Sunday, 14 March 2010

သွေးပျက်ဖွယ်ရာ အိမ်ကြီး (အပိုင်း- ၁)

ရေးသူ- စစ်ငြိမ်းဒီရေ

(ကြောက်ရွံ့ထိတ်လန့်တတ်သူများ သတိထားပြီး ဖတ်ရူပါ။)

လွန်ခဲ့သော ၁၉၉၃ ခုနှစ် နှစ်ကုန်ပိုင်းက ရန်ကုန်မြို့မှ လူငယ်
တစ်စုဟာ နယ်မြို့တစ်ခုတွင် ကျင်းပပြုလုပ်သော အလှူတစ်ခု
သို့ သွားရောက်ရန် လဖက်ရည်ဆိုင်တစ်ခုမှာ စုဝေးခဲ့ကြပါတယ်။

(မောင်ထူး) ….မြို့က ငါတို့အဒေါ် ၀ယ်ထားတဲ့ အိမ်မှာ ပုဏ္ဍက
တိုက်လို့၊ အဲဒါ အခု ငါတို့ အဒေါ် မိသားစုလည်း ဆွမ်းကျွေး
ပရိတ်တရားနာကို လဆန်းက စ’ပြီး ၇- ရက် ဆက်တိုက်လုပ်မယ်၊
ငါတို့အိမ်က လူတွေတော့ မအားကြဘူး၊ ငါကိုဘဲ အလှူသွားဖို့
လွှတ်နေတယ်၊ မင်းတို့ လိုက်ကြမလား၊ ကားခလည်း မကုန်ဘူး၊
ဒို့ အဒေါ်ပိုင်တဲ့ လိုင်းကားက ရန်ကုန်နဲ့ အဲဒီကို နေ့တိုင်း
ဆွဲတယ် …။



(ကိုအေး) ငါတော့ အရမ်း စိတ်ဝင်စားတယ်၊ ဒီခေတ်မှာ ဒီလောက်
တိုးတက်နေတာ၊ ဒါမျိုးတွေ မဖြစ်နိုင်ဘူးလို့ ငါတော့ ထင်တယ်၊
ကျန်တဲ့လူတွေကို မေးကြည့် …။

(ခင်ဇော်) ကျနော်လည်း စိတ်ဝင်စားတယ် ကိုအေး၊ အုပ်စုတောင့်
လို့ကတော့ လိုက်ပြီးသာပဲ …။

ဤသို့ဖြင့် ရန်ကုန်မြို့မှ လူငယ် ရှစ်ဦးဟာ နယ်မြို့လေးရှိရာဆီ
သို့ ရောက်ခဲ့ကြပါတယ်။ အလှူပြုလုပ်ရာ ခြံဝန်းဟာ တော်တော်
လေး ကျယ်ဝန်းပါတယ်။ အလှူရှင် မိသားစုဟာ ဧည့်သည်လူငယ်
များအား မိမိတို့ ခြံဝန်းအတွင်းရှိ အိမ်တစ်လုံးတွင် တည်းခိုရန်
စီစဉ်ပေးပါတယ်။ ယင်းခြံဝန်းအတွင်း၌ အဆောက်အဦး သုံးခုရှိပြီး
နှစ်ခုတွင် လူနေထိုင်ပြီး ကျန်တစ်ခုကို ဂိုဒေါင်ပုံစံ ပြုလုပ်ထားပါ
တယ်။ ခြံဝန်း၏ အတွင်းဖက် ချောင်ကျကျ တစ်နေရာတွင် ဂိုဒေါင်
အဖြစ် အသုံးပြုထားသော နှစ်ထပ် အဆောက်အဦးသည် တိုက်ခံ
အိမ်ဟောင်းတစ်ခု ဖြစ်ပါတယ်။

