(ကြောက်ရွံ့ထိတ်လန့်တတ်သူများ သတိထားပြီး ဖတ်ရူပါ။)
ယခင် အပိုင်း(၂)မှ အဆက် ….
အိမ်ကြီးဟာ ဆေးအသစ် ထပ်မသုံးထားတာက လွှဲရင် သိပ်ပြီး မဟောင်း
သေးတဲ့ ပုံစံမျိုးပါ။ အိမ်အ၀င်အ၀’နဲ့ အောက်ထပ်မှာ ကိုကုလားအပါအ၀င်
အရပ်ထဲက လူတွေ တရုံးရုံးနဲ့ ကူညီပြီး သန့်ရှင်းရေး လုပ်နေကြပါတယ်။
သူတို့အုပ်စုကို မြင်လိုက်တဲ့ ကိုကုလားဟာ ပြုံးပြပြီး …
“မင်းတို့ကို ငါ ပြစရာရှိတယ် …”
(ကိုအေး) လုပ်ပါအုံး၊ အထူးအဆန်းတွေ ရှိရင် စိတ်ဝင်စားလို့ …။

ကိုကုလားက သူတို့အုပ်စုကို အိမ်ကြီး၏ ခေါင်းရင်းဖက်ရှိ တနေရာကို
ခေါ်ဆောင်သွားပြတယ်။ သရက်ပင် နှစ်ပင်ကြားရှိ အပင်တချို့ကို ပြသ
ပါတယ်။ ရုတ်တရက် ခင်ဇော်က …
“ဒါ မုန့်ဟင်းခါး ချက်ရင် သုံးတဲ့ စပါးလင် ပင်တွေလေ …”
(ကိုကုလား) အေးဟုတ်တယ်၊ ဒါ စပါးလင်ပင်၊ ဒီအပင်တွေကို အိမ်မှာ
မစိုက်ကောင်းဘူး၊ ဘယ်သူမှလည်း မစိုက်ကြဘူး၊ ဒီခြံထဲမှာ ဒီအပင်
တွေ စိုက်ထားတာ ကြာပြီးလို့ ဦးပွား ပြောတယ်။
(မောင်အောင်) ဦးပွားက ဒီခြံအကြောင်းကို တော်တော်သိတဲ့ပုံဘဲ၊ အဲဒီ
လူကြီး ဘာတွေပြောသေးလဲ ကိုကုလား …။
(ကိုကုလား) လဖက်ရည်ဆိုင်ရောက်ရင် ပြောပြမယ်လေ၊ ဒီနေရာမှာ
ငါလည်း မပြောရဲဘူး …။
ဒီလိုနဲ့ သူတို့အားလုံး အိမ်ကြီးအတွင်းကို ၀င်ကြည့်ကြပါတယ်။ အောက်
ထပ်မှာ ဧည့်ခန်း၊ ထမင်းစားခန်း၊ အိပ်ခန်း၊ စတိုးပုံစံ အခန်းအသေးလေး
တစ်ခု၊ ရေချိုးခန်း အိမ်သာနဲ့ မီးဖိုးချောင်းတို့ ရှိပါတယ်။ အပေါ်ထပ်ကို
တက်ကြည့်ဖို့ ကိုဝက်ဆီ သူတို့ မေးငေါ့ပြလိုက်ပါတယ်။ အောက်ထပ်
မှာ သန့်ရှင်းလုပ်နေတဲ့ လူတချို့အပါအ၀င် အပေါ်ထပ်ကို သူတို့ တက်
ခဲ့ကြပါတယ်။ လှေကားအဆုံး အပေါ်ထပ် အပေါက်ဝ’က တံခါးမှာ သော့
ခတ်ထားတာကြောင့် သော့ဖွင့်ဖို့ ဒေါ်လေးအိမ်မှာ သော့သွားယူရပါတယ်။
တံခါးကို ဖွင့်ဖွင့်ချင် အပေါ်ထပ်ဟာ တော်တော်လေး မှောင်နေပါတယ်။
အပေါ်ထပ် ၀’ရန်တာရှိ တံခါးကို ဖွင့်လိုက်မှ အိမ်ထဲကို အလင်းရောင် ၀င်
