Tuesday 15 December 2009

ရုပ်ရှင်များ (၈)

ရေးသူ- စစ်ငြိမ်းဒီရေ

(၁၈) Michael Collins



အိုင်ယာလန် လွတ်လပ်ရေးအတွက် ဦးဆောင် တိုက်ပွဲဝင်ခဲ့
သူ မိုက်ကယ်ကိုလင်း (Michael Collins) ရဲ့ ဖြစ်ရပ်မှန် အတ္ထုပ္ပတ္တိ
ရုပ်ရှင်ကားပါ။ လွတ်လပ်ရေးအတွက် ရသမျှ နည်းလမ်းပေါင်းစုံ
ကျင့်သုံးခဲ့တာတွေကို ရုပ်ရှင်ကြည့်ရင် တွေ့ရမှာပါ။ နိုင်ငံချင်း
ကပ်နေပြီး တကမ္ဘာလုံးကို အဲဒီခေတ် အဲဒီအခါက သိမ်းထား
တဲ့ ဗြိတိသျှ နေမ၀င် အင်ပါယာ ကို တော်လှန်တာ ဘယ်လောက်
ခက်သလဲ ဆိုတာကို ရုပ်ရှင်က ထင်ရှားအောင် ဖော်ပြထားပါတယ်။

သူတပါးနဲ့တိုက်ကြ ခိုက်ကြတုန်းက ဘာမျှ မဖြစ်ပဲ လွတ်လပ်ရေး
ရခါစ နိုင်ငံတွေမှာ ဖြစ်နေကြ ပြည်တွင်းစစ်ကြောင့် ကျဆုံးခဲ့တဲ့
သူ့ဘ၀ဟာ ရင်နာစရာပါ။

၁၉၉၆ ခုနှစ်က ရိုက်ကူးတင်ဆက်ခဲ့တဲ့ Michael Collins ရုပ်ရှင်ကားကို
Youtube ရဲ့ ဒီနေရာမှာ အပိုင်းလိုက် အခမဲ့ ကြည့်လို့ရပါတယ်။
စုစုပေါင်း အပိုင်း (၁၃) ခု ရှိပါတယ်။

(၁၉) The Wind That Shakes the Barley



လွတ်လပ်ရေးရဖို့ ဖြတ်သန်းခဲ့ရတဲ့ အိုင်ယာလန် လူငယ်တွေရဲ့
အဖြစ်အပျက်များကို အခြေခံ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတစ်ခု
ပါ။ ၂၀၀၆ ခုနှစ် Cannes Film Festival (ရုပ်ရှင်ပွဲတော်) မှာ ဆု
ရရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်လမ်းတစ်ခုပါ။

Youtube ရဲ့ ဒီနေရာမှာ အပိုင်းလိုက် အခမဲ့ ကြည့်လို့ရပါတယ်။
စုစုပေါင်း အပိုင်း (၁၃) ခု ရှိပါတယ်။

(၂၀) Patriot Games



၁၉၉၂ ခုနှစ်မှာ ရိုက်ကူးခဲ့ပြီး Harrison Ford ပါဝင်တဲ့ ဒီရုပ်ရှင်ဟာ
လူကြိုက်များတဲ့ ရုပ်ရှင်ကားတစ်ခုပါ။ အမေရိကန်က CIA အငြိမ်းစား
အရာရှိတစ်ဦးနဲ့ မြောက်ပိုင်း အိုင်ယာလန် လွတ်မြောက်ရေး လှုပ်ရှား
သူများ ထိပ်တိုက်တွေ့ပုံ၊ ရန်ငြိုးရန်စများကို အခြေခံ ရိုက်ကူးထားသော
ရုပ်ရှင်ကားပါ။

အင်တာနက်ရဲ့ ဒီနေရာမှာ အခမဲ့ ကြည့်လို့ ရပါတယ်။ တရုတ် ၀က်ဆိုဒ်
က ကြည့်ရတာဖြစ်လို့ နည်းနည်းတော့ စောင့်ပါ။

2 comments:

Anonymous said...

အိုး ဟိုး.. ခုမှ ဒီကိုသေချာရောက်ဖြစ်တော့တယ်။ ရုပ်ရှင်ဂျိုး ရုပ်ရှင်အိုးထဲပြုတ်ကျသလိုဖြစ်သွားပြီ။ ကျေးဇူးကမ္ဘာပဲဗျို့။ ပျော်သည် ပျော်သည်။ :DD

သစ်နက်ဆူး said...

ကိုအောင်..
ရောက်လာတယ်ဗျ..။