အလည်ရောက်လာသော လူငယ်များဟာ နယ်မြို့ရှိ လဖက်ရည်
ဆိုင်တွင် ထိုင်လိုက်၊ မြို့အတွင်းရှိ ရူခင်းမျိုးစုံကို လှည့်လည်ကြည့်ရူ
ပြီး တည်းခိုရာ အလှူအိမ်သို့ ပြန်လာကြပါတယ်။ အိမ်ရှင် မိသားစု
ဝင်အားလုံး အလှူကိစ္စ၊ သူတို့ စီးပွားရေး ကိစ္စများနဲ့ အလုပ်များနေ
သောကြောင့် လူငယ်များအား မိသားစုပိုင် ပွဲရုံမှ “ကိုဝက်”ဟု ခေါ်
သော စာရေးတစ်ဦးက ဒိုင်ခံ ဧည့်ခံပါတယ်။ လူငယ်များက “ကိုဝက်”
အား အလှူအိမ်၏ “ပုဏ္ဍက သရဲ” ဇာတ်လမ်းကို မေးမြန်းသော
အခါ …။

(နောင်နောင်) ကိုဝက်၊ မောင်ထူးအဒေါ် ခင်ဗျားတို့ သူဋ္ဌေးက
ဘာဖြစ်လို့ အလှူလုပ်တာလဲ၊ ရှင်ပြုတာတို့ နားသ’ တို့လည်း
မဟုတ်ဘူး ၊ မောင်ထူးပြောတော့ ဒီခြံထဲမှာ “ပုဏ္ဍက သရဲ”
ခြောက်တယ်ဆိုတာ တကယ်လား ….။

(ကိုဝက်) ငါလည်း တသက်တကိုယ် ဒီလို အဖြစ်မျိုး ကြုံဖို့
နေနေသာသာ သေသေချာချာတောင် မကြားမိဖူး၊ လူကြီးပြော
သံကို နားစွန်းနားဖျားပဲ ကြားဖူးတယ်၊ ခြံနောက်ဆုံးက တိုက်
ဟောင်းမှာ ပစ္စည်းတွေ ထည့်ထားတာ ခြေရာလက်ရာတွေ
ပျက်ပျက်နေလို့ ပထမ သူခိုးဝင်တယ်ပဲ အောင့်မေ့ကြတာ၊ အိမ်နီး
နားချင်း ပြောမှ အဲဒီအိမ်ဟောင်းက တစ်နှစ်ကို တစ်ကြိမ် အခုလို့
ပေါက်ကရတွေ ဖြစ်တတ်တယ် ဆိုပဲ …။

(ကိုအေး) တခြားလူတွေရော ဘာတွေ ဖြစ်ကြသေးလဲ၊ ကျနော်တို့က
စိတ်ဝင်စားလို့ အုပ်စုလိုက် ချီတက်လာကြတာ …။

(ကိုဝက်) ခြံနောက်ပိတ်ဆုံးမှာ ဂိုဒေါင်လုပ်ထားတဲ့ အိမ်ကြီးကို
မင်းတို့ တွေ့လား၊ အဲဒီအိမ်ကြီးက ဟိုးအရင် အိမ်ရှင်တွေ လက်ထက်
ကတည်းက ရှိခဲ့တဲ့ အိမ်၊ ကျန်တဲ့ အိမ်တွေက ဒေါ်လေးတို့ မတိုင်ခင်
တရုတ်သူဋ္ဌေး လက်ထက်မှာ ထပ်ဆောက်ထားတဲ့ အိမ်အသစ်တွေ၊
အဲဒီအိမ်ဟောင်းကြီးမှာ လူနေလို့ မရဲဘူး၊ ပြီးတော့ တစ်နှစ်ကို တစ်လ
လောက် သရဲစီးသလို ဖြစ်နေတယ်လို့ အိမ်နီးနားချင်းတွေက ပြောကြ
တာပဲ၊ ဒါကြောင့် လာမဲ့ တနင်္ဂနွေနေ့က စပြီး နေ့စဉ် မနက်တိုင်း
ဆွမ်းကျွေး ပရိတ်တရားနာပွဲ လုပ်မလို့ …။