လာပါတယ်။ အပေါ်ထပ်ရှိ ဘုရားခန်းဟာ တော်တော်လေး ကျယ်ဝန်းပါ
တယ်။ နံဘေးမှာလည်း ပလက်ကုလားထိုင်တချို့နဲ့ နံရံပေါ်မှာ ပန်းချီကား
ခပ်ကြီးကြီးတစ်ခု ချိတ်ဆွဲထားပါတယ်။ ဘုရားခန်းက လွှဲရင် ကျန်အခန်း
အားလုံး အိပ်ခန်းတွေ ဖြစ်ပုံရပါတယ်။ ကိုဝက်ကို လက်တိုပြီး ဆွဲကြိုးချ
သေထားတဲ့ အခန်း ဘယ်မှာလဲလို့ လက်နဲ့ အမူအရာ လုပ်ပြလိုက်ပါ
တယ်။ ကိုဝက်က အခန်းနှစ်ခန်းကို လက်ညှိုးထိုးပြီး ပြပါတယ်။ နှစ်ခန်း
စလုံးဟာ သော့မခတ်ထားပါ။ အဲဒီအချိန်မှာ ကိုအေးက …
“အခန်းထဲကို ၀င်ကြည့်လို့ ရတယ်မဟုတ်လား ကိုဝက်၊ သိပ်မကြောက်
ပါနဲ့ …”
(ကိုဝက်) ရပါတယ်၊ ၀င်ကြည့်လေ …။
ကိုအေးက အခန်းထဲကို ရှေ့ဆုံးကနေ ၀င်သွားပါတယ်။ ပြီးတော့ အပေါ်
ရှိ ထုပ်တန်းတွေကို လိုက်ကြည့်ပါတယ်။ အဲဒီနောက် …
“မောင်ထူး မင်းအဒေါ်ကို မေးကြည့်ပါလား၊ ငါနည်းနည်း စမ်းကြည့်ချင်
လို့ …”
အောက်ထပ်ကနေ ဆူညံဆူညံနဲ့ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်
အပါအ၀င် လူကြီးတချို့ အပေါ်ထပ်ကို တက်လာကြပါတယ်။ ဆရာတော်
လက်ထဲမှာ ဖလားတစ်ခုကို ပိုက်ထားပါတယ်။ အထဲမှာလည်း ရေအပြည့်
ပါ။ အပေါ်ထပ်ရှိ နေရာအတော်များများကို ဖလားထဲမှ ပရိတ်ရည်တွေနဲ့
လိုက်ပြီး ဖြန်းပါတယ်။ လူကြီးတချို့က နောက်နေ့မှာ ပရိတ်တရားနာမယ့်
အပေါ်ထပ် ဘုရားခန်းအတွင်း သန့်ရှင်းလုပ်နေကြသလို တချို့လည်း
ကော်ဇောလိပ်တွေ သယ်နေကြပါတယ်။ ဆရာတော်က အိမ်ရှိ မိသားစု
များနဲ့ ဧည့်သည်အဖြစ် ရောက်ရှိနေကြတဲ့ သူတို့အားလုံးကို ပရိတ်ကြိုး
တွေ စွန့်ကြဲပါတယ်။ ပရိတ်ချည်တွေကို ခြံတစ်ခုလုံးနဲ့ ခြံထဲရှိ အိမ်တွေ
မှာ ရစ်ပတ်ဖို့ မိန့်ကြားပြီး ဆရာတော် ပြန်ကြွသွားပါတယ်။ အဲဒီနောက်
ကိုဝက်၊ ကိုကုလားတို့ အပါအ၀င် သန့်ရှင်းရေး လာဝိုင်းကူတဲ့ ရပ်ကွက်
ထဲမှ ကာလသားများနဲ့အတူ လဖက်ရည်ဆိုင်ကို သွားကြပါတယ်။
(မောင်ထူး) ကိုအေး ဘာစမ်းမလို့လဲ …။
