Saturday, 12 December 2009

မျိုးဆက်ကွာဟမှု (Generation Gap) (နောက်ဆုံးပိုင်း)

ရေးသူ- စစ်ငြိမ်းဒီရေ

ယခင် အပိုင်း(၂)မှ အဆက် ....

၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကို ရင်ဆိုင်ခဲ့တဲ့ မျိုးဆက်
တွင် အခြေခံပညာ အလယ်တန်း ကျောင်းသားအရွယ်မှ အသက်(၂၆)
နှစ်အရွယ် လူလတ်ပိုင်းများအထိ မ.ဆ.လ ခေတ်တွင် မွေးဖွားခဲ့သူများ
သာ ဖြစ်ပါတယ်။ ၁၉၆၀ ခုနှစ်၊ ပါလီမန်ဒီမိုကရေစီခေတ် နောက်ဆုံး
ရွေးကောက်ပွဲတွင် မဲပေးခဲ့ဘူးသူများသည် ၁၉၈၈ ခုနှစ်တွင် အသက်
အားဖြင့် (၄၆) နှစ်နှင့် အထက် ရှိသူများသာ ဖြစ်ပါတယ်။

၁၉၆၀ ခုနှစ် (ဦးနု ဦးဆောင်သော ပ.ထ.စ အစိုးရ၏ အနိုင်ရ ရွေးကောက်ပွဲ)
နှင့် ၁၉၉၀ ခုနှစ် မေလ ရွေးကောက်ပွဲတို့တွင် နှစ်ကြိမ်စလုံး မဲပေးခဲ့ဘူး
သူများသည် အသက်အားဖြင့် (၄၈)နှင့် အထက် ရှိသူများသာ ဖြစ်ပါတယ်။
၂၀၀၈ ခုနှစ်တွင် န.အ.ဖ စစ်အစိုးရ၏ တဖက်သက် ရေးဆွဲထားသော ဖွဲ့စည်း
အုပ်ချုပ်ပုံဆိုင်ရာ အခြေခံဥပဒေကို မဲပေးဖို့ ဖိတ်ခေါ်ချိန်တွင် ၁၉၆၀ ခုနှစ်
၌ မဲပေးခဲ့ဘူးသော မျိုးဆက်သည် အသက်အားဖြင့် (၆၆)နှစ်နှင့် အထက်
အရွယ် ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်တွင် အများလက်ခံနိုင်သော ပါတီစုံ ရွေးကောက်ပွဲတစ်ခု
ဖြစ်လာခဲ့သည် ဆိုပါစို့။ အရွယ်ရောက်သော လူငယ်တစ်ဦးသည်
ဒီမိုကရေစီ အရိပ်အာဝါသ သဘောတရားများကို လေ့လာနိုင်ဖို့
သွားရောက် မေးမြန်းသင့်သော လူကြီးတစ်ဦး၏ အသက်အရွယ်သည်
မြန်မာနိုင်ငံအတွင်း၌ ဆက်တိုက်နေထိုင်ခဲ့သူ ဖြစ်ခဲ့ရင် အသက်
အားဖြင့် (၆၈)နှင့် အထက် ရှိသူများသာ ဖြစ်ပါတယ်။ သူတို့
အားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာနဲ့ သူတို့ဖြတ်သန်း
ခဲ့တဲ့ ခေတ်ကြီးအကြောင်း လုံးစေ့ပတ်စေ့ ပြောပြနိုင်သေးရင်
ကောင်းပါတယ် ..... ။

