Thursday, 4 March 2010

သရဲကိုစီးတဲ့ မမပဲ

ရေးသူ- စစ်ငြိမ်းဒီရေ

၁၉၉၅ ခုနှစ်က ကျနော်တို့ ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေ
သချာင်္အဓိကမှ ကျောင်းသား ငါးဦးဟာ ပုဂံဘုရားဖူးခရီးစဉ်တစ်ခု
မှာ လိုက်ပါခဲ့ကြပါတယ်။ ဘုရားဖူးခရီးထွက်တဲ့ မေဂျာက ကျနော်
တို့ သချာင်္ မဟုတ်ပါဘူး၊ ကျနော့်သူငယ်ချင်း တစ်ယောက် လိုက်
ကြိုက်နေတဲ့ ကျောင်းသူတစ်ဦးရဲ့ မေဂျာပါ။ သူငယ်ချင်းဖြစ်သူရဲ့
ဇွတ်အတင်း တိုက်တွန်းမှုကြောင့် ကျနော်နဲ့ တခြားသူငယ်ချင်းတွေ
အပါအ၀င် ကျောင်းသား ငါးဦးဟာ ပုဂံကို ဘုရားဖူး လိုက်ပါခဲ့ကြ
ပါတယ်။



ဘုရားဖူးကားက နှစ်စီးပါ၊ သူတို့မေဂျာက ကျောင်းသားမဟုတ်တဲ့
ကျနော်တို့ကို ရုပ်ချောချော ကျောင်းသူတွေ သိပ်မပါတဲ့ ကားပေါ်
မှာ နေရာပေးပါတယ်။ သူတို့ မေဂျာရဲ့ အချောဆုံး ကျောင်းသူကတော့
ကျနော်တို့ကားပေါ် မှာပါ။ သိပ်မလှတဲ့ သူတွေကြားမှာ လှပတဲ့သူ
တစ်ယောက်တည်းရှိရင် ထင်ပေါ်တယ် ဆိုသော ဖော်မြူလာကြောင့်လား
မပြောတတ်ပါ။

ကျနော်တို့ ငါးယောက်ကလည်း တတ်သိပညာ မနေသာ ဆိုသလိုပဲ
ကားစ’ထွက်တာနဲ့ ကားရဲ့ အလယ်ပေါက် အတက်အဆင်းလုပ်တဲ့
နေရာမှာ ပုဆိုးဖြန့်ခင်းပြီး ဖဲဝိုင်းလေးလုပ်ပါတယ်။ ပုဂံတောင် မရောက်
သေးဘူး၊ ကျနော်တို့ဆီမှာ စိန်လက်စွပ် တစ်ကွင်းရောက်လာပါတယ်။
လက်စွပ် ပိုင်ရှင်က ရုပ်အချောဆုံး ကျောင်းသူလေးပါ။ အဲဒီကျောင်းသူ
က သူတို့မေဂျာမှာ တော်တော်လေး နာမည်ကြီး ပါတယ်။ သူ့အဖေ
ဟာ အဲဒီခေတ်က ဗိုလ်မှူးချုပ် ဆိုလားပဲ။ ၂၁ ဖဲ အလှည့်ကျ ပန်ကန်
ထည့်မှာ နောက်ဆုံး သုံးကြိမ် Warning ခေါ်တော့ ပါထားတာတွေ
ပြန်ရမလားဆိုပြီး သူ့နံဘေးနားက သူနဲ့ အိစီကလီ ဖြစ်နေတဲ့
ကျောင်းသားဖက်ကနေ ထိုးထည့် လိုက်တာပါ၊ ရှုံးထားတာ ပြန်မရပဲ
ထိုးထည့်လိုက်တဲ့ စိန်လက်စွပ် ကျနော်တို့လက်ထဲ ရောက်လာပါတော့
တယ်။ သူတို့မေဂျာနဲ့ မျက်နှာစိမ်း ဖြစ်နေတဲ့ ကျနော်တို့အုပ်စုက
ပုဂံခရီးစဉ်အတွင်း အစားနဲ့ အသောက်တွေ တာဝန်ယူဖို့ ပြောပြီး
ဈေး သက်သက်သာသာနဲ့ သူ့ စိန်လက်စွပ်ကို ပြန်ပေးလိုက်ပါတယ်။