(ကိုအေး) အမဲသား တုံးကို ကျွတ်ကျွတ်အိတ်ထဲထည့်၊ ကြိုးနဲ့စည်းပြီး
ဆွဲကြိုးချသေထားတဲ့ အခန်းထဲက ထုပ်တန်းမှာ တွဲလောင်းချထားမယ်၊
ကြိုးစ’ကို ခပ်ရှည်ရှည် ထုတ်ပြီး အပြင်ကနေ ဆွဲကြည့်မယ်လေ၊ အမဲ
သားထုပ်ကို လာဆွဲရင် အဲဒါ ကျိန်းသေပြီးပေါ့ ….။
(မောင်အောင်) ဒါဆိုရင် ကြိုးက အရှည်ကြီး လုပ်ရမှာ၊ မောင်ထူးတို့
အဒေါ်ရော သဘောတူပါ့မလား …။
(နောင်နောင်) ဒေါ်လေးထက် စာရင် ဦးလေးဆီမှာ ခွင့်တောင်းကြည့်၊
ဒီလိုလုပ်တာက ပြဿနာကို ဆွချင်လို့ မဟုတ်ဘူး၊ အနေအထား
အတိုင်းအတာကို သိချင်လို့ လုပ်တာပါ … ပြောပြီး ခွင့်တောင်းကြည့်
ပါလား မောင်ထူး …။
(မောင်ထူး) ပြောတော့ ပြောကြည့်မယ်၊ ဘယ်နေရာကနေ ကြိုးစ’
ကို ကိုင်ထားကြမှာလဲ ….။
(ကိုအေး) ငါတို့ ခုတည်းနေတဲ့ အိမ်ပြတင်းပေါက်ထဲကို ကြိုးစ’ထည့်
ပြီး တစ်ခုခုနဲ့ ချည်ထားမယ်လေ …။
(မောင်အောင်) ကိုကုလား၊ ဦးပွားဆိုတဲ့ လူကြီးက ဘယ်မှာနေလဲ၊
သူက ဒီအိမ်ကြီးအကြောင်း ဘာပြောသေးလဲ ….။
(ကိုကုလား) ဦးပွားက အခုတော့ အသက်ကြီးပြီး သူငယ်ပြန်နေပြီ၊
သေသွားတဲ့ ဒေါ်တင်တို့အဖေ ဦးစည်လက်ထက်က ဦးစည်ထံမှာ
သူ အလုပ်လုပ်ဖူးတယ်၊ ဦးစည်က ပွဲကန်ထရိုက်ဆိုတော့ အငြိမ့်
တွေ ဇာတ်တွေရှိရင် သူက ရုံပေါက်ဝ’မှာ လက်မှတ်စစ်တဲ့ အလုပ်
မျိုးပေါ့၊ ဦးပွား ပြောပြတာက သူ့သူဋ္ဌေး ဦးစည်က ဈေးထဲမှာ ကြက်
သွေးတို့၊ ဘဲသွေးတို့၊ ဆိတ်သွေးတို့၊ အမဲသွေးတွေကို မကြာခဏ
သွားဝယ်လေ့ရှိတယ်တဲ့၊ အဲလို လိုက်ဝယ်တာ ဘာလုပ်မှန်း ဘယ်သူ
မှ မသိကြဘူး၊ အလုပ်ကိစ္စတစ်ခုနဲ့ ဦးစည်ဆီသွားတော့ ဦးစည်က
ခြံထဲက သရက်ပင်တွေ ကြားမှာရှိတဲ့ စပါးလင်ပင်တွေအပေါ် အဲဒီသွေး
တွေ လောင်းချနေတာ တွေ့ရတယ်၊ ဦးစည်ပါးစပ်ကလည်း ပွစိပွစိနဲ့
“နင်တို့ ငါ့ခြံကို သေသေချာချာ စောင့်ရှောက်ပေးကြ၊ နင်တို့ဖက်က
တာဝန်ကျေရင် ငါ့ဖက်ကလည်း တာဝန်ကျေမယ် … ”
လို့ ပြောနေတာကို တွေ့ဖူးတယ်လို့ ဦးပွားက ပြောပြတယ် …။