(ထွန်းဦး) ဒီအိမ်အကြောင်း ဘယ်သူ ဂဃနဏ သိလဲ၊ ကျနော်တို့
မေးကြည့်ချင်လို့ ကိုဝက် …။

(ကိုဝက်) တစ်ခြံကျော် “၀ါးဆိုင်”က အဘဦးဖူးညိုဆိုတဲ့ လူကြီး
တော့ ရှိတယ်၊ အခု အလှူလုပ်တာလည်း အဲဒီအဘကြီး တိုက်
တွန်းလို့ လုပ်ကြတာ၊ မင်းတို့ စိတ်ဝင်းစားရင် သူ့ဆီ သွားမေး
လို့ရတယ် …။

ဒီလိုနဲ့ ကိုဝက် အပါအ၀င် သူတို့ တစ်အုပ်စုလုံး အလှူအိမ်
နှင့် တစ်ခြံကျော်တွင် နေထိုင်သော အဘ ဦးဖူးညို၏ အိမ်သို့
ရောက်ခဲ့ကြပါတယ် …။

(မောင်အောင်) အဘ၊ ဒီအိမ်ကြီးရဲ့ ရာဇ၀င်ကို ကျနော်တို့
သိချင်လို့ပါ၊ အဲဒီ ပုဏ္ဍက သရဲ ဆိုတာ ဘယ်အချိန်က စပြီး
ဒီခြံထဲမှာ ဖြစ်ခဲ့တာလဲ …။

(ဦးဖူးညို) ဒီအိမ်အကြောင်း ပြောပြရမှာ ခပ်ရှည်ရှည်ပဲ၊ လက်ရှိ
မောင်ဝက်တို့ သူဋ္ဌေး မ၀ယ်ခင်က ဒီအိမ်မှာ တရုတ်ဆန်စက်
သူဋ္ဌေး မိသားစု နေခဲ့တယ်၊ တရုတ်တွေ မနေခင်က အဲဒီအိမ်မှာ
ငါတို့မြို့ရဲ့ မြို့မျက်နှာဖုံး မိသားစု တစ်စု နေခဲ့ဖူးတယ်၊ အဲဒီ
မိသားစုရဲ့ အမေဖြစ်သူ မတင်တို့ဖက်ကနေ ဒီအိမ်ကို အမွေရ
ခဲ့တာပေါ့၊ သူတို့မျိုးရိုး အစဉ်အဆက် နေခဲ့ကြတာ၊ ငါတို့ ခပ်
ငယ်ငယ်က မတင်တို့အဖေ ပွဲကန်ထရိုက် ဦးစည် ဆိုတာ
ဒို့မြို့မှာ နာမည်ကြီးပဲ၊ သူတို့ခြံထဲမှာ ဘယ်သူမှ မရှိတဲ့အချိန်
မှာတောင် ခြံနံဘေးကို ဘယ်သူမှ … ဘယ်သူခိုးမှ မကပ်ရဲဘူး၊
သရဲ မွေးထားတယ် …။

