ထိုအဖွဲ့၏ လှုပ်ရှားပုံမှာ သိုသိပ်ကြပါသည်။ မြန်မာနိုင်ငံတွင် ပြန့်ပွါးနေ
သော မြို့ကြီးများမှာ ရန်ကုန်၊ မန္တလေး၊ ကချင်ပြည်နယ်၊ မြစ်ကြီးနား၊
မိုးညင်း၊ မိုးကောင်း၊ ပဲခူတိုင်း တောင်ငူ၊ ပြည် စသည်တို့တွင် အများ
အပြား ပြန့်နှံ့နေပါသည်။
ပစ္စုပ္ပန်ကမ္မ၀ါဒီဘက် အဓိက ဂိုဏ်းခေါင်းဆောင်
၁။ ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာပုရုသျှ (ဘုရား)၊
ခေါင်းဆောင်ကြီး (ခ)သျှင်မိုးပြာ (ခ) ရှင်မိုးပြာ (ခ) အရှင်ဥာဏ (ခ) ရှင်ဥာဏ
(ခ) ဥာဏ (ခ) ဓမ္မ၀ိဟာရီ (ခ)ဓမ္မ၀ိဟာရီ အရှင်ဥာဏ (ခ) ဓမ္မ၀ိဟာရီ ရှင်ဥာဏ
(ခ) ဓမ္မ၀ိဟာရီ ဥာဏ (ခ)ဓမ္မ၀ိဟာရီ ရှင်မိုးပြာ (ခ) ဘကြီး ၀ိဟာရီ (ခ) အနုပါဒါ
(ခ) ဗောဓိဥာဏ (ခ)မောင်ဥာဏ်ထက်
၎င်း အမည်များသည် ဂိုဏ်းခေါင်းဆောင်ကြီး တဦးတည်းသာ ဖြစ်ပါသည်။
-ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာပ၊ (ဌ) ရပ်ကွက်၊ သစ္စာပန်းလမ်း၊ အမှတ်
(၂၀)၊ မိုးပြာခြံ။
-မန္တလေး၊ ရန်ကင်းတောင်ခြေ၊ အနုပါဒါယဉ်ကျေးမူတရားဌာန၊ ပစ္စုပ္ပန်ကမ္မ၀ါဒ
ဗုဒ္ဓဘာသာ၊ မိုးပြာခြံ၊
-မန္တလေး၊ အရှေ့ ရိုးမအခြေ၊ မိုးပေါက်ကျချောင်၊ မိုးပြာကျောင်း။
၂။ ဓမ္မ၀ိဟာရီ ရှင်ဂုဏ
-ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာပ၊ (ဌ) ရပ်ကွက်၊ သစ္စာပန်းလမ်း၊ အမှတ် (၂၀)၊
မိုးပြာခြံ။
-မန္တလေး၊ ရန်ကင်းတောင်ခြေ၊ အနုပါဒါယဉ်ကျေးမူတရားဌာန၊ ပစ္စုပ္ပန်ကမ္မ၀ါဒ
ဗုဒ္ဓဘာသာ၊ မိုးပြာခြံ၊
-မန္တလေး၊ အရှေ့ ရိုးမအခြေ၊ မိုးပေါက်ကျချောင်၊ မိုးပြာကျောင်း။
၃။ ဓမ္မ၀ိဟာရီ ရှင်ဇဋိလ

၎။ ဓမ္မ၀ိဟာရီ ရှင်နာဂ

၅။ ဓမ္မ၀ိဟာရီ ဒေါ်သီလနန္ဒီ
-ရန်ကုန်မြို့ မြောက်ဥက္ကလာပ (ဌ) ရပ်ကွက်၊ သစ္စာပန်းလမ်း၊ အမှတ် (၂၀)၊
မိုးပြာခြံ။
-မန္တလေး၊ ရန်ကင်းတောင်ခြေ၊ အနုပါဒါယဉ်ကျေးမူတရားဌာန၊ ပစ္စုပ္ပန်ကမ္မ၀ါဒ
ဗုဒ္ဓဘာသာ၊ မိုးပြာခြံ၊
-မန္တလေး၊ အရှေ့ ရိုးမအခြေ၊ မိုးပေါက်ကျချောင်၊ မိုးပြာကျောင်း။
(ဤငါးဦးတို့သည် မူလဖြစ်သူများ၊ ဂိုဏ်းထောင်သူများ ဖြစ်ကြပါသည်)
ဆက်လက်လေ့လာရန် လင့်ခ်များ-
http://dhammaanalysis.multiply.com/reviews/item/24
http://www.sbay-student.org/2009/11/blog-post_27.html
16 comments:
သေဟဲ့ နန္ဒိယ လို့သာ ပြောလိုက်ချင်တော့တယ်။ မင်းသိင်္ခကြီး မရှိတော့လို့ မနောမယတွေ တစခန်းသိမ်းပြီလို့ ထင်နေတုန်း ဒီမိုးပြာဂိုဏ်းကလည်း ပေါ်လာပြန်ပြီး။ ဒီတခါတော့ မနောမယထက်တောင် ဆယ်ခါပြန် သာနေပါ့လား။ ဒါတော့ ဂိုဏ်းတခေတ် ဆန်းသစ်လာပြန်ပြီ။
ဆရာေါင်းရေ ... ကျနော်တို့လည်း ဂိုဏ်(ကိုင်း) တဂိုဏ်း(ကိုင်း)လောက် ထောင်ရင် ကောင်းမယ်ထင်တယ်။ ဘူးစေ့လေးပျိုး၊ ဘူးစင်လေးဆောက်၊ ဘူးကိုင်း(ဂိုဏ်း)လေးတွေထောင်လိုက်ရင်တော့ ငါဟဲ့ ဘူးကိုင်းချုပ်ကြီး(ဂိုဏ်း) ဖြစ်ရချည်သေးရဲ့။
ကိုအောင်ရေ ရောက်တယ်နော ချမ်းမြေ့ပါစေ
ကောင်းတယ်ဗျ။ မိုးပြာက ထောင်နေတာ နယ်တွေဘက်ဗျ။ ဟိုး ကချင်ပြည်နယ် အထက်ပိုင်း။ ကလေး။ ပင်လည်ဘူး။ အောက် နယ်စပ်ပိုင်း အလဲလိုတွေဘက်နှင့် ထိုင်းနိုင်ငံထဲဗျာ။ www.yatana.co.cc ဆိုတာ အဲဒါကို အဓိက ဖြန့်နေတာ ကြာပေါ့
ဘာတွေလဲ မသိတော့ဘူး တော်တော်ရှုပ်မဲ့ပုံဘဲ ကိုအောင်ရေ happy new year ဗျာ ကျန်းမာ ပျော်ရွှင်ပါစေ
အေးဗျာ တိုင်းပြည်က ရုတ်ရုတ်သဲသဲ ဒီလူတွေက တမှောက်၊ ကျနော်လဲ လာနှုတ်ဆက်ပါတယ် ကိုအောင် Peace of mind to u ပါဗျာ။
အဲဒီမိုးပြာဂိုဏ်း ပထမတည်ထောင်သူက နဂိုက ဘုန်းကြီးပဲ။ ဖဆပလခေတ် သာသနာသန့်ရှင်းရေးမှာ အဓမ္မ၀ါဒီသတ်မှတ်ခံရပြီး ထောင်ကျတယ်။ ကျမ သိသလောက် ထောင်ကျတာ တကြိမ်ထဲတောင် မဟုတ်ဘူး။ ၂ ခါလား၊ ၃ ခါလားပဲ။ ထောင်ကျရာက ပြန်လွတ်လာပြီး ဘုန်းကြီးပြန်မ၀တ်တော့ဘဲ မူကွဲအောင် အပြာရောင် ၀တ်လိုက်တော့တာတဲ့။
ယုံတဲ့သူတွေကလဲ ယုံကြတယ်။ အဘိဓမ္မာဆရာကြီးတယောက်တောင် သူတို့ ဟောပြောချက်တွေ နားယောင်ပြီး မိုးပြာဂိုဏ်းထဲ ၀င်သွားတာ မြင်ဖူးတယ်။ တော်တော်တော့ ပြန့်ပွါးနေပြီ။ ဆရာတော်ကြီးတွေလဲ တတ်နိုင်သလောက်တော့ ပြောဟော နေကြတာပါပဲ။ သာသနာအတွက် ရင်လေးစရာပါ။
ဒီအကြောင်း သေချာမသိသေးလို့ ဘာမှ မရေးခဲ့ချင်ပါဘူး။ တချို့ဟာတွေက ကိုယ့်ဦးနှောက်သေးသေးလေးနဲ့ လိုက်မမီသေးလို့ပါပဲ။ ယုံကြည်တာ တစ်ခုတော့ ရှိတယ်။ အမှန်တရားဆီ သွားရာလမ်းမှာ တူညီချင်မှ တူညီလိမ့်မယ်။ ... ဆရာပါရဂူရဲ့ သိဒ္ဓတ္တကတော့ မြစ်ကမ်းဘေးမှာ ရေစီးသံတွေ နားဆင်နေဆဲပါပဲ..။
အေးဗျာ ကျနော်မသိသေးဘူးဗျ။ ကျေးဇူတင်ပါတယ်။
ကြားဘူးတယ်ဗျ။ ဘာတွေမှန်းတော့ သေချာမသိဘူး။
နေမိုးရေ ...