၁၉၃၀ ခုနှစ် ကုလား- ဗမာ အရေးအခင်း ကာလ၌ နိုင်ငံတော်၏
မြို့တော် ရန်ကုန်တွင် နေထိုင်သူများအနက် မြန်မာနွယ်ဖွားစစ်စစ်
များ၏ ရာခိုင်နှုန်းသည် ငါးဆယ် မကျော်ခဲ့ပါ။ ဂျပန်ခေတ် (၁၉၄၂-
၁၉၄၅) တွင် အောက်မြန်မာပြည်ရောက် တရုတ်အမျိုးသားပေါင်း
များစွာတို့သည် ဂျပန်တို့၏ တရုတ် မုန်းတီးရေး အန္တရာယ်ကြောင့်
အောက်မြန်မာပြည်မှ အစုလိုက်အပြုံလိုက် ပြောင်းရွေ့ ထွက်ခွာ
ခဲ့ရပါတယ်။ ကိုလိုနီ အင်္ဂလိပ်တို့၏ လယ်ယာ လုပ်သားအဖြစ် ခေါ်
ဆောင်ခဲ့သော အိန္ဒိယ တိုင်းရင်းသားပေါင်း များစွာလည်း ဂျပန်ခေတ်
အတွင်း မြန်မာပြည်မှ အိန္ဒိယသို့ ပြန်လည် ထွက်ခွာခဲ့ရပါတယ်။ ဒုတိယ
ကမ္ဘာစစ်တွင် အင်္ဂလိပ်တို့ အားထားရာ စင်္ကာပူခံတပ် မကျဆုံး
ခဲ့၍ ဂျပန်တပ်မ (၅၅) နှင့် နိုင်ငံချစ် လွတ်လပ်ရေး သခင်တပ်များ
မြန်မာနိုင်ငံအတွင်းသို့ မ၀င်ရောက်ခဲ့နိုင်ပါက ယခုအခါ မြန်မာပြည်
၏ မြို့ကြီးအားလုံး၌ နေထိုင်သော မျိုးဆက်သည် ဘယ်လို မျိုးဆက်
များ ဖြစ်ခဲ့ကြမလဲ .....။

နိုင်ငံသားအချို့သည် မိမိတို့၏ ကိုယ်ပိုင် အကျိုးစီးပွားအတွက် ကိုလိုနီ
အင်္ဂလိပ်ခေတ်တွင် အလိုတော်ရိ၊ ဂျပန်ခေတ်တွင် စကားပြန်၊ လွတ်လပ်
ရေး ရခါစ ခေတ်တွင် နိုင်ငံရေးသမားများ၏ နေအိမ်နောက်ဖေးမှ
တက်၍ လာဘ်ပေး လာဘ်ယူ၊ မ.ဆ.လ ခေတ်တွင် သာကူစေ့၊
န.၀.တ/ န.အ.ဖ ခေတ်တွင် ဖော်လန်ဖား အလုပ်များဖြင့် မိမိတို့၏
ကြီးပွားရေးကို အတိုင်းထက်အလွန် တည်ဆောက်ခဲ့ကြပါတယ်။
အဘိုးက အလိုတော်ရိ၊ အဖိုးက စကားပြန်၊ အဖေက ကောင်စီ၊
သားက ကြံ့ဖွတ် .... ။ အဲလို အတ္တကြီးတဲ့ စုန်းပြူးများသည် ကျနော်တို့
တနိုင်ငံတည်းတော့ မဟုတ်ပါဘူး။ နေရာတိုင်းမှာ ဖြစ်လေ့ရှိပါတယ်။
တချို့လည်း အဲဒီစီးဆင်းမှုကနေ ဖေါက်ထွက်ကြသူများ ရှိပါတယ်။

လူအများစုက ဗိုလ်ချုပ်အောင်ဆန်း၊ ဦးသန့်၊ ဒေါ်အောင်ဆန်းစုကြည်
တို့ကို ချစ်ခင်လေးစားကြပါတယ်။ သို့ပေမဲ့ သူတို့၏ လမ်းညွန်းမှု
များကို ဘယ်လောက်အထိ လိုက်နာ ဆောင်ရွက်ခဲ့ပါသလဲ ....။
ချစ်နေရုံ၊ လေးစားနေရုံ မပြီးသေးပါဘူး။ အားလုံးက ပါဝင်
ဆောင်ရွက်ကြဖို့၊ ကိုယ်ကျိုးစွန့် အနစ်နာခံဖို့ အရေးကြီးပါတယ်။
အပေါ်ယံသက်သက် ချစ်နေရုံ လေးစားနေရုံနဲ့ မပြီးသေးပါဘူး။