(ကိုဝက်) ဟုတ်လို့လား ကုလားရယ်၊ ဦးပွားက သူငယ်ပြန်ပြီး
လျှောက်ပြောနေတာ ဖြစ်နေအုံးမယ်၊ အရပ်ထဲက လူကြီးတွေ ပြော
တာကြားဖူးတယ်၊ သေသွားတဲ့ ဒီခြံပိုင်ရှင် ဒေါ်တင်ကို အဲဒီဦးပွား
လိုက်ကြိုက်တာ အသည်းအသန်းပဲတဲ့၊ ဒေါ်တင်နဲ့ သဘောမတူလို့
ဒေါ်တင်’အဖေ့ ဦးစည်အပေါ် ပေါက်ကရ လျှောက်ပြောတာရော
မဖြစ်နိုင်ဘူးလား …။
(လူငယ်များ) ….. (ရယ်သံများ)
(ကိုကုလား) င၀က်ရယ် မင်း ငယ်ပါသေးတယ်၊ ထားပါတော့ မင်း
ပြောသလို ဦးပွားက သူ့ငယ်ရည်စားကို မရလို့ ဂျောက်တွန်းတယ်
ဘဲထား၊ ပုဏ္ဍက တိုက်တယ်လို့ ပြောနေကြတဲ့ နေရာတွေမှာ ဘာ
ထူးခြားတာ ရှိလဲ၊ မင်း သိလား ….။
(မောင်ထူး) ကိုကုလား၊ စိတ်မဆိုးပါနဲ့ အကိုကလည်း၊ ကျနော်တို့က
အကို့ကို ရယ်တာ မဟုတ်ပါဘူး၊ လူကြီးတွေရဲ့ နောက်ကြောင်းရာဇ၀င်
ကို ရယ်တာပါ …။
(ရဲစိုး) ဘယ်လို … ပုဏ္ဍက အတိုက်ခံရတဲ့ နေရာတွေမှာ ထူးခြား
ချက်ရှိတယ် ဟုတ်လား ကိုကုလား … ပြောပြပါ အကို၊ ကျနော်တို့
သိချင်လို့ …။
(ကိုကုလား) အဲဒီခြံ၊ အဲလို နေရာမျိုးမှာ ခွေးတို့၊ ကြောင်တို့ လုံးဝ
မွေးလို့ မရဘူးကွ၊ မြဲမြဲမှတ်ထား၊ မွေးထားရင်လည်း ခဏပဲနေတယ်၊
သူ့အလိုလို ထွက်ပြေးရင် ပြေး၊ မပြေးရင် ဘာမှ မဖြစ်ပဲ သေသွား
တတ်တယ် …။
(ကိုအေး) ဒါဆိုလည်း ဒီည ကျနော်တို့ စမ်းကြည့်မယ်၊ ပြဿနာ
စ’ဖြစ်တာ ဒီစနေနေ့ ညလား …။
(ကိုကုလား) ဟုတ်တယ်၊ လဆန်း(၁) ရက်နေ့ မတိုင်ခင်ညက
စ’ပြီး ဖြစ်နေကြ …။
သူတို့အားလုံး ဦးလေးထံတွင် ခွင့်တောင်းကြပါတယ်။ အမဲသား
အစိမ်းတုံးကို ကျွတ်ကျွတ်အိတ်နှစ်ထပ်နဲ့ ထုပ်ပြီး အိတ်ထဲထည့်ပါတယ်၊
အိတ်ရဲ့ ထိပ်ဝကနေ နိုင်လွန်ကြိုးရှည်ရှည်နဲ့ လူသေဆုံးခဲ့တဲ့ အခန်း
ရဲ့ ထုပ်တန်းမှာ တွဲလောင်းချပါတယ်။ ကြိုးကို အခန်းနံရံပေါ်ကျော်ပြီး
အိမ်ကြီးရဲ့ အပေါ်ထပ် ပြတင်းပေါက်မှ တဆင့် အပြင်ကို ထုတ်ပါ
တယ်။ သူတို့တည်းခိုရာ တိုက်ပုလေးရဲ့ ပြတင်းပေါက် အထဲအထိ
ဝင်ဖို့ ကြိုးကို အရှည်ကြီး သွယ်တန်းရပါတယ်။ အိမ်ကြီးပေါ်ကနေ