ဆရာမင်းသိင်္ခတို့နဲ့ ရောမလုပ်ပါနဲ့ သူတို့က ဝေဒပညာရှင်တွေပါကွယ်၊ မင်း ဗူးစင်က အသီး သီးရင်
သတိရပေးပါ ...း)
အမ မေအိခင်၊ ကိုဂျေဂျူဝိုင်၊ ကိုမျိုးဝင်းဇော်၊ ကိုဒူကမ္ဘာ၊
မမေဓါဝီ၊ ကိုyounggun၊ ကိုနွေဆူးလင်္ကာနဲ့ ကိုလူသစ်တို့ အပါအ၀င် စာဖတ်ပြီး ခြေရာမချန်ခဲ့သူ ဘလော့ဂါ
ညီအကို မောင်နှမ အပေါင်း၊ စာလာဖတ်သူ အပေါင်း
ကို ကျေးဇူးတင်ပါတယ်။
၂၀၁၀ နှစ်စ အခုလို အချိန်မှာ ၂၀၁၀ မှာ ရင်ဆိုင်ရတော့မဲ့ ပြဿနာတွေ အကြောင်း အားလုံးက အနည်းနဲ့ အများ ဆိုသလို ခေါင်းစားနေတာကို
ထပ်ပြီး ခေါင်းစားအောင် လုပ်လိုက်တာ မဟုတ်ပါဘူး။
ကျနော့် ကဗျာထဲက “မိုးပြာရောင်ဂိုဏ်း” စာသားကို ရှင်းချက်
ထုတ်ရင်နဲ့ ညီငယ် မြစ်ဆုံက သိချင်တယ် ဆိုလို့ ရှင်းပြရင်နဲ့ ဒီပို့စ်ကို သမိုင်းမှတ်တမ်းပုံစံ တင်လိုက်တာပါ။
မမေဓါဝီ ရေးခဲ့တဲ့ကော်မန့်မှာ ရေးထားတာကို အားလုံးဖတ်ဖြစ် ကြမှာပါ၊ အဲဒါဟာလည်း တကယ့်ကို
သိထားသင့် နောက်ခံသမိုင်းကြောင်း တစ်ခုပါ။
မိုးပြာဂိုဏ်းအကြောင်းကို ကျနော် စသိတာက
လွန်ခဲ့တဲ့ (၅)လ ပတ်ဝန်းကျင်ကပါ။
ရန်ကုန်က သူငယ်ချင်း တစ်ယောက်က မိုးပြာဂိုဏ်း
ခေါင်းဆောင် (၇၀)နှစ်ပြည့်မွေးနေ့ဗွီဒီယိုခွေ
အကြောင်းကို အင်တာနက်မှာ စကားပြောရင်း သိခဲ့တာပါ။ အဲဒီမွေးနေ့ (၂၇.၂.၁၀၀၉)မှာ မိုးပြာ
ဂိုဏ်း ထူထောင်ခြင်း (၂၅)နှစ်ပြည့်ပါ လုပ်ခဲ့ကြ
ပါတယ်။ အဲဒီနောက်ပိုင်း မိုးပြာဂိုဏ်း ဘာတွေ လုပ်နေသလဲဆိုတာ သိပ်မလေ့လာဖြစ်ခဲ့ပါဘူး။
လွန်ခဲ့တဲ့ နှစ်လလောက်က အသံတချို့ကို ပြန်ပြီး
ကြားလာရပါတယ်။ မိုးပြာဂိုဏ်းကို ထောက်ခံသူတွေ
ထဲမှာ မြန်မာပြည်ထဲက တရုတ်လူမျိုး စီးပွားရေး လုပ်ငန်းရှင်
အချို့၊ လူဝတ်ကြောင် အချို့တို့အပြင် ပြည်ပနိုင်ငံကြီး
တစ်ခုရဲ့ နာမည်ကြီး မြို့တော်ကြီး တစ်ခုက ပညာရှင် တချို့ပါ ပါဝင်ကြောင်း သတင်းတွေ ကြားခဲ့ရပါတယ်။
သိပ်မသေချာတဲ့ သတင်းတွေအရ မိုးပြာဂိုဏ်းဟာ
လာမဲ့ လ အနည်းငယ်အတွင်း နိုင်ငံကြီးတစ်ခုမှာ