စိန်လက်စွပ်ကို ဖဲဝိုင်းမှာ ထိုးရဲတဲ့ သတ္တိကြောင့်လား၊ ရုပ်ချောပြီး ဆွဲဆောင်
မှု ရှိလို့လားတော့ မပြောတတ်ပါ၊ ကားပေါ်ရှိ ကျောင်းသား အများစုရဲ့
မျက်လုံးများဟာ သူမ ဆီမှ မခွာနိုင်ကြပါ။ ကားထွက်ခါစ’က နံဘေးချင်း
ကပ်လျှက် အတူတူစီးလာတဲ့ သူ့ အိစီကလီ ကျောင်းသားကိုတောင်
တဖြေးဖြေးချင်း ခွာချလာပါတယ်။ သူ့နံဘေးက ကျောင်းသားကလည်း
သန့်သန့်ပြန့်ပြန့် ခပ်အေးအေးပါ၊ ရုပ်လည်း ချောပါတယ်။ သူ့ကို
ကြိုက်တဲ့သူ များလာတော့ ဘ၀ဂ်မြင့်သွားပုံ ရပါတယ်။ အဲဒီအချိန်မှာ
ကားပေါ်ရှိ ဘယ်ကျောင်းသားမှ ရင်မခုန်တဲ့ ကျောင်းသူတချို့လည်း
အချိန်ရှိခိုက် လုံလစိုက် ဆိုသလို အဲဒီကျောင်းသူနံဘေးက ကျောင်းသား
ကို အထာ(ပဲ)တွေ ပေးကြပါတော့တယ်။ ပါလာတဲ့ မုန့်တွေ လာဝေ ပေး
လိုက်၊ ကားခဏ ရပ်ရင် မုန့်ဝယ်ကျွေးလိုက်နဲ့ သောသောညံနေပါ
တယ်။ ပုဂံကို ရောက်ပြီး တစ်ရက် နှစ်ရက် အချိန်အတွင်းမှာပဲ
သူတို့ နှစ်ဦး ကားပေါ်မှာ နံဘေးချင်းကပ်ပြီး မတွေ့ရတော့ပါ။

သူတို့မေဂျာက ဟိုကျောင်းသားနဲ့ လဖက်ရည်ဆိုင် အတူထိုင်
လိုက်၊ နောက်တစ်ယောက်နဲ့ ထမင်းအတူ စားလိုက်၊ နောက်ထပ်
တစ်ယောက်နဲ့ ဓါတ်ပုံတွဲရိုက်လိုက် လုပ်နေပါတယ်။ ဘယ်ကျောင်းသူ
မှ နံဘေးနား လာမကပ်တဲ့ ကျနော်တို့အုပ်စုလည်း အဲဒီကျောင်းသူကို
မမပဲ လို့ လျှို့ဝှက်နာမည် ပေးလိုက်ပါတယ်။ ဒီလိုနဲ့ ဘုရားဖူးခရီး
နှစ်ရက် သုံးရက် အတွင်း သူမနံဘေးကို ရစ်သီ ရစ်သီ လာလုပ်တဲ့
ကျောင်းသားတွေလည်း တစ်ယောက်ပြီး တစ်ယောက် စိတ်လျှော့
သွားကြပါတယ်။ ခရီးထွက်ခါစ’က မမပဲရဲ့ ကျောင်းသားလေး နံဘေး
မှာတော့ ဂေါ်မစွံ ကျောင်းသူတချို့က ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀ပါ။
ပြန်ဖို့ နှစ်ရက်အလိုမှာ မမပဲ မျက်နှာပေါ်က ပျော်ရွှင်မှုတွေဟာ
တဖြေးဖြေး ကွယ်ပျောက်သွားပြီး ရှုံမဲ့ ရှုံမဲ့ ဖြစ်လာပါတယ်။ သူနဲ့
လိုက်ဖက်ညီတဲ့ ကျောင်းသားနံဘေးက စုရုံး စုရုံး ဖြစ်နေသော
ကျောင်းသူတွေကို ကြည့်ပြီး အူနုကျွဲခတ် နူတ်ခမ်း ဆူနေပါတယ်။

