ရေးသူ- စစ်ငြိမ်းဒီရေ
ဒီအကြောင်းကို ကျနော် ရေးချင်စိတ် ဖြစ်လာတာက ပထမဆုံး မကေ
ရေးတဲ့ ဒီပို့စ်မှာ ကျနော်ပေးခဲ့တဲ့ ကော်မန့်ရယ်၊ အကိုကြီး ကိုအောင်သာငယ်
ရေးတဲ့ ဒီပို့စ်တို့ကြောင့် ဖြစ်ပါတယ်။ မကေဆီမှာ ကျနော်သွားပြီး
ကော်မန့် ပေးပြီးတဲ့အချိန်အထိ ရီတာ ရေးတဲ့ ဒီပို့စ်ကို ကျနော် မဖတ်
ရသေးပါဘူး။ ဘာပဲပြောပြော ဒီပို့စ်ကို ရေးဖို့ ဖြစ်လာတဲ့ မကေ၊
အကိုကြီး ကိုအောင်သာငယ်နှင့် ညီမငယ် ရီတာ တို့ကို ကျေးဇူးများစွာ
တင်ပါတယ်။
ယခုတင်ပြတဲ့ ကျနော့်အမြင်များ၊ ရေးသားဖော်ပြတဲ့ ဖော်ပြချက်များ
အတွက် ကျနော့်မှာ တာဝန်အရှိဆုံးလို့ ပြောပါရစေ။
မျိုးဆက်တစ်ခု၏ သက်တမ်း ....
မျိုးဆက်တစ်ခုရဲ့ သက်တမ်းကို နှစ်(၂၀) မှ (၂၅)နှစ်ထိ ဘယ်ပညာရှင်တွေ
ဘယ်အချိန်က ဘယ်လိုယူဆပြီး ဘယ်လိုစတင်သတ်မှတ်ခဲ့သလဲဆိုတာ
တော်တော် ဇဝေဇ၀ါ ဖြစ်စရာ ရှိပါတယ်။
မ.ဆ.လ ခေတ် (၂.၃.၁၉၆၂- ၁၈.၉.၁၉၈၈) မှာ နိုင်ငံတော်အတွက်
ဆိုရှယ်လစ် ပန်းတိုင်ကို ချီတက်ကြပါတယ်။ အဲလို ချီတက်ရာမှာ
နှစ်(၂၀) စီမံကိန်း လို့ခေါ်ဝေါ်သော နှစ်ရှည်စီမံကိန်းများ ချမှတ်ကြ
ပါတယ်။ အဲဒီ နှစ်(၂၀) ကျော်လွန်ရင် တနိုင်ငံလုံး၊ တမျိုးသားလုံး
ဘာတွေ ဖြစ်လာမယ်၊ ဘယ်လိုတွေ ဖြစ်လာမယ် စသဖြင့် စိတ်ကူး
ယဉ် အိမ်မက်တွေ ပလူပျံအောင် အစိုးရ မီဒီယာက မစားရ ၀ကမန်း
ကြေညာပါတယ်။ ထားပါတော့ အဲလို အမျိုးသားရေး ရေရှည် စီမံကိန်း
ကာလမှာ တိုက်ရိုက်ပါဝင် ဆောင်ရွက်ရတဲ့ အလွှာအသီးသီးက ပြည်သူ
တွေအားလုံးကို မျိုးဆက်တစ်ခုလို့ ဆိုမလား???
နိုင်ငံတော်၏ အခြေခံ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့် ရတဲ့ အသက်
(၁၈) နှစ်ကနေ အသက် (၄၃)နှစ် သို့မဟုတ် အသက် (၃၈)နှစ် အထိ
အသက်ရှင် နေထိုင်နေသူတွေရယ့် လုပ်ကိုင်ဆောင်ရွက်မှုကို
မျိုးဆက် တစ်ခုလို့ ဆိုမလား???
အကြမ်းဖျင်း သတ်မှတ်ချက်များအရ သားသမီး နှစ်ဦးနီးပါး
မွေးဖွားပိုင်ဆိုင်တဲ့ အသက် (၄၀) အရွယ်မှ ကျန်းမာရေးစတင်
ချို့ယွင်းချိန် အသက် (၆၅)နှစ်ကြား အသက်ရှင် နေထိုင်သူတွေ
ရဲ့ လုပ်ကိုင်ဆောင်ရွက်ခဲ့မှုကို မျိုးဆက်တစ်ခုလို့ ဆိုမလား???
ဒါဆိုရင် ...
၁၉၃၀ ကုလား- ဗမာ အရေးအခင်းအပြီး ရန်ကုန်၊ ဗဟန်းမှာ ဆရာကြီး
သခင်ဘသောင်း စတင် ထူထောင်ခဲ့သော ဒို့ဗမာအစည်းအရုံးကို
(၁၉၃၀+၂၅=၁၉၅၅) ၁၉၅၅ ခုနှစ်မှာ လုံးဝ ပင်စင် ပေးရမလို ... ။
ဆက်တောင် မရေးရဲဘူး ... အရှင်လတ်လတ် မြေမြို သွားမှာပေါ့ ...။
ယနေ့အချိန်အထိ အသက်ရှင်ရပ်တည်နေတဲ့ နိုင်ငံချစ် သခင်ကြီးများ၏
နိုင်ငံရေး ပါဝင်ဆောင်ရွက်မှု စေတနာတွေကလည်း အများကြီး။
ဥပမာ ...