မျိုးဆက်တစ်ခုကနေ မျိုးဆက်တစ်ခုကို လက်ဆင့်ကမ်းရာမှာ
ရာခိုင်နှုန်းပြည့် လက်ဆင့်ကမ်းနိုင်တာတွေ ရှိနိုင်သလို အနည်း
အကျဉ်းလောက်သာ သင်ယူခွင့်ရတဲ့ ခေတ်ကာလ အခြေအနေ
တွေလည်း ရှိပါတယ်။ အာဏာရှင်စနစ်အောက်မှာ မွေးဖွားပြီး
အာဏာရှင်စနစ်အောက်မှာ အသက်ရှင်ဖို့ ကြိုးစားရတဲ့ လူ့
အဖွဲ့အစည်း ဒုက္ခက မသေးပါဘူး။ မိဘတွေ၊ ဆရာသမားတွေ၊
ပတ်ဝန်းကျင်လူ့အသိုင်းအ၀ိုင်းတွေဟာ အမြဲတမ်း မှန်ကန် နေမယ်
လို့ တထစ်ချ လှေနံဓါးထစ် ယူဆလို့ မရပါဘူး။ သူတို့အားလုံး
ဘယ်ခေတ်တွေမှာ ဘယ်လို မွေးဖွားခဲ့ပြီး ဘာတွေ သင်ယူခဲ့သလဲ
ဆိုတာလည်း အရေးကြီးပါတယ်။

သာမန် လူတစ်ယောက်ဟာ ကျန်းမာသန်စွမ်းတဲ့ ဘ၀ကို ပိုင်ဆိုင်
ခဲ့မယ်ဆိုရင် အခြေခံပညာ အထက်တန်းကျောင်းသား ဘ၀ အသက်
(၁၄)နှစ် ကနေ လှုပ်ရှားနိုင်မှု စတင် ယိုယွင်းလာတဲ့ အသက်(၅၅)
နှစ် အကြားမှာ နိုင်ငံတော်အတွက် (၂)နှစ်ဖြစ်စေ၊ (၃)နှစ်ဖြစ်စေ
ပေးဆပ် သင့်ပါတယ်။ ဒါဟာ သာမန်နိုင်ငံသား တစ်ယောက်ရဲ့ ပုံမှန်
တာဝန်လို့ ကျနော့်အနေနဲ့ ယုံကြည်ပါတယ်။

မြန်မာစာဟာ ကျယ်ပြန့်ပါတယ်၊ တချို့ ပြောကြပါတယ်၊ “နိုင်ငံ့အရေး”
တော့ လုပ်မယ် “နိုင်ငံရေး” တော့ မလုပ်ဘူးလို့ ပြောကြသူများ ရှိပါတယ်။
ဒီစကားဟာ လုံးဝ အဓိပ္ပါယ်ကင်းမဲ့တဲ့ စကားပါ။ ဒီစကားကို ဆိုနေသူများ
သည် အမျိုးသားနိုင်ငံရေးနဲ့ ပါတီစုံ နိုင်ငံရေးစနစ်ကို လုံးဝ နားမလည်ဘူး
လို့ ထင်ပါတယ်။ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရသူဟာ အဲဒီရွေးကောက်ပွဲ
မှာ ၀င်ရောက်ယှဉ်ပြိုင်အရွေးခံခွင့်ပါ ရှိတယ်ဆိုတာကို သိပုံ မပေါ်ပါဘူး။
မျက်မှောက်ခေတ်မှာ အမျိုးမချစ်၊ နိုင်ငံမချစ်တဲ့ သူတွေကို လိုက်အော်ဆဲ
တဲ့သူတွေ နည်းသွားပါပြီ။ ကျနော်လည်း တချိန်က သူများကို အော်ဆဲ
ခဲ့ဘူးပါတယ်။ အခုလည်း တခါတရံ အဲဒီစိတ်တွေ မပျောက်သေးပါဘူး။

“ပဒိုင်းပင် မျိုးစေ့ကြဲပြီး၊ ပန်းခူးချိန်တွင် နှင်းဆီပန်း ခူးချင်၍
ရမည် မဟုတ်ပေ” (ဆရာကြီး ဒဂုန်တာရာ)

ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနယ်ပယ်က လာတဲ့ စကားတစ်ခွန်းရှိပါတယ်။
“ညောင်စေ့လေးလောက် လှူရင် ညောင်ပင်ကြီးလောက် ရမယ်”
ဒီစကားဟာ ဘာသာရေးနယ်ပယ်အတွက် အလွန်မှန်တဲ့ စကား
ဆိုတာ ကျနော် မငြင်းပါဘူး။ ငြင်းစရာ အကြောင်းလဲ မရှိပါဘူး။
သို့ပေမဲ့ နိုင်ငံတစ်ခု၊ မျိုးဆက် တစ်ဆက်အတွက်တော့ ဒီစကားပုံ
ထဲကလို မယူဆ သင့်ပါဘူး။ လုပ်သလောက်ပဲ ရနိုင်မှာပါ၊ နည်းနည်း
လေး လုပ်ရင် နည်းနည်းလေးပဲ ရမှာပါ။

တချို့လည်း မိမိတို့ တတ်နိုင်တဲ့အစွမ်းကို နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့
တခြား NGO နယ်ပယ်တွေမှာ လှူဒါန်းကြပါတယ် ....
“ရွာထိပ်က ရွာတော်ရှင် နတ်နန်းမှာ ပိုက်ဆံလှူရုံနဲ့ တရွာလုံး
မိုးပျံအောင် မချမ်းသာနိုင်ပါ”
လှူထားတဲ့ နေရာက ရွာတော်ရှင် နတ်နန်း ....
ရွာထဲက လူတွေ ဘာကြောင့် ဆင်းရဲ ရသလဲလို့ အပြစ်လာတင်ရင်
နတ်ဆီမှာ လှူတဲ့လူတွေ နတ်ကိုသာ မေးကြည့်ကြပါ။


(ပြီးပါပြီ။)


11 comments:

MieMie said...

ပဒိုင်းပင် မျိုးစေ့ကြဲပြီး ပန်းခူးချိန်တွင် နှင်းဆီပန်း ခူးချင်လို့ မရပါ ... ဆိုတာ ရယ် ... အောက်ဆုံးက
ဥပမာ ပေးထားတာ ရယ် ... တင်ပြပုံ တွေ ကောင်းတယ် ကိုအောင်...

Rita said...

ခုမှ ရောက်ဖြစ်တယ် အစ်ကို။ အရင်က မလာဖြစ်တဲ့ blog တွေဆို မရောက်ဖြစ်တတ်တာနဲ့ပဲ။ ခု အသိတယောက်က ပြောလို့။

အမှန်တိုင်းပဲ ဝန်ခံပါမယ်။ ရှေ့နှစ်ပိုင်းကို သေချာ မဖတ်လိုက်ပါ။

ကျွန်မ ပြောချင်တဲ့ လိုရင်းသည်။ ကျွန်မလို မတွေးတဲ့ သူတွေ ရှိပါတယ်။ ဒီလိုပဲ ကျွန်မလို တွေးတဲ့လူတွေလည်း ရှိပါတယ် ဆိုတာပါပဲ။

နောက်တခုက NGO လို လူမှုရေးလို နေရာတွေမှာ လှူပြီး၊ နိုင်ငံရေး မပြောင်းလဲ နိုင်တာကို လှူတဲ့လူတွေ သိပါတယ်။

ဒါပေမဲ့ နိုင်ငံရေးဘာလို့ မလှူလဲ ဆိုတော့ သူတို့ ရွေးချယ်ခွင့်အရပါ။ သူတို့လှူလိုက်လို့ နိုင်ငံရေးကို ပြောင်းလဲလာအောင် အလှူခံပုဂ္ဂိုလ်များက လုပ်ဆောင်ပေးနိုင်မယ်လို့ မယုံကြည်တာကြောင့် ဖြစ်နိုင်တယ်။

ဘာလို့ မယုံကြည်တာလဲ ပြန်ရှာရင် အစကနေ သံသရာ တပတ် ပြန်လည်ပါမယ်။ အဲဒီအခါ ကျွန်မလို လူတွေ အတွက် ကျွန်မရဲ့ post ကို အစက ပြန်ပတ်ပြီး ပြန်တပတ်လည်ပါမယ်။

ကျွန်မရဲ့ Some Comments for My Post မှာ Addy (အန်တီချမ်း) ရေးသွားတဲ့ မဖြူဖြူသင်းနဲ့ ကိစ္စ မဖတ်ရသေးရင် လာဖတ်စေချင်ပါတယ်။