ပြန်ဖို့ တစ်ရက်အလိုမှာ ပုဂံမှာ သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့
တ၀ဂူမှာ တညလုံး မိုလင်းပေါက် သွားထိုင်ကြည့်ဖို့ စီစဉ်ကြပါတယ်။
ညဖက်တွေမှာ စောင်းတီးသံ ကြားရတယ်၊ ဂူပိတ်ပြီး သတ်တဲ့ ရာဇာ
ဝင်တွေ ရှိတယ် ဘာညာနဲ့ အားလုံး တ၀ဂူကို ချီတက်ကြပါတယ်။
ကျနော်တို့ ငါးယောက်လည်း စိန်လက်စွပ် တန်ခိုးနဲ့ ထမင်းဆိုင်က
ရှိသမျှ ဘီယာ ပါးစပ်ထဲ လောင်းထည့်ပြီး ကားပေါ်တက်ကြပါတယ်။
ကားပေါ်ရောက်တော့ တော်တော်လေး ဒေါင်ချာ စိုင်းနေကြပါပြီ။
ကားကို ဘယ်ဖက်က မောင်းလို့ ဘယ်နေရာက တ၀ဂူကို ရောက်မှန်း
မသိ ရောက်ခဲ့ကြပါတယ်။ ကျနော်တို့ ငါးယောက်စလုံး မြန်မြန် အမူး
ပြေအောင် ရေသန့်ပုလင်းထဲက ရေအေးအေးကို မျက်နှာပေါ် လောင်း
ချပြီး ညကြီးမိုးချုပ် သင်္ကြန် ကျနေရပါတယ်။

ကားနှစ်စီးပြည့် ကျောင်းသား ကျောင်းသူတွေ အုပ်စုလိုက် အုပ်စုလိုက်
စကားတွေ ပြော၊ ဂစ်တာတွေ တီးနေကြတဲ့ ကြားမှာ မမပဲ တစ်ယောက်
ဘယ်သူနဲ့မှ စကားမပြောဘဲ တစ်ယောက်တည်း ထိုင်နေပါတယ်။ သူ
ထိုင်နေတဲ့ နေရာနဲ့ ကျနော်တို့အုပ်စု ရှိတဲ့ နေရာက မလှမ်းမကမ်းပါ။
နည်းနည်း ညဥ့်နက်လာတော့ သူ့သူငယ်ချင်း ကျောင်းသူတစ်ယောက်
သူ့နံဘေးမှာ လာထိုင်ပါတယ်။ ပြီးတော့ သူငယ်ချင်းဖြစ်သူက မမပဲကို
ပွစိပွစိနဲ့ ဆူနေပုံရပါတယ်။ ည တစ်နာရီလောက် အရောက်မှာ ခပ်လှမ်းလှမ်း
က ကျောင်းသားတွေ ကျနော်တို့ဖက်ကို ပြေးလာပါတယ်။ သူတို့နားထဲ
စောင်းသံ လိုလို ကတ်ဆက်သံလိုလို ကြားရတယ်လို့ ပြောပါတယ်။
ကားနှစ်စီးစလုံးကို တာဝန်ယူလာတဲ့ သူတို့မေဂျာက အီးစီဖြစ်သူက
ကျောင်းသူတွေ တနေရာမှာ စုပြီး ထိုင်နေဖို့ ပြောပါတယ်။
ကျောင်းသားတွေ ရုတ်တရက် အလျင်စလို ထ’မပြေးကြဖို့၊ စ’တာ
နောက်’တာတွေ မလုပ်ဖို့လည်း ပြောပါတယ်။

ပထမတော့ ပါလာတဲ့ လက်နှိပ်ဓါတ်မီးတွေနဲ့ ဘုရားနံဘေးကို ထိုး
ကြည့်ပါတယ်။ ငြိမ်ငြိမ်ထိုင်ဖို့ ပြောထားတဲ့ ကျောင်းသူတွေလည်း
တလှုပ်လှုပ်နဲ့ စပ်စုချင်နေပါတယ်။ ဒါနဲ့ အားလုံး သုံးယောက်တစ်တွဲ
စီ တန်းစီပြီး ဘုရားကို ပတ်ကြည့်ဖို့ ပြောလာပါတယ်။ ယောက်ျား
လေးတွေက ရှေ့ဆုံးနဲ့ နောက်ဆုံးကနေ လိုက်ပြီး အုပ်စုလိုက် ဘုရား
ကို ပတ်ကြပါတယ်။ ဘုရားနောက်ဖက်ကို မရောက် တ’ရောက်လောက်
မှာ အဝေးကနေ လေထဲ လွှင့်လာတဲ့ လော်စပီကာသံလား၊ တနေရာရာ
က ဖွင့်တဲ့ ကတ်ဆက်သံလားတော့ မပြောတတ်ပါ၊ စောင်းသံလိုလို
ရှေးခေတ်က တီးလုံးသံကို မကြားတချက် ကြားတချက် တိုးလိုက်
ကျယ်လိုက် ကြားရပါတယ်။ ရှေ့ဆုံးက ကျောင်းသားတွေနဲ့ သူတို့
နောက်က ကျောင်းသူတချို့ လှည့်ပြေးကြပါတယ်။ ကျနော်တို့
ငါးယောက်နဲ့ ကျောင်းသားတချို့ အပါအ၀င် ယောက်ျားလေး
အနည်းငယ်နဲ့ ကျောင်းသူ အများစု ကျန်ခဲ့ပါတယ်။ တချို့လည်း
ပြေးတဲ့ အခါ ၀င်တိုက်မိလို့ ချော်လဲတဲ့သူတွေလည်း ရှိပါတယ်။