ဒေါက်တာမောင်မောင် အစိုးရလက်ထက် (ဗိုလ်ချုပ်ကြီးစောမောင် နိုင်ငံ
တော် အာဏာမသိမ်းယူခင် အချိန်အထိ) လူထုဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပြီး
နောက်ပိုင်း ဆက်လက် မပါဝင်ရဲတဲ့သူတွေ၊ မပါဝင်တော့တဲ့သူတွေကို
ဘယ်မျိုးဆက် စာရင်းထဲ ထည့်ကြမလဲ ( ဒီနေရာမှာ ကျနော့် စာသား
ကြမ်းသွားရင် ခွင့်လွှတ်ကြပါ။) ???
ဒါဆိုရင် မျိုးဆက်တစ်ခုရဲ့ သက်တမ်းကို နှစ် (၂၀)၊ နှစ် (၂၅) လို့
သတ်မှတ်ထားမှုသည် လုံးဝ မမှန်နိုင်ဘူးလို့ ပြောချင်ပါတယ်။
ကွာဟမှု ....
ပုဂံခေတ် စုက္ကတေးမင်းကို သူ့ညီ အနော်ရထာက စီးချင်းယှဉ်ထိုးပြီး
နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တယ်လို့ သမိုင်းမှတ်တမ်းအတော်
များများက ဆိုထားပါတယ်။ စုက္ကတေးမင်းနဲ့ အရည်းကြီးသာသနာဟာ
တပြိုင်နက်တည်း ကျဆုံးခဲ့ပါတယ်။ အရည၀ါဒီ အရည်းကြီးတွေကို
တော်လှန်ပြီး သထုံ (သုဝဏ္ဍဘူမိ)ကနေ ထေရ၀ါဒ ဗုဒ္ဓဘာသာကို
စစ်တိုက်ပြီး သယ်ဆောင်လာပါတယ်။ ဒါဆိုရင် အဲဒီခေတ်က ပြည်သူ
တွေသည် ကိုယ်ကိုးကွယ်နေတဲ့ အရည်းကြီးသာသနာကို တော်လှန်
ရာမှာ ပါဝင်ခဲ့တယ်၊ နောက်ထပ် ဘာသာတရားအသစ်တစ်ခုကို ကိုးကွယ်
ဖို့ စစ်တိုက်ရာမှာ ပါဝင်ခဲ့တယ်။ အရည်းကြီးသာသနာ ကျဆုံးချိန်နှင့်
သထုံကနေ ထေရ၀ါဒ ဗုဒ္ဓဘာသာ ရောက်ရှိချိန်ဟာ နှစ် ၂၀၊ ၂၅
မပြောနဲ့ ငါးနှစ်တောင် မကြာလိုက်ဘူး။ မျိုးဆက်တစ်ခုရဲ့ ပြောင်း
လဲမှုဟာ တော်တော် မြန်ပါလား ...။
၁၉၇၆ ခုနှစ်၊ ဇွန်လ (၆)နေ့မှာ ပေါ်ပေါက်ခဲ့တဲ့ အလုပ်သမားအရေး
အခင်းနဲ့ ၁၉၈၇ ခုနှစ် စက်တင်ဘာလ ငွေစက္ကူအရေးအခင်း အကြား
ကာလတွေ (၁၁- နှစ်တိုင်တိုင်) မှာ နိုင်ငံတော်ကို အာဏာရှင်လက်အောက်
ကနေ လွတ်မြောက်စေချင်တဲ့ မျိုးဆက်တစ်ခု ဘာလို့ ကွယ်ပျောက်ခဲ့ရတာ
လဲလို့ မေးခွန်းကို မေးခွင့် ပြုမယ်ဆိုရင် .... ။
(ဆက်ရန်။)
Dear Angel(15)....
2 days ago
4 comments:
ဖတ်သွားတယ် ကိုအောင် စောင့်မျှော်လျက်ပါ
Hi, I don't have no idea enter to your blog, it is a blog and you get more traffic, I always visit it
any way, it may be possible to put your site in my blog list? and more over it would be a honor if you
could my blog to your friend list or any part of your blog
Here is my blog. http://www.bkhmer.com/news/
Any way, it is an honor if you could link my site in your blog.
Warm Regards,
Bkhmer.com
ယေဘုယျကတော့ မိဘနဲ့ သားသမီးကို မျိုးဆက်တခု အဖြစ် သတ်မှတ်ကြပါတယ်... အကြမ်းဖြင်းအားဖြင့်တော့ အနှစ် ၂၀ နဲ့ ၂၅ နှစ်ကြားပေါ့လေ... သို့သော်လည်း လူမှုအ၀န်းအ၀ိုင်းအရ ဒါက ယေဘုယျ သတ်မှတ်ချက်ပါ...
