Tuesday 23 March 2010

တိမ်တွေသွားတဲ့လမ်း (ရုပ်ရှင် ဝေဖန်ရေး)

ရေးသူ- စစ်ငြိမ်းဒီရေ

အင်တာနက်ပေါ်မှ http://www.shwedream.com/ ၀က်ဆိုဒ်
ရဲ့ ကောင်းမှုကြောင့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး ရိုက်ကူးတဲ့
တိမ်တွေသွားတဲ့လမ်း” ဇာတ်ကားကို ကြည့်ရူခွင့် ရပါတယ်။



ဇာတ်လမ်းကို တင်ပြထားတဲ့ အနုပညာရော၊ တင်ပြထားပုံရော
ကောင်းပါတယ်။ လွန်ခဲ့သော အနှစ် (၂၀) ကျော်က ရန်ကြွေးအတွက်
ဂလဲ့စားခြေတဲ့ လူ့အဖွဲ့အစည်းဆိုင်ရာ ပညာပေး ဇာတ်လမ်း
တစ်ခုပါ။

သို့ပေမယ့် ဇာတ်လမ်းထဲက ဇာတ်ကောင် စကားလုံး အသုံး
အနှုန်းများကို နည်းနည်းတော့ ဝေဖန်ပါရစေ။

တရားရုံးရဲ့ တရားဥပဒေ အကျိုးတော်ဆောင် (ဆွဲချ) အဖြစ်
သရုပ်ဆောင်တဲ့ မေ က …

ဥပဒေ ဘက်တော်သားတစ်ယောက်ရဲ့ တာဝန်က ဘ၀မှာ
ကံအကြောင်းမလှတဲ့ သူတွေကို နားလည်ပေးဖို့ မဟုတ်ဘူး၊
ဥပဒေ ချိုးဖောက်သူတွေကို အရေးယူဖို့ပဲ

A law officer’s role is not to understand people with
miserable lives, it is to punish those who break the law.

ဒီလို ပြောပါတယ်။ ဒါဟာ ရင့်သီးလွန်းတယ်လို့ ထင်ပါတယ်။
လူတွေရှိမှ
လူ့အဖွဲ့အစည်းနဲ့ နိုင်ငံ ဆိုတာ နောက်က လိုက်ပါတယ်။
လူတွေ မရှိပဲနဲ့
လူ့အဖွဲ့အစည်းနဲ့ နိုင်ငံ ဆိုတာ မရှိနိုင်ပါဘူး။

တရားဥပဒေ ဆိုတာ ကာကွယ်စောင့်ရှောက်ဖို့ထက် အပြစ်ပေး
အရေးယူဖို့ ရေးဆွဲထားတယ် ဆိုရင် အဲဒီစာအုပ်ကြီးကို တရားဥပဒေ၊
တရားတဲ့ ဥပဒေ လို့ ဘယ်လို လုပ်ပြီး ခေါ်ကြမလဲ …။ ကာကွယ်
စောင့်ရှောက် ဖို့ထက် အပြစ်ပေး အရေးယူဖို့ ရေးဆွဲထားတယ် ဆိုရင်
ဒါ ကျောက်ခေတ်က “ကျွန်” ရိုက်ဖို့ ကြာပွတ် တစ်ခုကို ထုဆစ်နေပုံ
နဲ့ မတူဘူးလား …။

ဒီလို တရားဥပဒေဆိုင်ရာ အနုပညာ တင်ပြမှုကို မနက်မိုးလင်းရင်
သတင်းစာ အထပ်လိုက် ဖတ်လေ့ရှိတဲ့၊ ယခုအခါ ရွေးကောက်ပွဲ
ကော်မရှင်းမှာ ဆိုင်းဘုတ်အောက်မှာ တာဝန်ယူနေတဲ့
ဒေါက်တာတင်အောင်အေးတို့လို ပုဂ္ဂိုလ်မျိုးတွေ ကြည့်ဖြစ်ရင်
တော့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးရဲ့ အနုပညာကို စာရေးသူ
အနေနဲ့ သာဓု ခေါ်ပါရစေ။

(ဒီပို့စ်ကို စ'တင်တဲ့ အခါ ဒေါက်တာတင်အောင်အေး နဲ့
ဦးတင်အောင်ဟိန်း
တို့ကို နာမည်ချင်း မှားသွားပါတယ်၊
အဲဒီအတွက် စာဖတ်သူကို တောင်းပန်ပါတယ် ...။)


(ဤမျှသာ။)

6 comments:

ရွှေရတုမှတ်တမ်း said...