အဲဒီအချိန်မှာ ကျနော်တို့ကားပေါ်က စိန်လက်စွပ် ပိုင်ရှင် မမပဲ
တစ်ယောက် ရုတ်တရက် အသံနက်ကြီးနဲ့ ….
“မောင်တော် ပဋိက္ကရား၊ နှမတော်လာပြီ … လာပြီ” လို့ ထအော်ပြီး
ပြေးဖို့ ကြိုးစားပါတယ်။ ကျန်တဲ့ ကျောင်းသူတွေလည်း သူ့ကို ကြည့်ပြီး
ကြောက်ကြောက်နဲ့ ငိုကြပါတယ်။ သူ့ကို လက်နှိပ်ဓါတ်မီးတွေနဲ့
ဝိုင်းထိုးထားလို့ သူ့မျက်နှာကို ထင်ထင်ရှားရှား မြင်နေရပါတယ်။
မျက်လုံးတွေက ရဲရဲတောက်နေပြီး မေးကြောတွေ ထောင်နေအောင်
အံကြိတ် ထားပါတယ်။ လူကလည်း နတ်ဝင်ပူးသလို တုန်နေပါတယ်။
ဒါနဲ့ သူတို့မေဂျာက အီးစီဖြစ်သူ ကျောင်းသားနဲ့ ကျောင်းသူ
တချို့က “သတိထား … သတိထား … ” ၀ိုင်းဆွဲနေကြပါတယ်။
ဆွဲနေတဲ့ သူတွေလက်ကနေ ဇွတ်အတင်းရုန်းပြီး ငိုနေတဲ့ ကျောင်းသူ
တွေဖက်ကို အတင်းအဓမ္မ စကားတွေ ပြောနေပါတယ် …
“ငါ့မောင်တော်ရဲ့ အသဲကို ယူဖို့ ကြိုးစားတာ၊ ငါ့ကို ဘာထင်သလဲ၊
နင်တို့ အားလုံးကို ကျိန်စာ တိုက်လိုက်ရမလား …”
လို့ ပြောပါတော့တယ်။ အဲဒီအချိန်မှာ ကျနော်တို့ အုပ်စုထဲရှိ
အမူးမပြေသေးတဲ့ သူငယ်ချင်းတစ်ယောက်က …
“နှမတော်၊ မောင်တော်ကို ချဲ့နံပါတ်ပေးပါ … ဒီအပတ် ဘာထွက်
မလဲ” လို့ ရွှတ်နောက်နောက် ပြောလိုက်ပါတယ်။ အဲဒါနဲ့ ကျနော်တို့
ဖက် လှည့်လာပြီး … “မောင်တော် ပဋိက္ကရားရဲ့ ရောင်းရင်းတွေ၊ နင်တို့
ကုလားဖြစ်ပြီး ၀က်ပုန်းရည် စားတာ နင်တို့ကို အပြစ်ပေးရမယ်”
လို့ ပြောပြီး သူ့လက်ထဲက ပိုက်ဆံအိတ်နဲ့ ပြစ်ပေါက်ပါတယ်။