သူတို့ဂိုဏ်းရဲ့ ဌာနခွဲတစ်ခုကို ဖွင့်လှစ်တော့မယ်
လို့ ကြားနေရပါတယ်။
ဒီမိုကရေစီ နိုင်ငံတိုင်းမှာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ဆိုတဲ့ ခေါင်းစဉ်ရှိပါတယ်။
မည်သည့် အသင်းအပင်းမဆို မှတ်ပုံတင်နိုင်ပါတယ်။
သို့ပေမဲ့ အခု မိုးပြာဟာ ရှိနေတာကို ပြင်းပြင်းထန်းထန်း
ဝေဖန်ပြီး ခွဲထွက်သလိုလို စနစ်သစ်ထွင်သလိုလို
လုပ်တဲ့ ကိစ္စဆိုတော့ အများသိသင့်တယ်လို့
ထင်ပြီး ဒီပို့စ်ကို တင်ခဲ့ပါတယ်။
ကျနော့်အနေနဲ့ မိုးပြာဂိုဏ်းကို လုံးဝလက်မခံပါ။
အားလုံးကို ကျေးဇူးပါ...။
အကို..ကျနော် ဘာဖီလင်မှ မဖြစ်ခဲ့ပါဘူး အပေါ်က ကိုနေမိုးပြောသွားတာလဲ ဘာမှ မခံစားရပါဘူး။ ကိုယ် စိတ်မဝင်စားတဲ့၊ တလုံးတပါဒမှ မသိသေးတဲ့ မိုးပြာဂိုဏ်းအတွက်လဲ ကာကွယ်လျှောက်လဲတာ အယူခံဝင်ရတာ မဟုတ်ပါဘူး။ ဆရာပါရဂူရဲ့ မဟာယာနနဲ့ ထေရဝါဒဆိုတဲ့ ယာဉ်နှစ်စီးအကြောင်း၊ အဲဒီကြားကမှ ဘယ်ဘာသာ စကားနဲ့ ရေးရေး လှပမွှေးမြနေမယ့် ဗောဓိဥာဏ်အလင်းတန်း..တွေ ရှိနိုင်တယ်ဆိုတဲ့အကြောင်း... တစ်ချက် လက်တို့လိုက်တာပါ။ ..အိုင်စတိုင်းကြီးဆိုသလို.. အနန္တစကြာဝဠာထဲမှာ လူဟာ ပိစိညှက်အမှုန်လေးသာ..ဆိုတာ.. ပြန်သတိရမိလို့ပါ။
ကိုအောင်
စာလာဖတ်ပါတယ်..။
နျစ်သစ်မှာ အရာရာအဆင်ပြေပါစေ..။
လာလည်မလား...။
ကိုအောင်
ကျနော်ရာက်လာတယ်၊ကျနော်မသိသေးတဲ့၊သိချင်နေတဲ့
အရာတွေကိုဖော်ပြပေးတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်၊ဘာပြောရမှန်းတောင်မသိတော့ဘူး၊ဒါပေမယ့်
ပြောလိုက်ဦးမယ်၊ကျနော်ကမြစ်ကြီးနားကပါဒီလိုအရာတွေ
မြစ်ကြီးနားဘက်ရောက်နေတာကျနော်မသိသေးဘူး၊ခုကို
အောင်ပြောမှသိတာ၊ကိုအောင်ရေ မရှင်းလို့မေးဦးမယ်၊သူ
တို့ကဘာကိုကိုးကွယ်တာလဲ၊ဗုဒ္ဒမြတ်စွာဘုရားကိုပဲလား