(ကိုအေး) သရဲ မွေးထားတယ်၊ ဘယ်လိုပုံစံ မွေးထားတာလဲ၊
ဘာဖြစ်လို့ မွေးထားတာလဲ အဘ …။

(ဦးဖူးညို) ပွဲကန်ထရိုက်ဆိုတာ မြို့တွေ၊ ရွာတွေဖက်မှာ ဘုရားပွဲ
လုပ်ရင် အငြိမ့်တို့၊ ဇာတ်တို့ကို ဌားပြီး ဖျာလက်မှတ် ရောင်းစား
တာ၊ မိုးရာသီလောက်ပဲ ကိုယ့်အိမ်မှာ နေရလေ့ရှိတယ်၊ သီတင်း
ဝါလကျွတ်တဲ့ အချိန်က စပြီး ၀ါ မ၀င်ခင်အထိ အလုပ် လုပ်ရတာ၊
အဲဒီတော့ ကျန်ခဲ့တဲ့ နေအိမ်မှာ ပစ္စည်းတွေ၊ မိသားစုတွေ လုံခြုံ
ရေး အတွက် အောက်လမ်းဆရာတွေနဲ့ ပေါင်းပြီး သရဲ မွေးတာ၊
ပွဲကန်ထရိုက် ဦးစည် ဆုံးသွားတော့ ဒီခြံကို သူ့သမီး မတင်
က အမွေရတယ်၊ မတင် အိမ်ထောင်ကျတော့ သူ့ယောက်ျား
ဖြစ်သူက ဆီစက်တို့၊ ဆေးလိပ်ခုံတို့ လုပ်တော့ အဲဒီ သရဲမွေး
တဲ့အကြောင်း ပြောသံ မကြားရတော့ဘူး။ သူတို့ မိသားစုဝင်
တွေ တစ်ယောက်ပြီး တစ်ယောက် သေကြတော့ ကျန်တဲ့ သူ
တွေက တရုတ်သူဋ္ဌေးဆီ ဒီခြံကို ရောင်းခဲ့တာ၊ ပထမတော့
အဲဒီ တရုတ်သူဋ္ဌေးလည်း ဒီအိမ်ဟောင်းကို ဖျက်ပြီး အိမ်အသစ်
ပြန်ဆောက်မယ် လုပ်သေးတယ်၊ အိမ်ဖျက်ဖို့ ကြံစည်တိုင်း ကြံစည်
တိုင်း အနှောက်အယှက် တစ်ခုမဟုတ် တစ်ခု ပေါ်လာလို့ နောက်ဆုံး
တော့ တရုတ်သူဋ္ဌေးလည်း မောင်ဝက်တို့ သူဋ္ဌေး၊ လက်ရှိ အိမ်ရှင်ထံ
ရောင်းခဲ့တာပါ …။

အဘဦးဖူးညို ပြောပြသော အိမ်ဟောင်း၏ ဇာတ်လမ်းမှာ …

ခြံဝန်းကို မိဘများထံမှ အမွေ ရခဲ့တဲ့ ဒေါ်တင် ဆိုသူ အမျိုးသမီးကြီး
နှင့် သူ့ခင်ပွန်းဖြစ်သူတို့ဟာ မြို့မျက်နှာဖုံး လူကြီးလူကောင်းတွေ
ဖြစ်ကြပါတယ်။ သူတို့ မိသားစုဟာ စီးပွားရေး လုပ်ငန်းအနေနဲ့
ဆေးလိပ်ခုံ၊ ဆီကြိတ်စက်၊ အသေးစား ဆန်ကြိတ်စက် အတော်
များများကို ပိုင်ဆိုင်သော ချမ်းသားတဲ့ မိသားစုပါ။ သားသမီး လေးဦး
ထွန်းကားခဲ့ပါတယ်။ ဒီလိုနဲ့ တနေမှာတော့ သားအငယ်ဆုံးဖြစ်သူ
ဟာ အိမ်ရှိ ဆေးလိပ်ခုံမှာ ဆေးလိပ် လိပ်သော အမျိုးသမီး အလုပ်
သမားတစ်ဦးနဲ့ ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ ချစ်ကျွမ်းဝင်ရာကနေ
ကိုယ်ဝန် ရှိလာပါတယ်။ ကိုယ်ဝန်ရှိတဲ့သတင်း ထွက်လာချိန်ရောက်
မှ သိလိုက်ရသော မိသားစုလည်း ဆန္ဒမရှိသော်လည်း အများအမြင်
မှာ သင့်တော်အောင် သူတို့နှစ်ဦးကို လက်ထပ် ပေးလိုက်ပါတယ်။