ဒီလိုနဲ့ အားလုံးက မမပဲကို ချော့မော့ဝိုင်းဆွဲပြီး တ၀ဂူကနေ ညကြီး
မိုးချုပ် ပြန်လာခဲ့ကြပါတယ်။ ကားပေါ်ရောက်တော့ သူ့သူငယ်ချင်း
ကျောင်းသူတချို့က အိပ်ဆေးတိုက်ပြီး နားခိုင်းလိုက်ပါတယ်။ မနက်
မိုးလင်းတော့ ညက ဖြစ်ခဲ့တာ အားလုံးကို သူ မသိသလိုပါပဲ။ အပြန်
ခရီးမှာတော့ မမပဲနံဘေးက ကျောင်းသားလည်း အလာတုန်းကလို
သူ့နံဘေးမှာ လာပြန်ထိုင်ပါတယ်။ အားလုံးက မမပဲကို သရဲဝင်စီး ခဲ့
တယ်လို့ပဲ ယုံကြည်ကြပါတယ်။ ဘာက လာမှန်းမသိတဲ့ စောင်းသံလိုလို
ကတ်ဆက်သံလိုလို ကို အားလုံး ကြားခဲ့ရတာရယ်၊ တုန်တုန်ရီရီဖြစ်
သွားခဲ့တဲ့ မမပဲ အနေအထားတွေကြောင့်ပါ။ မမပဲ နံဘေးက
ကျောင်းသားကလည်း မမပဲကို သနားပြီး ဂရုတွေ စိုက်နေပါတယ်။
အဲဒီကျောင်းသားကို ခိုးခိုးကြည့်တဲ့ ကျောင်းသူတချို့လည်း
သူတို့ရဲ့ မျက်လုံးတွေကို သော့ခတ်လိုက်ကြပါပြီ။ အဲဒီခရီးစဉ်
နောက်ပိုင်းမှာ မမပဲနံဘေးက ကျောင်းသားနဲ့ ကျနော်ဟာ ရင်းနှီး
တဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပါတယ်။ ၁၉၉၆ ခုနှစ်၊ ကျောင်းသား
တော်လှန်ရေး နောက်ပိုင်း ကျောင်းတွေ ပိတ်သွားတဲ့ အချိန်မှာ
သူတို့နှစ်ဦး လက်ထပ်လိုက်ကြတယ်လို့ သတင်းကြားရပါတယ်။
မင်္ဂလာပွဲတော့ ကျနော် မရောက်ဖြစ်ခဲ့ပါ …။

လွန်ခဲ့တဲ့ သုံးနှစ်လောက်က မမပဲတို့ ဇနီးမောင်နှံ ပြည်ပရောက်နေ
ကြောင်း သိရလို့ တယ်လီဖုန်း ဆက်ပြီး စကားတွေ ပြောဖြစ်ခဲ့
ပါတယ်။ မမပဲရဲ့ ခင်ပွန်းသည် ကျနော့် သူငယ်ချင်းကို ကျနော်
မေးကြည့်ပါတယ် …
“မင်းမိန်းမ ပုဂံမှာတုန်းက တကယ် သရဲ ၀င်ပူးတာလား …”

ကျနော့် သူငယ်ချင်း ပြောလိုက်သည်က …

“သူက စိတ်ညစ်ညစ်နဲ့ အိပ်ဆေးတွေ သောက်ပြီး ကြောင်နေတာ၊
လူတွေ အားလုံး ဘုရားကို ပတ်ကြည့်တဲ့ အချိန်အထိ သူ မူးနေတုန်းပဲ၊
အဲဒါနဲ့ … အဲဒါနဲ့ … အားလုံးကို လုံးချလိုက်တာကွ … အချစ်ပေါ့ကွာ”


(ဤမျှသာ။)

18 comments:

Anonymous said...

ဒါလေးများ ကိုအောင်ရယ် မအယ်တို့ အိပ်နေတာလောက်ပဲ ရှိတယ် ။:)


မအယ်ပဲ

khin oo may said...

တန်တာပေါ့ တချို့ဆိုဆေးရုံရောက်တာတောင် အလုပ်မဖြစ်ဘူး

khin oo may said...

မအယ်ပဲ အိပ်နေတာလေး သိပရစေ. သေချာတောင်းဆိုတာပါ။

khin oo may said...

နှောင်းလူများပညာယူစေချင်လို့ပါ။

ရွှေရတုမှတ်တမ်း said...

ပညာတွေရှိုမထားပါနဲ့ မအယ်ရယ်..
နှောင်းလူတွေမှတ်သားရတာပေါ့ ...
ကိုအောင်ရေ..အဲဒီသရဲက ..ဒိန်းဒလိန်းသရဲတဲ့

စူး said...

ဟားဟား..ရီရတယ်..

တကဲ့သူရဲလားလို့..ကျနော်ထင်တော့ထင်သား..

sweetpeony said...

a he heeee..
:))))))

နှင်းဟေမာ said...

ကိုအောင်ရေ...
ဒီပို့စ်လေးဖတ်ရတော့ စိတ်ဝင်စားဖို့လဲကောင်း ပျော်စရာလဲကောင်းတယ်နော်...
ခင်မင်စွာဖြင့်

Nge Naing said...