သွယ်တန်းထားတဲ့ ကြိုးစ’ကို သူတို့အခန်းထဲရှိ မျက်နာကြက်မှ
မီးချောင်းချိတ်ဆွဲရာ ကြေးနန်းကြိုးမှာ ချည်နှောင်ထားပါတယ်။ ညဖက်
သူတို့ တည်းခိုရာ အိမ်ထဲမှာ သူတို့အုပ်စုအပြင် အရပ်ထဲမှ ကာလ
သားအချို့ပါ သူတို့နဲ့အတူ ရှိနေကြပါတယ်။
ညဟာ တဖြေးဖြေး တိတ်ဆိတ်လာပါတယ်။ ဘယ်အချိန်မှာ ဘာစ’
ဖြစ်မလဲလို့ သူတို့အားလုံး စောင့်မျှော်နေကြပါတယ်။ အချိန်တွေ
သာ တစ်နာရီပြီး တစ်နာရီ ကျော်လွန် ခဲ့ပါတယ်။ ကြိုးစ’ကို စောင့်
ဆွဲတဲ့ လှုပ်ရှားမှုမျိုး မတွေ့ရပါ။ မနက်မိုးလင်းခါနီး လင်းကြက်တွန်
သံ၊ ဘုန်းကြီးကျောင်းဖက်မှ အုန်းမောင်းခေါက်သံတွေ ထွက်ပေါ်
လာတဲ့ အထိ ဘာမှ မထူးခြားခဲ့ပါ။ ဒေါ်လေးတို့ အိမ်ဖက်ကနေ
ကိုဝက် နာမည် လှမ်းခေါ်ပြီး အလှူအတွက် ၀ိုင်းလုပ်ပေးဖို့ လာနိုး
ပါတယ်။ မနက်စောစော ကိုဝက်နဲ့အတူ သူတို့အားလုံး အိမ်ကြီးပေါ်
ရှိ အမဲသား အစိမ်းတုံး ချိတ်ဆွဲထားတဲ့ အခန်းဆီ ရောက်ကြပါတယ်။
ဘာထူးခြားမှုမျှ မတွေ့ရပါ။ ကိုအေးက ခနဲ့တဲ့တဲ့ ပုံစံဖြင့် .…
“ဘယ်လိုလဲ၊ ဒါလက်တွေ့ဘဲလေ၊ မင်းတို့ ယုံသွားအောင် ဒီည
ထပ်ပြီး စမ်းပြမယ်၊ ကြောက်တာနဲ့ ခြောက်တာကို လူတွေ မခွဲခြား
တတ်လို့ ဒီလို ဖြစ်နေကြတာပါကွာ …. ”
အလှူအိမ်မှာ နေရတာ ပျင်းသောကြောင့် မြို့ထဲသွားပြီး လျှောက်
လည်လိုက်၊ လဖက်ရည်ဆိုင်ထိုင်လိုက်ဖြင့် ညနေစောင်းမှ ခြံထဲ
ကို သူတို့ ပြန်လာကြပါတယ်။ ကိုဝက်နဲ့ အတူ အိမ်ကြီးပေါ်ကို
တက်ပြီး အခန်းရဲ့ ထုပ်တန်းမှာ မနေ့ညကလို အမဲသားအစိမ်းတုံးကို
ကြိုးနဲ့ သွယ်တန်းပြီး ချိတ်ဆွဲကြပါတယ်။ ညဖက် လဖက်ရည်ဆိုင်က
အပြန် ဗွီဒီယို အတူတူ လိုက်ကြည့်ဖို့ မီးကင်းတဲမှ ကိုကုလားကိုပါ
ခေါ်ဆောင်ခဲ့ပါတယ်။ ကျော်ဟိန်းနဲ့ တင့်တင့်ထွန်း တို့ပါဝင်သော
“ဘဂျမ်းမှာ ဇာတ်လမ်းမရှိ” ဇာတ်ကားကို သူတို့ ကြည့်နေကြပါတယ်။
ညကိုးနာရီ မီးကင်းသံချောင်း သွားခေါက်မယ့် ကိုကုလားအတွက်