သူတို့နှစ်ဦးဟာ မိသားစုနဲ့အတူ နေထိုင်ခဲ့ပါတယ်။ မိဘနှစ်ပါးက
ဘာမျှ မပြောသော်လည်း၊ အကိုကြီး အမကြီးများ၊ သူတို့၏ ဇနီး၊
ခင်ပွန်းများက သားအငယ်ဆုံး၏ ဇနီးသည်အပေါ် နိမ့်ချဆက်ဆံ
ပါတယ်။ သည်းမခံနိုင်တဲ့ နောက်ဆုံးမှာတော့ အိမ်အပေါ်ထပ်ရှိ
သူတို့ လင်မယား အိပ်ခန်းအတွင်းမှာ အဲဒီ မိန်းကလေးဟာ မိမိ
ကိုယ်ကို မိမိ ဆွဲကြိုးချပြီး အဆုံးစီရင် သွားပါတယ်။ ချွေးမဖြစ်သူ
ကွယ်လွန်အပြီး သူတို့မိသားစုလည်း ကျန်ရစ်သူ သားအငယ်ဆုံး
အား သင်္ဘောသားအဖြစ် ပြည်ပသို့ စေလွှတ် လိုက်ပါတယ်။
အဲဒီ ဆွဲကြိုးချ သေဆုံးမှု တစ်နှစ် ပြည့်မြောက်တဲ့ နေ့မှာပဲ
ခြံပိုင်ရှင် ဒေါ်တင်ဟာ ရေချိုခန်းအတွင်း ချော်လဲပြီး ရုတ်တရက်
ကွယ်လွန်သွားပါတယ်။

အဲဒီနောက်ပိုင်း ခြံပိုင်ရှင် ဒေါ်တင်၏ခင်ပွန်းသည် အဖိုးကြီးဟာ
လေဖြတ်တဲ့ ရောဂါကို ခံစားပြီး အိပ်ယာပေါ်မှာ ဘုန်းဘုန်းလဲ
သွားပါတယ်။ မြန်မာ့ တိုင်းရင်းဆေးဆရာတွေ၊ အနောက်တိုင်း
ဆေးပညာဆိုင်ရာ ဆရာဝန်တွေနဲ့ အမျိုးမျိုး ကုသမှု ခံယူအပြီးမှာ
အဖိုးကြီး ပြန်လည် လှုပ်ရှားနိုင်တဲ့ အဆင့်ကို ပြန်ရောက်ရှိ
လာပါတယ်။ သို့ပေမဲ့ ယခင်ကလို အကောင်း ပကတိနီးပါး
သွက်လက်မှုမျိုးတော့ မရှိတော့ပါ။ ဒါကြောင့် မိသားစု စီးပွား
ရေးလုပ်ငန်းတွေကို သားသမီးတွေနဲ့ သူတို့ အိမ်ထောင်ဖက်
တွေရဲ့ အုပ်ချုပ်မှုအောက် ရောက်သွားပါတယ်။

သားသမီး အရင်းအခြာတွေဟာ ရိုးရိုးအေးအေး နေထိုင်သူ
များ ဖြစ်ပြီး သူတပါးပြောသမျှကို ယုံလွယ်သူတွေ ဖြစ်ပါတယ်။
ကျေးရွာများတွင် ရှိသော သူတို့ရဲ့ ဆီကြိတ်စက်၊ ဆန်စက်
များမှာ မိုးလင်း မိုးချုပ် အလုပ်များနေကြပါတယ်။ ဒါကြောင့်
သူတို့ ဖခင်၏ အနီးနားတွင် သူတို့၏ ဇနီးသည်များသာ
အမြဲလိုလို ရှိနေတတ်ပါတယ်။ သမီး မိန်းကလေး တစ်ဦးသာ
ရှိပြီး သမီးဖြစ်သူရဲ့ ခင်ပွန်းဟာ စစ်တပ်မှ အရာရှိတစ်ဦး ဖြစ်ပါ
တယ်။ ထိုပုဂ္ဂိုလ်သည် ယောက္ခမထံမှ အမွေတောင်းရန် မိန်းမ
ဖြစ်သူအား အမြဲတိုက်တွန်းလေ့ရှိပါတယ်။