ဒီအသင်းဟာ ဗုဒ္ဓဘာသာကနေ လုံးဝကွဲထွက်နေတဲ့ ဂိုဏ်းကြီးလို့ပဲမြင်ပါတယ်...။ ဗုဒ္ဓဘာသာအနေနဲ့ကြည့်ရင် လုံးဝလက်ခံလို့မရတဲ့ အယူအဆတွေကို ကျင့်သုံးနေကြတာပါ..။ ဥပမာ ငါးပါးသီလကို ထင်ယောင်ထင်မှားဖြစ်စေမယ့်.. ဘုန်းကြီးတွေ အရက်သောက်လို့ရတာတို့ ကာမကိစ္စတို့... ဗုဒ္ဓဘာသာကို သေချာ နားလည်လက်ခံတဲ့သူတွေအတွက် ဒါတွေဟာ မိစ္ဆာအယူအဆတွေပါပဲ...။ ကိုယ်ကိုယ်တိုင် ကိုးကွယ်နေတဲ့ ဘာသာမှာကိုက ၀ါးတားတားဖြစ်နေရင် သူတို့ အပြောထဲ မျောသွားမှာ အသေချာပါပဲ...။ အဓိက က ဗုဒ္ဓကို ဓမ္မကို ထင်ယောင်ထင်မှားဖြစ်အောင်လုပ် ပြီး လူတွေကို သူတို့ အယူဝါဒထဲ ဆွဲသွင်းနေတာလို့ပဲ မြင်ပါတယ်..။ ဓမ္မန္တရယ်ပါ..။
အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ်၊ ရောဟိတဿသုတ်တွင် လာသည့် “သညာနဲ့ စိတ်ရှိသော ဤတစ်လံမျှလောက်သော ကိုယ်ပေါ်မှာပင် ဒုက္ခ၊ ဒုက္ခဖြစ်ကြောင်း၊ ဒုက္ခငြိမ်းမှုနဲ့ ဒုက္ခငြိမ်းမှုသို့ သွားရာလမ်းတို့ကို ငါ ဘုရား ပညတ်တော်မူ၏” ဟူသည့် ဒေသနာတော်နှင့် “သန္ဒိဌိကော = လက်တွေ့မျက်တွေ့ ကျသောတရားသာလျှင် ဗုဒ္ဓ၏ တရား” ဟူသည့် တရားတော်၏ ဂုဏ်တော်တို့ကို လက်ကိုင်ပြုပြီး လူတစ်ယောက် လက်လှမ်းမမီနိုင်သော မမွေးဖွားခင် အတိတ်ကာလက ဖြစ်ပျက်ခဲ့သောအရာ၊ သေဆုံးပြီးနောက် ဖြစ်ပျက်လာမယ့်အရာ၊ အတိတ်ဘ၀၊ နောက်ဘ၀၊ ပရလောက စသည်တို့ကို မပြောဘဲ လက်တွေ့မျက်တွေ့ ရင်ဆိုင်တွေ့ကြုံနေရသော မွေးဖွားချိန်မှ သေဆုံးချိန်အထိတည်ရှိနေသည့် ပစ္စုပ္ပန်ဖြစ်တည်မှုကိုသာ ဦးစားပေးလျက် ထိုပစ္စုပ္ပန်ဘ၀မှာပင် လူ၏ တစ်ဘ၀ကမှ အခြားတစ်ဘ၀သို့ ကူးပြောင်းကျင်လည်နေကြပုံ၊ ဒုက္ခတွေ့ကြုံရပုံ၊ ထိုဒုက္ခမှ လွတ်မြောက်အောင် အားထုတ်ပုံနည်းလမ်း စသည်တို့ကို တည်ဆောက်ပြသော ဘာသာဖြစ်သည်။ လူတစ်ယောက်သည် မွေးဖွားချိန်မှ သေဆုံးချိန်အတွင်း ကာယကံ၊ ၀စီကံ၊ မနောကံဟူသော ကံသုံးမျိုးဖြင့် ပြုမူတုန့်ပြန်သည်။ ထိုကံသုံးမျိုးကပင် ထိုသူ မည်သူမည်ဝါ၊ မည်သည့်ဘုံမှာ နေသည်၊ မည်သို့သောလောကအမြင်ဖြင့် မည်သို့ ပြုမူနေထိုင်သည်ဆိုသည်ကို အဆုံးအဖြတ်ပြုသည်၊ (နေထိုင်သော ကမ္ဘာချင်းတူသော်ငြား သူခိုးတစ်ယောက်မြင်သော လောကနှင့် ဖြူစင်သူတစ်ယောက်ဖြတ်သန်းနေသောလောက