Wednesday 30 December 2009

၂၀၁၀ …



ဂျေးနီ ဆိုသလို
“ကျွန်မကိုချစ်တာ ဘယ်သူတဲ့လဲ” လို့
လိုက်ဆိုနေတုန်း
ရောက်မှန်းမသိ ရောက်ခဲ့ပါပြီ ၂၀၁၀ …။

မိုးပြာရောင် ဂိုဏ်းအကြောင်း
နတ်မှီတောရထံ သွားလျှောက်မလို့
ဖိနပ်စီးနေတုန်း
ရောက်မှန်းမသိ ရောက်ခဲ့ပါပြီ ၂၀၁၀ …။

တန့်ကြည်တောင်ပေါ်က
မျက်စိမှိတ်ပြီး ပြေးနေသူတွေ
ပန်းတိုင် မတွေ့ခင်
ရောက်မှန်းမသိ ရောက်ခဲ့ပါပြီ ၂၀၁၀ …။

ဖိုးသူတော်နဲ့ ဂဏန်း ပုံပြင်ထဲမှာလို
ရေနွေးအိုးပေါ်က တုတ်တန်းတလျှောက်
နှစ်ခေါက်ပြန်လျှောက်ဖို့
ရောက်မှန်းမသိ ရောက်ခဲ့ပါပြီ ၂၀၁၀ …။

နံရံအားလုံး ၀ါးတာလား
မြစ်တွေအားလုံး ခါးတာလား
ငါကိုယ်တိုင်ပဲ မှားတာလား
ရောက်မှန်းမသိ ရောက်ခဲ့ပါပြီ ၂၀၁၀ …။ ။


-စစ်ငြိမ်းဒီရေ


*မိုးပြာရောင်ဂိုဏ်း= ယခုလက်ရှိ အထက်မြန်မာပြည်တွင် နာမည်ကြီး
လာသော မိုးပြာရောင် ၀တ်စုံများ ၀တ်ဆင်သည့် ဘာသာရေးဂိုဏ်း။
*နတ်မှီတောရ= သျှင်ဥက္ကဋ္ဌ၏ တောင်တွင်းကြီး နတ်မှီတောရ။
*တန့်ကြည်တောင်ပေါ်က မျက်စိမှိတ်ပြီး ပြေးနေသူတွေ=
“တန့်ကြည်တောင် ဆရာတော်၏ အမှား” စာအုပ်ကို ဖတ်ရူပါ။


13 comments:

မေဓာဝီ said...

အင်း ... ဟုတ်ပါရဲ့ ။
ကျမတို့တတွေလည်း ရေနွေးအိုးပေါ်က တုတ်တန်းမှာ လျှောက်နေရတဲ့ ဂဏန်းကောင်တွေလို ဖြစ်နေတယ်။
ဘာပဲဖြစ်ဖြစ် နှစ်သစ်တိုင်းမှာ အကောင်းတွေသာ တွေ့ကြုံချင်ပါတယ်။ အဓမ္မ၀ါဒတွေပျောက်ပြီး စစ်မှန်သော ဓမ္မတွေ ထွန်းကားစေချင်ပါတယ်။

ပျော်ရွှင်ငြိမ်းချမ်းသော နှစ်သစ်မင်္ဂလာဖြစ်ပါစေ ... ။

Anonymous said...

ကိုအောင်တို့ဇနီးမောင်နှံအတွက် မင်္ဂလာရှိသော နှစ်ဆယ် တဆယ် ဖြစ်ပါစေ

မအယ်

PhotoVigor said...

Hello..Happy new year to you and your family.

မြစ်ဆုံ said...

မင်္ဂလာနှစ်သစ်ပါကိုအောင်

နှစ်သစ်မှာလိုအင်ဆန္ဒ တောင့်တမှု့မှန်သမျှပြည့်စုံနိုင်ပါစေ
ဗျာ၊ကိုအောင်ရေအဲဒီမိုးပြာရောင်ဂိုဏ်းဆိုခုမှကြားဖူးတယ်
သိသလောက်လေးပို့စ်တင်ပေးပါလားဗျာ၊ကျေးဇူးအများ
ကြီးတင်ပါတယ်။

pandora said...

မင်္ဂလာနှစ်သစ်ဖြစ်ပါစေ

ဒီမိုဝေယံ said...

ကိုအောင်နှစ်သစ်မှာ ပျှော်ရွှင်ချမ်းမြေ့ပါစေ....

ကလူသစ် said...

Happy New Year!!!!!!!!!!!!!!!!!

ရွှေရတုမှတ်တမ်း said...

ကိုအောင်ကြီး...ကျန်းမာပါစေ...

မိုးမြင့်အောင် said...

ကောင်းသောနှစ်ပါ။ လက်ဆွဲနှုတ်ဆက်ပါတယ်။

တောင်ပေါ်သား said...

နှစ်သစ်မှသည် နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်မူတွေနဲ့ ပြည့်စုံပါစေ အကိုရေ


လေးစားလျက်
တောင်ပေါ်သား

MoeThwayNge said...

နှစ်သစ်ပါပျော်ရွှင်အေးချမ်းပါစေဗျာ။

Nge Naing said...

ကိုအောင်ရေ-မင်္ဂလာရှိသော နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ။

နှင်းဟေမာ said...

အစ်ကိုရေ...
ကဗျာလေး အရမ်းသဘောကျတယ်
ညီမလေးလဲ တရားပွဲတွေကြေည်ငြာပေးရင်း ရောက်ခဲ့ပြန်ပြီ ၂၀၁၀ ...
ပရဟိတလေးတွေ တက်စွမ်းသမျှဖေးမပေးရင်း
ရောက်ခဲ့ပြန်ပြီ ၂၀၁၀ ....
ရင်ထဲမှာရှိတာလေးတွေကို တစ်စိမ့်စိမ့်တွေး
လွတ်လပ်စွာချရေးမိပြန်ပြီ ၂၀၁၀
အဲဒီလိုရေးရင်းရေးရင်း
ချစ်ခြင်း မုန်းခြင်း ချိုခြင်း ခါးဖြင်း
ပြေးခြင်း လွှားခြင်းတွေနဲ့အတူ
အသက်တွေတစ်နှစ်တိုးလို့
ရောက်ခဲ့ရပြန်ပေါ့ ၂၀၁၀
( အစ်ကို့ကို အားကျလို့ ရေးချင်ရာတွ ချရေးသွားပြီး)
၂၀၁၀)
ခင်မင်လေးစားစွာဖြင့်
ညီမလေး နှင်းဟေမာ