ကြည့်လက်စ’ ရုပ်ရှင်ကို ခဏ ရပ်လိုက်ပါတယ်။ ကိုကုလား ပြန်လာ
တဲ့အထိ သူတို့ စောင့်နေကြပါတယ်။ ကိုကုလား အိမ်ထဲ ပြန်ရောက်
လို့ ရုပ်ရှင် စ’ကြည့်မယ် အပြုမှာ မျက်နှာကြက်က မီးချောင်းဟာ
သိသိသာသာ လှုပ်ရမ်းသွားပါတယ်။ မီးချောင်းအပေါ်ရှိ ကြေးနန်း
ကြိုးဟာ အိမ်ကြီးပေါ်မှ အမဲသား အစိမ်းထုပ်နဲ့ ကြိုးချင်း သွယ်တန်း
ထားပါတယ်။ သူတို့အားလုံးရဲ့ မျက်လုံးတွေဟာ မီးချောင်းကနေ
သွယ်တန်းထားရာ ကြိုးတလျှောက်ကို လိုက်ကြည့်နေကြပါတယ်။
(ကိုအေး) လေတိုက်လို့လား မသိဘူး၊ တော်တော်လေးတော့
ရမ်းသွားတယ် …။
(ကိုဝက်) ဟုတ်တယ် … ရဲစိုး ညီလေး၊ အပြင်ကို တချက်လောက်
လှမ်းပြီး ကြည့်လိုက်ပါအုံး၊ မိုး’စရွာနေပြီလား မပြောတတ်ဘူး၊ မိုး
ရွာရင်တော့ ဒုက္ခပဲ၊ အလှူအတွက် ချက်ထားတဲ့ ဟင်းအိုးတွေ အိမ်
ထဲ သွင်းရအုံးမယ်၊ ဗွီဒီယို ကြည့်ရတာ ဇိမ်ပျက်တယ်ကွာ …။
ရဲစိုးဟာ တီဗွီရှေ့ စုထိုင်နေတဲ့ လူတွေကြားကနေ အပြင်မှာ မိုးရွာ
မရွာကို လှမ်းကြည့်ဖို့ ပြတင်းပေါက်ဆီကို ထ’သွားပါတယ်။ အိမ်ကြီး
ပေါ်နဲ့ သွယ်တန်းထားတဲ့ကြိုး ရှိနေသောကြောင့် ပြတင်းပေါက်တံခါး
ကို ဂျက်ချပြီး ပိတ်မထားပါ၊ တံခါးစေ့ရုံသာ စေ့ထားပါတယ်။ သံဇကာ
ရှိ အပေါက်ငယ်ကနေ အပြင် မှန်တံခါးကို သူ တွန်းထုတ်လိုက်ပါ
တယ်။ အပြင်ဖက်ကို လှမ်းကြည့်လိုက်တဲ့ စက္ကန့်ပိုင်း အတွင်းမှာပဲ
သူ့ပါးစပ်က “ဟာ … ဟိုမှာ ဟိုမှာ … ” လို့ အော်ပြီး နောက်ဖက်ကို
ပက်လက်လန်ပြီး လဲကျလာပါတယ်။ သူရဲ့ နောက်ဖက် အနီးဆုံးမှာ
ရှိနေတဲ့ ကိုကုလားနဲ့ မောင်ထူးက နောက်ကနေ အလျင်အမြန် ပွေ့
လိုက်ရပါတယ်။ အဲဒီအချိန်မှာဘဲ သူတို့ထဲက သုံး …. လေးဦးဟာ
ပြတင်းပေါက်ဆီကို အလျင်အမြန်ပြေးပြီး အပြင်ဖက်ကို လှမ်းကြည့်
ကြပါတယ်။ ထ’ကြည့်ကြတဲ့ လူတွေထဲက နောင်နောင်ဟာ မျက်လုံး
ပြူးလျက်သာနဲ့ ထပ်ပြီး လဲကျလာပါတယ်။ သူ့ပါးစပ်က ဘာသံမှ
မထွက်ခဲ့ပါ။
“ဘာဖြစ်တာလဲ … ဘာဖြစ်တာလဲ …” ဆိုသော အသံတွေ သူတို့