ကျွန်မရဲ့ ဆိုလိုရင်းသည် ကျွန်မတွေးသလို တွေးတဲ့လူတွေ ကျွန်မတို့ generation မှာ အများကြီး ရှိနိုင်ပါတယ် လို့ ဆိုလိုတာပါ။ အဲဒီလို ဘာတွေက တွေးမိစေသလဲ ဆိုတာပါ။ ဒီလိုလူတွေ အများကြီး ရှိမရှိ မသေချာပါ။ ရှိခြင်း မရှိခြင်းအား ငြင်းဖို့ မဟုတ်ပါ။ မရှိရင် ဝမ်းသာစရာပါလို့ comment တွေ ရဲ့ အစမှာ ရေးခဲ့ပြီး ဖြစ်ပါတယ်။

အစ်ကို့ကို ကျေးဇူးတင်ပါတယ်။

နိုင်ငံရေးလုပ်နေသူတွေကနေ နှင်းဆီပန်းပွင့်လာမယ် မထင်လို့ နိုင်ငံရေးကို မလှူဘဲ NGO ကဲ့သို့ လူမှုရေးကဲ့သို့ ကိစ္စ တွေဘက် စိတ်ရောက်ကုန်ကြသော ကျွန်မဆီမှာ comment လာရေးသူ Anonymous အစ်မ (အပြင်မှာ ကျွန်မနဲ့ လူချင်း သိသူ) လို လူတွေရှိပါတယ်။ အဲဒါက ပဒိုင်းပင်ကို မျိုးစေ့ကြဲတာ မဟုတ်ပါ။ သူတို့ မျိုးစေ့ကြဲတဲ့ အပင်ကနေ ဘာမှ မပွင့်လို့လဲ ဘာမှ ပြောမည် မထင်ပါ။

တကယ်က နှင်းဆီပင်မှန်ရင် နှင်းဆီပင်မှန်း လူယုံကြည်အောင် လုပ်ပြီး၊ ထိုနှင်းဆီပင်ကို လူတိုင်း ရေလောင်းနိုင်အောင် ကြိုးစားရန်သာ လိုပါမည်။ ယုံကြည်ခြင်း မကြည်ခြင်းကတော့ ကိုယ်ပိုင်လွတ်လပ်ခွင့်သာ။

ယုံကြည်စေလောက်ခြင်း၊ ယုံကြည်စေလောက်အောင် နေထိုင်နိုင်ခြင်း ကျွန်မနဲ့ မဆိုင်သလို အစ်ကိုနဲ့လည်း မဆိုင်ပါ။ အစ်ကို့ ရာဇဝင် မသိပါ။ ကိုအောင်သာငယ်လိုပဲ ဆိုရင်တော့ ခွင့်လွှတ်ပါ။

လက်ရှိ လုပ်နေသော သူတွေနှင့်သာ သက်ဆိုင်ပါသည်။

ထိုသူများမှလည်း မယုံကြည်လည်း ဝမ်းမနည်းဘူး ဆိုပါက ဘာမှ မတတ်နိုင်ပါ။ ပြီးတော့မှ ဘာလို့ နှင်းဆီပွင့် ပွင့်မယ့်ဟာကို ရေလာမလောင်းသလဲ သွား အပြစ်တင်လို့ မဖြစ်ပါ။ စကတည်းကမှ နှင်းဆီပွင့်မယ် ရယ်လို့ ယုံကြည်အောင်မှ လုပ်မထားဘဲကိုး။

ဒီတော့ သူတို့ သဒ္ဓါတရား ရှိရာကိုသာ သွားကြပါလိမ့်မည်။

ထပ်၍ ကျေးဇူးတင်ပါဦးမည်။
ကိုယ့်နာမည် ထည့်ရေးထားတဲ့ post ကို နောက်ကျမှ သူများပြောမှ ဖတ်မိတာ ခွင့်လွှတ်ပါ။ သွားနေမကျတဲ့ blog တွေ မသွားဖြစ်တာ များလို့ပါ။
နောက်မှ အေးအေးဆေးဆေး စာလာဖတ်ပါဦးမယ်။ ဆွေးနွေးစရာတွေ တွေ့ရင်လဲ ဆွေးနွေးပါဦးမယ်။ အဆွေးနွေး ခံဖို့ စိတ်ကူးရှိတယ် ဆိုရင်ပါ။ ကျွန်မမှာ သိချင်တာတွေ ရှိနေပါသေးတယ်။

စိတ်ချပါ။ ကျွန်မ သိချင်တာမေးဖို့ရာမှာ ဘယ်တော့မှ မလေးမစားပုံစံနဲ့ မေးမှာ မဟုတ်ဘူး ဆိုတာကိုပါ။

=)

လေးစားစွာ
RITA

TNS said...

