Wednesday, 7 April 2010

နှောင်ကြိုးမိသူ (အပိုင်း- ၁)

ရေးသူ- စစ်ငြိမ်းဒီရေ

(ကြောက်တတ်သူများ သတိဖြင့် ဖတ်ရူပါ။)

(၁)
၁၉၉၄ ခုနှစ်၊ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ ကျောင်းဝန်းထဲရှိ
စားသောက်ဆိုင် ကန်တီးန် တစ်နေရာ ….

(ကျော်ထွန်း) အလုပ်အကိုင် အဆင်ပြေလား သူငယ်ချင်း၊ ယုယုကို
မင်း မှတ်မိလား၊ ဆယ်တန်းတုန်းက ဘိုင်အို ဒေါ်လဲ့လဲ့မြင့် ကျူရှင်
မှာ မင်းနဲ့ ရန်ဖြစ်နေကြ တစ်ယောက်လေ၊ အခု ငါတို့နဲ့ မေဂျာ
အတူတူပဲ ….။

(အောင်ခိုင်) အလုပ်တွေ အဆင်မပြေပါဘူးကွာ၊ ကုန်သွယ်ရေး
ဝန်ကြီးဌာနက ကားပါမစ်တွေ ပိတ်လိုက် ဖွင့်လိုက်ဆိုတော့ ထီးဖြူ
ဖိနပ်ပါး ပွဲစားပေါ့၊ ဒီဂေါ်လီမနဲ့ ရေစက် မကုန်နိုင်သေးပါလား၊ ဘိုင်အို
ဒေါ်လဲ့လဲ့မြင့်တို့ ဓါတုဗေဒ ဘိုဋ္ဌေးတို့ ဆီမှာ ကျူရှင်တက်တုန်းက
ဆိုရင် ဆရာ ဆရာမတွေကလည်း ဟော့ရှော့၊ သူကလည်း နားမှာ
အပေါက်တွေ ဖောက်ထားတာများ နှစ်ဖက်ပေါင်းရင် ခုနှစ်ပေါက် …
ရှစ်ပေါက် အနည်းဆုံးပဲ …။



သိပ်မကြာခင် အချိန်လောက်မှာ သူတို့ နှစ်ဦးရဲ့ စားပွဲဆီ ဆယ်တန်း
တုန်းက သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် ရောက်လာ
ကြပါတယ်။ ဆယ်တန်းကျောင်းသားဘ၀ ရန်ကုန် ကျူရှင်လောကရှိ
ဆရာ ဆရာမ အကြောင်းတွေ ပြောလိုက် ဟားတိုက်လိုက်ဖြင့် ပျော်
စရာပါ။ ဘယ် ကျူရှင်ဆရာမက ဂါဝန်ကြီး ၀တ်ပြီး ဆယ်တန်း အထူး
ထုတ် စာအုပ်မျက်နှာဖုံးမှာ သူ့ဓါတ်ပုံ ထည့်တယ်၊ ဘယ်ကျူရှင် ဆရာ
သူ့အထူးထုတ် စာအုပ်မှာ မင်းသားစတိုင် ဓါတ်ပုံထည့်တဲ့ အကြောင်း
များသည် အခုတော့ လွမ်းစရာလိုလို ရယ်စရာလိုလို …။

သူတို့စကားနေဆဲမှာပဲ ချောမောလှပပြီး ခေတ်ဆန်ဆန် ၀တ်ဆင်
ထားတဲ့ ကျောင်းသူနှစ်ဦး သူတို့ထံ ရောက်ရှိလာပါတယ်။ ယုယုက
သူ့သူငယ်ချင်းနဲ့ အားလုံးကို မိတ်ဆက်ပေးပါတယ် …
“ဒါ ငါ့အချစ်ဆုံး ငယ်သူငယ်ချင်း ၀ါဆိုဦး၊ ၀ါဆိုနဲ့ငါက အခု ခုံနံပါတ်
ရှေ့ဆင့် နောက်ဆင့်၊ ဟဲ့ငအောင် နင် ပွဲစားလုပ်နေတယ်ဆို၊ လာဘ်
ပေး လာဘ်ယူ ဒို့ရန်သူနော်၊ တော်ကြာ သတင်းစာထဲ စာလုံးမည်း
ကြီးနဲ့ ပါနေအုန်းမယ် …”