အိမ်ထဲမှာ ဆူညံသွားပါတယ်။ ခြေမကို ချိုးပေးတဲ့လူ ချိုး၊ ဇက်ကို
နှိပ်ပေးတဲ့လူက နှိပ်နဲ့ ရှုပ်ရှက်ခတ်နေကြပါတယ်။ သူတို့အိမ်မှ
ဆူညံသံတွေကြောင့် နံဘေးရှိ ဒေါ်လေးတို့အိမ်က လူတွေပါ ရောက်
လာပါတယ်။ မိနစ်နှစ်ဆယ်နီးပါး ၀ိုင်းဝန်းပြုစုအပြီးမှာ သတိလစ်
သွားတဲ့ ရဲစိုးနဲ့ နောင်နောင်ဟာ ပြန်ပြီး သတိရလာပါတယ်။ သူတို့
နှစ်ဦးစလုံးရဲ့ ခန္ဓာကိုယ်ဟာ တဖြေးဖြေးချင်း နေမကောင်းတဲ့
ပုံသဏ္ဌာန် ကိုယ်တွေ ပူလာပါတယ်။
(ဆက်ရန်။)
18 comments:
ဟင်..ကိုအောင် က မကောင်းဘူး သရဲ ကြီး ကောင်း ကောင်း အခြောက်ခံရပါစေဗျာ... ကောင်းခန်းရောက်မှ.. စောင့်ရအုန်းမယ်
စတာနော်
ရွှေစင်
ကိုအောင်
မြန်မြန် လေးနော်
စိတ်ဝင်စားစရာတော်တော်ကောင်းတယ်ဗျာ။ မြန်မြန်ရေးပါဗျ။ စပါးလင်နဲ့သရဲမွေးတာတော့ ကိုယ်တိုင်မြင်ဖူးတယ်။ စောင့်ဖတ်နေပါတယ်ဗျ။
အင်း.............ဆက်ပြော.
http://bar-tway-tone.blogspot.com/2009/07/blog-post_25.html
အဲဒီပိုစ်ကလေးဖတ်ပေးဦး.
ကြောက်လား။
ထိတ်ထိတ် ထိတ်ထိတ်........ သည်းထိတ်ရင်ဖိုဖက်ကို ဓါတ်ကျနေတယ်နော်။
အမကြီး မခင်ဦးမေ ..
အမ ပေးတဲ့ လင့်ခ်
http://bar-tway-tone.blogspot.com/2009/07/blog-post_25.html
က ဇာတ်လမ်းကို ကျနော် ဖတ်ကြည့်ပါတယ်။
ဇာတ်လမ်းက စိတ်ဝင်စားဖို့ အရမ်းကောင်းပါတယ်၊ ကျောတော့ ချမ်းစရာပါ၊ အခန်းက ကျဉ်းတာလည်း ပါတယ်၊ လောင်ကြေးက မနည်းဘူးပဲ။
ကျနော့်အသိတစ်ယောက်က ပြောပြဖူးတယ်၊
သူ စီးပွားရေး လူမှုရေးဒုက္ခတွေ ပတ်လည်ဝိုင်းနေ
ချိန်မှာ လူတစ်ယောက်နဲ့ နေ့တိုင်း သူတို့ တိုက်က
လှေကားမှာ ဆုံတယ်၊ တစ်နှစ်နီးပါးလောက် နေ့တိုင်း
တွေ့နေကြ၊ နောက်တော့ သူတို့အပေါ်ထပ်မှာ
ဆွမ်းကျွေးရှိလို့ သွားစားမှ ဓါတ်ပုံကို သွား တွေ့တယ်၊ မေးကြည့်တော့မှာ အဲဒီလူကြီးက သူ့
အခန်းမှာ နေခဲ့တဲ့ အလှူအိမ်ရဲ့ အဖေ ဖြစ်နေတာ
သိရတယ်၊ သူတို့ မပြောင်းလာခင် တစ်နှစ်လောက်