ကိုအောင်
သိပ်ကောင်းတဲ့ စာဘဲဗျာ..။
အကျိုးပြုစာပေပါ..။

Kay said...

ကိုအောင်- အဆုံးထိ စောင့်ဖတ်သွားပါတယ်။ ဘာမှ ထွေထူး လည်း ပြောစရာမလိုတော့ပါဘူး။ ခေါင်းစဉ် ကို ပြန်ကောက်ရရင်တော့..မျိုးဆက် ကိစပေါ့နော်။ ပြောခဲ့ကြသလိုပဲ.. ယေဘုယျအားဖြင့်..ဆယ်နှစ်..အနှစ်၂၀ လို့ ပြောနိုင်ပေမဲ့.. အခြေခံကွာဟမူ ထက် ပိုလွန်ကဲတဲ့.. သိခွင့် မကြဲံခြင်း..နားမလည်ခြင်း..အဆက်ပြတ်ခြင်း..မလေ့လာခြင်း..မသိလိုခြင်း..စိတ်မ၀င်စားခြင်း ဆို တာတွေ ကြောင့် ဟ ရတဲ့ အဟ မျိုးတွေကတော့.. ကိုအောင် ဥပမာ ပေးခဲ့တဲ့..သမိုင်း တွေထဲက..မင်းဆိုးမင်းညစ်တွေလို လူတွေ ကြောင့်..ပိုပို ဆိုးနေမှာပါပဲ။

ရွှေရတုမှတ်တမ်း said...

ကိုအောင်ရေးတာကောင်းတယ်

ဆောင်းယွန်းလ said...

မျိုးဆက်ကွာဟမှုနဲ့ ပတ်သက်တဲ့ ပို့စ်သုံးခုလုံးကို သေသေချာချာ လာဖတ်သွားပါတယ် ကိုအောင်ရေ...

Vigor said...

Absolutely agree with you. I have read from start to end.

ကိုအောင်(ပျူနိုင်ငံ) said...

ပို့စ် (၃)ခုစလုံးမှာ ကော်မန့်လာရေးသူအပေါင်းကို
ကျေးဇူးများစွာ တင်ပါတယ်။
ကိုအောင်

Nge Naing said...

နောက်မျိုးဆက်ကို နိုင်ငံရေးဆိုတာ တိုင်းသူပြည်သားတွေနဲ့ မဆိုင်ပဲ စစ်တပ်နဲ့သာ ဆိုင်သလို ၀ါဒဖြန့်ချီထားတယ်။ နိုင်ငံရေး လုပ်သူတွေကို ဖမ်းတယ်ဆိုတော့ နိုင်ငံရေးဟာ သူတို့နဲ့ မဆိုင်ဘူး စစ်တပ်နဲ့သာ ဆိုင်တယ်ဆိုတဲ့ ယုံကြည်မှုကြီးက ကိန်းအောင်းနေပြီ။ ဒါကြောင့် နိုင်ငံရေးဆိုတာနဲ့ အကုန်လုံး ဝေးဝေးက ရှောင်နေကြပါပြီ။ ဒီ gap ကို ဘယ်သူတွေက ဘယ်လိုလုပ်ပြီး ပြန်ဖြည့်ဆည်းကြမလဲ ဆိုတာ ရင်လေးစရာပဲ။

Rita said...