လေဖြတ်၍ ပြန်ကောင်းခါစ ခြံပိုင်ရှင် အဖိုးကြီးဟာ ညဖက်မှာ
ဗိုက်ဆာပြီး အစားအသောက်များ ထ’စားလေ့ ရှိပါတယ်။ ယင်းသို့
ညဖက်တွင် အစား စားသည့်အကျင့်ဟာ ယခင် ကျန်းမာရေး
ကောင်းမွန် ကတည်းက ရှိသော သူ့အကျင့် ဖြစ်ပါတယ်။ ညဖက်
တွင် တစ်ဦးတည်း တုန်တုန်ယင်ယင်ဖြင့် မီးဖိုချောင်း၌ ထမင်း ထ’စား
သော အဖိုးကြီးအား သူ့ချွေးမများနဲ့ သမက်ဖြစ်သူတို့က “ဖုတ်” ဟု
ခေါ်သော သရဲ ၀င်စီးနေကြောင်း မဟုတ်မဟတ် စွတ်စွဲ ပြောဆိုကြ
ပါတယ်။

ရိုးသားပြီး အယုံလွယ်သော သားသမီးများဟာ ရင်နှီးသော
မိတ်ဆွေ အိမ်နီးနားချင်းများ၏ တားမြစ်နေသည့် ကြားမှပင်
သူတို့ အိမ်ထောင်ဖက်များ၏ ပြောစကားကို ယုံကြည်ပြီး နေအိမ်
သို့ ပရောဂါကုဆရာ တစ်ဦးအား ပင့်ဖိတ်ပြီး အဖိုးကြီးအား ပြသ
ပါတယ်။ ပရောဂါကု ဆရာဆိုသူဟာ “ဖုတ်”ထုတ်သည်ဟု ဆိုပြီး
အဖိုးကြီးအား ကြိမ်လုံးဖြင့် အများရှေ့တွင် ခြောက်လှန့် ရိုက်နှက်
ပါတယ်။

နေမကောင်း ဖြစ်နေသည့်ကြားမှ ပရောဂါကု ဆရာ၏ ရိုက်နှက်
မှုကို ခံရသော ထို အဖိုးကြီးဟာ ရှက်ရွံ့စွာဖြင့် မိမိကိုယ်ကို မိမိ
ဆွဲကြိုးချပြီး အဆုံးစီရင် သွားပြန်ပါတယ်။ အဖိုးကြီး သေဆုံးလို့
ရက်မလည်ခင်မှာဘဲ သမီးဖြစ်သူဟာ သူ့ယောက်ျား စစ်ဗိုလ်နဲ့
စကားများရာကနေ လှေကားထစ်ပေါ်မှ ချော်ကျပြီး သေဆုံး
သွားပြန်ပါတယ်။ အဖိုးကြီးရော သူ့သမီးပါ သေဆုံးခဲ့သော အချိန်
ကာလဟာ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို အဖိုးကြီးမိန်းမ ဒေါ်တင်
ဆိုသူ ကွယ်လွန်သော တစ်နှစ်ပြည့် နှစ်ပတ်လည် ရက်စွဲနှင့်
သိပ်မဝေးပါ။ ဒါကြောင့် ဒီခြံကြီးအတွင်း တစ်နှစ် တခါ ဆိုသလို
ကွယ်လွန်သွားသူများ၏ နှစ်ပတ်လည် အချိန်ကာလ ရောက်တိုင်း
ထူးဆန်းအံသြ တုပ်လှုပ်ဖွယ်ရာများ ဖြစ်ပွားကြပါတယ်။

ဒီအဖြစ်အပျက်များ နောက်ပိုင်း ကျန်ရစ်သူ မိသားစုဟာ သူတို့
အိမ်ကြီးအပါအ၀င် ခြံတစ်ခုလုံးကို တရုတ်လူမျိုး ဆန်စက်လုပ်ငန်း
ရှင် တစ်ဦးထံ ရတဲ့ဈေးနဲ့ ရောင်းချသွားပါတယ်။ အဲဒီခြံကို ၀ယ်ယူ
ခဲ့သော တရုတ်သူဋ္ဌေးလည်း လေး … ငါးနှစ် ကြာတဲ့အထိ နေထိုင်
ခဲ့ပါတယ်။ ထိတ်လန့် တုပ်လှုပ်စရာ အမျိုးမျိုးကို တွေ့ကြုံအပြီးမှာ
တော့ တရုတ်လူမျိုး ပိုင်ရှင်လည်း လက်ရှိ နောက်ဆုံး ပိုင်ရှင်ထံ
ဈေးပေါပေါဖြင့် ထပ်မံ ရောင်းချ ခဲ့ပါတယ်။

….. ဦးဖူးညို၏ စကား အဆုံးသတ် သွားချိန်မှာ ဧည့်သည်လူငယ်
များလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ထင်မြင်
ချက်ပေးဖို့ တွေးဝေနေကြပါတယ် …။


(ဆက်ရန်။)
(အပိုင်း- ၂ ကို ဆက်လက် ဖော်ပြရန် ရက်အတန်ကြာပါအုံးမည်။)

13 comments:

khin oo may said...