(အောင်ခိုင်) ဟုတ်တယ် ငါက ပွဲစား၊ နင် ဘာသိချင်လဲ ဘာလုပ်ချင်လဲ
အကုန် စုံစမ်းပေးမယ်၊ နင့်အဖေ ခေါင်းမှာ ဆံပင်အမွှေးမရှိပဲနဲ့၊ ဘယ်
ခေါင်းလျှော်ရည်ဆိုင်က ကောင်မလေးတွေဆီ သွားလျှော်တတ်သလဲ
ဆိုတာကအစ နင် သိချင်ရင် ငါ စုံစမ်းပေးမယ် …။

(ယုယု) မ…ာ ….ေ..း..ျင်း..ိုး (ဆဲသံ)
(သူငယ်ချင်းများ) ဟားဟားဟား …. (ရယ်သံများ)

(ကျော်ထွန်း) ကဲ့ … မင်းတို့ နှစ်ယောက်ကလည်း ခွေးနဲ့ ကြောင်
ကြနေတာပဲ၊ တွေ့တာနဲ့ ကိုက်နေကြတာ၊ မ၀ါဆိုဦး စိတ်မညစ်ပါနဲ့၊
ကျနော်တို့အားလုံး ဆယ်တန်းမှာ ကျူရှင်အတူတူ တက်ခဲ့တဲ့ သူငယ်
ချင်းတွေပါ၊ အခု မေဂျာတူ အခန်းတူဆိုတော့ ဘာပြောကောင်းမလဲ
တော်တော်မျက်စိနှောက်ဖို့၊ ပျော်ဖို့ကောင်းမယ် ထင်တာပဲ…။

ချောမောလှပပြီး ခပ်အေးအေးနေတတ်သော ၀ါဆိုဦးတစ်ယောက်
သူတို့အုပ်စုထဲနဲ့ စတင် ရင်းနှီးခဲ့ပါတယ် …။

(၂)
“လူတစ်ယောက်မှာ အတိတ်ဘ၀က အနှောင်အဖွဲ့တို့ ဘာတို့
ဆိုတာ နင်တို့ ယုံလား …”
ယုယုရဲ့ စကားကြောင့် သူတို့အားလုံးရဲ့ မျက်လုံးတွေ ယုယုဆီ
ရောက်သွားပါတယ်။ ကိုစိုင်း၊ မော်ကြီး၊ နှင်းနှင်း၊ ၀င်းမာ၊ ကျော်ထွန်း
တို့ တစ်ယောက် တစ်မျိုးစီ ထင်ကြေးတွေ ပေးကြပါတယ်။ အတန်
ကြာအောင် ငြင်းခုံပြီးနောက် ကျော်ထွန်းက ရွှတ်နောက်နောက်ဖြင့် …
“ယုယု၊ နင် အောင်ခိုင်ကို မေးကြည့်ပါလား၊ ဒီကောင်က ပွဲစား
ဆိုတော့ လိုင်းစုံတယ်၊ နင့် အိပ်မက်ထဲမှာ ရွှေလေး ငွေလေး
လာပေးရင် ငါတို့ကို မမေ့နဲ့နော် …”

