေသော ဧည့်သည်တော် အန်တီ
ဒေါ်မာမာအေး။)
မှတ်ချက်။ ။
မှတ်တမ်း ဗွီဒီယိုများအား ကျနော့်အနေဖြင့် ရိုက်ကူးရာတွင်
လိုအပ်ချက်များ၊ တုန်ခါမှုများရှိခဲ့ပါလျှင် ခွင့်လွှတ်ကြပါ။
မုန့်လုံးရေပေါ် မှတ်တမ်းကို လက်ကိုင်ဖုန်းဖြင့် အဆင်ပြေ
သလို ရိုက်ကူးထားပါတယ်။ မည်သူမဆို ထပ်ဆင့်ကူးယူ
ဖော်ပြနိုင်ပါတယ်။ ခွင့်တောင်းဖို့ မလိုပါ။
9 comments:
မင်္ဂလာရှိသော သင်္ကြန် အချိန်အခါ ဖြစ်ပါစေ ..ကိုအောင်
mie nge
နစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေ ရေလောင်းသွားတယ်
ဒေါ်မာမာအေးရဲ့ ကြည်လင်အေးမြတဲ့ တေးသံသာများကို နားထောင်ကြည့်ရှုသွားပါတယ် ကိုအောင်ရေ ..
ပြည်သူချစ်တဲ့ အနုပညာရှင်ကြီး ဟာ ဘယ်နေရာရောက်ရောက် အနုပညာ နဲ့  ယဉ်ကျေးမှုအတွက် အားသွန်ခွန်စိုက် ရှိနေဆဲပဲနော်..
တင်ပြပေးတဲ့ ကိုအောင်ကိုလည်း ကျေးဇူးတင်မိပါတယ် ။
နှစ်သစ် မှာပျော်ရွှင်ချမ်းမြေ့ ပါစေ ။
ခင်မင်စွာဖြင့်
ကိကိ
ကိုအောင်ရေ...နှစ်သစ်ဦးမှာ..ရွှင်မြူးနိုင်ပါစေ
မင်္ဂလာ နှစ်သစ်ပါ ကိုအောင်ရေ
ဒေါ်မာမာအေး ပြောသွားတာ သဘောကျလိုက်တာ။ ကလေးလေးကလဲ ပွင့်လင်းတယ်။ မညာဘူးနော်။ နားမလည်တာ နားမလည်ဘူးပဲ။ ပြည်ပရောက် ကလေးတွေ၊ ပြည်ပမှာ မွေးတဲ့ ကြီးတဲ့ မြန်မာကလေးတွေ မြန်မာယဉ်ကျေးမှုကို နားလည်ဖို့ မြန်မာစာတတ်မှ ဖြစ်မှာ။ အဓိကက မိဘတွေပေါ် မူတည်တာပါပဲ။ များသောအားဖြင့် ကလေးတွေ မြန်မာစာ တတ်ဖို့နေနေသာသာ မြန်မာလိုတောင် သိပ်မပြောနိုင်ကြတော့ဘူး။ အဲဒါမျိုးတွေ မြင်ရရင် စိတ်မကောင်းဖြစ်ရတယ်။
ဗီဒီယိုကလစ်လေး တင်ပေးတာ ကျေးဇူးတင်ပါတယ် ကိုအောင်။
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ သင်္ကြန် ဖြစ်ပါစေရှင်။
ပျော်ရွှင်ဖွယ်ရာ နှစ်သစ်မင်္ဂလာ ဖြစ်ပါစေဗျာ
အန်တီမာမာအေးရဲ့ ကလေးတွေအတွက်ပြောသွားတဲ့ ဆုံးမစကားလေး သဘောကျလိုက်တာ...
အပျော်တွေ ကူးစက်သွားပါတယ်..
နှစ်သစ်မှာ ရွှင်လန်းအေးချမ်းပါစေ..
မင်္ဂလာနှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ...
Post a Comment