မျိုးဆက်တခုနဲ့ တခုကို ခွဲခြားသတ်မှတ်တဲ့အခါ အကြောင်းအရာတခုခုကို အခြေခံပြီး ပြောဆိုကြမယ် ဆိုရင်တော့... ပထမမျိုးဆက်နဲ့ နောက်မျိုးဆက်အကြား လုံးဝကွဲပြားသွားစေခဲ့တဲ့ နှစ်ကာလတွေကပဲ မျိုးဆက်တွေကို သတ်မှတ်ပေးပါတယ်...
ဥပမာ... ဂီတနဲ့ ပတ်သက်ပြီးပြောရရင် ဗမာပဒေသရာဇ်ခေတ်ကာလတုန်းက စောင်းကိုင်တီးခဲ့ကြတဲ့ မဟာဂီတ မျိုးဆက်၊ ကိုလိုနီလက်အောက်ခေတ်ကာလတုန်းက ဘင်ဂျိုကိုင်တီးခဲ့ကြတဲ့ ခေတ်ဟောင်းတေးဂီတ မျိုးဆက်၊ လွတ်လပ်ရေးရပြီးစကာလတွေတုန်းက မယ်ဒလင်ကိုင်တီးခဲ့ကြတဲ့ ကာလပေါ်ဂီတ မျိုးဆက်၊ မဆလခေတ်မှာ ဂစ်တာကိုင်တီးလာကြတဲ့ စတီရီယို ဂီတမျိုးဆက် ခု နအဖခေတ်မှာ ဒီဂျေမစ်ဆာတွေ ကိုင်တီးနေကြတဲ့ ဟစ်ပ်ဟော့ ဂီတမျိုးဆက်တွေကို ကြည့်လိုက်ပေါ့...
ဒါတွေက မတူတဲ့ မျိုးဆက်တွေပေမယ့် တဆက်နဲ့ တဆက်ကြား မတူဘူးဆိုတာ သတ်မှတ်တဲ့အခါ အနှစ် ၂၀ - ၂၅ နှစ်ဆိုတဲ့ အချိန်ကာလနဲ့ သတ်မှတ်တာ မဟုတ်ပဲ လူငယ်ထုကြားထဲမှာ ကိုင်စွဲလာတဲ့ တူရိယာပစ္စည်း၊ ဂီတပုံစံ၊ ရေးဖွဲ့ သီဆိုဟန်တွေရဲ့ မတူ ပြောင်းလဲသွားတဲ့ အချိန်ကာလတွေနဲ့ပဲ ပိုင်းခြား သတ်မှတ်ခဲ့ကြရတယ် မဟုတ်လား... သည်ကာလတွေက အနှစ် ၂၀ မက ကြာမြင့်ပါတယ်...
အနီးဆုံး တို့တွေ ဖြတ်သန်းကြီးပြင်းလာကြရတဲ့ စတီရီယိုခေတ်နဲ့ သည်ကနေ့ ဟစ်ပ်ဟော့ခေတ်ကိုပဲ ပြန်ကြည့်ကြည့်ပါ... အနှစ် ၃၀ ကျော် ကွာတယ် မဟုတ်လား...
သည်တော့ မျိုးဆက်တခုနဲ့ နောက်တခုကို ခွဲခြားသတ်မှတ်ဖို့ဆိုတာ နယ်ပယ်နဲ့ အကြောင်းအရာကို လိုက်ပြီး အချိန်ကာလ အကွာအဝေး မတူညီမှုတွေ ရှိနိုင်ပါတယ်...
တို့တွေက ဘယ်လို မျိုးဆက် အကြောင်းကို ပြောနေတာလဲ-ဆိုတာက အဓိကကျလိမ့်မယ်လို့ အကိုတော့ ယူဆပါတယ်...
လူမှုအဖွဲ့အစည်းအရတော့ မိဘနဲ့သားသမီးဆိုတဲ့ သာမန်အားဖြင့်ပဲ မျိုးဆက်ကို ခွဲခြားကြတာကိုး... ဒါကြောင့်လည်း အကို့ဆောင်းပါးမှာ (ယေဘုယျအားဖြင့်) လို့ စကားခံထားပါတယ်....
မျိုးဆက်ကွာဟမှုနဲ့ ပတ်သက်လို့လည်း (နိုင်ငံရေးအရ မျိုးဆက်ကွာဟမှု မရှိ-ဟု သူထင်သည်) လို့ပဲ ရေးခဲ့တာပါ...
အခြားနယ်ပယ်တွေမှာ မရှိဘူးလို့ မပြောခဲ့ပါဘူး...
ဆက်ရေးပါ...စောင့်ဖတ်နေပါတယ်...
စာမေးပွဲဖြေနေရလို့ ကိုအောင်ရေ ..
မနေ့ကမှ စာမေးပွဲပြီးတယ်။
ကိုအောင်ရဲ့ မျိုးဆက်ကွာဟမှုတွေကို အေးအေးဆေးဆေး လာဖတ်ပါဦးမယ်။
ကျေးဇူးတင်ပါတယ်ရှင် :)
Post a Comment