အစအဆုံးတစ်ခါတည်းတင်နိုင်မှ ရေးပါ။

စူး said...

အမြန်ရေးပါ

ရွှေရတုမှတ်တမ်း said...

ဂျီးတော်ကြီးပြောကြားချက်ကိုထောက်ခံပါသည်

9-9 said...

အပိုင်းနှစ်မလုပ်ပါနဲ့ ဗျို့ 
တခါတည်း အပြီးရေးပါနော့်

မေဓာဝီ said...

ဆက်ရန်မျှော်နေပါသည်။ အပေါ်ကပြောတာတွေအားလုံး ထောက်ခံပါသည်။ :)

ကိုချစ်ဖေ said...

ကိုအောင် ကတော့လုပ်ပီဗျာ ပထမဆုံး ကြောက်ရွံထိတ်လန့်တတ်သူများ မဖတ်ရဆိုလို့ ဖတ်ကိုဖတ်မိပါတယ် နောက်ဆုံး အပိုင်း ၂ ကို ဆက်ရန်ရက်အနည်းငယ်ကြာပါဦးမည်ဆိုလို စိတ်ဆိုးသွားပါတယ်..မြန်မြန်ရေးပါဗျို့.......အခြားမောင်နှမများပြောကြားတာကို ထောက်ခံပါသည်။

ရွှန်းလဲ့ said...

ဆန့် တငံ့ငံ့နဲ့ ဗျာ....

ဒူကဘာ said...

အင်း ... ဟုတ်ပြီဆိုပြီ ဖတ်နေတာ ဆက်ရန် ဆိုတော့ အမျက် ထွက်သွားတယ်.... ငါပုဏ္ဍက တိုက်လိုက်ရ ... ဟွန့် မလုပ်ရဲဖူး ထင်လို့လား၊ အင်းယားမြိုင် လမ်းထိပ်က တေးရေး ပုဏ္ဍက ဆိုင်မှာ လဘက်ရည် လိုက်တိုက်မှာ ပြောတာပါ ...ဟဲ...ဟဲ....ဟဲ။

ZT said...

ဆန့်ငင် ဆန့်ငင်နဲ့။ မြန်မြန်လုပ်ပါ။ :)

အိုးဝေအောင် said...

ဟတ်ကော့ကြီးကြိုက်တာချင်းတူတယ်ကိုအောင်။
အခန်းဆက်ဘယ်လောက်များများ စောင့်ဖတ်မယ်ဗျို့ ။ဆက်သာလုပ်.....၁မဲ ရလည်း နည်းလား။

ဆောင်း said...

ကျမလည်း ပို့ စ်တွေကို အပိုင်း ခွဲတင်မိတာ ၀ဍ်လည်ပြီ ထင်ရဲ့

Anonymous said...

ထင်တော့ထင်သားဗျို့ ကိုအောင်ရေးတာ နောက်ပိုင်းဇတ်လမ်းတွဲတွေဆို အရှိန်မြှင့်ပြီး သကာလ တုန်လှုပ်ခြောက်ချားစရာတွေ အပုံကြီး ပါလာမယ်ဆိုတာ သိနေပါတယ်။

ဖြစ်နိုင်ရင် မြန်မြန် ဖတ်ချင်ပါသဗျို့၊

လေးစားခင်မင်လျက်

ကန်တော်ကလေး ပုဏ္ဍက မောင်ထွန်း ;-)

khin oo may said...

မကြောက်ရလို့ကတော့အသတ်ဘဲ။