(ယုယု) ငါ မဟုတ်ဘူးဟ၊ ၀ါဆို …၊ သူ ငါ့ကို ပြောပြတယ်၊
သူ ဆယ်တန်းအောင်တဲ့ အချိန်ကစပြီး အိပ်မက်တစ်ခုကို
တစ်ပတ် တစ်ခါလောက် မက်နေတယ်တဲ့၊ အပြင်မှာ သူ လုံးဝ
မတွေ့ဖူးတဲ့ လူတွေက သူ တခါမှ မရောက်ဖူးတဲ့ နေရာတစ်ခု
ဆီ သူ့ကို ခေါ်သွားတယ်လို့ အိပ်မက် မက်တယ်၊ ခက်တာက
ဝါဆိုတို့ မိဘတွေကလည်း ဒါမျိုးတွေ သိပ်အယုံအကြည် မရှိ
ဘူး၊ သူကိုယ်တိုင်လည်း ပထမတော့ သိပ်မယုံဘူး၊ ဆရာဝန်
ကို ပြကြည့်တယ်၊ အိပ်မက်က ရပ်မသွားဘူး၊ ငါ စဉ်းစားကြည့်
တယ် ဒါ … အတိတ်ဘ၀က အနှောင်အဖွဲ့ တစ်ခုလားလို့ …။

(ကိုစိုင်း) ဒီနေ့ ၀ါဆို … ကျောင်းမတက်ဘူးလား၊ အောင်ခိုင်
ကို အတန်းထဲမှာ မတွေ့သေးဘူး…။

(ယုယု) ၀ါဆို… ဒီနေ့ ဘုရားသွားတယ်၊ ဘုရားက အပြန်
ကျောင်းကို လာမယ် ထင်တယ် …။

စာသင်ချိန် ဘဲလ်တီးသံအချို့ ကျော်လွန်သောအခါ သူတို့
အားလုံး ကန်တီးန်ဆီ ရောက်ခဲ့ပြန်ပါတယ်။ အောင်ခိုင်မှ
လွဲ၍ သူတို့အားလုံး ၀ါဆိုဦးကို မေးခွန်းတွေ မေးနေကြ
ပါတယ်။ … ဘယ်တုန်းက စပြီး အိပ်မက် မက်လဲ … အိပ်မက်
ထဲမှာ ဘယ်လို လူတွေ တွေ့ရသလဲ …။ သူတို့ ကန်တီန်း
ရောက်ပြီး သိပ်မကြာခင်မှာ အောင်ခိုင် ရောက်လာပါတယ်။
မော်ကြီးက စ’ပြီး …
“ပွဲစားရေ၊ အလုပ်မကောင်းလို့ စိတ်မပျက်နဲ့၊ ဒီမှာ အလုပ်သစ်
ရှိတယ်နော်၊ ပွဲခရရင် ငါတို့ကို ရှယ်ယာ ခွဲပေးမလား …”

(အောင်ခိုင်) မင်းတို့ဆီမှာ ကားပါမစ် လျှောက်မယ့်အသိတွေ
ဘာတွေ ရှိလား၊ ပါမစ်တစ်စောင်ကို အပ်ရင် သူများတွေထက်
ဈေးလျှော့ပြီး လုပ်ပေးပါ့မယ်ကွာ၊ ပါမစ် ကျ မကျတော့ ငါလည်း
မပြောတတ်ဘူး၊ ကုန်သွယ်ရေးဝန်ကြီးဌာနက လောလောဆယ်
ကားပါမစ် ချမပေးဘူး၊ ညစ်သလားလို့ မနေနဲ့ …။

(ယုယု) ပွဲစား … နင် တကယ် ပိုက်ဆံလိုချင်လား၊ အခု ငါတို့ဆီ
မှာ ပြဿနာ တစ်ခုရှိတယ်၊ အဲဒါကို နင် ဖြေရှင်ပေးနိုင်ရင် နင်
ပွဲခ များများရမယ်၊ ကားပါမစ်တော့ မဟုတ်ဘူး၊ တခြားကိစ္စ …။

(အောင်ခိုင်) တယ်ဟုတ်ပါလား၊ မဟုတ်မှ လွဲရော နင့်ဖာသားကြီး
နောက်ကို ငါ လိုက်ပြီး ချောင်းပေးရမှာလား ….။