လောကချင်း မတူညီဟု ဆိုလိုပေသည်)။ ဒုက္ခဟု ပြောလျင် ထိုလူ၏ ကံသုံးပါးတွင် ဖြစ်နေသော မလိုလားဖွယ်ရာ အခြေအနေဆိုးတို့ကို ရည်ညွှန်းခြင်းဖြစ်ပြီး ဒုက္ခမှ လွတ်မြောက်သည်ဆိုရာတွင်လည်း အထက်ပါကံသုံးပါးတို့၏ ဆိုခဲ့ပြီးအခြေအနေဆိုးတို့မှ လွတ်မြောက်ကာ လူတစ်ယောက် အညွန့်တလူလူ ဖြူ ဖြူစင်စင်ဖြစ်နေသော အခြေအနေကိုပင် ဆိုလိုခြင်း ဖြစ်သည်။
လူတစ်ယောက်တွင် မူလ မွေးရာပါ ဖြစ်တည်မှုအဖြစ် ခနွာ ၅ ပါး ဖြင့်သော်လည်းကောင်း၊ ၃၂ ကောဌာသဖြင့်သော်လည်းကောင်း၊ ဓာတ်ကြီး ၄ ပါးဖြင့်သော်လည်းကောင်း၊ သို့မဟုတ် အကျဉ်းချုပ် ရုပ်နဲ့ နာမ်နှစ်ပါးတည်းဖြင့်သော်လည်း ဖွဲ့စည်းထားခြင်း ဖြစ်ကောင်းဖြစ်မည်။ သို့မဟုတ် ဒီထက် ပိုမို နက်နဲသော အခြေအနေတွင် လူ့ဖြစ်တည်မှုတွင် “သူငါဟူသည် အမှန်တကယ် မရှိ၊ အရှိတရားဟူ၍ ဗလာသုညသာ ရှိသည်”ဟု ပြော၍ ရချင်ရမည်။ သို့သော် ဗုဒ္ဓဘာသာအနေဖြင့် ထိုသို့သော လူ့မူလကို လိုအပ်သည်ထက် ပိုမို အသေးစိတ် ခွဲခြားဝေဖန်မှုမျိုးများ မပြုလုပ်ဘဲ (ထိုသို့ လူကို ခွဲစိတ်မှုလုပ်သောဝါဒကို ဗုဒ္ဓ အမှန်တကယ်ညွှန်ပြသော အမှန်တရားအဖြစ် မယုံကြည်ဘဲ နောက်ပိုင်းမှ ပေါ်ထွန်းလာသော သုည၀ါဒတို့မှ ပြောင်းလဲဖွင့်ဆိုထားသည့် အနက်များသာ ဖြစ်သည်ဟု မြင်ပြီး) လူတစ်ယောက်ကို လူတစ်ယောက်အဖြစ်နဲ့သာ ထားကာ ထိုလူမှ ထုတ်လုပ်အပ်သော ထိုသူ၏ ကာယကံ၊ ၀စီကံ၊ မနောကံ ဥပါဒါနက္ခန္ဓာများ၏ ဆိုးခြင်းကောင်းခြင်း၊ ယုတ်ခြင်းမြတ်ခြင်းစသည်ကို ပိုင်းခြားဝေဖန်ခြင်းသည်သာ ဗုဒ္ဓကိုယ်တော်တိုင်၏ တရားဖြစ်သည်ဟု နားလည်သည်။ တစ်နည်းအားဖြင့် ဗုဒ္ဓ၏ ကမ္မ၀ါဒဆိုသည်မှာ “ကမ္မံ သတ္တေ ၀ိဘဇတိ= ကံသည် သတ္တ၀ါတို့ကို ခွဲခြား၏”ဟူသည့် ဒေသနာအတိုင်း “လူသည် လူအဖြစ် ကိန်းသေဖြစ်ပြီး ထိုလူ့မှာ ဖြစ်ပျက်နေသော ကံသုံးပါးက ထိုသူ့ကို သတ္တ၀ါတစ်မျိုးမျိုးဘ၀သို့ ၀င်ပူစေခြင်း၊ (အရိယာသူတော်စင်အဖြစ် စင်ကြယ်စေခြင်း) တို့ကို ဖြစ်စေသည်။

Post a Comment