ကတည်းက သေသွားပြီ၊ အဲလိုမျိုးတွေ ရှိတယ်အမ၊
လူကလည်း ကိုယ့်အပူနဲ့ ကိုယ်ဆိုတော့ တစ္ဆေကို
တောင် မကြောက်တတ်ပြီမို့လို့ သီချင်းတောင်
ဆိုရမလိုပဲ။
စိတ်မဆိုးနဲ့နော်။
နောက်နေတာပါ။ တို့ကအဲသလိုဘဲအတည်ပေါက်နဲ့နောက်တတ်တယ်။
ကြောက်တတ်ပါတယ်။
ကြောက်တတ်လွန်းလို့နာရေးရှိတဲ့အိမ်ရှေ့ကတောင်ဖြတ်မလျောက်ဘူး။
ဟုတ်တယ် အခုတစ်လော အပူများနေတယ်။ ကိုယ်ကိုင်တိုင်လဲသိတ်နေနကောင်းသေးဘူးဆိုတော့စိတ်ညစ်နေတယ်။
ပြောတဲ့ တစ်နစ်လုံးတွေ့နေတဲ့လူကြီးဇတ်လမ်းကလဲအသည်းယားစရာ.........
အခုသွေးပျက်ဖွက်ရာအိမ်ကြီးအကြောင်းဖတ်နေရငးနဲ့ဟို..ဘာတွေတုံး ရေးခဲ့တဲ့အကြောင်းကိုသတိရလို့လင့်ပေးတာပါ။ ဘာရယ်မဟုတ်ပါဘူး။ အဲဒိအကြောင်းကလဲအတော်အသည်းယားဘို့ကောင်းတာနဲ့မှတ်မိနေတာ။
ကိုအောင်....
မြန်မြန်ဆက်ဗျာ....
တော်တော်ဖတ်ကောင်းတယ်ဗျ..။
ဟိုဘက်မှာ သူညားက စပါးလင်နဲ့ ကြက်သားကာလသမီးချက် ခုလေးတင် တင်လိုက်တာ .... ဒီထဲမှာကျ စပါးလင်နဲ့ တရဲ မွေးတာတဲ့ ... ကောင်းရော ...
မြန်မြန်ရေးပါဗျို့ ... စောင့်ဖတ်ရတာ စိတ်မရှည်တော့ဘူးဗျို့။
ဟာဗျာ...
ကောင်းခန်းရောက်မှ ဆန့်ငင်ဆန့်ငင် ဖြစ်ရပြန်ပြီ...
မြန်မြန်ဆက်ပါဗျို့...
းဝ)
အခန်းဆက် မြန်မြန်လုပ်ပါဗျိုးး
ဖတ်လို့ကောင်းနေမှ ရပ်သွားပြန်ပြီ
အော..ကိုအောင်က ဆေးလိပ်ထွက်သောက်ချိန်ရအောင် လုပ်ပြန်သကိုး...
တပတ်တပုဒ်တင်ဖို့ ဆုံးဖြတ်ထားတာလားဟင်
ဆက်ရန်လို့်ရေးမှ ရေးပါ့မလားလို့စိတ်ပူလိုက်ရတာ..
ဟင်း.....တော်ပါသေးရဲ့..ဆက်ရန်မို့လို့..
တခါထည်းအပြီးရေးရင်.လန့်ပြီးမေ့သွားလောက်တယ်
ဘာကြီးတွေ့လိုက်တာလဲဟင်။ :)
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် (မန္တလေး) ဦးသိန်းဦးဧ။် သတင်းစာရှင်းလင်းပွဲ
တွင်တင်ပြချက် MPU နှင့် မဆိုင်
အမြန်ရေးပါ
စပါးလင်ကသရဲမွေးတာတဲ့..လူကြီးတွေပြောဘူးတယ်
သူကက်ြသွေး.ဘဲသွေး လောင်းပီဆိုကတည်းက တကယ်သရဲဖြစ်မှာ.။။
Post a Comment