ကိုအောင်တို့ ဇာတ်လမ်းက စိတ်ဝင်စားစရာ ကောင်းလိုက်တာ။ ဒါဖြင့် စောင်းသံကြားတာကတော့ တကယ်ပဲပေါ့။

အဖြူရောင်နတ်သမီး said...

ဟိ...
“မမပဲ”ရဲ့ပညာတွေ....ပညာတွေ...
မှတ်သားသွားပါတယ်....
းးးးးးး)))))))))

လင်းဒီပ said...

အစ်ကို မိန်းမမာယာလို့ ပြောရမယ်ထင်တယ်

မယ်ကိုး said...

:D ... မဟုတ်နိုင်ဘူးလို့တော့ တွေးမိတယ်။
မြစ်တို့ရဲ့ မာယာပေါ့။ သနားပါတယ် =)

မအယ် said...

မခင်ဦးမေနဲ့ ဘကျောက်ရေ
ပြောနိုင်ပါဘူးရှင်။ ဆရာစား ချန်ထားရတယ် တော်နေ ကိုကိုမောင်မောင်ဆရာ သိသွားရင် ခက်ရချည်သေး။
ပဲ အပြည့်နှင့် ပြောသွားသည်။

မအယ်

tin min htet said...

ကိုအောင် ရေးတဲ့ မမပဲအကြောင်းက စိတ်ဝင်စားစရာ။ မအယ် အကြောင်းက ပိုစိတ်ဝင်စားစရာ ကောင်းလေမလား ? လူရှိန်အောင် ဝင်ဖိန့် သွားတာများလား ?
:P

မေဓာဝီ said...

ဖတ်လို့ကောင်းလိုက်တာ ကိုအောင်။ ခရီးသွားနေလို့ ခုမှ ဖတ်ရတယ်။ ကျမတို့ ကျောင်းတုန်းက ပုဂံသွားခဲ့တာလေးလဲ ပြန်အမှတ်ရမိသေးတယ်။ ဖတ်ရတာ ကြည်နူးစရာ ပျော်စရာကောင်းလိုက်တာ။

ကိုချစ်ဖေ said...

ပျော်စရာကြီးဗျာ..

ဆောင်းနှင်းရွက် said...

နောက်ဆုံးကျမှ
ရယ်ချင်မိတယ် ..
အားလုံးကို လုံးချလိုက်တာ ဆိုပဲ ..
တော်သေးတာပေါ့ ..
လုံးချ လိုက်တာ အရာထင်သွားလို့ ..

အဲ့တုန်းကရော ..
တ၀ဂူ က အထဲ ကို
နဲနဲများ ၀င်ကြည့်လို့ ရသေးလား မသိဘူးး..
ခုကတော့ လုံးဝ ပိတ်လိုက်ပြီ ..
လှေခါးလေး ၄ ထစ်လောက် တတ်ပြီးရင်
အပြီး ပိတ်ထားတာတဲ့ သံပန်းတံခါးကြောင့်
ဝင်လို့ မရတော့ပါ .. :(

ပြီးတော့ ဘုရားတော်တော်များများရဲ့
အပေါ်ကိုလည်း တတ်ခွင့်ပိတ်လိုက်ပါပြီ ..
ပုဂံ တစ်မြို့လုံးမှာ အပေါ်အထိ
တတ်ခွင့်ရတဲ့ ဘုရားဆိုလို့
တစ်ဆူပဲ ကျန်ပါတော့တယ် ..
နာမည် မကြီးတဲ့ ဘုရားတစ်ဆူပါ ..
(( နာမည် မေ့သွားလို့ ဆောတီးးပါ ))

ပြီးခဲ့တဲ့ နှစ် ပြန်တော့
ပုဂံရောက်ခဲ့တော့ သိခဲ့တာပါ ..
အလည် လာတဲ့ သူတွေ တောင်
တော်တော် နည်းသွားတယ်..
ဟိုတယ် တွေ ဆိုလည်း ဧည့်သည်မရှိ
မြင်းလှည်း သမား တွေ လည်း
ခရီးသည် မလာလို့ စိတ်ညစ်နေ၇တယ် ...

အရမ်းကို ခြောက်ကပ်ကပ် ဆန်လွန်သွားပြီ ..

အိမ့်ချမ်းမြေ့ said...

ကိုအောင် ကိုယ်တိုင် စောင်းသံကြားတာလား..