(ယုယု) မ…ာ ….ေ..း..ျင်း..ိုး (ဆဲသံ)

(၀င်းမာ) အောင်ခိုင်၊ နင်ကလည်း ယုယုကို မြင်တာနဲ့ စ’ချင်နေ
တာပဲ၊ ငါတို့ တကယ်ပြောနေတာ၊ အခု ပြဿနာ တစ်ခုဖြစ်နေ
လို့၊ နင်က ပွဲစားဆိုတော့ နင့်ကို စုံစမ်းခိုင်းမလို့ ….။

(၀ါဆိုဦး) အဲဒီကိစ္စကို ဖြေရှင်းပေးနိုင်မဲ့သူ ရှိရင် ကျမ အမြန်ဆုံး
သိချင်တယ်၊ ကိုအောင်ခိုင် ကူညီပေးနိုင်မလား ….။

ဝါဆိုဦး စကားကြောင့် ယုယုနဲ့ အောင်ခိုင်တို့၏ စကားစစ်ထိုး
ပွဲ ရပ်တန့်သွားပါတယ်။ ၀ါဆိုဦး မျက်နှာဟာ တစ်ခုခုကို စိုးရိမ်း
ထိတ်လန့်နေပုံ ရပါတယ်။ ၀ါဆိုဦး ပြောပြတဲ့ သူ့အိပ်မက်က ….

ယောက်ျားကြီး သုံးဦးနဲ့ မိန်းမကြီး နှစ်ဦးဟာ သူ့ကို အိမ်ကနေ
ခေါ်ဆောင်သွားပါတယ်။ အဲဒီနောက် သူတို့ဟာ အိမ်ကြီးတစ်အိမ်
ရဲ့ အရှေ့ကို သွားကြပါတယ်။ အဲဒီအိမ်ထဲကနေ ၀ါဆိုဦးနဲ့ မတိမ်းမရိမ်း
အရွယ် အမျိုးသားတစ်ဦးကိုပါ ထပ်မံ ခေါ်ထုတ်လာပါတယ်။ လယ်ကွင်း
တွေ၊ တောတွေ အများကြီး ကျော်ဖြတ်ပြီးတဲ့အခါ ရေတံခွန်ကြီး တစ်ခုရဲ့
အနားကို ရောက်သွားပါတယ်။ အဲဒီအနားမှာ ထုံးအဖြူရောင် သုတ်ထား
တဲ့ စေတီငယ် တစ်ဆူကို တွေ့ရပါတယ်။ အဲဒီစေတီရဲ့နံဘေးမှာ
လင်မယားနှစ်ယောက် မတ်တတ်ရပ်နေပါတယ်။ သူတို့နှစ်ယောက်
ကို မြင်လိုက်တဲ့ အဲဒီ လင်မယားဟာ ရှိုက်ကြီးတငင်ငင် ငိုကြွေးပြီး
ပြေးဖက်ကြပါတယ်။ ပါးစပ်ကလည်း … သားနဲ့သမီးကို အဖေတို့
အမေတို့ စောင့်နေတာ ကြာပြီ” လို့ ပြောပါတယ်။ ပထမဆုံး လာခေါ်
တဲ့ လူကြီးငါးယောက်ဟာ အဲဒီစေတီနံဘေးမှာ နေရစ်ခဲ့ပါတယ်။
ခေါ်ဆောင်ခံရတဲ့ သူတို့နှစ်ဦးနဲ့ အဲဒီလင်မယားဟာ ရေတံခွန်
နံဘေးက လှိုဏ်ဂူထဲကို သွားကြပါတယ်။ လှိုဏ်ဂူထဲမှာ အိမ်ပုံစံ
အခန်းတွေ အများအပြား ရှိပါတယ်။

ဝါဆိုဦး ပြောပြတဲ့ သူ့အိပ်မက်အကြောင်းကို သူတို့အားလုံး
တအံတသြ နားထောင်နေကြပါတယ်။


(ဆက်ရန်။)

14 comments:

Anonymous said...