အသိဉာဏ်ရှိလိုက်လေ မငယ်ရယ် လို့ ပဲ ပြောလိုက်ချင်တော့တယ်။ အဲလိုပြောပြန်ရင်လည်း ကျန်တဲ့လူတွေက သူတို့ကို အသိဉာဏ်နဲလိုက်လေလို့ ပြောတယ်လို့ တလွဲတွေးကြဦးမယ်။ တဦးကို ဒါလို့ ပြောရင် ကျန်တဲ့လူကို ဒါမဟုတ်ဘူးလို့ ပြောတယ်လို့ပဲ တွေးကြဦးမယ်။

အဲဒါကြောင့် မပြောတော့ဘူး။ စိတ်ထဲမှာပဲ ထားလိုက်ပြီ။ တခုခုပြောရင် ဝေါဟာရကို အဓိပ္ပါယ်ဖွင့်ပြီး လိုက်ကောက်နေတာထက်၊ ဘာဖြစ်နေပြီလဲ၊ အဲဒီတိုင်းဖြစ်နေလား ဆိုတာပဲ တွေးဖို့ကောင်းတယ်။

ကိုအောင်(ပျူနိုင်ငံ) said...

မငယ်နိုင်ရေ
အမ ကော်မန့်လာရေးတာ ကျေးဇူးနော်၊ ကျနော့်အမြင်တော့ နိုင်ငံရေးဆို
တာ အားလုံးနဲ့ ဆိုင်တဲ့ ကိစ္စ၊ တိုင်းပြည်တစ်ပြည်မှာ
အခွန်ထမ်းနဲ့ အမှုထမ်းဆိုတာပဲ ရှိတယ်၊ တရားဥပဒေ
က ပြည်သူ့ထံက တိုက်ရိုက်ဆင်းသက်ရတယ်၊ ပြည်သူ
က သဘောမကျရင် ဘယ်လောက်ကောင်းတဲ့ တရား
ဥပဒေဆိုတဲ့ အရာတောင် အတည်မဖြစ်ရဘူး ..စတဲ့
သဘောတွေ ကျနော်တို့ တိုင်းပြည်မှာ မရှိခဲ့ဘူး၊ မသိ
ခဲ့ကြဘူး၊ မျိုးဆက်ဆိုတာ အုပ်ချုပ်သူတွေ ချပေးတဲ့
လမ်းကို အသာတကြည်လိုက်တတ်တဲ့ စနစ်ကိုပဲ ဇွတ်
အတင်း ခေါင်းထဲ ရိုက်သွင်းကြတယ်၊ အဲဒီ ရိုက်သွင်း
ခြင်းခံရတဲ့ မျိုးဆက်က တဆင့် မွေးဖွားခြင်းခံရသူတွေ၊ သင်ကြားပို့ချခြင်း ခံရသူတွေ
ကို “ပြန်ဆန်းစစ်ကြပါ၊ ပြန်လည် သုံးသပ်ကြပါလို့”
ပြောဖို့ ကိစ္စဟာ တချို့နေရာတွေမှာ တခါတလေမှာ အရမ်းခက်နေတယ်လို့ ကျနော့်တော့ ထင်တယ် အမ ....

ညီမလေး ရီတာရေ ...
ကော်မန့်လာရေးတာ ကျေးဇူးပါ၊ အမြင်မတူလည်း
လွတ်လပ်စွာ ဆွေးနွေး ရေးသားနိုင်ပါတယ်၊ အကို
သဘောက အကိုတို့ အားလုံး၊ ဘလော့ဂါတွေ
အားလုံး နောက်လာမဲ့ ရာစုနှစ်တွေမှာ အသက်ရှင်ပြီး
ဘယ်သူမျှ ကျန်ခဲ့မှာ မဟုတ်ဘူး၊ အကိုတို့ အားလုံး
က ဆင်းသက်လာမဲ့ မျိုးဆက်တွေပဲ ကျန်ခဲ့မှာပါ၊
အကိုတို့ဟာ အကြွေးဟောင်းဆပ်တဲ့ အလုပ်ကို
လုပ်ရသလို၊ အကြွေးသစ်ချပေးတဲ့ အလုပ်ကိုလည်း
လုပ်ရမှာပါ၊ အကိုတို့ အားလုံး အကြွေးဟောင်းကို
အကြေမချေ နိုင်ခဲ့ရင် မွေးလာတဲ့ မျိုးဆက်အားလုံး
အကြွေးနှစ်ထပ်ရှိတဲ့ ၀န်ကို ထမ်းရမယ်လို့ အကိုတော့ ယုံကြည်ပါတယ်။

ကော်မန့်လာရေးသူ၊ စာနဲ့ ကော်မန့်လာဖတ်သူ
အပေါင်း မင်္ဂလာပါ ခင်ဗျာ ..
ကိုအောင်