ကြည့်လိုက်ဦးမယ်..ကိုအောင်ရေ..

ဆောင်း said...

ဟေ့ ဒီလိုမလုပ်နဲ့ လေ အပိုင်း၎ မဆက်ဘဲ ဘာတွေကြားဖြတ်တင်တာလဲ။ ဒီမှာ မျှော်ရတာ လက်ညောင်းတယ် ကလစ်ရလို့ 

အပိုင်း၎ မြန်မြန်တင်

စာရေးသူရေ ရေးချင်တာတွေ ခန အောင့်ပေးပါ ကိုအောင်ရဲ့ သရဲအကြောင်းပြီးမှ ၀င်ရေးပါ။ှီမဟုတ်ရင် သရဲအကြီးကြီး ခြောက်ပါစေတော်း-)

နောက်သွားတာပါ

kiki said...

ရွှေပြည်ကြီးမှာ ..
တရားတဲ့ ဥပဒေ ဆိုတာရော.. ရှိနေသေးလို့လား ကိုအောင်ရယ် ....
သားရေကွင်းဥပဒေ လို့ ပဲ မြင်မိပါတယ် ။( ရှုံ့ ချည် ပွချည် နဲ့  မို့ လို့  )

Younggun said...

အစ်ကိုပြောမှ ကြည့်ဖြစ်တော့မယ်.. ဟိုသရဲဇာတ်လမ်းက အဆုံးမသတ်သေးဘူးနော. လုပ်ဦး ..

Anonymous said...

ကိုအောင်
ရုပ်ရှင်ကြည့်လိုက်တယ်။
အဲ့ဒီစကားကတော့ ဘယ်လိုသဘောနဲ့ ပြောတယ်မသိဘူး။
တရားဥပဒေဆိုတာ အပြစ်ပေးဖို့ ထားတာမျိုး ပြောသွားတယ်။

ဦးတင်အောင်ဟိန်းကို ကိုအောင် ဘာပြောချင်တာလဲ နားမလည်လို့။
သူက ဟိုးတုန်းက တပါတီစနစ်နဲ့ ပါတီစုံစနစ် ဘယ်ဟာ ကြိုက်လဲလို့ ပြည်သူ့ဆန္ဒ တောင်းစရာ မလိုတော့ပါဘူး လူထုကိုကြည့်ရင် သူသိပါတယ် ပြောခဲ့တဲ့သူ မဟုတ်လား။
ဆုံးသွားပြီလေ မရှိတော့ဘူး။

မအယ်

ကိုအောင် said...

မအယ် ..
ကျနော်က ဒေါက်တာ တင်အောင်အေးကို ပြောချင်
တာပါ၊ သူ ရန်ကုန်တက္ကသိုလ် ဥပဒေဌာနမှာ ဌာနမှူး
လုပ်တဲ့အချိန် ကျောင်းသားတွေအပေါ် စစ်အစိုးရမတရား
လုပ်တဲ့အကြောင်း ရင်းနှီသူတွေနဲ့ တွေ့တိုင်း ပြောပါ
တယ်၊ အခုတော့ မသိတော့ပါ။

ဦးတင်အောင်ဟိန်းက ၉၀ မတိုင်ခင်
ရွှေဂုံတိုင် ဘုန်းမီးနေလတွေ တောက်ပ'တုန်းက
ပူးပေါင်းဖို့တောင် ဆန္ဒရှိသူပါ၊ ရွှေဂုံတိုင်ကလူတွေ
သူ့ကို မဖိတ်ခေါ်ခဲ့ဘူးလေ၊ သူ တစ်ယောက်တည်း
မဟုတ်ဘူး ၀န်ကြီးချုပ် ဖြစ်ခဲ့ဖူးသူ တစ်ယောက်
လည်း ပါ ပါတယ်၊ နေအိမ်အကျယ်ချုပ်ဘ၀နဲ့
သေတဲ့အထိ နေခဲ့ရတဲ့ လူကြီးတစ်ယောက်လည်း
ပါသေးတယ်လို့ သိရတယ်။ အခုတော့ တရားကို
သိတဲ့လူတွေ တရားရုံးမှာ မရှိတော့ပါဘူး။