ကောင်း ခန်း ရောက် တော့ မှ ......
ဆက် ရန် မျှော် ..................


mie nge

မေဓာဝီ said...

ဇာတ်လမ်းက စိတ်ဝင်စားစရာပဲ။
ဝါဆိုဦးက သိုက်ကလား၊ ဥစ္စာစောင့်လား ... ဟိုဟိုဒီဒီ စဉ်းစားရင်း ပြန်သွားပါပြီ။ ဆက်ရန်မျှော်နေမည်။ မြန်မြန်ဆက်ပါ။ :)

မောင်မိုး said...

တစ်ပုဒ်ပြီးတစ်ပုဒ် လက်စွမ်းတွေပြနေပါလားဗျို့..။

Anonymous said...

အင်း နှောင်ကြိုးမိ နေဘီ ..မြန်မြန်ဆက်ပါဗျို့.....

KZကေ said...

တတ်နိုင်ပါပေ့ဗျာ

ZT said...

ကောင်းတယ် ကိုအောင်ရေ။ စောင့်ဖတ်နေတယ်။

နှင်းဟေမာ said...

ကိုအောင်ရေ...
ကော်နက်ရှက် ကျနေလိုက်တာ ဒီတစ်ပုဒ်ကို လာဖတ်တာ တတိယအကြိမ်မြောက်ဖြစ်သွားတယ်
ဇာတ်လမ်းလေးကို စိတ်ဝင်စားနေပီ..
ဆက်လက်ရေးသားဖို့ တိုက်တွန်းရင်း
ခင်မင်လေးစားလျှက်
နှင်း

စုချစ် said...

ခုမှ ပိုစ့်အဟောင်းမဖတ်ရသေးတာတွေပါ အားလုံးစုပြီးဖတ်သွားတယ် ကိုအောင်...
နှောင်ကြိုးမိသူ အပိုင်း-၁ နဲ့ လာတွေ့တော့ ဆန့်တငန့်ငန့် ဖြစ်ပြီးပြန်သွားရတာပေါ့...
း-)

ဆောင်းနှင်းရွက် said...

နောက်ဆုံးပိုင်းရေးတော့မှ
လာဖတ်မယ်လို့
စိတ်ကူးထားတာ
မအောင့်နိုင်တော့လို့ လာဖတ်သွားတယ် ... :)

မယ်ကိုး said...

မကြောက်ဘူး။ ဒီလို ဇာတ်လေးလေးတွေ ဖတ်ရတာကြိုက်ပါတယ်။ ကျေးဇူးပြုပြီး မြန်မြန်ဆက်ပေးပါလို့ ..=)

ရွှေရတုမှတ်တမ်း said...

ကဲ..၀ါဆိုရေ...ပြာသိုထိအောင်..ဆက်ရန် မဟုတ်လောက် ပါဘူးနော်...
ကိုအောင်..လော်ပျောက်နေတာ...လူတွေပြောနေပြီ

Anonymous said...

မျှော်ရအုန်းမှာပေါ့ လက်တော့ အောင့်တော့မှာဘဲ ကလစ်လုပ် လုပ်နေရလို့
ဆောင်း

Anonymous said...

မျှော်ရအုန်းမှာပေါ့ လက်တော့ အောင့်တော့မှာဘဲ ကလစ်လုပ် လုပ်နေရလို့
ဆောင်း

Zaw Myo Lwin said...

အမ်... အသစ်ရောက်ပလားလို့ အပြေးအလွှား ကလစ်ခေါက်ဝင်လာလိုက်တာ မှောက်ရက်တောင် လဲတယ်။ ကျန်းမာချမ်းသာပါစေဗျာ။